Burma-Newselite
အမည်ပျက်ခဲ့တဲ့ မက်ဒလင်းအော်ဘရိုက်
********************
ထားထားမြင့် ( 7days သတင်းစာတွင်ဖော်ပြပြီးဆောင်းပါး)
စစ်အစိုးရအုပ်ချုပ်သူတွေကို စီးပွားရေးပိတ်ဆို့ မှုချမှတ်ခဲ့သည့်အတွက် မြန်မာအစိုးရက အမည်ပျက်စာရင်းသွင်းခဲ့သည့်အပေါ် ဂုဏ်ထူးဆောင်ရွေတံဆိပ် ချီးမြှင့်ခံရသကဲ့ သို့  ထင်မြင်မိသူက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအော်ဘရိုက်ပင်ဖြစ်ပါသည်။
ဝန်ကြီးဟောင်းမက်ဒလင်းအော်ဘရိုက်က ယခုသတင်းပတ်မှာမှ မြန်မာနိုင်ငံကို တရားဝင်ခရီးလာရောက်နိုင်ခဲ့သူဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံကိုမလာရောက်ခင် အမျက်ပျက်စာရင်းမှာရှိနေသော သူ့ အမည်ကို ပယ်ဖျက်ရန် အရင်ဆုံးကြိုးပမ်းခဲ့ရသည့် အတွက်ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည် ၁၉၉၅ခုနှစ်တွင် မြန်မာနိုင်ငံကို အမေရိကန်သမ္မတဘီလ်ကလင်တန်၏ ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ဘူးပါသည်။ ထိုအချိန်တုန်းက မြန်မာပြည်ကို ဘားမားဟု ခေါ်ဝေါ်သုံးစွဲနေသည့် အချိန်ဖြစ်သည်။ မက်ဒလင်းက အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခဲ့ သလို မြန်မာစစ်အစိုးရအကြီးအကဲများကိုလည်း တွေ့ ဆုံပြီး ခပ်ပြင်းပြင်းထန်ထန်ပြောကြားခဲ့သည်
၂၀၁၁ခုနှစ် မြန်မာနိုင်ငံနိုင်ငံရေးအရပွင့်လင်းလာသည့်အချိန်တွင် မက်ဒလင်းက ဖုန်းကိုကောက်လှည့်ပြီး နေအိမ်အကျယ်ချုပ်မှ လွှတ်လာသည် ဒေါ်အောင်ဆန်းစုကြည်နှင့်စကားပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုလာရောက်ရန်မက်ဒလင်းကိုဖိတ်ကြားခဲ့သည်။
သို့ သော်လည်း စီးပွားရေးပိတ်ဆို့ မှုအပါအ၀င် မြန်မာစစ်အစိုးရကို ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့သည်အတွက် သူ့ နာမည်က အမည်ပျက်စာရင်းမှာဝင်နေပါသည်။
မက်ဒလင်းက မြန်မာပြည်ဝင်ခွင့်ဗီဇာနှစ်ကြိမ်တိုင်လျှောက်ထားခဲ့သော်လည်း မြန်မာသံရုံးက ပယ်ချခဲ့သည်။
မကြာပါချေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်လုပ်နေသော မက်ဒလင်း၏ ကျောင်းသားဟောင်းတယောက်က ဖုန်းဆက်လာခဲ့ သည်။
“သူက ပြောတယ် ကျမနာမည်ကို အခုမှ အမည်ပျက်စာရင်းက ဖျက်လိုက်ပြီတဲ့ မက်ဒလင်းအော်ဘရိုက် ၊ကျမဖြင့်အမည်ပျက်စာရင်းထဲပါနေမှန်းတောင်မသိပါဘူး။ဘာဘဲဖြစ်ဖြစ်ကျမကတော့ ဒီလို စစ်အစိုးရရဲ့ အမည်ပျက်ထဲမှာပါနေတာ ဂုဏ်ယူစရာလို့ ဘဲထင်တယ်”
မက်ဒလင်းအော်ဘရိုက်က အမေရိကန်နိုင်ငံရေးလောကမှာ ယခုအချိနိထိသြဇာကြီးမားသူ အမျိုးသမီးတယောက်ဖြစ်ပါသည်။ကမ္ဘာပေါ်ကအကောင်းဆုံးတက္ကသိုလ်တခုဖြစ်သည့်နယူးယောက် ကိုလံဘီယာတက္ကသိုလ်က ပါရဂူဘွဲ့ အပြင်ကမ္ဘာတ၀ှန်းက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များကိုလည်း ရယူထားသူဖြစ်၏
လက်ရှိတွင်နာမည်ကြီးတက္ကသိုလ်တခုဖြစ်သောဝါရှင်တန်ဒီစီမြို့ တော်ကေ၈ျာ့ခ်ျတောင်းတက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေး ဌာန ပါမောက္ခအဖြစ် တာဝန်ယူထားသည်။
သမ္မတအိုဘားမားလက်ထက်တွင် သမ္မတဂုဏ်ထူးဆောင်ရွှေတံဆိပ်ကိုရရှိခဲ့ပြီး နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ ဒါရိုက်တာအဖွဲ့ ဝင်အဖြစ်လည်းတာဝန်ယူထမ်းဆောင်နေသူဖြစ်သည်။
ပြင်သစ်၊ရုရှားနှင့်ချက်ဘာသာစကားတွေကို ကျွမ်းကျင်စွာပြောဆိုတတ်သူလည်းဖြစ်သည်။
မက်ဒလင်းအော်ဘရိုက်ကမြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးလုပ်ငန်းများနှင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကူညီခဲ့သူဖြစ်သည်အတွက်ယခင်မြန်မာ့စစ်အစိုးရက သတင်းစာများမှာ နာမည်ပျက်ဆောင်းပါးတွေရေးပြီး တိုက်ခိုက်ခြင်းကိုလည်းခံခဲ့ရသူဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘာသာရေးမငြိမ်မသက်မှုများနှင့်စိုးရိမ်ပူပန်မှုများမြင့်တက်ချိန်နှင့် အမေရိကန်ပိတ်ဆို့ မှုတချို့ ကျန်ရှိနေသေးသည့်အချိန်တွင် မကိဒလင်းအော်ဘရိုက်၏ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းက ကမ္ဘာအလယ်က အထီးကျန်နိုင်ငံတခုဖြစ်နေသည့် မြန်မာနှင့်အမေရိကန်တို့ ၏ ပြီးခဲ့တဲ့ နှစ်က ရုတ်တရက်နွေးထွေးတိုးတက်လာသည့် ဆက်ဆံရေးအပြင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေသူများကို အားပေးမှုကိုပြသခြင်း ၊အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံကိုလာရောက်ရန်တွန်းအားပေးခြင်းသဘောများပါဝင်နေသည်။
နိုင်ငံတကာမှာဒီမိုကရေစီထွန်းကားရေးကိုပံပိုးနေသောအမေရိကန်အမျိုးသားဒီမိုကရက်တစ်ဌာန၏ ဥက္ကဌဖြစ်သည့် မက်ဒလင်းအော်ဘရိုက်က ပြီးခဲ့ သည့်အပတ်က နေပြည်တော်နှင့်ရန်ကုန်မြို့ တို့ တွင် မြန်မာအစိုးရအရာရှိများ လူ မှုအဖွဲ့ အစည်းခေါင်းဆောင်များနှင့် ဒီမိုကရေစီနှင်ဘာသာရေးဆိုင်ရာ များကို ပြောဆိုဆွေးနွေးခဲ့ပါသည်။ ထို့ ပြင်ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားခဲ့ သည့် အပြင် မြန်မာနိုင်ငံမှာ ပထမဆုံးစက်ရုံဖွင့်လှစ်သည့် ကိုကာကိုလာ အချိုရည်စက်ရုံဖွင့်ပွဲကိုလည်းတက်ရောက်ခဲ့ ပါသည်။
“ကျမတို့ အမြဲပြောလေ့ရှိတာက နိုင်ငံရေးနဲ့ စီးပွားရေးဖွံဖြိုးမှုပါ ဘယ်ဟာဦးစားပေးရမလဲဆိုတာ”
အခုလိုကျမလို အသက်ကြီးတဲ့ အရွယ်ကျတော့ နှစ်မျိုးစလုံးတပြိုင်တည်းလုပ် လို့ ပြောချင်ပါတယ်။လူတွေက မဲလည်းပေးချင်သလို စားရေးသောက်ရေးလဲလုပ်ရအုန်းမယ်လေ”ဟု မက်ဒလင်းအော်ဘရိုက်ကဆိုသည်။
မွတ်ဆလင်ဆန့်ကျင်ရေးအုံကြွမှုများလက်တလောဖြစ်ပေါ်နေသောမြန်မာနိုင်ငံက အစိုးရအရာရှိတွေကိုသမ္မတကလင်တန်လက်ထက်က စစ်ဖြစ်နေသော ဘောလကန်ဒေသနှင့် တောင်အာဖရီကတို့ မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နှစ်ဖက်စလုံးက အားထုတ်ကြိုးပမ်းခဲ့ ပုံတွေကို ဇောင်းပေးပြောကြားခဲ့ပါသည်။
“ဒီနေရာမှာတခုခုဖြစ်တယ်ဆိုရင် အဲဒီတနေရာထဲမှာမှဖြစ်တာမဟုတ်ဘူး။ လူတိုင်းကတော့ ကိုယ့် အခြေအနေကအဆိုးဆုံး ဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ ထင်တတ်ကြတာဘဲ”’
မက်ဒလင်းအော်ဘရိုက်ပြောကြာသည့် အဓိကအချက်မှာ ဘာသာရေးတင်းမာမှုများသည် ဖြေရှင်းလို့ မရသည့် ကိစ္စမဟုတ်ဘဲ တခြားနိုင်ငံများတွင်လည်း အခြားတဖက်နေရာက ၀င်ခံစားဖြေရှင်း သည့် နည်းကို ကျင့်သုံးဖြေရှင်းနေကြသည်ကို ဘာသာရေးခေါင်းဆောင်များက လက်ခံယုံကြည်စေချင်သည်ဟုဆိုသည်။
ကမ္ဘာတ၀ှန်းအကြံပေးလုပ်ငန်းတခုဖြစ်သည့် အော်ဘရိုက် စတုန်းဘရခ်ျအုပ်စု၏ ဥက္ကဌတယောက်လည်းဖြစ်သော မက်ဒလင်းအော်ဘရိုက်က ဘာသာရေးတင်းမာမှူများသည် မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံရန် စဉ်းစားနေသော နိုင်ငံခြားကုမ္ပဏီများကို နောက်တွန့် သွားစေလိမ့်မည်ဟုလည်းပြောကြားခဲ့ပါသည်။
အခုအချိန်မှာအမေရိကန်အစိုးရက အတော်များများ ပြန်လည်ရုပ်သိမ်းပေးလိုက်သော မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုများကိုတချိနိတုန်းက သူကိုယ်တိုင်အရေးယူချမှတ်ခဲ့သည့်အတွက် ဘယ်လိုခံစားရလဲဆိုသည့်မေးခွန်းကို မက်ဒလင်းအော်ဘရိုက်က ယခုကဲ့ သို့ ပြတ်သားစွာအဖြေပေးပြောကြားလိုက်ပါသည်။
“အဲဒိအတွက်တော့ ကျမ ဘယ်တော့မှ နောင်တမရဘူး”
ထားထားမြင့်
“The Christian Science Monitor မှ Joseph J. Schatz ၏How Madeline Albright discovered she was on Myanmar's blacklist ဆောင်းပါးကို ကိုးကားထားပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။