ဝေဟင်ချစ်သူ
၁၉၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ဖရန်စစ်ဝီလျံ အက်စ တန်က ဟိုက်ဒရိုဂျင် အက်တမ်မှ ထုတ်လွှတ်သော စွမ်းအင်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလိမ့် မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့လေသည်။ ဟိုက်ဒ ရိုဂျင်အက်တမ်များသာ အကယ်၍ ပေါက်ကွဲပါက ကွင်းဆက် တန့်ကန်မှုများဖြစ်ပေါ်လာပြီး လျှင် ကမ္ဘာကြီး ကိုပင် ပျက်စီးသွားစေလိမ့်မည်ဖြစ်၍ စိုးရိမ်သည်ဟု ဆိုလေသည်။ သို့သော် ထိုကိစ္စသည်ဖြစ်...နိုင်ရန် လွန်စွာ ခဲယဉ်းလေသည်။ အဘယ်ကြောင့်ဆိုသော်သဘာဝ အလျောက် တွေ့ရှိရသော သာမန် ဟိုက်ဒရိုဂျင်မျိုးသည် ထိုကဲ့သို့သာ တုံ့ကန်မှုမျိုးကို မဖြစ်စေနိုင်ချေ။
ပေါက်ကွဲမှုများ ဖြစ်ပေါ်နိုင်ရန် အတွက် တုံ့ကန်မှုသည် လျင်မြန်ရပေမည်။တုံ့ကန်မှု လျင်မြန်ရန်မှာလည်း ဟိုက်ဒ ရိုဂျင်၏ လေးသော အိုက်ဆိုတုပ်များကို အသုံးပြုမှသာ ဖြစ်နိုင်စရာအကြောင်း ရှိပေသည်။အိုက်ဆိုတုပ်ဆိုသည်မှာ ဒြဗ်စင်တစ်မျိုးတည်း၏ အလေးချိန်တွင် ကွဲလွဲသော အက်တမ်များ ဖြစ်သည်။ အလူမီနီယမ်၊ဖော့စဖောရပ်နှင့်  ရွေ့ကဲ့သို့သော ဒြဗစ်များတွင် အလေးချိန် တစ်မျိုးတည်း သာရှိသော အက်တမ် များရှိသည်။ ထိုဒြဗ်စင်များ၌ သဘာဝ အိုက်ဆိုတုပ် တစ်မျိုးတည်းသာ ရှိသည်။ ဟိုက်ဒရိုဂျင်တွင်မူ သဘာဝ အိုက်ဆိုတုပ်နှစ်မျိုးရှိသည်။
မူမှန်၊သို့မဟုတ် ပေါ့သော ဟိုက်ဒရိုဂျင်၌ ဒြပ်ထု၁ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ပေါ့သည့် ဟိုက်ဒရိုဂျင်၏ နူကလိယပ်တွင် လျှပ်စစ်အဖိုဓာတ်ရှိသော ပရိုတွန်ခေါ် အမှုန်တစ်ခု သာ ရှိခြင်း ကြောင့်ဖြစ်သည်။ လေးသော ဟိုက်ဒရိုဂျင်၊ သို့မဟုတ် ဒူတီရီယမ်တွင် ဒြဗ်ထု ၂ ရှိသည်။ သာမန် ဟိုက်ဒရိုဂျင်နှင့် ဒူတီရီယမ်တို့ ကွဲလွဲချက်မှာ ဒူတီရီယမ်အတွင်း၌ အမှုန်ပိုတစ်ခုပါရှိနေ၍ ထိုအမှုန်သည် လျှပ်စစ်သဘောအရ ကြားနေဖြစ်ကာယင်းကို နူထရွန်ဟု ခေါ်သည်။ ဒြပ်စင်အားလုံး၏ နူကလိယပ်များတွင် နူထရွန်နှင့် ပရိုတွန်များ ပါရှိနေလေသည်။
ပရိုတွန် အရေအတွက်ချင်း မတူညီသော အက်တမ်များ သည်ဒြဗ်စင်ကွဲများ ဖြစ်ကြလေသည်။ အက်တမ်များ၌ အရေအတွက်တူညီသည့် ပရိုတွန်များ ပါရှိသော်လည်း နူထရွန် အရေအတွက်တွင် မတူညီလျှင် ယင်းတို့ကို အိုက်ဆိုတုပ်များဟု ခေါ်လေသည်။
ဖော်ပြပါ ဟိုက်ဒရိုဂျင် အိုက်ဆိုတုပ်မျိုးကို ဟဲရိုးယူရီက ၁၉၃၂ ခုနှစ်တွင် တွေ့ရှိခဲ့လေသည်။ ရေ၏ အဆပေါင်း ၅ဝဝဝ အနက်မှ ဟိုက်ဒရိုဂျင်တဆကို ခွဲထုတ်ယူနိုင်သည်။ ထိုအိုက်ဆိုတုပ်ကိုလေးသော ဟိုက်ဒရိုဂျင်ဟု ခေါ်သည်။ ထိုဟိုက်ဒရိုဂျင်မျိုးသည် ရိုးရိုးဟိုက်ဒရိုဂျင်မျိုး ထက် နှစ်ဆ ပိုလေး၍ ယင်းကို ဒူတီရီယမ်ဟုလည်း ခေါ်သည်။၁၉၃၄ ခုနှစ်က လက်တွေ့ စမ်းခန်းအတွင်း၌ ပြုလုပ်ခဲ့သည့်ဟိုက် ဒရိုဂျင်တစ်မျိုး ရှိသေးသည်။ထိုဟိုက်ဒရိုဂျင် မျိုးသည် ရိုးရိုး ဟိုက်ဒရိုဂျင်ထက်သုံးဆပိုလေး၍ ယင်းကို ထရစ်တီယမ် ဟုခေါ်သည်။ လစ်သီယမ်သတ္တုကို နူထရွန်များနှင့် ပစ်ခွင်းလျှင်ထရစ်တီယမ် ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်ပုံမှာ လစ်သီယမ်အက်တမ်တစ်ခုကို နူထရွန်တစ်ခုက ထိမှန် တိုင်း ဟီလီယမ်အက်တမ်တစ်ခုနှင့် ထရစ်တီယမ် အက် တမ်တစ်ခု ဖြစ်ပေါ်လေ့ရှိသည်။ ထရစ်တီယမ်ကို အချိန်အကန့်အသတ်မရှိ သိမ်းဆည်း၍ကား မထားနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ၁၂ နှစ်ကြာတိုင်း ရေဒီယိုသတ္တိ ကြွမှု ပျက်စီးသွားသဖြင့် သိမ်းဆည်းထားသော ထရစ်တီယမ်တဝက်မျှ ဆုံးပါးသွားခြင်းကြောင့်ဖြစ်သည်။ဟိုက်ဒ ရိုဂျင်ဗုံး ပြုလုပ်ရာတွင် လေးသော ဟိုက်ဒရိုဂျင် (ဒူတီရီယမ်)အက်တမ်များကိုသော်လည်းကောင်း၊ သာ၍ လေးသော ဟိုက်ဒရိုဂျင် (ထရီတီယမ်)အက်တမ်များကို သော် လည်းကောင်း အသုံးပြုနိုင်သည်။လစ်သီယမ်ကို လည်း အသုံးပြုနိုင်သည်ဟု အချို့ သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။
ဟိုက်ဒရိုဂျင်ဗုံးသည် အက်တမ်များ အပူရှိန်ကြောင့် အရည် ပျော်၍ ပေါင်းစပ်သွားသောအခါတွင် ပေါက်ကွဲလေသည်။ ထိုသို့ အက်တမ်များ အရည် ပျော်၍ ပေါင်းစပ်စေရန်မှာ အလွန်မြင့်မားသော အပူချိန်၌သာ ဖြစ်ပွားနိုင်ရာ အပူချိန် ပေါင်း၅ဝဝဝဝဝဝဝ (ငါးကုဋေ)ခန့်ရှိရန် လိုလေသည်။ ထိုအပူချိန်မျိုးကို ဤကမ္ဘာ၌ အက်တမ်ဗုံး (အနုမြူဗုံး) တလုံးကသာ ဖြစ်ပေါ်စေနိုင်လေသည်။ ထိုကြောင့် ဟိုက်ဒ ရိုဂျင်ဗုံးကို ဖောက်ခွဲရာ၌ အက်တမ်ဗုံးကို ခလုတ်အဖြစ် အသုံးချရန် လိုပေသည်။
အက်တမ်ဗုံးမှာ လိုအပ်သော အပူချိန်ကို ဖြစ်ပေါ်စေသော အခါတွင် ဟိုက်ဒရိုဂျင် အက်တမ်များသည် အရည်ပျော်၍ ပေါင်းစပ်သွားကြပြီးလျှင် စွမ်းအင်သည် အပူနှင့် ပြင်း ထန်သောရောင်ခြည်များအဖြစ်ဖြ င့် လွတ်ထွက်လာကြသည်။ ဟိုက်ဒရိုဂျင်သည်လည်း ဟီလီယမ်အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။ပထမဆုံး(အက်တမ် ဗုံး) ပေါက်ကွဲပြီး နောက် ငါးနှစ်မျှအကြာ ဖြစ်သော ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ၏ သမ္မတ ဟယ်ရီ၊ အက်ဂ(စ်)ထရူးမင်းကအမေရိကန် ပြည်ထောင်စု အနုမြူစွမ်းအင်ကော်မရှင်သို့  ဟိုက်ဒရိုဂျင် ဗုံးဖြစ်မြောက်ရေးကို ဆက်လက် ဆောင်ရွက်ကြရန် ညွှန် ကြားလိုက်သည်။ ထိုကော်မရှင်သည် လိုအပ်သော အစီ အစဉ်များကို ပြုလုပ်ပြီးနောက် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ အတွင်း၌ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အင်တီဝီတုတ်ကျွန်း တွင်ဟိုက်ဒရိုဂျင်ဗုံးတလုံး ကို အောင်မြင်စွာ စမ်းသပ် ဖောက်ခွဲနိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဩဂုတ်လတွင် ဆိုဗီ ယက်ယူနီယန်ကလည်း ဟိုက်ဒရိုဂျင်ဗုံးတလုံး စမ်းသပ် ဖောက်ခွဲပြီးကြောင်း ကြေညာသည်။
၁၉၅၆ ခု မေလအတွင်း၌ အမေရိကန်ပြည်ထောင်စုက အင်နီဝီတုတ်ကျွန်းအနီးတွင် စမ်းသပ် ဖောက်ခွဲသော ဟိုက်ဒရိုဂျင် ဗုံးတစ်လုံး၏ စွမ်းအင်သည် တီအင်တီခေါ် ပေါက်ကွဲစရာပစ္စည်းတန်ချိန် ၁၅ဝဝဝဝဝဝ (တကုဋေခွဲ) နှင့် ညီမျှ၍ ပထမဆုံး အသုံးပြုခဲ့သော အက်တမ်၏ စွမ်းအင်သည် တီအင်တီ တန်ချိန် ၂၂ဝဝဝ နှင့် ညီမျှ သည်ဟု ဆိုလေသည်။၁၉၆၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ဖောက်ခွဲပြီးကြောင်း ကြေညာသည်။
ဝေဟင်ချစ်သူ
www.facebook.com/ theuseofforce
၁၉၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ဖရန်စစ်ဝီလျံ အက်စ တန်က ဟိုက်ဒရိုဂျင် အက်တမ်မှ ထုတ်လွှတ်သော စွမ်းအင်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလိမ့် မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့လေသည်။ ဟိုက်ဒ ရိုဂျင်အက်တမ်များသာ အကယ်၍ ပေါက်ကွဲပါက ကွင်းဆက် တန့်ကန်မှုများဖြစ်ပေါ်လာပြီး
ပေါက်ကွဲမှုများ ဖြစ်ပေါ်နိုင်ရန် အတွက် တုံ့ကန်မှုသည် လျင်မြန်ရပေမည်။တုံ့ကန်မှု လျင်မြန်ရန်မှာလည်း ဟိုက်ဒ ရိုဂျင်၏ လေးသော အိုက်ဆိုတုပ်များကို အသုံးပြုမှသာ ဖြစ်နိုင်စရာအကြောင်း ရှိပေသည်။အိုက်ဆိုတုပ်ဆိုသည
မူမှန်၊သို့မဟုတ် ပေါ့သော ဟိုက်ဒရိုဂျင်၌ ဒြပ်ထု၁ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ပေါ့သည့် ဟိုက်ဒရိုဂျင်၏ နူကလိယပ်တွင် လျှပ်စစ်အဖိုဓာတ်ရှိသော ပရိုတွန်ခေါ် အမှုန်တစ်ခု သာ ရှိခြင်း ကြောင့်ဖြစ်သည်။ လေးသော ဟိုက်ဒရိုဂျင်၊ သို့မဟုတ် ဒူတီရီယမ်တွင် ဒြဗ်ထု ၂ ရှိသည်။ သာမန် ဟိုက်ဒရိုဂျင်နှင့် ဒူတီရီယမ်တို့ ကွဲလွဲချက်မှာ ဒူတီရီယမ်အတွင်း၌ အမှုန်ပိုတစ်ခုပါရှိနေ၍ ထိုအမှုန်သည် လျှပ်စစ်သဘောအရ ကြားနေဖြစ်ကာယင်းကို နူထရွန်ဟု ခေါ်သည်။ ဒြပ်စင်အားလုံး၏ နူကလိယပ်များတွင် နူထရွန်နှင့် ပရိုတွန်များ ပါရှိနေလေသည်။
ပရိုတွန် အရေအတွက်ချင်း မတူညီသော အက်တမ်များ သည်ဒြဗ်စင်ကွဲများ ဖြစ်ကြလေသည်။ အက်တမ်များ၌ အရေအတွက်တူညီသည့် ပရိုတွန်များ ပါရှိသော်လည်း နူထရွန် အရေအတွက်တွင် မတူညီလျှင် ယင်းတို့ကို အိုက်ဆိုတုပ်များဟု ခေါ်လေသည်။
ဖော်ပြပါ ဟိုက်ဒရိုဂျင် အိုက်ဆိုတုပ်မျိုးကို ဟဲရိုးယူရီက ၁၉၃၂ ခုနှစ်တွင် တွေ့ရှိခဲ့လေသည်။ ရေ၏ အဆပေါင်း ၅ဝဝဝ အနက်မှ ဟိုက်ဒရိုဂျင်တဆကို ခွဲထုတ်ယူနိုင်သည်။ ထိုအိုက်ဆိုတုပ်ကိုလေးသော ဟိုက်ဒရိုဂျင်ဟု ခေါ်သည်။ ထိုဟိုက်ဒရိုဂျင်မျိုးသည် ရိုးရိုးဟိုက်ဒရိုဂျင်မျိုး
အဘယ်ကြောင့်ဆိုသော် ၁၂ နှစ်ကြာတိုင်း ရေဒီယိုသတ္တိ ကြွမှု ပျက်စီးသွားသဖြင့် သိမ်းဆည်းထားသော ထရစ်တီယမ်တဝက်မျှ ဆုံးပါးသွားခြင်းကြောင့်ဖြစ
ဟိုက်ဒရိုဂျင်ဗုံးသည် အက်တမ်များ အပူရှိန်ကြောင့် အရည် ပျော်၍ ပေါင်းစပ်သွားသောအခါတွင် ပေါက်ကွဲလေသည်။ ထိုသို့ အက်တမ်များ အရည် ပျော်၍ ပေါင်းစပ်စေရန်မှာ အလွန်မြင့်မားသော အပူချိန်၌သာ ဖြစ်ပွားနိုင်ရာ အပူချိန် ပေါင်း၅ဝဝဝဝဝဝဝ (ငါးကုဋေ)ခန့်ရှိရန် လိုလေသည်။ ထိုအပူချိန်မျိုးကို ဤကမ္ဘာ၌ အက်တမ်ဗုံး (အနုမြူဗုံး) တလုံးကသာ ဖြစ်ပေါ်စေနိုင်လေသည်။ ထိုကြောင့် ဟိုက်ဒ ရိုဂျင်ဗုံးကို ဖောက်ခွဲရာ၌ အက်တမ်ဗုံးကို ခလုတ်အဖြစ် အသုံးချရန် လိုပေသည်။
အက်တမ်ဗုံးမှာ လိုအပ်သော အပူချိန်ကို ဖြစ်ပေါ်စေသော အခါတွင် ဟိုက်ဒရိုဂျင် အက်တမ်များသည် အရည်ပျော်၍ ပေါင်းစပ်သွားကြပြီးလျှင် စွမ်းအင်သည် အပူနှင့် ပြင်း ထန်သောရောင်ခြည်များအဖြစ်ဖြ
၁၉၅၆ ခု မေလအတွင်း၌ အမေရိကန်ပြည်ထောင်စုက အင်နီဝီတုတ်ကျွန်းအနီးတွင် စမ်းသပ် ဖောက်ခွဲသော ဟိုက်ဒရိုဂျင် ဗုံးတစ်လုံး၏ စွမ်းအင်သည် တီအင်တီခေါ် ပေါက်ကွဲစရာပစ္စည်းတန်ချိန် ၁၅ဝဝဝဝဝဝ (တကုဋေခွဲ) နှင့် ညီမျှ၍ ပထမဆုံး အသုံးပြုခဲ့သော အက်တမ်၏ စွမ်းအင်သည် တီအင်တီ တန်ချိန် ၂၂ဝဝဝ နှင့် ညီမျှ သည်ဟု ဆိုလေသည်။၁၉၆၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည
ဝေဟင်ချစ်သူ
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။