“ထိပ်ဆုံး ၁% ထဲ ပါချင်သလား”
ဖေ့စ်ဘွတ်မှာ စာတွေရေးလာတာ (၄)နှစ်ကျော်ခဲ့ပြီဆိုတော့ လူလည်း နည်းနည်းသိနေပြီပေါ့။ မက်ဆေ့ပို့ပြီး ကျွန်တော့်ကို အားပေးကြောင်း ပြောကြသူတွေ ရှိသလို၊ လူချင်းအမှတ်တမဲ့ ဆုံတုန်း ချီးကျူးစကား ပြောသွားကြသူတွေလည်း ရှိပါတယ်။
အဲဒီထဲကမှ တစ်ယောက်ကိုတော့ မှတ်မှတ်ရရ ဖြစ်နေမိတယ်။ ခုဆို လူချင်းလည်း ရင်းနှီးနေပါပြီ။ သူနဲ့ကျွန်တော် စာအုပ်မိတ်ဆက်ပွဲတစ်ခုမှာ ဆုံရင်း စကားပြောဖြစ်ကြတယ်။ သူများတွေဆိုရင်တော့ ရေးတဲ့စာတွေ သဘောကျကြောင်း၊ အားပေးကြောင်း၊ ဒီလောက်ပဲ အများအားဖြင့် ပြောတတ်ကြပေမယ့် သူကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတချို့၊ နောက်ပြီး ကျွန်တော်ကိုယ်တိုင်တောင် မမှတ်မိတော့တဲ့ ကျွန်တော်ရေးဖူးတဲ့စာတချို့ ကိုပါ တိတိကျကျ ပြန်ပြောသွားတယ်။ ကျွန်တော်ဖြင့် အံ့လည်းအံ့သြ၊ ၀မ်းလည်းဝမ်းသာ ဖြစ်ခဲ့ရတာပေါ့။
ဒေးလ်ကာနက်ဂျီရဲ့ How to win friends and influence people (ဦးနုဘာသာပြန် - မိတ္တဗလဋီကာ) စာအုပ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းချ င်တဲ့သူတိုင်း၊
လူဝင်ဆံ့ချင်သူတိုင်း၊ လူတွေနဲ့ တွဲအလုပ်လုပ်ပြီး အောင်မြင်မှု
ရချင်တဲ့သူတိုင်း မဖတ်မဖြစ် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
အဲဒီထဲမှာ တစ်ခုလေး မှတ်မိသလောက် ပြန်ပြောပါမယ်။
သူဌေးတစ်ယောက်ဆီကနေ စီးပွါးရေးအရ ပူးပေါင်းဆောင်ရွက်ခွင့် ရဖို့အတွက် သွားတွေ့ဖို့ ရှိလာတယ်။ တခြားလူတွေ သွားတွေ့တော့ မအောင်မြင်ဘူး၊ သူဌေးက သေချာတောင် နားမထောင်ဘဲ ပြန်ပြန်လွှတ်လိုက်တာချည်းပဲ ။ အခုတစ်ယောက်ကျတော့ မသွားခင်မှာ အဲဒီသူဌေးအကြောင်းကို သေချာစုံစမ်းတယ်၊ စုံစမ်းတဲ့အခါမှာ ဒီလူက ပန်းချီဝါသနာပါမှန်း သိသွားတယ်။
အဲဒီလိုနဲ့ တကယ်သွားတွေ့တဲ့နေ့ကို ရောက်လာတယ်။ သူဌေးကတော့ ထုံးစံအတိုင်းပေါ့၊ ဒီလူတွေ ဒါပဲ လာပြောဦးမှာ အထင်နဲ့ ထိုင်စောင့်ခိုင်းထားတယ်။ ခဏနေတော့မှ ထလာတယ်။ အဲဒီလိုစောင့်နေရတဲ့အချိန်မှာ ဟိုလူက ဘာလုပ်နေလဲဆိုတော့ အခန်းထဲမှာ ရှိတဲ့ ပန်းချီကားတွေကို အသေးစိတ် ကြည့်ရှုနေတယ်။
သူဌေးလည်း ရောက်လာရော၊ အလုပ်ကိစ္စကို အရင်မပြောသေးဘဲနဲ့ ဒီအခန်းထဲက ပန်းချီကားတွေဟာ ဘယ်လောက်လက်ရာမြောက်ကြောင်း ၊
တန်ဖိုးကြီးကြောင်း စပြောတယ်။ အဲဒီမှာတင် သူဌေးရဲ့မျက်နှာက
ဝင်းလက်သွားပြီး သူသိထားသမျှ ပန်းချီအကြောင်းတွေ ဆွေးနွေးတော့တာပဲ။
တော်တော်ကြီးကြာမှ ‘မောင်ရင် လာရင်းကိစ္စပြောပါ’ ဆိုတော့ ဘာမှတောင် အထွေအထူး
မပြောလိုက်ရဘဲ လိုချင်တဲ့ လုပ်ငန်းသဘောတူညီမှုတစ်ခုကို ရယူသွားနိုင်ခဲ့တော့တယ်။
ဒီနေ့ခေတ်မှာ Networking ဆိုတဲ့ အသိအကျွမ်း ဘယ်လောက်များသလဲဆိုတာက တော်တော်လေး အရေးကြီးလာတယ်။ စီးပွါးရေးသမားမှ မဟုတ်ဘူး၊ ဘာအလုပ်ကိုပဲလုပ်လုပ် ပေါင်းသင်းဆက်ဆံရေးကောင်းဖို့
လိုအပ်ပါတယ်။ ရှောင်ကိုဗေးစကား ယူသုံးရရင် Financial Bank Account ထဲမှာ
ပိုက်ဆံတွေ ပိုပိုစုမိလာဖို့ အရေးကြီးသလို ‘Relationship Bank Account’
ထဲမှာလည်း မိတ်ဆွေတွေ၊ ပူးပေါင်းဆောင်ရွက်မယ့်သူတွေ တစ်နေ့တစ်ခြား တိုးပွါးလာဖို့ လိုပါတယ်။
အဲဒီလို မိတ်ဆွေဖွဲ့တဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတဲ့အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ဘက်တစ်ခြမ်းကိုပဲ ပြည့်စုံသထက် ပြည့်စုံအောင် ပြင်ဆင်ကြတယ်။ ငါ သူနဲ့တွေ့ရင် ဘာတွေပြောမယ်၊ ဘာတွေတင်ပြမယ်၊ ဘယ်လိုကမ်းလှမ်းမယ်၊ ဒါတွေကိုပဲ အာရုံစိုက်ဖြစ်ကြတယ်။ သူ ဘာကြိုက်သလဲ၊ သူ ဘာလိုချင်တာလဲ အစရှိတဲ့ သူ့ဘက်တစ်ခြမ်းကိုတော့ မေ့နေတတ်ကြတယ်။ နာမည်မှတ်မထားဘူး၊ လွဲပြီးခေါ်တယ်၊ မှားခေါ်တယ်။ သူ ဘယ်ဇာတိမှန်း မသိဘူး၊ ဘာဝါသနာပါလည်း မသိဘူး။ အဲဒီအခါမှာ ကိုယ့်အလုပ်တွေဟာ ကြိုးစားပါလျက်နဲ့ အောင်မြင်ဖို့ ခက်ခဲလာတော့တယ်။
ဖေ့စ်ဘွတ်မှာ တစ်ခါ ဖတ်လိုက်ရဖူးပါတယ်။
ထိပ်ဆုံး ၁% ထဲ ပါချင်တယ်ဆိုရင် ကျန်တဲ့ ၉၉% လုပ်မနေတဲ့အရာတွေကို လုပ်ပါ တဲ့။
သိပ်ကောင်းတဲ့ စကားစုလေးပါ။
Group Photo တစ်ခု တွေ့ရင် ဘယ်သူကမှ သူများပုံကို အရင်လိုက်မရှာပါဘူး။ ကိုယ့်ပုံကိုယ် အရင်ဆုံး ရှာကြပါတယ်။ ဆိုလိုတာက လူတွေဟာ ကိုယ့်အကြောင်းကိုယ် စိတ်ဝင်အစားဆုံးပါပဲ။ ဒါကြောင့် ကိုယ်ဘယ်လိုပြောမယ်၊ ဘာတွေပြင်ဆင်သွားမယ် ဆိုတာပဲ ခေါင်းထဲမထားဘဲနဲ့ သူ့အကြောင်းကိုလည်း စိတ်ဝင်တစား ရှိဖို့လိုပါတယ်။
ရာခိုင်နှုန်းအတိအကျ မပြောတတ်ပေမယ့် ကျွန်တော်သတိထားမိသလောက်တော့ 
အဲဒါဟာ တော်တော်များများသောလူတွေ လုပ်ဖြစ်မနေကြတဲ့ အလေ့အကျင့်တစ်ခုလည်း
ဖြစ်ပါတယ်။ ဒါလေးလုပ်ရုံနဲ့ ထိပ်ဆုံး ၁% ထဲ ပါဖို့တော့ အာမ,မခံနိုင်ပေမယ့်
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာတော့ ကိုယ်ဟာ လူသိများတဲ့၊ လူချစ်လူခင်ပေါတဲ့၊ ကူညီမယ့်လူ ပူးပေါင်းမယ့်လူ မရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။
ဒါကြောင့် အမြဲသတိထားပါ
လူတစ်ယောက်ဆီကနေ လုပ်ငန်းတစ်ခု၊ ခွင့်ပြုချက်တစ်ခု၊ သဘောတူညီမှုတစ်ခု၊ နောက်ဆုံး ရင်းနှီးမှုလေးပဲဖြစ်ဖြစ်၊ အဲဒီလို တခုခုလိုချင်ပြီဆိုတဲ့အခါတိုင်း ကိုယ်အရင်ဆုံးလုပ်ရမှာက ‘သူ့အကြောင်းကို သိအောင်လုပ်ဖို့’ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
ဖေ့စ်ဘွတ်မှာ စာတွေရေးလာတာ (၄)နှစ်ကျော်ခဲ့ပြီဆိုတော့ လူလည်း နည်းနည်းသိနေပြီပေါ့။ မက်ဆေ့ပို့ပြီး ကျွန်တော့်ကို အားပေးကြောင်း ပြောကြသူတွေ ရှိသလို၊ လူချင်းအမှတ်တမဲ့ ဆုံတုန်း ချီးကျူးစကား ပြောသွားကြသူတွေလည်း ရှိပါတယ်။
အဲဒီထဲကမှ တစ်ယောက်ကိုတော့ မှတ်မှတ်ရရ ဖြစ်နေမိတယ်။ ခုဆို လူချင်းလည်း ရင်းနှီးနေပါပြီ။ သူနဲ့ကျွန်တော် စာအုပ်မိတ်ဆက်ပွဲတစ်ခုမှာ ဆုံရင်း စကားပြောဖြစ်ကြတယ်။ သူများတွေဆိုရင်တော့ ရေးတဲ့စာတွေ သဘောကျကြောင်း၊ အားပေးကြောင်း၊ ဒီလောက်ပဲ အများအားဖြင့် ပြောတတ်ကြပေမယ့် သူကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတချိ
ဒေးလ်ကာနက်ဂျီရဲ့ How to win friends and influence people (ဦးနုဘာသာပြန် - မိတ္တဗလဋီကာ) စာအုပ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းချ
အဲဒီထဲမှာ တစ်ခုလေး မှတ်မိသလောက် ပြန်ပြောပါမယ်။
သူဌေးတစ်ယောက်ဆီကနေ စီးပွါးရေးအရ ပူးပေါင်းဆောင်ရွက်ခွင့် ရဖို့အတွက် သွားတွေ့ဖို့ ရှိလာတယ်။ တခြားလူတွေ သွားတွေ့တော့ မအောင်မြင်ဘူး၊ သူဌေးက သေချာတောင် နားမထောင်ဘဲ ပြန်ပြန်လွှတ်လိုက်တာချည်းပဲ
အဲဒီလိုနဲ့ တကယ်သွားတွေ့တဲ့နေ့ကို ရောက်လာတယ်။ သူဌေးကတော့ ထုံးစံအတိုင်းပေါ့၊ ဒီလူတွေ ဒါပဲ လာပြောဦးမှာ အထင်နဲ့ ထိုင်စောင့်ခိုင်းထားတယ်။ ခဏနေတော့မှ ထလာတယ်။ အဲဒီလိုစောင့်နေရတဲ့အချိန်မ
သူဌေးလည်း ရောက်လာရော၊ အလုပ်ကိစ္စကို အရင်မပြောသေးဘဲနဲ့ ဒီအခန်းထဲက ပန်းချီကားတွေဟာ ဘယ်လောက်လက်ရာမြောက်ကြောင်း
ဒီနေ့ခေတ်မှာ Networking ဆိုတဲ့ အသိအကျွမ်း ဘယ်လောက်များသလဲဆိုတာက တော်တော်လေး အရေးကြီးလာတယ်။ စီးပွါးရေးသမားမှ မဟုတ်ဘူး၊ ဘာအလုပ်ကိုပဲလုပ်လုပ် ပေါင်းသင်းဆက်ဆံရေးကောင်းဖိ
အဲဒီလို မိတ်ဆွေဖွဲ့တဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတဲ့အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ဘက်တစ်ခြမ်းကိုပဲ ပြည့်စုံသထက် ပြည့်စုံအောင် ပြင်ဆင်ကြတယ်။ ငါ သူနဲ့တွေ့ရင် ဘာတွေပြောမယ်၊ ဘာတွေတင်ပြမယ်၊ ဘယ်လိုကမ်းလှမ်းမယ်၊ ဒါတွေကိုပဲ အာရုံစိုက်ဖြစ်ကြတယ်။ သူ ဘာကြိုက်သလဲ၊ သူ ဘာလိုချင်တာလဲ အစရှိတဲ့ သူ့ဘက်တစ်ခြမ်းကိုတော့ မေ့နေတတ်ကြတယ်။ နာမည်မှတ်မထားဘူး၊ လွဲပြီးခေါ်တယ်၊ မှားခေါ်တယ်။ သူ ဘယ်ဇာတိမှန်း မသိဘူး၊ ဘာဝါသနာပါလည်း မသိဘူး။ အဲဒီအခါမှာ ကိုယ့်အလုပ်တွေဟာ ကြိုးစားပါလျက်နဲ့ အောင်မြင်ဖို့ ခက်ခဲလာတော့တယ်။
ဖေ့စ်ဘွတ်မှာ တစ်ခါ ဖတ်လိုက်ရဖူးပါတယ်။
ထိပ်ဆုံး ၁% ထဲ ပါချင်တယ်ဆိုရင် ကျန်တဲ့ ၉၉% လုပ်မနေတဲ့အရာတွေကို လုပ်ပါ တဲ့။
သိပ်ကောင်းတဲ့ စကားစုလေးပါ။
Group Photo တစ်ခု တွေ့ရင် ဘယ်သူကမှ သူများပုံကို အရင်လိုက်မရှာပါဘူး။ ကိုယ့်ပုံကိုယ် အရင်ဆုံး ရှာကြပါတယ်။ ဆိုလိုတာက လူတွေဟာ ကိုယ့်အကြောင်းကိုယ် စိတ်ဝင်အစားဆုံးပါပဲ။ ဒါကြောင့် ကိုယ်ဘယ်လိုပြောမယ်၊ ဘာတွေပြင်ဆင်သွားမယ် ဆိုတာပဲ ခေါင်းထဲမထားဘဲနဲ့ သူ့အကြောင်းကိုလည်း စိတ်ဝင်တစား ရှိဖို့လိုပါတယ်။
ရာခိုင်နှုန်းအတိအကျ မပြောတတ်ပေမယ့် ကျွန်တော်သတိထားမိသလောက်တော
ဒါကြောင့် အမြဲသတိထားပါ
လူတစ်ယောက်ဆီကနေ လုပ်ငန်းတစ်ခု၊ ခွင့်ပြုချက်တစ်ခု၊ သဘောတူညီမှုတစ်ခု၊ နောက်ဆုံး ရင်းနှီးမှုလေးပဲဖြစ်ဖြစ်၊ အဲဒီလို တခုခုလိုချင်ပြီဆိုတဲ့အခါတု
ဒေါက်တာ ဖြိုးသီဟ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။