Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 10, 2013

ချစ် မေမေ သို့..................

 

အမေ….. သားရိုသေစွာစာရေးလိုက်ပါတယ်… အမေ့အတွက် ငွေလည်း လွှဲပေးထားပါတယ်အမေ.. အမေငွေလက်ခံရပြီးပြီလား.. မရသေးရင် ဘလေးဖိုးထွန်းခင် ကို ငွှေလွှဲသမားတွေဆီ ဆက်သွယ်ခိုင်းလိုက်နော်… ကျုပ်ဒီမှာ အဆင်ပြေပါတယ် အမေ… အလုပ်လည်း ကောင်းပါတယ်… အမေသာ ကျန်းမာရေးကို ဂရုစိုက်ဗျ..ဖြစ်နိုင်ရင်တော့ လယ်ထဲမဆင်းပါနဲ့လား အမေရယ်..
ငဖိုးခင်လည်း လယ်ထဲဆင်း အလုပ်လုပ်နေတာပဲ.. ကျုပ်လည်း ငွေပို့ပို့နေတာဆိုတော့ အမေ အရမ်းကြီးပင်ပန်းအောင် မလု...ပ်နေနဲ့ဗျ.. အငယ်မနဲ့ အငယ်ကောင်နဲ့ကိုလည်း စာလုပ်ခိုင်းဦး…. အခုကျောင်းတွေ ပြန်ဖွင့်နေပြီဆိုတော့… အမေ ကျုပ်အလုပ်ပြန်ဝင်ရဦးမှာမလို့ နောက်မှ စာဆက်ရေး လိုက်မယ်နော်.. အမေ့ကို အဝေးကနေ ကျုပ်ကန်တော့လိုက်ပါတယ်.. သား မောင်ဖိုးအေး

အမေ့ဆီ ရေးထားတဲ့ စာရွက်အပိုင်းလေးကိုခေါက်ပြီး ကျွန်တော် သက်ပြင်းမောတစ်ခုကို ချမိတယ်.. သက်ပြင်းမောတစ်ခါချတိုင်းသာ ဘဝအမောတစ်ခုပြေစတမ်းဆိုရင်တော့ ကျွန်တော်တို့ ဘဝတွေ သာယာနေမှာပဲဗျာ…. အခုများတော့ဗျာ…

ကျုပ်နာမည် ဖိုးအေး.. ကျုပ်ရဲ့ဇာတိက မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့နယ်ထဲက ရွှေစမ်းချောင်းဆိုတဲ့ ရွာသေးလေးကပေါ့ဗျာ.. ကျွန်တော်တို့ရွာက နည်းနည်းခေါင်တယ်ဗျ.. အနီးဆုံးမြိုင်မြို့ကိုသွားချင်ရင်တောင် တော်တော်လှမ်းတယ်… ဒါကြောင့်လည်း ကျုပ်အဘပိုးထိတော့ မြို့ဆေးရုံအပို့လမ်းမှာတင် အသက်ပျောက်တာပေါ့ဗျာ.. အဘမှ မဟုတ်ပါဘူး.. ပိုးထိလို့ အသက်ရှင်တဲ့သူ ကျုပ်တို့ ရွာနီးချုပ်စပ်မှာ ခပ်ရှားရှားရယ်ပါ.. ထားပါလေ.. အမေမုဆိုးမဖြစ်တော့ အကြီးဆုံးသားဖြစ်တဲ့ ကျုပ်မှာ အိမ်ထောင်စုအတွက် တာဝန်ပိလာတယ်… ကျုပ်လည်း ကြိုးစားတာပဲဗျာ.. မိုးခေါင်ရေရှားနဲ့ ယာလည်း အဆင်မပြေ.. သူရင်းငှားခကလည်း တစ်နေ့မှ ၁၅၀၀ ဆိုတော့ ဘယ်လောက်င ပါ့မလဲဗျာ…
တစ်နေ့တော့ ကျုပ်တို့ရွာကို ပွဲစားတစ်ယောက်ရောက်လာတယ်..နိုင်ငံခြားမှာ အလုပ်လုပ်ရင် သူပို့ပေးနိုင်တယ်ပေါ့.. အပြီးအငြိမ်းကို ၈သိန်းပတ်ချာလည်လောက် ကုန်မယ်ပြောတယ်.. နိုင်ငံခြားရောက်သွားရင်တော့ အစစအရာရာအဆင်ပြေလို့ ရွာကနေ မြို့တောင်ပြောင်းလို့ရမယ်တဲ့ဗျာ.. ကျုပ်တို့လည်း ဒီမှာ ယာလုပ်လို့ အငတ်ငတ် အပြတ်ပြတ်ဖြစ်မယ့်အတူတူ နိုင်ငံခြားဆိုတာကြီးကို သွားပြီး ဘဝလှအောင် ကြိုးစားမယ်ပေါ့ဗျာ… ရွာမှာတောင် နေပူမရှောင် မိုးရွာမရှောင် လုပ်ခဲ့သေးတာ ဆိုတော့လည်း ကြုံရာကျပန်း ဘာဖြစ်ဖြစ်လုပ်လိုက်မယ်ပေါ့ လူကုန်ကူးခံရတတ်တယ် ဆိုတာ ကြားဖူးနားဝရှိပေမယ့် ဘုရားတရားရိုသေတဲ့ ငါတို့တော့ ဒီလိုအလိမ်မခံရဘူးလို့ ယုံကြည်ချက်နဲ့ ရွာနီးချုပ်စပ်က လူတော်တော်များများလည်း နိုင်ငံခြားရောဂါစွဲကပ်ပေါ့ဗျာ

ပွဲခကို ဘာနဲ့ပေးလည်းဆိုတော့ ရရစားစားဘဝမှာ ဘဝအပြောင်းအလဲအတွက် မိဘလက်ငုတ် လက်ရင်း အိမ်ဝိုင်းလေးပဲ ၁၀တိုးနဲ့ ပေါင်ရတာပေါ့.. ဟိုမှာ အလုပ်လုပ်ပြီး ဒီအိမ်ဝိုင်းလောက်မပြောနဲ့ မြို့မှာတောင် တက်နေနိုင်သေးတာပဲလေ.. ဒီလိုနဲ့ မျှော်လင့်ချက်အပြည့်နဲ့ နိုင်ငံခြားဆိုတာကြီးကိုရောက်.. စကားတွေက မပြောတတ်.. ယောင်လည်လည်နဲ့ သူတို့ခိုင်းတာတွေ သိမ်းကျုံးလုပ်.. ကျွေးတာစားလို့ ထားတဲ့နေရာ အိပ်ရတာပေါ့ဗျာ.. မသိတာရှိတော့လည်း အရင်ရောက်နှင့်သူတွေကို မေးစမ်းပြီး လုပ်ရတာပါပဲ.. ရောက်နှင့်သူတွေထဲမှာလည်း အကုန်လုံးက ကျုပ်တို့ရွာကလူတွေလို မဖြူစင်ကြဘူးဗျ.. အချင်းချင်းဆီကကို ခုတ်မယ်လှီးမယ်လုပ်နေသေးတော့တာ..

လကုန်လို့ လစာထုတ်တော့ ကျုပ်မှာ မလည်မဝယ်နဲ့ အခက်ကြုံနေရပြီ… ဒီပိုက်ဆံတွေက မြင်ဖူးတာမှ မဟုတ်တာ.. ဒါနဲ့ပဲ အလုပ်ထဲက ကိုရင်တွေ အကူအညီနဲ့ ရွာကို ငွေလွှဲရတာပေါ့.. လွှဲသာလွှဲရတယ် လွှဲလိုက်တဲ့ငွေ ရွာကို မရောက်မှာလည်း စိတ်ထဲ တထင့်ထင့်ရယ်.. မရောက်ရင် အိမ်ဝိုင်းကို အပေါင်ခံထားတဲ့ ဒေါ်စိန်တုတ်က တိုးရင်းပေါင်းနဲ့ ယူမှာလေ.. အခုကျုပ်ရတဲ့ လစာကလည်း မြို့ကြီးမှာ အိမ်ဝယ်နိုင်ဖို့ဝေး.. ရွာက အိမ်ဝိုင်းလေး အတိုးသတ်ဖို့နဲ့ အမေတို့ စားစရိတ်တောင် လောက်ငဖို့ အနိုင်နိုင်.. ဒါတောင် အလုပ်ထဲမှာနေ အလုပ်ကကျွေးတာ စားနေရပေလို့

နိုင်ငံခြားဆိုတာကြီးကလည်း ကြောက်ကြောက်လန့်လန့်နဲ့ လေယာဉ်ပျံကြီး စီးပြီး ရောက်လာလိုက်တာက လွဲရင် အခုလုပ်နေတဲ့ စက်ရုံထဲကနေ ဘယ်မှ ရောက်ဖူးတာ မဟုတ်တော့ ဘာမှန်းကို မသိတာ အမှန်ပဲ.. အခုနောက်ပိုင်းတော့ နည်းနည်းလေး အဆင်ပြေလာလို့ တစ်လမှာ နားရက်တစ်ရက်လောက် အနီးအပါးထွက်လည်တာမျိုး လုပ်လို့ရလာတာ.. သူဌေးကတော့ ကျုပ်တို့ ရွှေ (မြန်မာကို ရွှေလို့သုံးကြတာပဲ)တွေကို လွှတ်သဘောကျတာလား.. ကျချင်စရာပဲလေ သူတို့အလုပ်က ကျုပ်တို့ရွာမှာ ပင်ပင်ပန်းပန်းလုပ်ရတာနဲ့ယှဉ်ရင် အပုံကြီးသက်သာနေတော့ အချိန်ပိုလည်း ဆင်းနိုင်၊ အလုပ်ကို တွန်းလုပ်နိုင်တာကိုး… ဖျားတာနာတာလည်း မရှိသလောက်ပါပဲ. ဖျားရင်လည်း အလုပ်ပဲဖိလုပ်နေတာနဲ့ အဖျားကို ကုရတာ ကျုပ်တို့အားလုံးရဲ့ သဘာဝပဲ..

ကျုပ်တို့ ပညာမတတ်အကြမ်းသမားတွေရဲ့ ဘဝပဲ ခါးတယ်လို့ မထင်နဲ့.. ပညာတွေနဲ့ အလုပ်လာလုပ်ကြတဲ့ ကောင်လေးကောင်မလေးတွေလည်း တော်တော်ခါးသီးတယ်တဲ့.. အလုပ်တစ်ခုရဖို့လည်း တော်တော်ဆုတောင်းပြီး အခွန်နဲ့အခနဲ့ အို့ စုံနေတော့တာပါပဲ… ဒီကြားထဲ ဒီရောက်နေတဲ့သူတွေက အိမ်ကိုလွမ်းဖျားလွမ်းနာကျတာမျိုးရှိကြသေးသတဲ့.. အမှန်တော့ လူကြမ်းစိတ်ကြမ်းနဲ့ ကျုပ်လည်း အမေနဲ့ ရွာက အိမ်ဝိုင်းလေးကို မကြာခဏ သတိရနေတာပါလေ.. အခု (၃)နှစ်ကျော် မနားတမ်းလုပ်မှ ရွာက အိမ်ဝိုင်းလေးကို အကြွေးကျေတယ်ဆိုရုံပဲရှိသေးတာ… နိုင်ငံခြားဆိုတာ လာလုပ်နိုင်ဖို့ (၃)နှစ် မနားတမ်းအလုပ်လုပ်မှ ညီမျှတဲ့သဘော.. မလွယ်ချက်.. ဒါတောင် ကျုပ်အဖို့ရာ တော်တော်ကံကောင်းတယ်ပြောရမှာ.. အချို့များ အလုပ်မကောင်းတာနဲ့ သူဌေးမကောင်းတာနဲ့ ဟိုပြေးဒီပြေး နောက် အို (အိုဗာစတေး)ဖြစ်တယ်ဆိုလား.. တစ်သက်လုံးမြန်မာပြည်မပြန်ရတော့ဘဲ ခိုးဝှက်နေကြရတော့မယ်ဆိုလား.. ကျုပ်ညတိုင်း ဘုရားရှိခိုးရင် အဲဒီအဖြစ်မရောက်ပါစေနဲ့ပဲ ဆုတောင်းတယ်.. ကျုပ်အမေ့ဆီတော့ တစ်နေ့နေ့ရောက်အောင်ပြန်ချင်သေးတယ်ဗျာ..

အခု ကျုပ်တို့လို အလုပ်သမားတွေအတွက် ဘဝပျက်နေရတဲ့ အချိန်ရောက်နေတယ်.. ဘယ်သူ့ကို အားကိုးလို့ ဘယ်သူ့ကို ကိုးကွယ်ရမှန်းမသိဘူးဖြစ်နေတာဗျ.. ကြားရတဲ့ သတင်းတွေကလည်း ဆိုးပါပေ့.. ကျုပ်တို့လည်း အလုပ်ထဲက အလုပ်အပြင်တောင် ထွက်လို့မရဘူး… အိပ်လည်း သတိ၊ စားလည်း သတိနဲ့ပေါ့ဗျာ.. ရွာတောင် စောစောပိုင်း ငွေလွှဲထားမိလို့ အခုငွေတောင်လွှဲမရဘူးကြားတယ်.. အားလုံးလည်း ရင်တမမနဲ့ တစ်နေဝင် တစ်နေထွက်ကို ပင့်သက်ရှိုက်ရင်း ဖြတ်သန်းနေရတာ… အခုနက ဖတ်နေတဲ့ ကျုပ်အမေ့ဆီ ရေးတဲ့စာလည်း ပို့ဖို့ မဖြစ်နိုင်လို့ ပြန်ပြန်ဖတ်ကြည့်နေမိတာ အကြိမ်ကြိမ်ရှိနေပြီပေါ့ဗျ… ကျုပ်တို့မှာ ဘာဖြစ်ရင် ဘယ်သွားရမယ်မှန်းလည်း မသိ၊ ဘယ်အရပ်မှာ ဘာရှိမှန်းလည်း သေချာသိတာ မဟုတ်ဘူးလေ၊ ဘယ်သူက ကယ်မှာလဲ၊ ဘယ်သူက ဝါးကူထိုးမှာလည်း ခွဲခြားမရတဲ့ အနေအထားမှာ အသက်ရခွင့်ရနေသေးတာ ဘုရားကျေးဇူးပဲ..အခု ကျုပ်ဘာကို ဆုတောင်းမိလဲသိလား.. ကျုပ်လေ.. ဘယ်လို အနေအထားနဲ့ ဖြစ်ဖြစ်ပါ…. အမေရှိတဲ့ ရွာလေးဆီ ရောက်အောင်ပြန်ခွင့်လေးပဲ ရချင်နေမိတယ်ဗျာ…….

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။