မြေထဲပင်လယ်စတိုင် အစားအသောက်များက နှလုံးရောဂါ ဖောက်နိုင်ခြေကို လျော့နည်း
ကျဆင်းစေကြောင်း သုတေသီများက ပြောကြားလိုက်သည်။ မြေထဲပင်လယ်စတိုင် အစားအသောက်
ဆိုသည်မှာ သံလွင်ဆီများများ၊ မြေပဲများ၊ ငါး၊ ကြက်သား၊ ပဲသီး၊ ဆလတ်ရွက်၊
ခရမ်းချဉ်သီး အချဉ်ရည်၊ ဝိုင်နှင့် အကင်အချို့ကို ခြုံငုံ ဆိုလိုခြင်း ဖြစ်သည်။
နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်က မြေထဲပင်လယ်စတိုင် စားသောက်မှု ပုံစံသည် ကျန်းမာရေး
ကဏ္ဍအတွက် အထောက်အကူ ဖြစ်စေမည့် ရွေးချယ်သင့်သော စံနှုန်းတစ်ရပ်ဟု ဖော်ပြထားသည်။
ငါးအဆီ၊ သီးနှံနှင့် အရွက်များ ကြွယ်ဝစွာ ပါဝင်သော စားသောက်မှု ပုံစံသည်
နှလုံးနှင့်ဆိုင်သော ရောဂါများကို ကာကွယ်ပေးပြီး အထူးသဖြင့် လေဖြတ်နိုင်ခြေကို
သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သိရသည်။
အဆီဓာတ်နည်းသော အစားအစာများသည် ကျန်းမာရေးအတွက် အဓိက အထောက်အကူ ဖြစ်စေသည်ဆိုသော ယခင်ယူဆချက်နှင့် ယခုတွေ့ရှိချက်မှာ သိသိသာသာ ခြားနားနေသည်။ ယခုသုတေသန စစ်တမ်းအတွက် စပိန်နိုင်ငံမှ အသက်(၅၅)နှစ်မှ (၈၀)ကြား သက်ကြီးပိုင်း လူပုဂ္ဂိုလ် (၇၅၀၀)၏ နေထိုင်စားသောက်မှု ပုံစံများကို (၅)နှစ်စာ အချိန်ယူ လေ့လာခဲ့ရသည်။ ယခု သုတေသန တွေ့ရှိချက်အတွက် ဦးဆောင်ခဲ့သည့် ပညာရှင် မာတီနက်ဇ် ဂွန်ဇာလက်ဇ်က ၎င်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် မြေထဲပင်လယ် အစားအစာများက နှလုံးသွေးကြောများနှင့် သက်ဆိုင်သော ထိခိုက်မှုများကိုလည်း သိသိသာသာ လျော့နည်းစေသည်ဟု လက်ခံထားကြောင်းပါ ပြောကြားသွားသည်။
Source: Xinhua
http://www.planet.com.mm/news/read.cfm/id/21730

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။