ခေတ်အဆက်ဆက် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ နိုင်ငံတကာနဲ့ ယှဉ်ရင် မညံ့ခဲ့ကြပါ..။ ခေတ်ဆိုး စံနစ်ဆိုးအောက်မှာ နေခဲ့ကြရပေမယ့် ကမ္ဘာကလေးစားရတဲ့ ခေါင်းဆောင်တွေ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားနေတဲ့ မြန်မာတွေ ပေါ်ထွန်းနေခဲ့တာ၊ ပေါ်ထွန်းနေဆဲ ဖြစ်တာ ကျွန်တော်တို့ မြန်မာနိုင်ငံပါ..။
ထို့အတူ ဒေါက်တာလှိုင်မြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်အား ကွန်ပြူတာတစုံ ပေးအပ်ခဲ့သည့် ဆိုသော အကြောင်းပြချက်ဖြင့် ၁၉၉၆ခုနှစ်က ဖမ်းဆ...ီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၂ခုနှစ်ကုန်မှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသား ဘဝမှ ပြန်လည်လွတ်မြောက်လာချိန်မှ
ဆောင်းပါးအား ဖော်ပြလိုက်ရပါတယ်..။ ဒီရေလျှပ်စစ်နည်းပညာမှသည် နိုင်ငံတော်သစ်ဆီသို့လို့ပဲ
ဒီမိုဝေယံ
ဒီရေလျှပ်စစ်နည်းပညာမှသည် နိုင်ငံတော်သစ်ဆီသို့
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
http://www.demowaiyan.org/
ကိုဒီမို
ဒီရေစီးအားမှ လျှပ်စစ်ထုတ်လုပ်ဖို့ကို
ကျနော်က လူနဲ့ ဝေးရာမှာစမ်းပေမဲ့ အနီးမှာကို ရေနံတူးတဲ့ အလုပ်ကလာချထားတော့ အင်ဂျင်နီယာက ၃-ယောက်ရှိနေတယ်။ ဒီတော့ သူတို့  သဘောမပေါက်အောင်လျို့ ဝှက်လုပ်နေရတာ။ အခုတော့ မူပိုင်တင်ပြီးပြီမို့  ရဲရဲလုပ်ရဲတယ် ။ ပိုအဆင်ပြေ-သွားတာက မိုးကျလာတော့ ရေနံတူးတဲ့ အင်္ဂျင်နီယာတွေ မလာကြတော့ဘူး ။
အခုတစ်ခေါက်တော့ တာဘိုင်ကို ဝင်ရီုး (ရှပ်တန်း) နဲ့  အသေတပ်လို်က်ြပီး ဝင်ရိုးကိုလည်စေပါတယ်။ ရေက အတက်အကျရှိနေတော့ တာဘိုင် ထိုင်တာ အချိန် ကြာသွားပြီး တကယ့်စမ်းချိန်မှာ ရေကျချိန်လွန်လာတော့ ရေကတာဘိုင်ရဲ့  တစ်ဝက်ဘဲကျန်တော့တယ်။ တာဘိုင်တဝက်ကိုဘဲ တွန်းတဲ့ ရေအနက်မှာကို ကျနော့်လူတွေ အလုပ်သမားတွေနဲ့  လာကြည့်သူတွေကို လက်နဲ့ဝင်ရီုးလည်နေတာကို နှစ်ယောက်ဖမ်းတာ မချုပ်နိုင်ကြဘူး။ ဖမ်းစအချိန်လေးမှာ နည်းနည်းလေး တန့်သလိုဖြစ်ပြီး ပြန်ဆက်လည်တော့တယ်။
သူတို့ က ပြောပြတာက သူတို့ က ဓါတ်ဆီ ဟွန်ဒါအင်ဂျင် (၇-ကောင်အား) နဲ့  နောက် ဒီဇယ် တရုတ်စက် ၁၀-ကောင်အားစက် လည်နေတာကိုလက်နဲ့ ဖမ်းနိုင်တယ်ပြောကြတယ်။ စက်ထိုးရပ်သွားတယ်။ အဘ စက်အားက အောက်ထစ် ၇-ကောင်အထက်မှာရှိတယ်။ တာဘိုင်သာ အကုန်ုမြုပ်နေချိန် စမ်းရရင် ၁၅ ကောင်ကျော်မယ် မှန်းနေကြတယ်။
လာမဲ့အပတ်မှာ ဒိုင်နမို ထိုင်ပြီး မီးအထွက်လုပ်တော့မယ်။ ဒါပြီးရင် သမ္မတကို ဗွီဒီယို ပြရပါမယ်။ စက်ကိုကိုယ်တိုင်ကြည့်လိ
ဒါတောင် ရိုးချောင်းသေးသေးလေး (၁၂ -ပေအကျယ် ရိုး) လေးထဲ စမ်းရတာ။ ချောင်းအကြီးထဲ စမ်းဖို့က ရေစီးအားက ကြမ်းတော့ စက်ထို်င်ရတာ မနိုင်လို့  ရိုးလေးထဲစမ်းရတာ။ အခုတစ်ခေါက် မှာ ၅- ကီလိုအား ဒိုင်နမိုကိုလည်ကြည့်မယ်
မြစ်အကျယ်ကြီးမှာရေ (ဖြတ်သန်းစီးဆင်းနေတဲ့ရေ) အဝင်အထွက် အားလုံးကို ဖမ်းပိတ်ဆို့ ပြီး လည်မယ်ဆိုရင်တော့ ဒိုင်နမိုအား ၁ဝဝဝ- တွေ အများကြီး တန်းစီထိုင်နို်င်ြပီပေါ့
ဥပမာ ဧရာဝတီမြစ် သံလွင်မြစ်ပေါ်မှာ ရေကို ရေလွှဲဆည်ပုံစံလို အတားအဆီးလုပ်ထားမယ်။ ရေလွှဲဆည်ဆိုတာက ရေကိုသိုလှောင်တာ မဟုတ်ဘူး ။ စီးလာတဲ့ရေကိုလွှဲယူဖို့ သက်သက်။ ရေပြင်နစ်ခုက မျက်နာပြင် တညီထဲ။ အခုလဲ အဲဒီလိုရေထိန်းတာ ဆောက်ရမယ်။ ပြီးရေထွက်ပေါက်ကို သေးအောင်လုပ်ပြီး တာဘိုင်ကို လည်စေတာပါဘဲ။ ရေနဲ့ ဆိုင်တဲ့ သီအိုရီတွေအများစု အင်္ဂျင်နီယာပညာမှာက ရေစီးနှုန်းအနည်းဆုံး- ၆ မိုင်စီးနှုန်းရှိမှ ရေတာဘိုင်ကိုလည်တယ်လို့  သီအိုရီက ဆိုထားတော့ အားလုံးက ရေစီးနှုန်းမရှိရင် မစဉ်းစားကြတော့တာ။ SPEED ကိုဘဲအခြေခံ စဉ်းစားနေကြတာ။
ကျနော်က ရေထုထည်ပမာဏ VOLUME (ဥပမာ- ရေတစ်ပေပါ ထုထည်- ဂါလံ-၅ဝ) ကိုရွှေ့ လျှင် ရွှေ့လျှင် စွမ်းအင်တခု ရှိနေတယ်။ တနည်း ရေဂါလံ - ၅ဝ - ရွေ့ လျှားနေတာကို တားစီးဖို့  စွမ်းအင်တခုလိုတယ်။ အဲဒါကိုပြောင်းပြန်ယူလိုက
ထုထည်နဲ့ တွက်တယ်။ ရေစီးနှုန်းက တော့ ပိုစီးလေ ပိုအားကောင်းလေပေါ့ ။ အဲဒါကြောင့် တလောက အင်္ဂျင်နီယာတစ်ယောက်ဟု ယူဆရသူက ဒီရေဆိုတာ စီးတဲ့နှုန်းက နှေးတယ်ဝေဖန်လာပါတယ်။ ကျနော်အကုန်မပြောနိင်သေးလိ
ထုထည်သီအိုရီဆိုတာ ဥပမာပေးရရင် အခုခေတ် ဘူတာတွေမှာ... ရန်ကုန်မှာဆို အောင်ဆန်းကွင်းထဲ လူတစ်ဦးဝင်ရင် ဒလက်ဂိတ်လေးကို တွန်းသွားမှ ဝင်လို့ ရတာပါ။ တစ်ပတ်လည်ရတယ်လို့ မြင်လိုက်ပါ။ ဒီလိုဘဲ ရေတစ်ပေပါ ဖြတ်သွားတိုင်း တာဘိုင်ကို တစ်ပတ်လည်နေအောင် လုပ်ပေးနို်င်ရင်
အဲဒီကနေ စွမ်းအင်ပြောင်း ယူလိုက်နိုင်ပါပြီ။ ဒါက အခြေခံသဘောတရား။ ဒါကို ထပ်ပြီး ဖြတ်သန်းတဲ့ရေကို အင်္ဂျင်နီယာမျက်စေ့နဲ့  ပိုမိုပြုပြင်လိုက်ရင် စွမ်းအင်အဆနစ်ဆယ်လောက်ပို ထုတ်လုပ်နို်င်တော့တာပါ
လူငယ်လေးတွေကို ဖေါက်ထွက်ပြီးတွေးတတ်တဲ့ အကျင့်လေးတွေ လုပ်စေချင်ပါတယ်။ အခုကျနော်တို့  ပညာရေးစံနစ်က မွေးကတည်းကကို မိဘတွေက ကလေးကို စကားပြောသင်ပေးနေကြတယ်။ သြစတြေျးလျ ကျနော်က မူကြိုကျောင်းမှာလုပ်ရတာ။ ကလေးတွေကို ဘာမှ နှုတ်တိုက် သင်ခွင့်မပြုထားဘူး။ ဥပမာ ဒီမှာ ကလေးကို လူတစ်ယောက်နဲ့ တွေ့ လို့ ဟိုက တခုခုမေးရင် ဘယ်လိုပြောလိုက်သင်ပေးကြတ
ကျနော်တို့ ဆီမှာ ခဲတံကိုင်နည်းကို ဆရာမက ကလေးရဲ့ လက်ကိုကိုင်ပြီး သင်ပေးတယ်။ ဟိုမှာအဲဒီလို သင်ပေးလိုက်ရင် ပြသနာတက်ပြီဘဲ။ ကျနော်တို့ သင်နည်းက ကလေးရှေ့ မှာ ခဲတံကို ဖြေးဖြေးလေး အသာကိုင်ပြရတာ။ ကိုယ့်လက်ထဲကို ခဲတံလေးကို အသာလေး ကလေးမြင်နေအောင် ခဲတံကို မိမိလက်ထဲ နေရာချတာလုပ်ပြတယ်။ ပြီး ပထမအဆင့်အနေနဲ့  ခဲတံကို အစက်ချတာလောက်ဘဲ လုပ်ပြရတယ်။ ခဲတံကိုင်တတ်ခါစ ကလေးက အစက်ချတာလောက်ဘဲ တတ်ဦးမှာဆိုတော့ ပုံဆွဲမပြရသေးဘူး။
နောက်ကလေးတွေကို ငယ်တုံးမှာ စကား အသံတခု၊ နှစ်ခုဘဲ ပေးတယ်။ ကလေးတွေငယ်စဉ်က စကားတခွန်းမှ နားမလည်သေးဘူး။ ဒါပေမဲ့သူတို့မှာ ကိုယ်ပိုင်အသိနဲ့  သူ့ ဖါသာ သင်နေပြီ။ မှတ်သားနေပြီ။ အဲဒီ SELF - LEARNING ကို တိုးတက်လာအောင် အစကတည်းက သူ့ တို့ ဖါသာ သင်ယူနေမှုတွေကို ဖန်တီးပေးရတာပါ။
ဥပမာတစ်ခု ကလေးတွေဟာ ၄- ကျော်လာရင် မှောက်တတ်လာတယ်။ သူ့ ဟာသူမှောက်လာတာ။ ပြီး လှိမ့်တတ်ပြီး ဟိုရွေ့ ဒီရွေ့။ အဲဒီမှာ ကလေးကို မွေ့ ယာခပ်ပါးပါး (၃-လက်မခန့် အထူ) ပေါ်တင်ထားတယ်။ မွေ့ ယာအောက်မှာ ဆောင်( ဂွမ်းဆောင်ထူထူ ) ခံထားတယ်။ မွေ့ ယာ အနားစွန်းကို အရောင်ကွဲတဲ့  တိတ်နဲ့ ကပ်ထားတယ်။ ကလေးက လှိမ့်တတ်လာတော့ အဲဒီအရောင်ကွဲတိတ်ကိုကျော်
ကလေးက ထပ်ပြီးလှိမ့်တယ်။ ကျတယ်။ ငိုတယ် ။ ၃-၄- ခါလောက်ကျပြီဆိုတာနဲ့  ကလေးက အရောင်မတူတဲ့ တိတ်နားရောက်တာနဲ့  သူကျတော့မယ်ဆိုတာကိုသိပြီ
ဒီလိုဘဲ လေးဘက်သွားတတ်ပြီဆိုတာနဲ့  အပေါ်က ခွက်တွေဆွဲတတ်လာပြီ။ လျှပ်စစ်မီးပူ ကိုင်ချင်လာပြီ။ အဲဒီအချိန်ကျရင် လှပ်စစ်မီးပူကို နည်းနည်းလေးဘဲ ပူအောင်လုပ်ပြီး ချပေးထားလိုက်တယ်။ လာကိုင်တယ်။ ပူပူလေးဆိုတော့ နှစ်ခါတောင်မကိုင်တော့ဘူး။
ရေနွေးအိုး။ ရေနွေးခွက် ဒီလိုဘဲသင်ပေးရတာ။ ကျနော်တို့ ဆီမှာ ဖယောင်းတိုင် ပြသနာ။ ဖယောင်းတိုင် သေးသေးလေးဝယ်။ မီးဇာကို သေးသေးလေး ဖြတ်။ မီးထွန်း။ ထွန်းပြီးပြီးချင်း ကလေးရှေ့ချ။ သူကိုင်တာနဲ့  သူ့ လက်နီးလာတာနဲ့  မီးကိုမှုတ်လိုက်။ ကလေးက ဆက်ကို်င်မှာဘဲ။ မီးကတော့ငြိမ်းပြီ။ ဖယောင်းရည် အပူကရှိနေသေးတော့ ကလေးလက်ကို နဲနဲ ပူသွားမယ်။ ဒါပေမဲ့ မလောင်ပါဘူး။ ကလေးမှတ်သွားတယ်။ မကိုင်တော့ဘူး။ သူ့ ဟာသူ အသိရှာတတ်အား ပိုလာတယ်။ Self Learning တခု အကျင့်ရသွားပြီ။ အန္တရာယ်ကို သိတတ်လာသလို မိမိဖါသာ သင်တတ်တာပိုရှိလာပြီ။
အဲဒီလို သင်ပေးတဲ့ကလေးတွေဟာ ပိုမိုစဉ်းစားဥာဏ် ရှိတတ်သူတွေဖြစ်လာတယ်။ ကြက်တူရွေးလို နုတ်တိုက်သင်ပေးလိုက်ရင်
ဒါကြောင့်သူတို့ ဆီမှာ ကလေးတွေကို ပြသနာဖြေရှင်းတတ် ဖေါက်ထွက် စဉ်းစားတတ်အောင် Problem Solving လေ့ကျင့်ခဏ်းတွေ ဥပမာ Puzzles.. Lego.. Duplo ..ဆိုတာတွေအပေါ် အတော်လေး ရင်းကြပါတယ်။ ကလေးတွေကို ကားအရုပ် မီးရထားအရုပ်တွေ ပေးထားတာထက် ကိုယ်တိုင်ဆောက်လို့ရတဲ့
ကိုယ်ပိုင် စဉ်းစားဥာဏ်ကောင်းတဲ့ ကလေးတွေကလဲ အဲဒီလို လုပ်ပြီးသား အရုပ်ကို ကစားရတာ တွန်းနေရတာတွေဘဲ ချပေးထားရင် ပြသနာပေါ်လာတတ်ပါတယ်။ ဂျီကျလာတတ်တယ်။ အရုပ်တွေကို လွှင့်ပြစ်တတ်တယ်။ အဲဒီမှာ ဒီကလေးကို စိတ်သိပ်မမှန်သူလို့ သတ်မှတ်ပြီး မိဘတွေကို ကလေးစိတ်ပညာရှင်နဲ့ပြဖို့  ဆွေးနွေး အစည်းအဝေးထိုင် လုပ်မိကြတာတွေ ရှိလာပါတယ်။ ကျနော်က အဲဒီကလေးကို သေသေချာချား လေ့လာ့ပြီး စမ်းကြည့်တယ်။ Lego Duplo တွေအသာချပေးလိုက်ရင် ငြိမ်ပြီး နှုတ်ခမ်းလေးတွေ ကိုက်ပြီး စိတ်ဝင်တစားလုပ်ကြပြီ။ ခနနေတော့ ပြန်သိမ်းမယ်လုပ်ရင် ငိုကြပြီ။
ဆရာမကြီးတွေနဲ့  မိဘတွေ အစညိးအဝေးတွေထိုင်ကြရပြီ။ ကျနော်အသာနေတယ် ။ ကျနော်ဝင်မပြောဘူး ။ မိဘကိုတော့ မင်းကလေးက သိပ်ဥာဏ်ကောင်းသူ တဖွဖွ ပြောနေပြီ။ မပြောဘူးဆိုတာက ကျနော့်ကျောင်းမှာ ဝန်ထမ်းအားလုံးက အနိမ့်ဆုံး (ဒီပလိုမာ Diploma in Children Service) ရှိရမယ်လို့ သတ်မှတ်ထားတဲ့ကျောင်း။ အစိုးရပြည်နယ် ဆေးရုံကြီးဝင်းထဲမှာ ဆေးရုံဝန်ထမ်း မိသားစုတွေအတွက် သီးသန့်ဖွင့်ထားတဲ့ကျောင်း။
ဒီပလိုမာက နှစ်နှစ်သင်တန်း။ ကျနော်က ၆-လဘဲတက် ရတဲ့ Certificate - 3 / ခန့်လို့က မရဘူး။ ကျနော်ကယာယီ အလုပ်ဝင်ရတာ။ ကျောင်းဖွင့်စ နစ်တစ်ခုအစ မှာ ကလေးတွေက ငိုကြပေါ့ ။ ကလေးတွေက ကျနော့်အပေါ်ရောက်တာနဲ့  တိတ်ကုန်ကြတာ။ နှစ်ရက်နေတော့ ကျနော့်ကို အလုပ်လျှောက်ခိုင်းတယ်။ သတ်မှတ်ချက်က ဒီပလိုမာအနည်းဆုံး။ ဒီတော့ ကျနော့်ကို ဒီပလိုမာတက်ဖို့ လျှောက်ထားသူလို့ လိမ်ဖြည့် ခိုင်ပြီး ချွင်းချက်နဲ့  ဘုတ်အဖွဲ့က လက်ခံလိုက်တာ။
ပြသနာတက်နေတာက ဆရာဝန်ကြီးတွေရဲ့ သားသမိးတွေက ပိုများတယ်။ မိဘက ဆရာဝန်တွေဆိုတော့ ကလေးတွေက ဥာဏ်ထက်သူတွေ များတော့ ရိုးရိုးတွန်းကစားရတာနဲ့  မတင်းတိမ်နိုင်ကြဘူး။ သူတို့  စိတ်ကူးလေးတွေကို ပုံဖေါ်ချင်နေကြတာ။ သူတို့ကလေး အသိဥာဏ်အဆင့် ဆွေးနွေးတဲ့အထဲ ကျနော် လက်မှတ်နဲ့ ဝင်ဆွေးနွေးခွင့်ဘယ်ရှိနို
တခါတော့ ကလေးမိခင် ဆရာဝန်မကြီးက ကျနော်အလုပ်ပြန်ချိန်ကို လမ်းကစောင့်နေပြီး မျက်ရည်တွေနဲ့  (ဘီလီ-(ဒေါက်တာလှိုင်မြင့် အမည် ဘီလီ) မင်းပြောတော့ ဝီလီယံက သိပ်တော်တယ်ပြောတယ်။ အခုငါ့သားကို စိတ်ပညာရှင်နဲ့ ပြခိုင်းနေတယ်)။ သူတို့ မှာ သမိးအကြီးသုံးယောက်ရှိတယ်
နှစ်ပတ်နေတော့ ကျောင်းအုပ်ကို ဆရာဝန်ကြီးက (ဘီလီက ပြောလို့ အရုပ်တွေပြောင်းပေးတာ ဒီကောင်ချက်ချင်းစိတ်ပြောင်
သူတို့ ဆီမှာ အဲဒီလို မိဘတစ်ဦးက မှတ်ချက်ပေးရင် အဲဒီမိဘကို စာနဲ့ ရေးခိုင်းပြီး လက်မှတ်ထိုးခိုင်းတော့တာ ။ မှတ်တမ်းလုပ်ထားတော့တာ ။ ကျနော့်မှာ မိဘတွေက ပေးထားတဲ့ မှတ်ချက်ကောင်းတွေအများကြီး
ဒါပေမဲ့ အလုပ်ဝင်ခါစကတော့ မိဘဖြစ်သူ ဘိုမတွေက ကျနော်တို့ အာရှတွေဆိုရင် မကြည့်ချင်ကြဘူး။ အဆင့်မရှိသူတွေ အဖြစ်မြင်နေကြပြီး ကလေးပြသနာဆို ကျနော်တို့ ကို တစက်လေးမှ မဆွေးနွေးဘူး။ သူတို့ ဘိုချင်းဘဲဆွေးနွေးတာ။ တကယ်က ဘိုမတွေ (တချို့က) သောကြာနေ့ဆို အလုပ်ကို လက်ဆွဲအိတ်နဲ့ လာတာ။ ညနေ အလုပ်ကနေ ပါတီတန်းသွားကြတာ။ အိမ်မပြန်ကြတော့ဘူး။ ကဲဖို့ လောက်ပဲ စိတ်ကူးနေသူတွေ။ ကမြင်းကျောထဖို့ လောက်စိတ်သန်နေသူက အဲဒီကလေးတွေကို ကျနော်တို့ လောက် ဘယ်စိတ်ဝင်စားပါ့မလဲ။ ဒါက လောကသဘာဝပါ ။
နောက်တော့ ဘီလီ ဘီလီ ဖြစ်လာကြတယ်။
ကျောင်းအုပ်ကလဲ နေရာပေး ဆွေးနွေးလာတော့တယ်။ ပြသနာ တခုခုရှိလာရင် ဘီလီ ဘီလီ ကိုနံပတ်တစ်ထားပြီး လာမေးပြီ။ လာဆွေးနွေးပြီ။ မိဘတွေကလဲ အံ့သြလာကြတယ်။ ကလေးတွေကလဲ ဘီလီ ဘီလီ။ နောက်ပိုင်းကျတော့ ကလေးတွေက အဲင်္ဒီကျောင်းကို BILLY'S SCHOOL နဲ့ တစတစ ခေါ်လာတဲ့အထိ ဖြစ်လာကြတယ်။ ကျနော်တို့ မြန်မာတွေ နာမည်ကောင်းရနေကြပါတယ်။ What is your school name လို့မေးလိုက်ရင် BILLY"S SCHOOL လို့ ပြောလို့ ဖြေကြတာ။
အဲဒီမှာ ကလေးတွေ ငိုပြီဆိုရင် အခန်း ၃-ခန်းရှိတာ ကျနော့်ကို ငှားရပြီ။ သူတို့ အခန်းက ဆရာမနဲ့ ၁၀-မိနစ်လဲပြီး ငှားတတ်ကြတယ်။ ကျနော်ချီလိုက်ရင် ကလေးတွေက ၃-စက္ကန့် အတွင်း အငိုတိတ်သွားတယ်။ ဆရာမတွေက မင်းကဘယ်လိုလုပ်တာလဲပေါ့။
ကလေးတစ်ယောက် ကျောင်းစလာအပ်ရင် ဆရာမတိုင်းက Hello..Johnny Hello.. Ruby..how are you... you are so lovely နဲ့ မိတ်ဆွေဖွဲ့ တတ်ကြတယ်။ ကလေးတွေက ငယ်သေးတော့ ဘာစကားမှ မသိသေးဘူး။ သူ တို့ မှတ်ထားတာက Hello ကြားရင် သူ့ ကိုအမေဆီကနေ ဆွဲယူမဲ့အသံလို့ ဘဲမှတ်ထားတာလေ။ ကျနော်က ကလေး အသစ်လာရင် ရှောင်နေတာ။ အမေထွက်သွားတော့ အဲဒီ ဟယ်လို စလုပ်ထားသူတွေကို ကလေးက အမေနဲ့  ခွဲတဲ့သူအနေနဲ့ သူတို့ အမှတ်သညာက အသေမှတ်ထားလိုက်ပြီ။ ရန်သူအဖြစ် မြင်ထားလိုက်ပြီ။
အမေ မရှိတော့ကလေးက အမေ့ကိုယ်စားကပ်ရမဲ့သူ တခြားသူကိုရှာပြီ။ ကျနော်က ဟယ်လိုလို့  တခါမှ ( သတိထားပြီး ) မပြောတော့ ကျနော့်ဆီလာ ကပ်နေတော့တာ။ အဲဒီတော့ ကလေးအသစ် ၁ဝ-ယောက်လာအပ်ရင် ၉ -ယောက်က ဘီလီဘဲ။ ကျနော် ဒီလိုမြင်ထားတာကို ဘိုဆရာမတွေ မိဘတွေကို လုံးဝ မပြောပြခဲ့ဘူး။
ဆရာမတွေ ကတော့ ကျနော့်အကြောင်းကို မိဘအသစ်တွေနဲ့  မိတ်ဆက်တဲ့အခါ မိဘတွေကို ပြောပြတတ်တယ်။ ဒီလူက အလုပ်မှာ ချဲစရာရှိရင် ကျောင်းအုပ်လဲ ပြန်ပြောတဲ့လူ။ လူက ဂျစ်ကပ်ကပ်လူစား။ မဟုတ်မခံလူစား။ ကလေးတွေကျတော့လဲ သူ့ မြင်ရင် ငိုတာတိတ်။ အကုန်လုံးသူ့ကို ကပ်မနေရရင် ငိုကြ။ ဘယ်လိုလူလဲ မသိဘူးပေါ့။ သူတခွန်းပြောရင် နားထောင်ကြတယ်ပေါ့။
နောက်ပြသနာတစ်ခုဆက်ပြောပါဥ
ကျနော်ကလေးတွေကို ပုံပြင်ဖတ်ပြရရင် နိုး စကားပါတဲ့ စာအုပ်တွေဘဲ ရွေးဖတ်ပြ ။ နိုးတွေ နိုးတွေ ဆိုခိုင်း အကြိမ်ကြိမ် နိုးပြတာ ကလေးတွေကလဲ ကျနော်ဖတ်ပြပြီးရင် တနေကုန် နိုးနေကြတော့တာ။ တခြားဆရာမတွေ ပုံပြင်ဖတ်ပြရင် ၁ဝ-မိနစ်ဆို ကလေးတွေ အာရုံ မစိုက်နိုင်တော့ဘူး။ ATTENTION SPAN ( period / time) တိုတတ်တယ် ။ ကျနော်ဖတ်ပြရင် စိတ်ဝင်စားမှုက ကြာတယ်။ အကြာကြီး အာရုံစိုက်ကြတယ် ။ သူတို့ အကြိုက်တွေ လုပ်တာမို့ပါ။ ကလေးတွေက တခြားဆရာမတွေဆို နိုး လုပ်နေကြတော့တာ။
ဥပမာ ကလေးကို Nappy လဲချိန် ဆရာမတွေ ခေါ်မရ ချီမရ။ ရုန်းကန်နေတော့တာ။ နိုး နိုး ဘဲ။ ကျနော်က Evie .... William go change your nappy.. I got smell from you. ( အီဗွီ .... ဝီလီယံ မင်းတို့  ဆီးထုပ်တွေ သွားလဲကြပါ။ ငါ အနံ့ ရနေပြီ) ပြောလိုက်တာပါ ။ တခါထဲ နားထောင်တော့တာ။ အိပ်ချိန် တချို့ သိပ်လို့ မရဘူး။ ကျနော်က ပါးလေးကို ဟိုဘက်ဒီဘက်နမ်း ငါ လာခဲ့မယ်။ ငါ အဲယားကွန်းသွားဖွင့်ဦးမယ်။
Montessori ဆိုတဲ့ နာမည်ကြီးပြီး ဈေးအလွန်ကြီးတဲ့ အီတာလျှံ ကျောင်းမှာဆို နေ့ စဉ်ကလေးတွေကို မိဘတစ်ဦးချင်း ကို အတန်းပိုင် ဆရာမကိုနုတ်ဆက် ကလေးအိမ်မှာ နေထိုင်မှုတွေ မေးမြန်းပြီးမှ အတန်းထဲဝင်ကြရတာ။ အဲဒီမှာလုပ်တုန်းက ကျနော်ကယာယီဘဲရမယ်။ Casual / အဲဒါကို တချို့ ကလေးတွေကျရင် ဆရာမက ကျနော့်ကိုခေါ်ပြီး လက်ခံခိုင်းတဲ့အထိ ဖြစ်လာတယ်။ အထူးသဖြင့် Down Syndrome နဲ့  ADHD ( Attention Deficit Hyperactive Disorder )။ AUTISM ကလေးတွေဆိုရင် ကျနော်က လက်ခံရပြီ။ အဲဒီလက္ခဏာတွေ အကြောင်းဆောင်းပါး တခုရေးပါဦးမယ်။ အမေရိကန်နိုင်ငံမှာ ယနေ့  ကလေးငယ် (၁ဝ- နှစ်အောက်) ကလေးငယ် - ၄-သန်းကျော်ကို ADHD အဖြစ်သတ်မှတ်ပြီး စိတ်ငြိမ်ဆေးတွေ ကျွေးနေရတဲ့ ပြသနာကြီးဖြစ်နေပါတယ် ။
ကျနော့်အကြောင်းတွေ ရေးရင် ပါပါနေတာ နားလည်ပေးကြပါ။ ကိုယ့်ဂုဏ်ကိုယ် ဖော်နေတာ မဟုတ်ပါဘူး။ မှတ်ယူသင့်တာ မှတ်ယူနိုင်ဖို့ပါ။ မြန်မာပြည်က ကျောင်းဆရာမတွေ
နေ့ကလေးထိန်းဌာန ကဆရာမတွေ လဲ သတိထားကြည့်ကြ။ ကိုယ်တွေ့ တာလေးတွေ ရေးကြစေချင်ပါတယ်။ ADHD AUTISM အကြောင်းက ယနေ့ ခေတ်မှာ တစတစများလာနေပါပြီ။ ဒီလိုကလေးတွေများလာရင် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါမယ်။ အမေရိကန်မှာ သေနတ်တွေနဲ့ ပစ်သတ်နေကြတာ ဒီလိုရာဇဝင်ရှိထားသူတွေက များနေပါတယ်။
အခုကျနော် ဖေါက်ထွက်စဉ်းစားတတ်တဲ့ အကျင့်ကလဲ အဖေ ဖြစ်သူက လေ့ကျင့်ပေးတာရဲ့ အကျိုးကျေးဇူးတွေပါ။ ဒါပေမဲ့ အခု ဒီရေစီးကနေ လျှပ်စစ်ထုတ်ယူတဲ့ တွေ့ ရှိချက်ကတော့ အဖေနဲ့  ယောက်ခမ ကျနော့်ဆီမှာ မြေးနှစ်ယောက်အနေနဲ့  ပြန်ပြီး လူဝင်းစားလာတယ်။ ဒီအတွက် အထက်ပုဂ္ဂိုလ်တွေက မစတာလို့ဘဲ စွဲစွဲမြဲမြဲ ယုံကြည့်ပါတယ်။ (ဆရာလှိုင်မြင့်ရဲ့ သားနဲ့ သမီးကတော့ အဆိုတော်ဘာဘူနဲ့ မော်ဒယ် သန္တာလှိုင်ပါ)
ဒီလိုဆိုတော့ ဆရာလှိုင်မြင့်က ဘိုးတော်တွေ နတ်တွေကိုးကွယ်သလား မေးစရာရှိလာပါပြီ။ ယုံကြည်ပါတယ်။ မကိုးကွယ်ပါဘူး။ အထက်ပုဂ္ဂိုလ်တွေဆိုတာ တန်ခိုးတွေရှိကြပါတယ်။ အခုလူတွေက လူမစွမ်းနတ်မဆိုပြီး နတ်ကတော်တွေ ဘိုးတော်လုပ်စားနေသူတွေကေ
တကယ်က ဘိုးတော်ပြောပြော ဘယ်လိုပဲ သတ်မှတ်သတ်မှတ် အထက်ပုဂ္ဂိုလ်တွေဆိုတာ နတ်မျက်စေ့ ရှိတယ်။ ကျနော်တို့ စိတ်ထဲမှာ ဘယ်လိုကြံစည် နေတယ်ကအစ သိနေတာ။ ကိုယ့်စိတ်ကတော့ မကောင်းတဲ့အပြင် လောဘတွေ မတရားတက်ယုတ်မာ နေမယ်။ ပြီးဘိုးတော်ကို ပသ (လတ်ထိုးတာပါဘဲ) လိမ်လို့ ရမယ်ထင်နေတဲ့ စိတ်ကိုက ဘိုးတော်အပေါ် သိထားမြင်ထားတာ လွှဲနေပြီ။ ဘိုးတော်တွေက ကျုပ်တို့  စိတ်ရင်းအမှန်ကို မသိဘူး။ ကတော့ပွဲနဲ့ ချော့ရင်ရမယ် ထင်နေတာကိုက ဘိုးတော်တွေကို စော်ကားမိနေကြတယ်ဆိုတာ မသိကြဘူး။ ဘိုးတော်တွေ အထက်ပုဂ္ဂိုလ်တွေရဲ့တန်ခို
တကယ်တော့ ဘိုးတော်တွေ အထက်ပုဂ္ဂိုလ်တွေဆိုတာက လူ့ ဘဝမှာကို အလိုလောဘအလွန်နည်းကြသူတွေ။
ဒီလိုပါဘဲ မြတ်စွာဘုရားရှင် မွေးဖွားတော်မူတော့ ရွှေအိုးကြိးတွေ (ရွှေကျောကြိးတွေ ဖြစ်မည်ထင်ပါသည်) တွေ့ ကြတယ်။ မြတ်စွာဘုရားအလောင်းတော် တော့ထွက်တော့ ဒီရွှေအိုးကြိးတွေ ကွယ်ပျောက်ကုန်ပါတယ်။ ရွှေကျောတွေ ကန်းကုန်တယ်လို့  ထင်ပါတယ်။ ရွှေဆိုတာ လူတွေမှာကံပါမှ ရကြတာပါ။ တကယ်တော့ ဘုရားရှင်က လောကီစည်းစိမ်ကို စွန့်လွှတ်ခဲ့သူပါ.. ယခုရွှေတွေကပ်ကြ စိန်တွေ ကပ်နေကြတာလဲ ပြန်လည် သုံးသပ်သင့်ကြပါတယ်။
ဆက်ပါရစေဦး။ တရက် Sydney မှာ အမျိုးသမိးတစ်ယောက်က ခွေးသေးသေးလေး ပွေ့ လာတယ်။ ကျနော့်အိမ်ရှေ့ ရောက်တော့ ခွင့်တောင်းပြီး ခွေးလေးကို ပွေ့ ချီလိုက် ခဏစကားပြောနေတော့ ခွေးလေးက ကျနော်လက်ပေါ်မှာ အိပ်သွားပါတယ်။ သူက သိလိုက်ပြီ ကျနော့်စိတ်ထားကောင်းလို့  ခွေးက စိတ်ချလက်ချအိပ်တာတဲ့။ သူက ဂရိလူမျိုး။ အဲဒီမှာသူက ရှေးဂရီတွေရဲ့  အယူအဆ ( If dogs and children go to a men...no doubt, this is a good men )..ကလေးနဲ့ ခွေး တွေ လူတစ်ယောက်ကိုကပ်ရင် သံသယ ရှိစရာမလိုဘူး ။ အဲဒီလူဟာ လူကောင်းတဲ့  .။
ခွေးမွေးတဲ့အကြောင်းတွေ ပြောနေမိကြတယ်။ အဲဒီမှာသူက ခွေးတွေကို ချစ်ချစ်ခင်ခင်မွေး.. ကျွေးထားရင် ခွေးတွေက လူတွေမသိနိုင်တာတွေ အသိပေးတယ်တဲ့။ လူက သိတတ်ရင် သူတို့ ဆီက သိစရာတွေ အများကြိးတဲ့။ ခွေးတွေက နွားနို့အတုဆိုသိတယ် မသောက်ဘူး။ ဓါတုဗေဒတွေ ထဲ့ထားတဲ့ အစာဆို မစားဘူး။ နောက်ဆုံး ကိုယ်အပေါ် ဟန်ဆောင်ပေါင်းပြီး မိမိအပေါ်မကောင်းကြံနေသူ မိတ်ဆွေအတုတွေဆိုလဲ ဘယ်လောက်ပင် အဝင်အထွက်လုပ်နေပါစေ အစဉ်အမြဲ ရန်ထောင်နေတော့တာတဲ့။ ဘယ်လိုအစားကျွေး ချော့ချော့ မရဖူးတဲ့။ လေ့လာစရာတွေ အသိတစ်ခု။ လေ့လာရဦးမည်။ ခွေးကတောင် လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကိုသိနေမှတေ
ဒီလောက်ဘဲ အဆုံးသတ်ပါဦးမယ်။ ရေးတာက ဒီရေကနေ လျှပ်စစ်ကို လက်တွေ့ ထုတ်ပြနိုင်ပါပြီ။ ကျနော်တို့ နိုင်ငံကြီး များမကြာမှီမှာ ရွှေထီးဆောင်းတဲ့ ခေတ်ကိုတက်လှမ်းနိုင်ဖို
ကျနော်ပြောချင်ပါသည်။ အနစ်- ၂ဝ - အထိမကြာစေရပါဘူး။ လာမဲ့  ၁၅-နစ်အတွင်း အဲဒီပမာဏကို လှမ်းနိုင်ပါမည်။ အဓိကက စွမ်းအင်လုံလောက်ဖို့ ပါ။ အခုက လုံလောက်ယုံမက ရောင်းစားနိုင်ပါပြီ။ ဟုတ်ပါ့မလား မောင်ကာဠုရယ်လို့ ဆိုမယ်ဆိုရင် ဒီထက်တောင် ပိုသေးပြောရပါမယ်။ ပိုတာက ကျနော်တို့ စွမ်းအင်ထုတ်လုပ် စားရိတ်က နည်းနည်းလေး။
ကနေ့ ကမ္ဘာမှာ စီးပွားရေးအရ တရုတ်ကိုယှဉ်ပြိုင်နိုင်
မြန်မာတွေ အခုလောလောဆယ်စီးပွားရေးတွေ
မြန်မာပြည်သူအပေါင်း စီပွားရေးသောကနေ လွတ်မြောက်စေချင်လှပါပြီ။
မြန်မာပြည်သူအာလုံးကို ချမ်းသာစေချင်လှပါပြီ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ဒေါက်တာလှိုင်မြင့်ရဲ့ ဖေ့စ်ဘွတ် အကောင့်ကတော့
https://www.facebook.com/
ဆရာလှိုင်မြင့်ရဲ့ ဒီရေ လျှပ်စစ်ဆောင်းပါးများ ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/
Internet website တနေရာကတော့ ယူလာတဲ့ ဓာတ်ပုံလေးကတော့ ကျွန်တော်တို့ မြန်မာတွေ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ ပိစ် အမှတ်အသားနဲ့ အင်အားရှိမှုကိုဖော်ဆောင်တဲ့
ငြိမ်းချမ်းမှုရှိမှ အင်အားရှိမှုကို ဖော်ဆောင်နိုင်မှာပါ..။
ဒီမိုဝေယံ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။