Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 11, 2016

Mosquito control ခြင်နှိမ်နင်းရေး

Mosquito control ခြင်နှိမ်နင်းရေး
ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။ ဗီတာမင်ဘီဝမ်းဆေးပြား၊ ရေသန့်တခွက်နှင့် ဗူးခွံအလွတ်တလုံးကို ပြင်ဆင်ထားပါ။ ရေသန့်ကိုဗူးခွံထဲသို့ သွန်ထည့်လိုက်ပြီး ဗီတာမင်ဘီဝမ်းဆေးပြာကို ရေနှင့် ၁:၁ဝဝ တနည်းအားဖြင့် ၅ဝ ml ရှိသော ရေထဲကို ဗီတာမင်ဘီဝမ်း ၅ ပြားထည့်၍ အကုန်လုံးပျော်ဝင်သွားအောင်လူပ်ခါပေးလျှင်ရပါပြီ။ ဗီတာမင်ဘီဝမ်းရှိ အနံ့သည် ခြင်တွေမနှစ်သက်သောကြောင့် ခြင်လာမကပ်တော့ဘဲ အန္တရာယ်လည်းကင်းဝေးစေပါတယ်။ ဆေးရည်သည် အနည်းဆုံး ၇ နာရီလောက် ကာကွယ်ပေးနိုင်သည်တဲ့။ ဆေးသိပ္ပံနည်းကျတာတွေဆက်ဖတ်ပါ။

ဒီစာကိုတင်တော့ ဗီတာမင်ဘီဝမ်းကို စမ်းကြသူတွေကနေ တချို့ကအဆင်ပြေတယ်၊ တချို့ကမရဘူးလို့ ပြန်ပြောကြပါတယ်။ Vitamin B1 (Thiamin) ဗီတာမင်ဘီဝမ်းကို ခြင်ဆေးအဖြစ်သုံးကြတာကြာပြီ။ အနံ့ကနေခြင်တွေကို မလာစေတာဖြစ်တယ်။ ဘယ်လိုကဘယ်လိုဆိုတာ သိပ္ပံနည်းနဲ့သက်သေမပြနိုင်ပါ။
ခြင်တွေဟာ သူတို့ကြိုက်တဲ့အနံ့ဆိုရင် ဂိုက် ၅ဝ လောက်နေ အနံ့ရနိုင်ကြတယ်။ ခြင်ထီးတွေက သွေးစုပ်ဘို့ စိတ်မဝင်စားပါ။ ခြင်မတွေကတော့ သွေးဆာတယ်။ လူတွေကိုယ်ပေါ်ကအရေပြားမှာ ဗက်တီးရီးယားပေါင်း ၁ ထရီလီယန် ရှိနေတယ်။ သူတို့ကနေ အနံ့ဖြစ်စေတယ်။ လူတယောက်နဲ့တယောက်မှာ ၁ဝ% လောက်သာရှိတာတူကြတယ်။ ၉ဝ% က မတူတဲ့ပိုးတွေရှိနေကြတယ်။ အဲတာကြောင့်ကိုယ်နံ့မတူကြပါ။ တချို့ကိုခြင်သိပ်အကိုက်ခံရပြီး တချို့က ခြင်ပြီးသလိုနေတယ်။
ခြင်တွေကိုဆွဲဆောင်နိုင်စွမ်းရှိတဲ့ဓါတုဒြပ်ပေါင်း ၂၇၇ ရှိတယ်။ lactic acid, ammonia, carboxylic acid နဲ့ octenol တွေ ပါတယ်။ အဲတာတွေများလေးလေ ခြင်ကြိုက်လေ။ ကာဗွန်ဒိုင်အောက်ဆိုက်ကနေ ခြင်တွေကိုဆွဲခေါ်တယ်။ အရင်က ခြင်တွေဟာ ချွေးကိုသဘောကျတယ်ထင်ခဲ့တာ အပြည့်အစုံမမှန်ပါ။ ခြင်တွေက အပူနဲ့ လှုပ်ရှားမှုကို သဘောကျတယ်။ နွေရာသီ အပြင်မှာ လေ့ကျင့်ခန်းလုပ်ရင် ခြင်အကိုက်ခံရတတ်တယ်။ ခြင်တွေက ချွေးအဟာင်းကို ပိုကြိုက်ကြတယ်။ ချွေးသန့်သန့်မှာ အနံ့မရှိပါ။ ဗက်တီးရီးယားနဲ့ပေါင်းစပ်မှ အနံ့ဖြစ်လာတယ်။ ၁၉၉၉ သုတေသနတခုအရ ငှက်ဖျားခြင်ဟာ ၁-၂ ရက်ကထွက်ထားတဲ့ချွေးကို သဘောကျနှစ်သက်ကြတယ်။ ၁-၂ ရက်အတွင်းမှာ ချွေးကို ဗက်တီးရီးယားတွေရောလို့ အက်စစ်ကနေ အယ်လ်ကာလီပြောင်းလာတယ်။ အမိုးနီးယား ထွက်လာမယ်။ ခြင်တွေ ကြိုက်လာစေတယ်။ ငှက်ဖျားခြင်းက ခြေထောက်ပိုင်းကအနံ့ကိုကြိုက်တယ်။ အနံ့ဆိုးတဲ့ ခြေအိတ်တွေမှာ နားနေတတ်တယ်။
လူ့ကိုယ်ကနေထွက်တဲ့ 1-methylpiperzine ဒြပ်ပေါင်းကနေ ခြင်တွေရဲ့ အနံ့ခံနိုင်စွမ်းကို တားဆီးနိုင်တယ်။ အဲတာပါတဲ့ Insect sprays ခြင်ဖြန်းဆေးသုံးရတယ်။ ကြာကြာမခံပဲ အငွေ့ပျံတယ်။ DEET (N,N-diethyl-meta-toluamide) 100% အထိပြင်းတာကိုလည်းရောင်းတယ်။ သတိကြီးကြီးထားသုံးရမယ်။ အထူးသဖြင့် ကလေးတွေအရေပြားက စုပ်ယူလို့ အာရုံကြောနဲ့ဆိုင်တဲ့ ဆိုးကျိုးရစေနိုင်တယ်။ မှတ်ဉာဏ်နည်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အဆစ်နာတာ၊ ဦးနှောက် ဆဲလ်တွေအလုပ်နှေးစေတာ၊ လက်တုန်တာ၊ တက်တာတွေဖြစ်စေနိုင်တယ်။ အကိုက်ခံရတဲ့ အရေပြား နေမထိသလို ခံစားရတာ၊ အလာဂျီရတာ၊ အသက်ရှူခက်တာ၊ နာတာ၊ ပျို့-အန်၊ သွေးဖိအားကျတာ၊ မျက်ရည်ကျတာတွေ ဖြစ်နိုင်တယ်။
Permethrin ဓါတ်ပါတဲ့ခြင်ဆေးကိုလည်း သတိထားရမယ်။ သူကလည်း အာရုံကြောကိုမကောင်းဖြစ်စေနိုင်တယ်။ ကင်ဆာမဖြစ်ဘူးလည်း မပြောနိုင်ပါ။ ပျားကောင်တွေနဲ့ ကြောင်တွေကိုလည်း အဆိပ်သင့်စေနိုင်သေးတယ်။
Pyrethroids ဓါတ်ကနေ ကလေးတွေမှာ အမူအယာပြောင်းတာမျိုးကို ဖြစ်စေနိုင်တယ်။

ခြင်ပေါက်ပွါးရာကိုရှင်းလင်းရေးမှာ ခြင်အများစုက ရေသေမှာမျိုးပွါးကြတယ်။ အဲလိုရေတွေမထားရ၊ ရှင်းလင်းရမယ်။ Open water marsh management (OWMM) နည်းနဲ့ Rotational impoundment management (RIM) နည်းတွေ ရှိတယ်။
ဇီဝထိန်းချုပ်မှုမှာ ခြင်ကိုနိုင်တဲ့ ပါရာဆိုက်၊ ပိုးမွှားနဲ့ ခြင်းစားတဲ့အကောင်တွေ သုံးရတယ်။ Gambusia affinis ခြင်စားငါး၊ cyprinids (carps and minnows) နဲ့ killifish ငါးတွေမွေးရတယ်။ Tilapia တီလားပီယားငါးလည်း mosquito larvae ခြင်လောက်လန်းကိုစားတယ်။ ဒါပေမယ့် tilapia တီလားပီယားငါးနဲ့ mosquitofish ငါးတွေ အများအပြား မွေးပြန်ရင် ဂေဟစနစ်ကိုထိခိုက်စေတယ်။ ခြင်ဟာလည်း တခြားသက်ရှိတွေလိုရောဂါရလို့ ခြင်ကိုရောဂါရစေတဲ့ ပိုးမွှားတွေနဲ့လည်း နှိမ်နင်းတယ်။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပရိုတိုဇိုးဝါး စတဲ့အကောင်တွေကို သုံးနိုင်တယ်။ Bacillus thuringiensis ဗက်တီးရီးယား၊ Metarhizium anisopliae နဲ့ Beauveria bassiana အကောင်တွေကိုလည်းသုံးတယ်။ သဘာဝဝန်းကျင်ကိုမထိခိုက်စေတဲ့ Integrated pest management (IPM) နည်းနာကိုသုံးနိုင်တယ်။
စမ်းသပ်နေတဲ့နည်းတွေလည်းရှိတယ်။ မျိုးမပွါးနိုင်တဲ့ခြင်အထီးတွေ များများလုပ်ပေးနည်းလည်းပါတယ်။ အေးဒီးစ် အီဂျစ်ပတိုင်းခြင်ကိုနှိမ်ဘို့ တက်ထွာဆိုက်ကလင်းကို မျိုးပွါးခြင်းအဆင့်တခုမှာ သုံးနည်း။ တခြားနည်းတွေကိုလည်း စမ်းသပ်နေပါတယ်။ ခြင်လောက်လန်းကို ထောင်ခြောက်ဆင်နည်း။ ခြင်လောက်လန်းကိုစားတဲ့ Gambussia Affinis, Ebites Reticulatus, Jewel-fish စတဲ့ငါးတွေမွေးနည်း။ ရေပြင်ပေါ်မှာ ပလပ်စတစ်လွှာဖုံးပေးနည်းလည်း ပါတယ်။ ရေမျက်နှာပြင်ပေါ်မှာ ရေနံဆီ၊ ထောင်ခြောက်ဆင်နည်းမှာ BG-Sentinel traps ခေါ်တာ သုံးတယ်။ Larviciding လောက်လန်းသတ်ဆေး Methoprene ဆေးသုံးတယ်။
DDT ကို ၁၉၅၈ ကတည်းက သုံးခဲ့ကြတယ်။ ခုထိလည်း ၁၄ နိုင်ငံမှာ သုံးနေတုံးပဲ။ သဘာဝဝန်းကျင် ထိခိုက်စေတယ်။ တချို့ခြင်တွေက ဆေးယဉ်ကြပြီ။ Lethal ovitraps ထောင်ခြောက်သုံးတယ်။ Aedes mosquito ခြင်အရေအတွက်ကို ထိန်းချုပ်နိုင်တယ်။ တခြားနည်းတွေလည်းစမ်းနေတယ်။
ခြင်ကိုက်မခံရအောင် ရိုးရှင်းတဲ့နည်းကတော့ ခြင်မရှိရာမှာသာနေထိုင်ပါ။ နေ့ခင်းမှာသက်သာတယ်။ ရေသေရှိရာမှာသာ ခြင်ပေါတယ်။ ခြင်ကရေရှိမှသာ အသက်ရှင်တယ်။ မျိုးပွါးနိုင်တယ်။ ရေကျန်နေနိုင်တဲ့ ပန်းအိုး၊ တယာဟောင်း၊ အိုးခွက်၊ ရေမြောင်း၊ ရေတံလျှောက်၊ ရေလှောင်ကန်၊ အမှိုက်ပုံ၊ ငှက်သိုက် စတာတွေမှာ ရေကျန်မနေစေအောင် ရှင်းလင်းပါ။ အရောင်ဖျော့တဲ့အဝတ်ဝတ်ပါ။ ခြေလက်ရှည်ဝတ်ပါ။ ဦးထုပ်၊ ခြေအိတ်ဝတ်ပါ။ ပန်ကာဖွင့်ထားပါ။
လင်းနို့ရှိရင် ခြင်မနေနိုင်ပါ။ ထပ်တရာပန်းပင်စိုက်ထားပါ။ အဲဒီပန်းနံ့ကို ခြင်မကြိုက်ပါ။ ပုစဉ်းကောင်၊ သစ်ကြံပိုးရွက်ဆီ၊ ဗနီဂါအကြည်ဆီနဲ့ သံလွင်ဆီရောထားတာကလည်း ခြင်ကိုနိုင်တယ်။ Catnip oil ဆီ (မြန်မာလို မသိ) ကလည်း DEET ထက် ၁ဝ ဆသာတယ်။ လိမ်မော်ယူကလစ်ကလည်း နိုင်တယ်။ 40% DEET ခြင်လိမ်းဆေးလိမ်းတာက ၇ နာရီကြာ ၁ဝဝ% ပေးတယ်။ Lemon eucalyptus ၃၂% ဟာ ၃ နာရီကြာ ၉၅% မက အကာကွယ်ပေးတယ်။
ခြင်ကိုက်ခံရရင် ဘာလုပ်မလည်း။ နည်းတွေအများကြီးရှိတယ်။ Aloe Vera ရှားစောင်းလက်ပတ်ထဲမှာ ဒြပ်ပေါင်း ၁၃ဝ ပါတယ်။ အမိုင်နိုအက်စစ် ၃၄ မျိုးပါတယ်။ သစ်ကြံပိုးကိုလည်းသုံးနိုင်တယ်။ သခွါးသီးကိုလည်း သုံးနိုင်တယ်။ Lavender လီဗင်ဒါအမွှေးအနံ့ကိုလည်းသုံးနိုင်တယ်။ တမာဆီ၊ လက်ဖက်ဆီ၊ ပင်စိမ်း၊ Calendula (မြန်မာလို မသိ)၊ Chamomile (မြန်မာလို မသိ)၊ Jewelweed (မြန်မာလို မသိ)၊ မုန့်ဖုတ်ဆော်ဒါတွေကိုလည်းသုံးနိုင်တယ်။
Mosquito repellent for babies ကလေးငယ်လေးတွေအတွက်ခြင်ဆေး
- Johnson's Johnson Baby Clear Lotion Anti Mosquito Repellent
- Mosquitno 5-Pack Natural Mosquito Repellent Wristbands, Kid, Red/Orange/Green/Navy/Yellow
- Babyganics Natural Deet-Free Insect Repellent, 2 Oz
- Honest Co Bug Spray - 4 fl oz
- California Baby Bug Repellent Spray - 6.5 fl oz bottle
- Lafes Baby Insect Repellent - 4 oz
- Acure Organics, Baby Bug, .5 oz (14 g)
- California Baby Summer Lotion, Citronella - 6.5 fl oz

ဒေါက်တာတင့်ဆွေ
၂-၂-၂ဝ၁၆
၁ဝ-၂-၂ဝ၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။