Popular Journal
" ကော်ပီသီချင်းတွေ ပျောက်ကွယ်သွားမှာမဟုတ်ကြောင်း လင်းလင်း ပြော "
လင်းလင်းကို သီချင်းရေးတဲ့ အခါ အချိန်အခါနေရာ ဒေသအပေါ် လိုက်ပြီး ဖန်တီးဖြစ်တာ လားလို့မေး တော့ “အဲဒီလိုမျိုးတော့ မဟုတ်ပါ ဘူး။ ကျွန်တော်က လူတွေကြားထဲမှာ နေ့စဉ်လှုပ်ရှားသွားလာနေတာဆို တော့ ကိုယ်ပြောချင်တဲ့အကြောင်း အရာတွေ၊ ကိုယ် ရေးချင်တဲ့ဟာေ တွ တွေ့ ရင် ရေးဖြစ်တာပါပဲ။ ဒီအတိုင်း သတ်သတ်မှတ်မှတ်ကြီး ဂစ်တာကိုင် ပြီးတော့မှသီချင်းရေးဖြစ်တာ မဟုတ် ပါဘူး” လို့ ပြောပါတယ်။
နောက်ပိုင်းမှာ မူပိုင်ခွင့်တွေ ပေါ်လာလို့ နိုင်ငံ တကာဝင်လာတဲ့အခါ ကော်ပီသီချင်း တွေရဲ့ အလားအလာနဲ့ မြန်မာနိုင်ငံ ရဲ့ ဂီတလောကအခြေအနေကိုလည်း လင်းလင်းက “ကော်ပီသီ ချင်းတွေက တော့ ပျောက် ကွယ်သွားမှာ မဟုတ်ပါ ဘူး။ကမ္ဘာပေါ် မှာလည်း... ဒီနေ့အထိရှိနေ ဆဲပါပဲ။ ဒီသီချင်းတွေကို ကြည့်ပြီး လိုက်ဆို၊ လိုက်ရေးခဲ့လို့လည်း Own Tune ဆိုတာတွေပေါ်လာတာလေ။ အခုဆို နိုင်ငံတကာကနေ ဂျေဆင် မရတ်တို့၊ မိုက်ကယ်လန်းတို့ ဒီမှာ ရှိုး လာဆိုကြတယ်။ ကျွန်တော်ကတော့ ကောင်းတဲ့ဘက်ကပဲမြင်ပါတယ်။ သူတို့ဘယ်လိုတွေဆိုလဲဆိုတာကို မြင်ရတယ်။ ဒီကစက်တွေ၊ အသံဖမ်း အင်ဂျင်နီယာတွေနဲ့ပဲ စင်ပေါ်မှာ အဆင်ပြေပြေသီဆိုသွားနိုင်ခဲ့တယ်။

နောက်ပိုင်းမူပိုင်ခွင့်တွေ ပေါ်လာခဲ့ ရင် ဝိုင်ဘိုတို့လိုမျိုးပေါ့။ ကျွန်တော်တို့ တွေ ကိုယ့်သီချင်း ကိုယ်တာဝန်ယူကြ ရတော့မယ်။ ကျွန်တော်ကတော့ ရှေ့ နေငှားထားတယ်။ ကျွန်တော့်သီချင်း တွေကို ဘယ်သူ ကပဲဖြစ်ဖြစ် ကျွန် တော်မသိဘဲ ယူသုံးရင် ကျွန်တော့် ရှေ့နေက တရားစွဲမယ်။ ကျွန်တော် ကတော့ အဲဒီလိုမျိုးလုပ်ထားတယ်” လို့ လင်းလင်းက ပြောပြပါတယ်။
နောက်ပိုင်း တက်လာတဲ့ လူငယ်အဆိုတော်တွေ အနေနဲ့ ကိုယ့်သီချင်း ကိုယ်ရေး၊ ကိုယ့် Band နဲ့ကိုယ်လှုပ်ရှားနေကြတာမြင် ရတဲ့ အတွက် ကျေနပ်အားရမိကြောင်း ပြောတဲ့ လင်းလင်းကသူ့ရဲ့ တတိယ တစ်ကိုယ်တော်အခွေမှာ အရင်အခွေ တွေနဲ့မတူတဲ့ လင်းလင်းရဲ့ပုံစံ ကို မြင် ရတော့မှာ ဖြစ်ကြောင်း လင်းလင်းက ပြောပြခဲ့ပါတယ်။
မျိုးမောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။