Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 14, 2013

တေးသံရှင်ရေမွန်နှင့် တွေ့ဆုံခြင်း

13 June 2013 |By The Voice Journal
လူအဂီတ တေးစီးရီးဖြင့် ပရိသတ်လက် ခံအားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် ရေမွန်နှင့် တွေ့ဆုံပြီး Idiots အဖွဲ့ရဲ့ ဒုတိယတေးစီးရီး ခေတ်သစ်ကျောက် အကြောင်း၊ S.I.R အဖွဲ့နှင့် ထွက်ရှိမည့် တေးစီးရီးအကြောင်းနှင့် မူပိုင်ခွင့်အပေါ် သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice : Idiots ဆိုပြီး အောင်မြင်လာဖို့ ဘာတွေပေးဆပ်ခဲ့ရလဲ။

RM : ကိုယ့်ဘက်က ပေးဆပ်ခဲ့ရတာတော့ တစ်ဘဝလုံးပါပဲ။ အကုန်လုံးကိုစွန့်ပြီး ဒီအလုပ်ကို လုပ်ခဲ့တာ ဆိုတော့လေ။ နောက်တစ်ချက်က ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတဲ့ အတွက် ဒီလိုပေးဆပ်ခဲ့ရတာကို ကျေနပ်ပါတယ်။
Voice : အောင်မြင်မှုရဖို့ ကြိုးစားဆဲ ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။
RM : ကျွန်တော်တို့ အဖွဲ့ရဲ့ ပထမဆုံး ရှိုးဖြစ်တဲ့ Nine Planets ပွဲကိုတော့ အမြဲ အမှတ်တရ ရှိပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့က Idiots အဖွဲ့ရဲ့ ထုံးစံအတိုင်း စင်ပေါ်မှာ အသားကုန်ဆိုနေတာပေါ့။ စင်အောက်မှာက ပရိသတ်က နှစ်ယောက်ပဲရှိတယ်။ အဲဒီနှစ်ယောက် ကလည်း တခြား Band က ဂစ်တာသမားတစ်ယောက်ရဲ့ မိန်းမနဲ့ ညီမပါ။ အခက်အခဲတွေ ကတော့ ရှိုးပွဲတစ်ပွဲမှာ ကိုယ်ပါမယ်ထင်ပြီး သွားတဲ့အခါ မောင်းထုတ်တာလည်း ခံရဖူးတယ်။ ရှိုးမဆိုခင် ပွဲမှာ ဆိုမယ့်သီချင်းရေးလို့ မပြီးသေးတဲ့ အတွက် မီးဖိုချောင်ထဲမှာလည်း ဝင်ရေးဖူးတယ်။
Voice : အရင်တုန်းက Harmony လည်း ဆိုခဲ့ဖူးတာဆိုတော့ ဒီအပေါ်မှာ ရေမွန်ရဲ့ခံစားမှုလေး ပြောပြပေးပါဦး။
RM : ဟာမိုနီဆိုရတာ ကျွန်တော် အရမ်းကြိုက်ပါတယ်။ ငယ်ငယ်ကတည်းက အမေ (တေးသံရှင်နှင့် ဟာမိုနီသီဆိုသူ ခင်မြတ်မွန်) နဲ့အတူ စတူဒီယိုတွေမှာ ဟာမိုနီလိုက်ခဲ့တာ ဆိုတော့ အခုအချိန်အထိ ဆိုချင်နေတုန်းပဲ။ ဒါပေမဲ့ နောက်ပိုင်းရှိုးတွေမှာ မဆိုဖြစ်တော့တာက ကိုယ့်ရုပ်ကြီး ကို မပြချင်တော့လို့ပါ။
Voice : City FM မှာ Idiots အဖွဲ့ ဆုယူတုန်းက အမေရှိမနေတော့ ဘယ်လိုခံစားရလဲ။
RM : ကျွန်တော်နဲ့ အမေက အဆက်အသွယ်ပြတ်နေတဲ့ ညအခါတွေ ရှိတယ်။ ညဘက် သီချင်းသွင်းဖို့ ရှိတဲ့အခါ ကျွန်တော်က သူငယ်ချင်း ဂစ်တာသမားအိမ်မှာ သွားအိပ်တာတွေ ရှိတယ်။ ဆုပေးပွဲ တုန်းကလည်း ကျွန်တော့်ကိုဖိတ်မယ်ဆို အမေ့ကိုလည်း ဖိတ်မှာပဲလို့ တွက်လိုက်တယ်ဗျာ။ အမေသည်လည်း ဒီလောကထဲက လူတစ်ယောက်ဆိုတော့ ဖိတ်သင့်တယ်ပေါ့။ ပွဲနေ့ကျမှ အမေ့ကို ဖိတ်မထားဘူးဆိုတာ သိရတာ။ ကျွန်တော်ဆုရတာကို အမေ့ကိုတော့ မြင်စေချင်ပါတယ်။ ကျွန်တော် ကလည်း ဒီဆုနဲ့တင် ကျေနပ်နေမယ့်သူ မဟုတ်ဘူးဆိုတော့ ဒီထက်ကြီးမားတဲ့ အခွင့်အရေး တစ်ခုရလာရင် အမေ့ကို ခေါ်လို့ရတယ်ဗျာ။ သိပ်တော့ ပြဿနာ မရှိပါဘူး။ "ပရိသတ်အစစ်တွေ ကိုတော့ Download မလုပ်စေချင်ဘူး။ ခွေအစစ်ကို ဝယ်ပြီး နားထောင်စေချင် ပါတယ်..."
Voice : ခေတ်သစ်ကျောက် စီးရီးတွေက ဘယ်တော့လောက် ထွက်ဖြစ်မှာလဲ။
RM : ဘယ်အချိန်ထွက်မလဲ ဆိုတာတော့ ရက်သတ်မှတ်ထားတာ မရှိသေးပါဘူး။ အဓိကက ကိုယ့်ရဲ့ Mood အပေါ်မှာ မူတည်ပြီးလုပ်နေတာပေါ့။ ကျွန်တော်တို့ရဲ့ တချို့သီချင်းတွေကို ပရိသတ်တွေ ငြီးငွေ့နေပြီဆိုတာ သိပါတယ်။ ဒီတစ်ခေါက် ထွက်လာရင် S.I.R အဖွဲ့သားတွေ အကုန်လုံးပြုံပြီး ထွက်လာလိမ့်မယ်ထင်တယ်။ အောင်လတို့၊ ဖော်ကာတို့ရော အကုန်လုံး ပြုံပြီး ထွက်လာမှာ ဆိုတော့ အဲဒီအချိန်ကျမှ အကုန်လုံး အဝနားထောင်ရမှာပေါ့။
Voice : ခေတ်သစ်ကျောက်မှာက ဘယ်သူတွေရဲ့ သီချင်းတွေပါမလဲ။ သီချင်း အကြောင်း အရာပိုင်းကျတော့ ဘယ်လိုမျိုး တွေပါမလဲ။
RM : သီချင်းတွေကတော့ ကျွန်တော် တို့အဖွဲ့ရဲ့ သီချင်းတွေ ပါပဲ။အကြောင်းအရာ ပိုင်းကတော့ အချစ်သီချင်းတွေချည်းပဲ မဟုတ်ပါဘူး။ ဒီခွေမှာ အစုံ နားထောင်ရမှာပါ။ လူတစ်ယောက်ရဲ့ဘဝမှာ ကြုံတွေ့နေရတဲ့ အကြောင်းတွေပါမယ်။ Music ပိုင်းကလည်း ဒုတိယခွေထက် ပိုကြမ်းသွားမယ်။
Voice : မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော ရေမွန်ရဲ့အမြင်က ဘယ်လိုရှိလဲ။
RM : မူပိုင်ခွင့် ဆိုတာကတော့ အကုန်လုံးမှာ ရှိသင့်ပါတယ်။ စားသောက်ဆိုင် တစ်ခုကို ဝင်စားရင်တောင် ပိုက်ဆံ ပေးရမှာပဲ။ အမှန်တော့ အင်တာနက်ကနေ သီချင်း တွေကို Download လုပ်တာတို့၊ ဖုန်းအချင်းချင်း ကူးတာတို့ဆိုတာ တရားမဝင် ပါဘူး။ ပရိသတ်အစစ်တွေ ကိုတော့ Download မလုပ်စေချင်ဘူး။ ခွေအစစ်ကို ဝယ်ပြီး နားထောင်စေချင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။