“ငရဲကိုယုံသင့်မသင့်နဲ့ ပတ်သတ်ပြီး”
ငရဲကို ယုံသင့်မယုံသင့်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘုရားဟောထားတာလေးပါ။
ဘုရားရှင်က ငရဲကို ဇွတ်မယုံခိုင်းပါ။ ယုံမယုံ ရှိမရှိ အခြေအနေ(၄)မျိုးနဲ့ အကျိုးဆက်တွေကိုပဲ ဟောပြခဲ့တယ်။
...
(၁) ငရဲကို ယုံတယ်။ မကောင်းမှုကိုရှောင်တယ်။ သေတော့ ငရဲဆိုတာရှိနေခဲ့ရင်လဲ မကောင်းမှုကို ရှောင်ခဲ့သူအတွက် ကြောက်စရာမရှိပါ။
(၂) ငရဲကိုယုံတယ်။ မကောင်းမှုကိုရှောင်တယ်။ သေတော့ငရဲဆိုတာ မရှိဘူးဆိုရင်လဲ မကောင်းမှုကို မလုပ်ခဲ့သူ ချမ်းသာစွာ သေရတယ်။ ကျန်ခဲ့တဲ့ဘ၀မှာလဲ ဂုဏ်သတင်းမပျက်စီးဘူး။
(၃) ငရဲကိုမယုံဘူး။ မကောင်းမှုကိုပြုတယ်။ သေတော့ငရဲဆိုတာ ရှိနေခဲ့ရင် မကောင်းမှုကိုပြုတဲ့သူ ဒုက္ခရောက်ပြီပေါ့။
(၄) ငရဲကိုမယုံဘူး။ မကောင်းမှုကိုပြုတယ်။ သေတော့ငရဲဆိုတာ မရှိဘူးဆိုရင် လောကစည်းစိမ်အချို့ မတရားတဲ့နည်းနဲ့ရခဲ့ပေမယ့် ကျန်ခဲ့တဲ့ဘ၀မှာ ဂုဏ်သတင်း ပျက်စီးခဲ့တယ်။
ဒီတော့ချုပ်လိုက်ရင် ငရဲကိုယုံတာက မယုံတာထက် ပိုပြီးအကျိုးရှိတယ်လို့ ဘုရားရှင်ကညွန်ပြပါတယ်။
နောက်ဆုံးပြောလိုတာကတော့ ငရဲကို ယုံသည်ဖြစ်စေ ၊မယုံသည်ဖြစ်စေ မကောင်းမှုကိုတော့ ဘယ်နည်းမဲ့မှ မပြုသင့်ကြတာပါပဲ။ ဓါတ်ကြိုးမှာ လျှပ်စစ် ရှိချင်ရှိမယ် မရှိချင်မရှိဘူး။ မသေချာဘူးဆိုရင် မကိုင်ကြည့်တာ အကောင်းဆုံးပါ။ မဖြစ်မနေကိုင်ရမယ်ဆိုလဲ အကာအကွယ်နဲ့ သတိထားကိုင်တွယ်ရသလိုပဲ ကျင့်ကြံသင့်ပါတယ်လို့ ပြောပါရစေ။
Credit from- One Friend’s comments.. နှလုံးသားအာဟာရ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။