“”သမီးရေ ဖေကြီးမှာ ကင်ဆာ ဖြစ်နေတာတဲ့”” မေကြီး ငိုပြီး ဖုန်းချ သွားခဲ့တယ်။ ကျွန်မ လဲ မျက်ရည်တွေ စီးကျနေမိပါတယ်။ ကျွန်မ ဖေကြီး ကို ကယ်တင်ခွင့် ရရင်
သိပ်ကောင်းမှာပဲ။
ကျွန်မ အသက်က အခု – ၁၆နှစ် ပညာအရည်အချင်းက – ၄တန်းအောင် အလုပ်အကိုင်က – အိမ်အကူ
ကျွန်မတို့လို အောက်ခြေ လူတန်းစားတွေ အတွက် ကင်ဆာ ဆိုတာ သေဖို့ပေးလာတဲ့ ရောဂါ တခုပါ။
…
..
.
ကျွန်မ မှတ်မိသေးတယ်။
တိမ်ထူထူ မိုးကောင်းကင် ညှိမှိုင်းမှိုင်း ရဲ့အောက်ဘက် ၊ လယ်ကွင်းတွေအလယ် တဖြူးဖြူးသော လေတွေက ကျွန်မ နဲ့ဖေကြီး ထိုင်နေသည့်ဘက်ကို လာရောက် တိုက်ခိုက် ပျော်ရွှင်နေကျတာပေါ့။
အဲ့တုန်းက ကျွန်မ ငယ်ငယ်လေးပဲရှိသေးတာ။
အဲ့ချိန်မှာ ဖေကြီးကပြောတယ် “”သမီး ကြီးလာရင် ဆရာဝန်ကြီး ဒါမှမဟုတ် အင်ဂျင်နီယာကြီး ဖြစ်အောင်လုပ်နော်
သမီး ဆရာဝန်ကြီးဖြစ်ရင် ဖေကြီးတို့ မိသားစု သူများဆီ ဆေးသွားကုစရာ မလိုတော့ဘူး။ အင်ဂျင်နီယာကြီး ဖြစ်ရင် မိုးမလုံတဲ့ အိမ်လေးနဲ့ မနေရတော့ဘူး”” တဲ့
ကျွန်မ က….
“”သမီး ဆရာဝန်ကြီး ဖြစ်ရင် ဖေကြီးကို ဆေးတွေကုပေးမယ်။ အင်ဂျင်နီယာကြီး ဖြစ်ရင် ဖေကြီးအတွက် အိမ်ကြီးကြီး ဆောက်ပေးမှာ””….
..
..
..
ဒါပေမယ့် ဘ၀ပေး အခြေအနေ ကြောင့် ၄တန်းအောင်ပြီး နောက်မှာ အိမ်စရိတ် မလုံလောက်တာရယ်။ကျွန်မရဲ့ ညီငယ် ညီမငယ်လေး ကျောင်းဆက်တတ်ဖို့ကျွန်မ အလုပ်ထွက်လုပ်ခဲ့တာ အခုဆို ၆ နှစ်ကျော်ကျော်လောက် ရှိနေခဲ့ပြီ။
ကျွန်မ ရတဲ့ တစ်လ စာငွေ ၄သောင်းက အဖေ့ ကင်ဆာ အတွက် ဆေးဖိုး မဖြစ်လာနိုင်သလို အိမ်စရိတ်တောင် ကျွန်မ လစာ နဲ့ မလုံလောက်တဲ့ လတွေ မှာ အမေ ငြီးသံ တွေ ခပ်တိုးတိုး ကျွန်မ ကြားနေခဲ့ပါတယ်။
ကျွန်မ အဖေကို ဘယ်လို ကယ်တင်နိုင်မှာလဲ..
ဒီအိမ်မှာ အလုပ်လုပ်တာ ၃လပြည့်ရင် လာခေါ်မယ့် ပွဲစား အမကြီးကို လစာများတဲ့ အိမ် ရှာခိုင်းရင်လဲ ပွဲစားအမကြီး အော်သံက လွဲပြီး တခြား ပိုရစရာ ရှိလာမယ် မထင်ဘူး။
ကျွန်မ လူတစ်ယောက်ကို သွားသတိရမိတယ်။ လူတယောက်ဆိုတာထက် အဒေါ်ကြီးတယောက် အန်တီကြီး တယောက် ဆိုပိုမှန်ပါလိမ့်မယ်။
အိမ်တစ်အိမ် မှာ အလုပ်လုပ်တုန်းက အဲ့အန်တီကြီး ကျွန်မဆီ ရောက်ရောက်လာပြီး ပိုက်ဆံကို ဗန်းပြ ကာ ကျွန်မကို ခဏခဏ ဖြားယောင်းခဲ့ဖူးတယ်။ ကျွန်မ သူ့ကို အရမ်း မုန်းတီးခဲ့တာ။
အခု တော့…
ကျွန်မ မနှစ်သက်တဲ့ အရာကို ချစ်ခင် ရတော့မှာလား။
မလုပ်ချင်တာကို ရင်ဆိုင်လိုက်ရမှာလား။
ပိုက်ဆံ အတွက် ကျွန်မ စွန့်စားသင့်ပြီလား။
ကျွန်မရဲ့ ဖေကြီးထက် ဘယ်အရာမှ တန်ဖိုး မကြီးနိုင်ပါဘူး။တခုခုကို တကယ် ရယူချင်မှတော့ ပေးဆပ်ရတာ သဘာဝ ပဲ မဟုတ်လား။
ကျွန်မ အဲ့ အန်တီကြီး စေခိုင်းသလို အလုပ်လုပ်တဲ့ အိမ်ကနေ ညဘက် ခိုးထွက်လာခဲ့တယ်။ ၃ည ၄ညလောက် ကျွန်မ ထွတ်သွားပြီးနောက် ကျွန်မမှာ ပိုကိဆံ ၁သိန်းတောင် ရနေပြီ။
ပိုက်ဆံ ၁သိန်းလုံးကို ဖေကြီး အတွက် ဆေးဖိုးဆိုပြီး ကျွန်မ အကုန် လွဲပေးလိုက်မှာ။ တပြားတောင် ကျွန်မ မသုံးရက်ပါဘူး။ ဒီပိုက်ဆံတွေက လောလောလတ်လတ် အဖေ့ ရောဂါ မပြန့်ပွား လာအောင် ထိန်းပေးနိုင်ပါစေ။
“”ဟဲ့ သူခိုးမ နင်ငါတို့ အိမ်ကနေ အခု ချက်ချင်း ဆင်းမလား ရဲစခန်းကို ဖုန်းဆက်လိုက်ရမလား။ နင့်မျက်နှာ မြင်ရတာ ရွံတယ်။ ထွီ ။””
ကျွန်မ အိမ်ရှင်တွေ ပြောလာတဲ့ နှုတ်ထွက်စကား တိုင်းက ကျွန်မ ရင်ကို ထိခိုက်နာကျင်စေပါတယ်။ ကျွန်မ မှာရှင်းပြခွင့် မရှိသလို ၊ ရှင်းပြလို့လဲ မရတဲ့ ကိစ္စပါ။
ကျွန်မ ဘ၀ နဲ့ရင်းပြီး ရခဲ့တဲ့ ပိုက်ဆံ ၁သိန်းက သူတို့ရဲ့ ငွေ မဟုတ်သလို။ ကျွန်မ ခိုးခဲ့တာ လုံးဝ မဟုတ်ပါဘူး။
တကယ်လို့သူတို့ ကျွန်မ အကျီ အိတ်ကို စစ်ဆေးမယ်ဆိုတာ သိခဲ့ရင် ဒီထက် လုံခြုံတဲ့နေရာမှာ ကျွန်မ ဖွတ်ထားခဲ့မိမှာပါ။
…
..
.
အခု….ကျွန်မမှာ နေစရာ နေရာ လဲ မရှိ အိမ်ကို ပြန်လို့လဲ မဖြစ်ဘူး ဆိုတော့ ကျွန်မကို လိုအပ်နေတဲ့ အန်တီကြီးဆီကိုပဲ သွားဖို့ခြေဦးလှည့်ခဲ့တယ်။
အန်တီကြီး ဆီမှာ ကျွန်မလိုပဲ ကောင်မလေး ငယ်ငယ်လေးတွေ အများကြီး နေထိုင် ကျတယ်။သူတို့က အန်တီကြီးကို မာမီဆိုပြီး ခေါ်ကျတာပေါ့။
ကျွန်မတွေးမိတယ်။အဲ့ကောင်မလေးတွေက အန်တီကြီးရဲ့ အရိပ် ကြီး လိုပဲ လာခိုလှုံ ကျတာလား ကျွန်မလို ဘ၀အခြေအနေ ကြောင့်လား မသိနိုင်တဲ့ အခက်အခဲတွေ ရှိနေလို့လား ဒီအလုပ်ကိုပဲ နှစ်သက်လို့ များလား
ဘာပဲဖြစ်ဖြစ် ဒီမှာ ရှိတဲ့ သူ အကုန်လုံးက ပိုက်ဆံနောက် လိုက်နေကျတာပါပဲ။
ကျွန်မတို့ အလုပ်ရတဲ့ နေ့တိုင်းမာမီကြီး(အန်တီကြီး) ကို ရတဲ့ပိုက်ဆံထဲက၃၀ရာခိုင်နှုန်း ပေးရတယ်။ သူသဘောကောင်တဲ့ နေ့ဆို မာမီကြီးက ၂၀ရာခိုင်နှုန်းပဲ ယူပြီးသူမကြည်တဲ့သူဆို သူယူချင်သလောက်ပိုက်ဆံ ကို ယူပစ်လိုက်ကော။
သူ့ဆီမှာ နေထိုင်တဲ့ ကျွန်မ အပါအ၀င် ကောင်မလေး တိုင်းက မာမီကြီး အကြိုက်ဆောင် ပေါင်းသင်းနေကျတာ တွေချည်းပါပဲ။
ကျွန်မလဲ ဒီလောကမှာ နေဒီအလုပ်ကို နေ့တိုင်းလုပ်ပြီး ငွေရှာနေရမှတော့..ကျွန်မ ဘ၀ကလဲ သူများတွေ ပြောပြောနေတဲ့ ”မကောင်းတဲ့ မိန်းမ” အဖြစ် လုံးဝ ပြောင်းလဲ သွားပါတော့တယ်။
“”သမီးရေဖေကြီးရဲ့ ကင်ဆာ ပျောက်သွားပြီတဲ့။ဆရာဝန်က ဆေးခန်းတောင် ထပ်လာ စရာ မလိုဘူးပြောတယ်။သမီးရဲ့ အိမ်ရှင်တွေ ကိုလဲ ပြောလိုက်ပါ။ပိုက်ဆံထုတ်ပေးတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ်လို့၊သမီးလဲ ကျေးဇူး သိတတ်ရမယ်နော်။အလုပ်ကို ကြိုးကြိုးစားစား လုပ်သိလား။အမေဆို ကျေးဇူးရှင်တွေကို ညတိုင်း ရှိခိုးပြီးမှ အိပ်တယ်။””
ကျွန်မ စဉ်းစားကြည့်တယ်မေကြီး ပြောတဲ့ ကျေးဇူးရှင်ဆိုတာ ..ကျွန်မ ကိုယ်တိုင်လားမာမီကြီးလားပိုက်ဆံပေးနေတဲ့ သူတွေလား
အဓိက က ဖေကြီး နေကောင်း ပျောက်ပြီပဲလေ။ကျွန်မ ကျေနပ်ပါတယ်။
မေကြီး ဖုန်းချသွားခဲ့ပြီ။ကျွန်မ မေကြီးကို စကားတွေ အများကြီး ပြော ချင်တယ်။
ကျွန်မရဲ့ သိမ်ငယ်မူတွေဝမ်းနည်းမူတွေ..လူတွေရဲ့ အကြည့်တွေသူတို့ရဲ့ အပြောအဆိုတွေ..နောက်ပြီး အံကျတ်ပြီး ပြုံးခဲ့ရတဲ့ အကြောင်းတွေကိုပြောလို့မရှိခဲ့လို့ ကျွန်မ မြိုသိပ်ခဲ့ရတယ်။
ကျွန်မ ဒီအလုပ်ကို စွန့်လွှတ်ချိန် ရောက်ပြီလား။လူဆိုတာ လောဘ သမားတွေပါ။
အဲ့ဒါကြောင့် ကျွန်မ စွန့်လွှတ်မှာ မဟုတ်ပါဘူး။
ဒီအလုပ်ကြောင့် ကျွန်မ ဆရာဝန် မဖြစ်ခဲ့ပေမယ့်ဖေကြီးကို ဆေးကု ပေးနိုင်ခဲ့တယ်။
အခု တဆင့်တတ်ပြီးမေကြီးနဲ့ ဖေကြီး သူများ လယ်ကွင်းထဲမှာခမောက်လေး တလုံး နဲ့ မတန်တဆ ပိုက်ဆံလေးရဖို့ရာသီဥတုကို အံတုကာ အိပ်ရေးပျက်ခံကောက်ရိတ်နေရတဲ့ ဘ၀က ကျွန်မ လွှတ်မြောက်စေချင်တယ်ကျွန်မ မိဘတွေ အသက်ကြီးနေကျပါပြီ။
နောက်ပြီးဖေကြီးနဲ့ မေကြီး နေဖို့ ကျွန်မ အင်ဂျင်နီယာ မဖြစ်ခဲ့ပေမယ့်အိမ်ကောင်းကောင်း တလုံး ဆောက်ပေးချင်လို့ပါ။
“”ရှုန်းလေ နစ်လေ နွံတောထဲမှာ ကျွန်မ မရှုန်းပဲ ဖြေးဖြေးချင်း နစ်သွားပါရစေ။ကျွန်မ ဆုံးဆုံး မြုပ်သွားတဲ့ အခါမှာတော့ကျွန်မ မောင်လေးနဲ့ ညီမလေး ပညာတတ်ကြီး
ဖြစ်နေလောက်ပါပြီ။””
…..
….
…
..
.
**ဟုတ်ပါတယ်။ ကျွန်မက ကြက်တစ်ကောင်ပါ။
မိုးကောင်းကင် နဲ့ ထိတွေ့ခွင့် မရှိသလိုအပင် အမြင့်ကြီး ပေါ်မှာလဲ နားခွင့်မရပါဘူး။
ကျွန်မ အတွက် ဖန်ဆင်းပေးတဲ့ တောင်ပံတစ်စုံက မြေပြင်မှာပဲ နေထိုင်ခွင့်ရှိတယ်။
တခါတလေ အမြင့်လေး နည်းနည်းရောက်ချင်ရင်အားယူပြီး တောင်ပံတွေ ခတ်ကာ ခက်ခက်ခဲခဲ ပျံယူရသူပါ။သူများတွေလို လွယ်လွယ်ကူကူ ပျံသန်းလို့
မရခဲ့ဘူး။
ကျွန်မ ဘယ်လိုပုံစံ နဲ့ပဲ ရှင်သန်ရပါစေ။ကျွန်မ ချစ်ရတဲ့ ကျေးဇူးရှင် တွေ ကို ရွှေဥ လေးတွေ ဥ ပေးနိုင်ဖို့အမြဲတမ်းနည်းလမ်း ရှာနေတဲ့
အပေါစား ကြက်တစ်ကောင်ပါ။
Credit to အိမ့်နှိုင်းဟန်
From... www.focusmyanmar.net
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။