ဗြိတိန်နှင့် အမေရိကန်ရှိ သုတေ သီများရဲ့ လေ့လာမှု အသစ် တစ်ခုအရ သကြားနှင့်ချိုအောင်လုပ်ထားတဲ့ အချိုရည်ဘူး တစ်နေ့တစ်ဘူးသောက် တိုင်း သွေးပေါင်ချိန် (Blood Pressure) မြင့်တက် သွားကြောင်း တွေ့ရတယ်လို့ ဆိုတယ်။ ဟားဗတ် လူထုကျန်းမာရေး ကျောင်းတော်ကြီးက အချိုရည် သောက်မယ့်အစား သကြား နည်းတဲ့ ဒါမှမဟုတ် သကြားမပါတဲ့ သောက်စရာ များကို သောက်ဖို့ အောက်ပါ အကြံဥာဏ် များကိုပေး တယ်။
နှပ်ထား ဖောက်ထားတဲ့ရေ
အနံ့အရသာ ထည့်ထား တဲ့ရေ ကို အလွယ်တကူ ဝယ်ယူရရှိ နိုင်ပါတယ်။ သို့ပေမယ့် ယင်းကို သင်ကိုယ်တိုင် လုပ်နိုင်တယ်။ ရေတစ်ခရားထဲ ရှောက်၊ သံပရာသီး၊ ချင်း ဒါမှမဟုတ် လတ် ဆတ်တဲ့ ပူဒီနာကို ပေါင်းထည့် ပေးပါ။
ရေခဲမုန့်ပါ သစ်သီးဖျော်ရည်များ
အစားအစာများ အဖြစ် ရောင်းချပါ တယ်။ သို့ပေမယ့် သူတို့မှာ သကြား အများကြီးပါတယ်။ ယင်းအစား အားရှိစေတဲ့ လတ်ဆတ်သစ်သီးဖျော် ရည်အေး ပြုလုပ်ပါ။ ရေခဲ၊ ရေ၊ သခွားသီး ဒါမှမဟုတ် ဘယ်ရီသီးများ ကိုရောပြီး သစ်သီးဖျော်စက် ထဲထည့် ကာ မွှေပေးပါ။ ပြစ်ချွဲရည် ရသည်အထိ မွှေပါ။ ယင်းသစ်သီး ဖျော်ရည်ထဲ ပူဒီနာ ဒါမှမဟုတ် ရှောက်၊ သံပရာ စိတ်များ ဖြင့် ဖြူးပေးပါ။
လက်ဖက်ရည်
အချို ခြောက် ရည်ဖြစ်စေ၊ အကြမ်းခြောက်ရည် (လက်ဖက်ရည်ကြမ်း)ဖြစ်စေ၊ အအေး ဖြစ်စေ၊ အပူဖြစ်စေ ကောင်းမွန်တဲ့ သကြားလွတ်ယမကာများပဲဖြစ်တယ်။ ယင်းလက်ဖက်ရည် များထဲသို့ အနံ့ အရသာ လိုချင်ရင် သစ်ကြံပိုး၊ ဗာနီလာစတဲ့ အချိုဓာတ်ပါ အမွှေးအကြိုင်များ ထည့်နိုင်ပါတယ်။
ဝင်းလက်တဲ့ သစ်သီး ဖော်ရည်(ဂျု့စ်)
ကြည်လင် ဝင်းလက်တဲ့ ရေ ၃၅၀ml နှင့် သစ်သီးဖျော်ရည် (ဂျု့စ်) ၄၀ml တို့ကို ရောစပ်ပါ။ အနံ့ အရသာ အတွက်ကတော့ လှီးခြမ်းထား တဲ့ ရှောက်၊ သံပရာ ဒါမှမဟုတ် လတ်ဆတ်တဲ့ ဆေးဖက်ဝင် အပင်များ ကို အသုံးပြု နိုင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။