Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 3, 2013

ကိုယ့်ရဲ့ ညှို့အားအပြင်းဆုံး နေရာက မျက်လုံးလို့ ထင်တယ်ဆိုတဲ့ မာရီနာ

 

၂၀ဝ၈ ခုနှစ်မှာ တင်မိုးလွင်ရဲ့ Talent & Model မှာ မော်ဒယ်လ် သင်တန်း တက်ရောက် ခဲ့ပြီး ရှိုးအတော်များ များလျှောက် လှမ်းခဲ့ကာ Miss ဆု ပေါင်းများစွာ ကိုလည်း ရရှိခဲ့သူပါ။ ဗီယက်နမ်နိုင်ငံ မှာ အာဆီယံနိုင်ငံ များထဲမှ မြန်မာ နိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ Top 5 အထိ ရွေးချယ် ခံရပြီး The Best Talent ကိုရရှိခဲ့သူပါ။
Java Creamy ကြော်ငြာမှာ ပရိသတ်မှ မာရီနာ အနေနဲ့ သိရှိခဲ့ပြီး "စိုင်းစိုင်း ကိုချစ် တယ်" ၊ "ဖော်မြူလာမုဆိုး" ၊ "ဧဒင်ရဲ့ နတ်သမီး" စတဲ့ ဇာတ်ကား ကြီးများ ထဲမှာ ပါဝင် သရုပ်ဆောင် ခဲ့သလို ယခု လက်ရှိ မှာလည်း Heart & Soul ထုတ်လုပ်ရေးနဲ့ ဇာတ် ကားများ ရိုက်ကူးနေပြီး ကုမ္ပဏီတစ် ခုနဲ့ ခေါင်းဆောင် မင်းသမီး ရိုက်ကူး တော့မှာပါ။
"မာရီနာ ဆိုတာက ဦး ပဉ္ဇင်း တစ်ပါးပေးတဲ့ နာမည်ပါ။ နာမည် အရင်းက သန္တာနွယ်လို့ ခေါ်တယ်။ မာရီနာဆိုတာ ဘယ်လို အဓိပ္ပာယ် မျိုးလဲတော့ မသိဘူး။ ကိုယ်နဲ့လိုက်မယ့် ပုံစံလည်း ဖြစ်ရမယ်။ ဘိုလည်း ဆန်ရမယ်ဆိုပြီး ရွေး လိုက်တဲ့နာမည်ပေါ့" လို့ဆိုလာတဲ့ မာရီနာကို 8days Cover အဖြစ် ရွေးချယ်ဖြစ်ခဲ့ ပါတယ်။ သူက နာဂတိုင်းရင်း သူတစ်ယောက် ဖြစ်ပါတယ်။ မာရီနာ လို့ဆိုရင် သူ့ကိုတခြား တစ်ယောက်နဲ့ တွဲပြီး မြင်တတ်ကြပါ တယ်။ သူ့ဓာတ်ပုံနဲ့ တခြားသူရဲ့ မင်္ဂလာဆောင်သတင်းတွဲပြီး ဖော်ပြ ခံရတာမျိုးကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနာမည်နဲ့ပဲ သူ့အနုပညာ အလုပ် တွေကိုကြိုးစား ခဲ့ရတာကြောင့် သူက နာမည် ပြောင်းဖို့တော့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
Q. နာမည်မှားတဲ့ ကိစ္စအပေါ် မာရီနာ အနေနဲ့ ဘာပြောချင်တာ ရှိသေးလဲ။
A. ကိုယ်လုပ်ထားတဲ့ အနုပ ညာလှုပ်ရှားမှု တွေက အများကြီးရှိ တော့ နာမည်ပြောင်းဖို့ မရှိပါဘူး။
Q. အနုပညာ လမ်းမပေါ်မှာ လျှောက်လှမ်းတဲ့ အခါ ဘယ်လောက် ထိစိတ်ပင်ပန်း ခဲ့ရ ပါပြီလဲ။
A. အရမ်းကြီး စိတ်ပင်ပန်း တာမျိုးတော့ မရှိပါဘူး။ ဘာသာရေး နဲ့တွဲပြီး အနုပညာ အလုပ်ကိုလုပ် လာခဲ့ တာဆိုတော့ အရမ်းကြီးခက် ခက်ခဲခဲ မျိုးတော့ ဘဝမှာ မရှိခဲ့ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်တော့ မာရီနာလိုချင်တဲ့ ပန်းတိုင် နေရာတစ် ခုကိုရောက်လာ မှာပါလို့ ယုံကြည် ထားတယ်။ ရိုးရိုးသားသားနဲ့ကြိုး စားသွား မယ်လို့ ခံယူထား ပါတယ်။
Q. လူတွေ စိတ်ဝင် စားအောင် လုပ်ကြတဲ့ Popular ကိစ္စရပ်မျိုး တွေကို မာရီနာ စိတ်ဝင် စားလား။
A. လူတိုင်းကတော့ Popular ဖြစ်အောင်တော့ လုပ်ကြမှာပဲ။ မာရီနာက Popular မဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ အနုပညာ လမ်းကြောင်းကို ရိုးရိုးသားသား ကြိုးစားမယ်။ Popular ဖြစ်အောင်ရည်ရွယ်ပြီးလုပ်တာ မရှိဘူး။ အဲဒါကလည်း ရေရှည်တည် ထင်မယ်။ ကောင်းတဲ့နည်းနဲ့ Popular လုပ်တာတော့ ကိစ္စမရှိပေမယ့် မကောင်းတဲ့ နည်းကတော့ ရေရှည် လည်းမတည်တံ့ ပါဘူး။
Q. အနုပညာ လောကမှာ နာ မည်ပျက် မရှိအောင် နေတယ်လို့ မင်း သမီးကြီး တစ်ယောက်က ပြောတော့ မာရီနာကရော ဘယ်လိုနေသင့် တယ်လို့ထင်လဲ။
A. အဲဒီခံယူချက် ကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကလည်း ပြောထားတဲ့ အတိုင်းလိုက် လုပ်နိုင်ရင် ပိုကောင်း တာပေါ့။ အနု ပညာရှင် တစ်ယောက် ဆိုတာက အားလုံးရဲ့ရှေ့ဆောင်လမ်းပြ ဖြစ်နေ တာကိုး။ ကောင်းကောင်း မွန်မွန် လျှောက်လှမ်း ရင်တော့ အကောင်း ဆုံးပဲ။ တစ်ခါတလေ ကိုယ်ကမ ဟုတ်ဘဲနဲ့ သတင်းတွေ ထွက်လာ တာမျိုးတွေ ရှိတယ်။ အဲဒါကလည်း ကိုယ်ကိုယ်တိုင် ပေါ်မှာပဲ မူတည်ပါ တယ်။
Q. မာရီနာ မကြိုက်တဲ့ ဖက်ရှင် ပုံစံမျိုးက ဘယ်လိုမျိုးတွေ ဖြစ်မယ်လို့ ထင်လဲ။
A. မာရီနာ မကြိုက်တဲ့ ဖက်ရှင် က ဂါဝန်ကြီးတွေ၊ ဖောင်းဖောင်းပွ ပွကြီးတွေ ဝတ်ရတာ မကြိုက်ဘူး။ အကြိုက်ဆုံးက ကိုယ်လုံး ပေါ်အ ကျပ်လေးတွေ ကြိုက်တယ်။ ဂျင်း ဘောင်းဘီအတို၊ စွပ်ကျယ်လေးနဲ့ ရိုးရိုးရှင်းရှင်း လေးကို ကြိုက်တယ်။ မာရီနာရဲ့ သူငယ်ချင်းတွေ ကလည်း ပြောတယ်။ မာရီနာက Cute ပုံစံ မျိုးနဲ့ မလိုက်ဘူး။ မာရီနာရဲ့ပုံစံက Strong ဖြစ်တယ်။ Sexy ပုံစံမျိုး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးက ပိုလိုက် တယ်လို့ အကြံပေး ပါတယ်။
Q. မာရီနာရဲ့ခန္ဓာကိုယ်က ထွားပြီး Sexy ကျတယ်လို့ ပြောရင် လက်ခံလား။
A. ဟုတ်ကဲ့ လက်ခံပါတယ်။ မာရီနာကို ဓာတ်ပုံဆရာတွေ ကမြင် လိုက်တာနဲ့ Sexy ပုံစံမျိုးတွေရိုက် တာများတယ်။ အဲဒီအပေါ်မှာ လက်ခံတယ်။ အဲဒီ လိုပုံစံနဲ့လိုက် တာကိုး။ တစ်ခါတလေ ကျရင်လည်း ဃကအန ပုံစံမျိုး လုပ်ချင်တယ်။ မလိုက် ဖူးဖြစ်နေ တယ်ပေါ့။ (ရယ်လျက်)
Q. မာရီနာရဲ့စိတ်ထဲမှာ ဖြစ် ချင်တဲ့ ဘဝရည်မှန်းချက် ပန်းတိုင်က ရော..
A. မာရီနာလိုချင်တဲ့ ပန်းတိုင် က နိုင်ငံတကာ အဆင့်မီတဲ့ ပညာ ရှင်အဆင့် Photo Model ဖြစ်ချင် တာ။ ကိုယ့်မြန်မာပြည်ရဲ့ဂုဏ် ဆောင်ပေါ့။ အဲဒီအတွက် အ ကောင်းဆုံး ဖြစ်အောင် ကြိုးစားသွား ပါ့မယ်။ အဓိက ဖြစ်ချင်တဲ့ စိတ်ပေါ့။
Q. နိုင်ငံတကာအဆင့်မီတဲ့ Photo Model ဆိုတော့ မြန်မာ့ ယဉ်ကျေးမှုနဲ့ သွေဖယ်တဲ့ အဝတ်အ စားတွေဝတ်ရတော့မှာ ဆိုတော့ အဲ ဒီလိုမျိုးကို မာရီနာ လုပ်ရဲလား။
A. ကိုယ်က ဒါလုပ်ရတော့ မှာကိုး။ နိုင်ငံတကာ အဆင့်မီအောင် ကိုယ်ကလုပ်ရတော့မှာ ဆိုတော့ ခေါင်းထဲ ထည့်တွက်လို့ မရတော့ပါ ဘူး။ လုပ်ရ တော့မှာပေါ့။ အခုချိန် မှာ မြန်မာပြည်မှာ ကိုယ်က လုပ်နေ တော့ မြန်မာပြည်ရဲ့ယဉ်ကျေးမှု တွေ ထည့်တွက် နေရတာပေါ့။ ပြန် ထောက်ရ တာပေါ့။ တကယ်လို့ မြန် မာ့ယဉ်ကျေးမှုနဲ့ သွေဖယ်တဲ့ အဝတ် အစားမျိုးနဲ့ ရိုက်ခဲ့ရမယ် ဆိုရင်လည်း မြန်မာပြည် ကိုယ်စားပြုတဲ့ Photo Model အနုပညာရှင် တစ်ယောက် အနေနဲ့ပဲ မြင်စေချင် ပါတယ်။ အမြင် မစောင်းစေ ချင်ပါဘူး။
Q. မာရီနာရဲ့ဘဝမှာ ဒုတိယ ပန်းတိုင်ကရော...
A. ဒုတိယ ပန်းတိုင်ဆိုရင်တော့ စီးပွားရေးပဲ လုပ်ဖြစ်မယ် ထင် ပါတယ်။
Q. မာရီနာရဲ့ ညှို့အား အပြင်းဆုံးနေရာက
A. မျက်လုံးပေါ့။ ဒါကလည်း သူငယ်ချင်းတွေ၊ ပရိသတ်တွေက ပြောကြတာပါ။ Model သင်တန်း စတက်ခါစ တုန်းကတော့ မျက်လုံး ကသေနေတာ။ အဲဒါကြောင့် မျက် လုံးကိုဆွဲဆောင်မှု အပြည့်ရှိအောင်၊ ဖယောင်းတိုင် ကိုကြည့်ပြီး လေ့ကျင့် ဖြစ်တယ်။ နောက်ပိုင်းတော့ မလုပ် ဖြစ်တော့ဘူး။ ကင်မရာ ရှေ့ရောက် တာနဲ့ မျက်လုံးက အလိုလို သူ့ဘာ သာသူ ဆွဲဆောင်မှု ပြည့်ဝသွားတယ် လို့ခံစားဖူးတယ်။
Q. Cover Interview ရဲ့ နောက်ဆုံးအနေနဲ့ မာရီနာရဲ့ပရိ သတ်ကို ဘာများပြောချင်ပါသေး လဲ။
A. နာမည်ကလည်း အမြဲ တမ်းမှားမှား နေတော့ သေချာလေး ကွဲကွဲပြားပြား သိပြီး အားပေး စေချင် ပါတယ်။ မာရီနာက နာဂတိုင်းရင်း သူပါ။ မာရီနာမှာ လိုအပ်ချက် ရှိရင် လည်း ပရိသတ်က အားမနာတမ်း ဝေဖန်ပေးပါ၊ အကြံပေးပါလို့ ပြော ချင်ပါတယ်။ ပရိသတ်လည်း ကျန်း မာပါစေလို့ ဆုတောင်းရင်း နှုတ် ဆက်လိုက် ပါရစေ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။