Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 4, 2013

"ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယဉ်ကျေးမှု"

By ကိုဝိုင် ဝိုင်ကေ on Friday, January 4, 2013 at 3:29am



သွားနှင့်ကြသူများ

”ဦးသန်းဝင်းကြီး ဆုံးပြီတဲ့။ ဝဋ်ကျွတ်တာပေါ့အေ။ နို့မဟုတ်ရင် သူသောက်ဖို့ သားသမီးတွေက ပိုက်ဆံပေးရ တာနဲ့၊ ဝတ်ကြီးဝတ် ငယ်ပြုစုရတာနဲ့၊ တာဝန်ပေါ့သွား တာပေါ့’သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦး လမ်းပေါ်လျှောက်ရင်း အချင်းချင်းပြောသွားသည့် စကား ဖြစ်သည်။
ယင်း အမျိုးသမီးနှစ်ဦးပြောသွားသော ဦးသန်းဝင်းသည် မိုးလင်း မိုးချုပ်အချိန်ကို လစ်မစ်မထားသလို အရက်ကိုလည်း လစ်မစ်မထားဘဲ သောက်တတ်သူ။ အိမ်ထောင်ပျက် ၍ သားသမီး ငါးဦးရှိသည့်အနက် သမီးအကြီးဆုံးနှင့် နေကာ နိစ္စဓူဝ သူ့အလုပ်မှာအရက်သောက်၊ ကြက်တိုက်၊ နှစ်လုံးထီထိုးနေသူ။ တစ်ခါတစ်ရံ ကျန်းမာရေးမကောင်း လျှင်လည်း သားသမီးများကပင် ဆက်လက် တာ ဝန်ယူဆေးကုပေးရ သူ။မည်သည့် အချိန်က အရက် စသောက်သည်ကို မမေးဖူးသော် လည်း အသက် ၈ဝ ကျော်အရွယ် သူ၏ မိခင်အိုကြီး ပြောနေကျ စကားက ”သူ့အေ ဖမကောင်းလို့ ငါ့ သားသမီးတွေ ဒီလိုဖြစ်တာ။ သားတွေချည်း ခုနစ်ယောက်မွေး ထားတာအရက်မသောက်တတ် တဲ့သူ မရှိဘူး။ တစ်နေကုန်သောက် နေတဲ့ ကောင်နဲ့ တစ်ခါတစ်ရံ သောက်တဲ့ကောင်ပဲ ကွာတယ်။ သူ့အဖေမဆုံးမဘဲ အလိုလိုက်ခဲ့လို့ ပေါ့”ဟု သားများအပေါ် အလွန် အင်မတန်ချစ်သော အမေအိုကြီးက သားလုပ်သူ များအပေါ် အပြစ်မတင် ဘဲသွားလေသူ ခင်ပွန်းသည်အပေါ် အပြစ်ဆိုစကား ပြောသည်။

အသက် ၅ဝ ကျော်အရွယ် ဦးသန်းဝင်းဆိုသူသည် လွန်ခဲ့ သော တစ်လခန့်ဝန်းကျင်က ဆေး ရုံတက်ဆေးဝါးကုသမှုခံယူကာ အ ရက်ဖြတ်ထားသူ။ ယခုအရက်ပြန် သောက်ပြီး အသက်နှင့် စတေး လိုက်ပြီ။ရပ်ကွက်ထဲမှ အချို့က အမ နာပ ပြောကြသည်။ ”ဒီလောက် သောက်နေတာ အမှန်ဆို ဒီထက် ပိုပြီး စောသေသင့်တယ်”ဟု မှတ် ချက်ပြုသူများလည်း ရှိသည်။ဦးသန်းဝင်းကို သဂြိုင်္ဟ်သည့် နေ့က သူနှင့်အတူ သောက်ဖော် သောက်ဖက် ယမကာလုလင် လေးငါး ခြောက်ဦး သွားလေသူ အတွက် ဝေ ယျာဝစ္စလာရောက် လုပ်ပေးသည်။ မူးမူးနှင့် ဝမ်းနည်း မျက်ရည်ပင် စို့နေခဲ့သည်။ တစ်ဦး က ပြောသည်။”မင်းက သူများထက် ပို သောက် တာကိုး။ သူများထက်ထူးပြီး ဆေးရုံတက် အရက်တောင်ဖြတ် လိုက်သေးတယ်။ ဒါကြောင့် မင်း အရင်သေတာ”ဟု မကြာမီ မီး သင်္ဂြိုဟ်ခံရမည့်သူကို ပွတ်သတ် ကြည့်ရှုရင်း တစ်ဦးတည်း ရေရွတ်သည်။

”အရက်ဖြတ်မယ်ဆိုလို့ ပိုက်ဆံရှာပေးပြီး ဆေးရုံတက် အရက် ဖြတ်ခိုင်းလိုက်တာ။နောက်သူ့ကျန်း မာရေးကြောင့် ဖြတ်ချင်တယ် ပြော တော့ဖြတ်ခိုင်းလိုက်တာ။ ဆေးရုံက ဆင်းပြီး အစားတွေ ပုံမှန်ပြန်စားလို့ စိုစိုပြည်ပြည်တောင် ဖြစ်လာပြီ။မသေခင်နှစ်ရက်လောက်က ကြက်သွားတိုက်တယ်တဲ့။ နှစ်လုံးထီ နှစ်ရာဖိုးပေါက်တာကို ရတဲ့ပိုက်ဆံနဲ့ ကြက်သွားတိုက်တာ ရှုံးလို့ဆိုပြီး သူ့ကြက်ကို စိတ်တွေတိုပြီး အရက် သွားပြန် သောက်လိုက်တာ။ ရင်ကျပ်ရောဂါအခံကလည်း ရှိတော့ အသက်ရှုတွေကျပ်ပြီးဆေးရုံသွား ရင်းနဲ့လမ်းမှာသေတာ”ဟု သေဆုံး သူဦးသန်းဝင်း၏ နာရေးလိုက်ပါပို့ ဆောင်သူ တစ်ဦးကို ကျန်ရစ်သူ သမီးလတ်က မျက်ရည်စက်လက် ဖြင့် သုသာန်ခန်းမအတွင်း၌ ရှင်းပြ နေသည်။ထိုနေ့က သုသာန်သို့ လိုက် ပါပို့ဆောင်သူ အချို့က အရက်၏ ဆိုးကျိုးကို ကိုယ့်တွေ့အဖြစ်အပျက် များနှင့် ယှဉ်၍ ပြောသွား ကြသူ အတော်များများ တွေ့ ခဲ့ရသည်။ သူတို့ထဲက အချို့က မွန်းလွဲ ၁ နာရီခန့်ပင် ရှိသေးသည်။ ပေါက် ဖော်ရနံ့ကလေးသင်းလို့နေသည်။

ယမကာနှင့် ရွှေမြန်မာ

မြန်မာနိုင်ငံတွင် အရက်ဆိုင်၊ ဘီယာဆိုင်မရှိသည့် အရပ်ဒေသဟူ ၍ မရှိဟုထင်သည်။ တစ်နိုင်ငံလုံး နီးပါး ခရီးသွားခဲ့သည့် အတွေ့ အကြုံအရ မကြာသော ကာလေ လး အတွင်းတွင် ဘီယာဆိုင်ယဉ်ကျေး မှုတစ်ရပ် ပေါ်ပေါက်လာခြင်း လောဟုဆိုရလောက်အောင်ပင် ရောက် လေရာ အရပ်တိုင်း၌ အရက်၊ ဘီယာ၊ ယမကာဆိုင် မြောက်မြား စွာ ပေါ်ပေါက်လာသည်။ ဘုရားပွဲ ဈေးတွင်လည်း ရှိသည်။ စာသင် ကျောင်းနှင့် တက္ကသိုလ်များ ဝန်း ကျင်တွင် မပြတ်။ နိယာမ သဘော အရ ဝယ်လိုအားနှ င့် ရောင်းလိုအား၏ မျှချေပင်။

မြို့ပြများသည်ပြောပြစရာပင် မလိုတော့။အထူးသဖြင့် ရန်ကုန် မြို့ကြီး၌ အရက်၊ ဘီယာ၊ ယမကာ ဆိုင်များစွာသည် နှစ်လိုဖွယ် အထူး ကောင်းသော ဝန်ဆောင်မှု များဖြင့် အနာဂတ်မြန်မာ့သားကောင်းများ ကို ယဉ်ကျေးမှုတစ်ရပ်ဆီ တိုးပို့ နေသည့် အလား။ထိုအထဲတွင် ယမကာ ထုတ်လုပ် ဖြန့်ဖြူးသူများ၏ စွဲမက်ဖွယ် အရောင်းမြှင့် တင်ရေး (ကံစမ်းမဲ)အစီအစဉ်များကပါ ရင် ခုန်စရာကောင်းလောက်သည်အထိ ဆွဲဆောင်နေသည် ”ရပ်ကွက်ထဲမှာ ကျန်းမာရေး မကောင်းလို့ ပါရာစီတမော့လ် ဝယ် သောက်ဖို့ခက်ရင် ခက်မယ်။ လူ တစ်ယောက်ရဲ့ ကျန်းမာရေး အတွက် ဆေးခန်းတို့၊ ဆေးဆိုင်တို့ ရှားတယ်။ အရက်ဘီယာဆိုင်က တိုးတိုးဆိုင်ရော ကျယ်ကျယ် ဆိုင် ရော ရပ်ကွက်တိုင်းမှာဆိုင်တွေ အများကြီးရှိတယ်။ စတိုးဆိုင်တိုင်း နီးပါးပါ အရက်၊ ဘီယာ အလွယ် တကူဝယ်လို့ရတယ်”ဟု ရန်ကုန် မြို့ ဒဂုံတောင်မြို့နယ်နေသူ အ သက် ၆ဝ ကျော်အရွယ် တစ်ဦးက ပြောသည်။

ဘဏ္ဍာရှာတဲ့ ယမကာ

အရက်၊ ဘီယာ၊ ယမကာ ဆိုင် များအတွက် လိုင်စင်သက်တမ်း ကို တစ်နှစ်လျှင် တစ်ကြိမ် လိုင်စင် သက်တမ်းတိုးပေးပြီး ယစ်မျိုးနှင့် အခွန်ဌာန၏ ၂ဝ၁၁ ခုနှစ်အတွက် ယစ်မျိုးလိုင်စင် ချထားပေးမှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၈၉၆၉ ခု၊မန္တလေးတိုင်းဒေသကြီးတွင် ၇၂၂၉ ခု၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၅၁ဝ၅ ခု၊ စစ်ကိုင်းတိုင်းဒေ သ ကြီးတွင် ၃၃၃၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၉၂၃ ခု၊ ပဲခူးတိုင်းဒေ သကြီးတွင် ၄၉၉၆ ခု၊ မကွေးတိုင်း ဒေသကြီးတွင် ၃၃၇ဝ ခု၊ ကချင် ပြည်နယ်တွင် ၈၆၂ ခု၊
ကယားပြည် နယ်တွင် ၂၃၉ ခု၊ ကရင်ပြည်နယ် တွင် ၆၂၅ ခု၊ ချင်းပြည်နယ်တွင် ၂၁၃ ခု၊ မွန်ပြည်နယ်တွင် ၂ဝ၂၅ ခု၊ ရခိုင်ပြည်နယ်တွင် ၁ဝ၅၇ ခုနှင့် ရှမ်းပြည်နယ်တွင် ၂၃၅၉ ခုစသည် ဖြင့် ပြည်နယ်နှင့်တိုင်း ၁၄ ခု၌ ၄၁၃ဝ၁ ခုရှိကြောင်း ယစ်မျိုးနှင့်အခွန်ဌာန၏စာရင်းဇယားအရ သိရ သည်။ထို့အပြင် ၂ဝ၁ဝ ပြည့်နှစ်က တစ်နိုင်ငံလုံး၌ ချထားပေးခဲ့သော ယစ်မျိုးလိုင်စင် ၃၉၅ဝ၂ ခုရှိခဲ့ရာ ယင်းနှစ်အတွင်း တစ်နိုင်ငံလုံးရှိ အရက်၊ ဘီယာ၊ ယစ်မျိုးစုံဆိုင်များ အခွန်ရရှိမှုမှာ ကျပ်သန်းပေါင်း ၆၈၆၂ ဒသမ ၇၇၉ သန်းရရှိခဲ့ ကြောင်း သိရသည်။ယင်းသည် ၄င်းနှစ်အတွင်း အခွန်ရရှိမှု လျာ ထားချက်ထက် ကျပ်သန်းပေါင်း ၈ဝဝ ကျော်ပင် အခွန်ဝင်ငွေတိုးရခဲ့ သည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၂ ခုနှစ်၌ ယစ်မျိုးလိုင်စင် အရက်၊ ဘီယာ၊ ယမကာသောက် သုံးနိုင်သောဆိုင် ၇၈ဝ၉ ဆိုင် လိုင်စင်ချထားပေးခဲ့ပြီး သောက်သုံး မဟုတ်ေ သာ ဖြန့်ဖြူးရောင်းချဆိုင် ၁၄၃၂ ဆိုင်၊ လိုင်စင်ချပေးခဲ့ကြောင်း သိရသည်။ယင်းစာရင်းအရ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်၌အရက်၊ ဘီယာ၊ ယမကာဆိုင်လိုင်စင် ၉၂၄၁ ခုရှိရာ ၂ဝ၁၁ ခုနှစ်ထက်များစွာ ပိုလာခြင်း ဖြစ်သည်။

မရှိလို့ရယ်တဲ့မှ မဖြစ်

ယင်းစာရင်း ဇယားတို့သည် တရားဝင်လိုင်စင်ဖြင့် အခွန်ထမ်း ဆိုင်များဖြစ်ရာ လိုင်စင်မဲ့ တရား မဝင် ပုန်းဆိုင်များပါ အချိုး တစ်ခု ခုနှင့် ချကြည့်ပါက ရန်ကုန်မြို့အပါ အဝင်မြန်မာနိုင်ငံ၏အရက်၊ ဘီယာ၊ ယမကာဆိုင်များမှာ မရှိမဖြစ် စား သောက်ကုန် ဆန်ပြီးလျှင် အကြီး ဆုံးဈေးကွက်ဖြစ်နိုင်စရာ ရှိသည်ဟု အချို့က ဆိုသည်။ ”ကျွန်ေ တ်ာတို့မြို့မှာ အရက် ဆိုင်က တအားပေါတာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကထက်စာရင် အ နည်းဆုံးနှစ်ဆလောက်ကို တိုးလာ တာ။ အဖြူဆိုင်၊အနီဆိုင်တွေရော၊ ခိုးေ ရာင်းတာတွေရော စုံနေတာပဲ”ဟု ပခုက္ကူမြို့မှ ကိုဇော်က ပြော သည်။တိကျသေချာ ရေရာသည့် စစ်တမ်းများ ပြုလုပ်မထားသော် လည်းအရက်ဘီယာ၊ ယမကာဆိုင် အထိုင်များသူများမှာ လူငယ်ထုက အများဆုံးဖြစ်သည်။ တစ်ချိန်က လူငယ် အတော်များများ၏ ညနေ ဆည်းဆာ လက်ဖက်ရည်ဆိုင်ယဉ် ကျေးမှုသည်ဘီယာဆိုင် ထိုင် ယဉ် ကျေးမှုအဖြစ် ပြောင်းလဲသွားသည် ဟု လူအတော်များများက ကောက် ချက်ချသည်။ယင်းကို လူငယ်တစ်ဦး ၏အမြင်က စိတ်ဝင်စားစရာကောင်း သလို၊ စဉ်းစားစ ရာကောင်းသည်။ ”အဓိက ကျွန်တော်ထင်တာ က အနာဂတ်ပျောက်နေကြတယ် လို့ထင်တယ်။ ကျောင်းတက်တယ်၊ ဘွဲ့ရတယ်။ ပြီးတော့ ဘယ်မှာလဲသင့်တင့်တဲ့ အ လုပ်။ အချိန်တန် တော့ မိဘလက်ငုပ် လက်ရင်း အလုပ်ပဲ လုပ်ရတာဆိုတော့ မိဘ လုပ်ငန်းကလည်း မငတ်အောင်ပဲ လုပ်နေရတဲ့ လုပ်ငန်းဆိုတော့ ဘာ တိုးတက်မှုမှမရှိ ဘူး”ဟု လူငယ် တစ်ဦးက သူ၏အမြင်ကို ပြောပြ သည်။ထွက်ပေါက်တစ်ခု အတွက် အကြောင်းပြချက်က လုံလောက်ခြင်း မလုံလောက်ခြင်း ဆိုသည်ထက် ဆည်းဆာရိပ် ယမကာဆိုင်များ တွင် လူငယ်အများစု ပျော်မွေ့သည် က အမှန်ပင်။

အမြူကောင်းသည့် ယစ်ရွှေရည်

ထိုသို့ ပျော်မွေ့လာအောင် ဆွဲဆောင်မှုတွေက ပြည့်လို့နေ သည်။ ထုတ်လုပ်ရောင်းချသူက ကံစမ်းမဲနှင့် ဆွယ်သည်။ မြို့ပြ၏ စားသောက်ဆိုင်ဆိုသော ယမကာ ပေါင်း စုံရသည့် နေရာများသည်ဆန့် ကျင်ဘက်လိင်နှင့် စင်တင်တေးဂီတ များကယစ်ရွှေရည်ဝင်နေသော သူများကို အမြင့်ဆုံးဆွဲခေါ်သွား သည်။ ထိုအချိန်မျိုးတွင် တတ် နိုင် သူကတတ်နိုင်သလောက် အနှိပ် ခန်း၊ကေတီဗီ၊ နိုက်ကလပ်မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မှ မပါဘဲ ယစ်ရွှေရည်က ပို့ ဆောင်ပေးသည်။ ”ပြောင်းလာတဲ့ ခေတ်ကြောင့် ထင်တယ်ဗျ။ အဓိကအချက်က နေ ရာတိုင်းမှာ ရနိုင်လို့လည်း ပါတယ်။ ကျွန်တော်နေတဲ့လမ်းထဲမှာကို နှစ် ဆိုင် ရှိတယ်။ အရက်ကလည်း ဈေးပေါတယ်။ ပိုက်ဆံတစ်ထောင် လောက်ရှိရင်တောင် သောက်လို့ ရနေပြီလေ။ကျွန်တော်အတည် အခန့် အလုပ်တစ်ခုလောက်လုပ် နေတယ်ဆိုရင်တော့ သိပ်သောက် ဖြစ်မှာမဟုတ် ဘူး။ အလုပ်ရှားတာ လည်းတစ်ခုလို့ထင်တယ်”ဟုဘွဲ့ရ ကျောင်းပြီး နှစ်နှစ်ကျော်သည်အထိ အလုပ်အကိုင်မည်မည်ရရ မရှိသော အသက် ၂၄ နှစ်အရွယ် လူငယ် တစ်ဦး က ဆိုသည်။ သူနှင့်အတူ ရွယ်တူလူငယ် ငါးဦးသည် အရက်ဖြူကို ရေရော သောက်သောက်နေရင်း သူတို့အား လုံး အဓိပ္ပာယ်မဲ့စကားတို့ တစ်ကိုယ် တစ်မျိုး မရိုးအောင် ဆိုလျက်။ အချိန်က ည ၁ဝ နာရီ။ ရန်ကုန် မြို့၏ အချက်အချာကျသော ကမ်းနားလမ်းတစ်နေရာမှအရက် ဖြူဆိုင် တစ်ဆိုင်တွင် ကြိုက်လို့ သောက်ခြင်းဆိုသည်ထက် အလုပ် အ ကိုင် မည်မည်ရရ မရှိ။ စိတ် ညစ်တိုင်း စုဖွဲ့သောက်တတ်သည် ဟု ဆိုကြသည်။

ဒုစရိုက်မှုများဆီသို့

ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်း ရန်ကုန်မြို့တွင် အုပ်စုဖွဲ့ ရမ်းကား မှုများ ရှေ့ဆင့်နောက်ဆင့်ပေါ်ပေါက် ခဲ့သည်။ မူးရူးရမ်းကားသူ ဘယ် နှဦးပါသည် အတိအကျမသိေ သာ် လည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရား ဝင်ပြောပြချက်အရ အမှုအခင်းများ တွင်အရက်သောက်ပြီး ခိုက်ရန်ပွား မှုနှင့် အခြားသော ဆိုးကျိုးများက ရာခိုင်နှုန်းပိုများသည် ဟုဆိုသည်။ ”အရက်မူးလာတဲ့ သူတစ်ဦး က ခိုက်ရန်ဖြစ်ပွားဖို့ ဝန်မလေးဘူး။ စိတ်ကထွေနေတော့ နည်းနည်းမူး လာရင် ထွက်ပေါက်ရှာချင်ကြတာ ပဲ။ ပြီးတော့ မူးရင် တခြားဖြစ်နိုင်စရာ တွေအများကြီးပဲ။ ဆိုင်ကယ်မှောက် တယ်။ ကားတိုက်တယ်။ အဓိက ဇာစ်မြစ်ကအရက်ဆိုင်တွေများလာ တာပဲ”ဟု လူငယ်တစ်ဦးက သူ၏ အမြင်ကို ပြောပြသည်။

ရှေ့ကသွား နောက်ကလိုက်

ထို့အပြင် ယမကာ၏ နှစ်လို ဖွယ်မရှိသော အခြားစာမျက်နှာ တစ်ခုလည်းရှိသေးသည်။ အများ သတိမထားကြဘဲ အကြွေစောခဲ့ သူများ။ မကြာသောအချိန်က ပြည် ထောင်စုဝန်ကြီးတစ်ဦးက ပြောဖူး သည်။ မြန်မာနိုင်ငံတွင် အရက်တု များတင်သွင်းရောင်းချခြင်းနှင့် စံချိန်မမီဓာတုပစ္စည်းများဖြင့် ထုတ် လုပ်ရောင်းချသော အရက် များ သောက်နေ၍ ကျန်းမာရေးထိခိုက်မှု များရှိကြောင်း လူသိရှင်ကြား ပြော ကြားခဲ့သည်။ ယမကာ လုလင်များ အတွက် အချက်ပေးခေါင်းလောင်း ပင်။”မနက် ၇နာရီထိုး တာနဲ့ တစ်ပိုင်းလောက် သောက်လိုက်ရ မှ။ ဒါမှ အလုပ်သွားဖို့အဆင်သင့် ဖြစ်တာ။ တစ်ရက် လေးကြိမ် လောက်သောက်တယ်။ ကျွန်တော် အရက်ကို အမြဲတမ်းသော က်ပေ မယ့်တွေ့ရာဆိုင်မှာတော့ မသောက် ဘူး။ အရက်ထဲမှာဘီအီးကသစ္စာ အရှိဆုံးလေ။ ဒါကြောင့် ဘီအီးပဲ သောက်တယ်။ ဘာလို့ လဲဆိုတော့ စိတ်နာလို့။ ကျွန်တော့် အဖေ အ သက် ၃၅ နှစ်နဲ့ သေသွားတာ ဘီအီးပဲ သောက်ပြီး သေတာ။ အရမ်းသောက်ပြီး သွားဖြတ်လိုက် တာ ခံနိုင်ရည်မရှိတော့ သေတာပဲ”ဟု အသက် ၂၇ နှစ်အရွယ်
တိုး ကြောင်ကလေး-ရန်ကုန်မြို့ပတ်ရ ထားပေါ် ရေခဲချောင်းရောင်းနေသူ ကိုဝင်းမြင့်အောင်က ပြောသည်။

ချာချာလည် ယမကာရယ်

ရန်ကုန်မြို့ ရွာသာကြီးရှိ စိတ် ကျန်းမာရေးဆေးရုံကြီးတွင် အရက် ကြောင့်ဖြစ်သော စိတ်ရောဂါမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာ ကြောင်း ဆေးရုံ၏ စာရင်းဇယား များ အရ သိရသည်။ အရက်သောက်ခြင်း ကြောင့် စိတ်ရောဂါဝေဒနာ ခံစားရ သူကအခြားစိတ်ရောဂါ ဝေဒနာ ရှင်နဲ့ နှိုင်းယှဉ်ကသုံးပုံတစ် ပုံရှိ သည်ဟုဆိုသည်။ အဆို ပါ ဆေးရုံ ကြီးတွင် ၂ဝ၁၁ ခုနှစ်အတွင်း လာရောက်အရက်ဖြတ်သူ ၂၆၄၁ ဦးရှိခဲ့ရာ ၂ဝ၁ဝ ခုနှစ် ထက်ပိုများခဲ့ ကြောင်း၊ ယခု ၂ဝ၁၂ ခုနှစ် စက် တင်ဘာလအထိ ၁၉၇၃ ဦးရှိ ကြောင်းသိရသည်။”ဘယ်အရက်ကမှ ပိုထိခိုက် စေတာမရှိပါဘူး။ အရက်မှန်သမျှ အကုန်ထိခိုက်စေတာပဲ။ ဘီယာနဲ့ အရက်လည်း အတူတူပါပဲ။ ချက်အ ရက်ကေ တာ့ရောတာတွေက မသန့် ရှင်းဘူး။ အဆိပ်အတောက် ဖြစ်စေ တာ များတယ်။ ပိုထိခိုက်နိုင်တာ ပေါ့”ဟုရွာသာကြီး စိတ်ကျန်းမာ ရေးဆေးရုံကြီးမှ ဆရာဝန်တစ်ဦး က ပြောသည်။ယစ်မျိုးစီမံခန့်ခွဲ အခွန်ကောက် သူများက အရက်သေစာ သောက် စားခြင်း အလေ့အထ ပြန့်ပွားမှုမ ရှိစေရန်၊ တရားမဝင် ထုတ်လုပ်ဖြန့် ဖြူးရောင်းချခြင်း မရှိစေရန် အခွန်ကို တိုးမြှင့်နိုင်သမျှ တိုးမြှင့်ကောက် ခံရန်၊ ပြည်ပမှ တင်သွင်းအရက် လျှော့ချရန်စသည်ဖြင့် အမျိုး မျိုးသော စည်းကမ်းချက်များ ထုတ် ထားသည်။ မြို့နယ် တစ်ခုလျှင် ယစ်မျိုးလိုင်စင် မည်ရွေ့မည်မျှ ချ ထားပေးမည်ဆိုခြင်း ကန့်သတ် မထားသော်လည်း တစ်ဆိုင်နှင့် တစ်ဆိုင် အကွာအဝေးသာ သတ် မှတ်ထားသည်။ ထိုအကွာအဝေး လိုက်နာမှုရှိမရှိကို ရန်ကုန်မြို့၏ လူစည်ကားရာ စားသောက်ဆိုင် ညဈေးတန်းက သက်သေခံနေ သည်။ တစ်နှစ်ထက်တစ်နှစ် ယစ် မျိုးလိုင်စင် လျှောက် ထားမှုတိုးမြင့် လာခြင်းက ငြင်းမရ။

အတုမှ အစစ်ဆီသို့ များမကြာမီ

အဖြူအစိမ်းဝတ် ကျောင်းသားငယ်နှစ်ဦး နာမည်ကြီးတံဆိပ် ဘီယာဘူး ကိုယ်စီကိုင်ပြီး ချီးယား လုပ်နေသည့် မြင်ကွင်းက မြင်ရသူအတွက် အထူးအဆန်းဖြစ်လို့ နေသည်။ သို့ရာတွင် သူ၏ဘေးပတ်ဝန်းကျင် ရှိသူအချို့က မထူးဆန်းသလို ဖြစ်နေခြင်းအကြောင်းအရင်း ကို တွေးမရ။ မနေနိုင်လွန်း၍ အနီးကပ်မေးမြန်းကြည့်ရာမှ အချိုရည် ဘူးများ ဖြစ်နေခြင်းပင်။ ဘီယာ ကုမ္ပဏီတစ်ခုက ထုပ်ပိုးမှုပုံစံ ခြားနားမှုမရှိသော အသွင်အပြင်နှင့် ထုတ်လုပ်ထားသော အားဖြည့်အချို ရည်တစ်မျိုး။”ကလေးေ တွက ဒါကိုပဲ လာ လာဝယ်နေကြတော့ ကျွန်တော် လည်း တင်ရောင်းရတာပဲ။ သူတို့က လူကြီးတွေကို အတုခိုးပြီး ဘီယာသောက်သလို ပုံစံမျိုး ဂိုက်ဖမ်းနေကြတာ”ဟု လှိုင်သာယာမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။လူ့သဘာဝအရ ကောင်းသော အမှုပြုခြင်းသာ တွေဝေတုံ့ဆိုင်း နေနိုင်သည်။ မကောင်းမှုအတွက် အတုခိုးမြန်သည်။ ရှေ့သွားနောက် လိုက်ညီသည်။ ဒါသည် လောကနိယာမ။ ဦးသန်းဝင်းသင်္ဂြိုဟ်သည့်နေ့က သောက်ဖော် သောက်ဖက် ယမကာ လုလင်တစ်သိုက် ပြောသွားတာတစ်ခု ရှိသည်။ ”တို့ဒီညနေ သန်းဝင်းအတွက်ပါ ပိုသောက်ကြတာပေါ့ကွာ”တဲ့။

မိုးမြင့်မြတ် ရေးဖွဲ့သည်။

သတင်းအချက်အလက်
ကျော်ရဲလင်း၊ ညွန့်ဝင်း၊ မြတ်စုငြိမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။