Baydar Lam with Nyein Chan Aung and 27 others
“သင်္ဃန်းဆိုတာ လူယုတ်မာတွေအတွက်တော့ အကောင်းဆုံးအကာအကွယ်ပဲ”
ဆဒ္ဒန်ဆင်မင်းဝတ္ထု-ရေးသူ..စလေဦးပုည
ဘုရားလောင်းဆဒ္ဒန်ဆင်မင်းကိုအငြိုးအတေးကြီးလှတဲ့စူဠသုဘဒ္ဒါကဆင်မင်းကို သတ်ပြီးအစွယ်ကိုနားတောင်းလုပ်ပြီးပန်ချင်တယ်လို့ပူဆာလို့လူယုတ်၊လူကြမ်း၊လူသွမ်းတို့ရဲ.လက္ခဏာနဲ့ပြည့်စုံတဲ့ သောနုတ္တရ မုဆိုးကိုအစွယ်ဖြတ်ဖို့သူကိုယ်တိုင်လမ်းပြပေးခဲ့တယ်။မုဆိုးဟာဗာရာဏသီပြည်ကနေ ရနှစ်၊ရလ၊ရရက် ကြာမှဆင်မင်းနေတဲ့တောထဲကိုရောက်လာတယ်။ဆင်မင်းနေတဲ့ဆဒ္ဒန်အိုင် ကိုရောက်တော့ဆင်းမင်းရဲ.အသွားအလာအနေအထိုင်တွေကိုလေ့လာမှတ်သား ပြီးမြေကြီးထဲမှာတွင်းတူးပြီးဆင်မင်းအလာကိုစောင့်နေတယ်။
“ဒေါက်ချာဆံကျစ်၊ဖန်နှစ်နီမြန်း၊သင်္ဃန်းရဲရဲ၊ဆင်ဝတ်လဲ၍၊လည်ဆွဲပုတီး၊ တရပတ်ကြီးနှင့်၊မထီးသီလဝံ၊တကဲ့ရှင်ကဲ့သို့”ဝတ်ဆင...်ကာစောင့်နေလေ၏။ ဆင်မင်းလာတော့လေးနဲ့ပစ်လိုက်တဲ့အခါချက်ကိုဖောက်ထွက်သွားတယ်။ပြင်းထန်တဲ့ ဒဏ်ရာရသွားတဲ့ဆင်မင်းဟာဒေါသထွက်ပြီးသတ်တော့မဲ့အငြိုးနဲ့မုဆိုးရဲ.ဦးခေါင်းကိုနှာမောင်းနဲ့ဆွဲလိုက်တယ်။အဲဒီမှာလူယုတ်မာမုဆိုးဟာ ကိုယ်ကသင်္ဃန်းကိုခွာပြီးနှာမောင်းပေါ်ကိုတင်လိုက်တယ်။အဲဒီသင်္ဃန်းကြောင့်လူယုတ်မာသောနုတ္တရ မုဆိုးဟာအသက်ချမ်းသာရာရသွားခဲ့တယ်။မုဆိုးကအသက်ချမ်းသာရာရသွားခဲ့ပေမဲ့ဘုရားလောင်းဆဒ္ဒန်ဆင်မင်းကတော့ သင်္ဃန်းကိုခုတုံးလုပ်အသုံးချခဲ့တဲ့မုဆိုးရဲ.လက်ချက်နဲ့အသက်ပါပေးလိုက်ရတယ်။ ဒါကြောင့်သင်္ဃန်းရုံတိုင်း သူတော်ကောင်းမဟုတ်နိုင်သလို၊သင်္ဃန်းမရုံတိုင်းလည်း သူယုတ်မာ မဟုတ်ပါဘူး။
“မုဆိုးညစ်ထေး၊ငမိုက်ခွေးလည်း၊လေးစွန်တောင်နှင့်၊အာပေါင်ကိုလှန်၊ဒိုင်းထောက်၍ကန်ပြီးလျှင်၊ထက်သန်မြမြ၊ကြောက်မက်ဖွယ်လွှကြီးနှင့်၊အာစကိုဖြတ်တိုက်၊ဦးနှောက်သို့ခိုက်လုအောင်၊အလျားလိုက်ထိုးသွတ်၊စွယ်ရင်းကိုပွတ်သည်တွင်၊ပေါက်လွတ်ဗလပွာ၊ကန်ကျိုး၍လာသကဲ့သို့၊အာခံတွင်းမှ၊သွေးချောင်းကျလျက်၊ဒုက္ခဝေဒနာ၊ကြီးစွာဖြစ်တော်မူသည်”။
စာကိုး-ဦးပုည၏လက်ရွေးစင်စာများ
See More

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။