Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 11, 2016

နာမည်ကြီး ရန်ကုန် အင်းစိန်အကျဉ်းထောင်သမိုင်း

နာမည်ကြီး ရန်ကုန် အင်းစိန်အကျဉ်းထောင်သမိုင်း
===========================
-
၁၈၅၂ခုနှစ်က နေ၁၈၅၃ခုနှစ်အတွင်းပုဂံမင်းလက်ထက် မှာ အင်္ဂလိပ်_မြန်မာဒုတိယစစ်ပွဲဖြစ်ပွားပြီးရန်ကုန်အပါဝင် မြန်မာပြည်အလယ်ပိုင်းဟာ ဗြိတိန်လက်အောက် ကျရောက်သွားခဲ့တယ်။
အင်္ဂလိပ်မြန်မာပြည်အောက်ပိုင်းနဲ့အလယ်ပိုင်းကိုသိမ်းပိုက်ထားတဲ့အတွက် မခံနိုင်လို့ထချသူတွေ၊သောင်းကျန်းသူတွေ စတဲ့သူတွေရဲ
တိုက်ခိုက်တဲ့တိုက်ပွဲငယ်တွေနဲ့မကြာခဏရင်ဆိုင်ရတယ်။


ဒီအခါ အင်္ဂလိပ်ဟာ အုပ်ချုပ်ရေးငြိမ်ဝပ်ပိပြားဖို့အတွက် အကျဉ်းထောင်စနစ်ကို စတင်ပါတော့တယ်။အဲ့ဒီကတစ်ဆင့် အုပ်ချုပ်ရေးစနစ်ခိုင်မာတောင့်တင်းအောင် အခြေချဖို့ ဂတ်တွေ၊ရုံးတွေ၊ထောင်တွေကိုစတင်တည်ထောင်ပါတယ်။
၁၈၆၄ခုနှစ်မှာ အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးမင်းကြီးလက်အောက်မှာ ထားရှိအုပ်ချုပ်စေတဲ့အပြင် မြို ရွှာသန့်ရှင်းရေးနဲ့ ကျောက်ဆေးထိုးဌာနတွေကိုလည်း တစ်ချိန်တည်းကြီးကြပ်စေခဲ့တယ်။၁၈၇၂ခုနှစ်မှာ ယခင်ဆေးမင်းကြီးအုပ်ချုပ်နေရာကမှ အကျဉ်းထောင်ဌာနကို ထောင်မင်းကြီးသီးသန့်ခန့်ထားပြီး အုပ်ချုပ်စေခဲ့တယ်။အဲ့ဒီလိုနဲ့ မြန်မာပြည်မှာခေတ်မီအကျဉ်းထောင်စနစ်မရှိခဲ့ရာကနေ ၁၈၆၁ခုနှစ်မှာတော့ ရန်ကုန်ထောင်ကို တည်ဆောက်ခဲ့ပြီးတဲ့နောက် မြန်မာမှာသာမက အရှေ့ တောင်အာရှမှာပါအကြီးဆုံးဖြစ်တဲ့ အင်းစိန်ထောင်ကြီးကို သီပေါမင်းပါတော်မူကြီး၎နှစ်အကြာ ၁၈၈၉ခုနှစ်မှာ စတသ်တည်ဆောက်ခဲ့ပါတော့တယ်။
-

အကျဉ်းထောင်မတည်ဆောက်မီ အင်းစိန်မြို့နေရာဟာ ရွှာငယ်သာသာမျှသာရှိပါသေးတယ်။အင်းစိန်မြို့ကို စတင်တည်ဆောက်ခဲ့တဲ့နေရာဟာ ယခု ရွှာမရွှာကြီးဖြစ်ပါတယ်။
ရွှာမရွှာကြီးတစ်ဝိုက်သစ်တောကြီးတွေဖုံးလွှမ်းနေပြီးမင်္ဂလာဒုံတောနဲ့ဆက်စပ်နေပါတယ်။ယခုလက်ရှိမင်္ဂလာဒုံကို အထက်မင်္ဂလာဒုံဆိုပြီးတစ်မျိုး၊ယခု အင်းစိန်မြို့နေရာကို အောက်မင်္ဂလာဒုံဟူ၍ တစ်နည်း
ခေါ်ဝေါ်ကြတယ်။အင်းစိန်အကျဉ်းထောင်ကို ၁၈၈၉ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရတယ်။
-


အကျဉ်းထောင်မတည်ဆောက်ခင် ယခုအင်းစိန်ထောင်ဝင်းကြီး
တည်ရှိရာမြေနေရာမှာ သရက်ခြံ၊ကနစိုခြံ၊ပိန္နဲခြံကြီးတွေအုပ်ဆိုင်းနေပြီး ဗြိတိသျှအစိုးရ က မြေတွေကိုလျှော်ကြေးပေးပြီးသိမ်းကာ အကျဉ်းထောင်ဧရိယာကိုသတ်မှတ်ခဲ့တယ်။အင်းစိန်ထောင်ကိုအုတ်ရိုး၂ထပ်တည်ဆောက်ပြီးတဲ့နောက် ထောင်အတွင်းမြေညှိပြီး အိပ်ဆောင်တွေဆောက်လုပ်ဖို့ပြင်ဆင်ခဲ့တယ်။အဲ့ဒီအချိန် ရန်ကုန်ထောင်ကို အသုံးပြု နေပြီး ဖြစ်တဲ့အတွက် ရန်ကုန်ထောင်က၆လအောက်အပြစ်ကျတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးအင်းစိန်ထောင်တည်ဆောက်ရေးမှာ ခိုင်းစေခဲ့တယ်။အလုပ်သနားအကျဉ်းသား၄၀၀ခန့်ရှိတယ်လို့သိရတယ်။အဲ့ဒီအချိန်ကအုတ်ရိုးကြီး၂ထပ်အတွင်း မှာ အဆောက်အဦိးတွေမပြီးစီးသေး
တဲ့အတွက် အလုပ်သမားတွေဟာ ဒီအတိုင်းနေထိုင်ပြီးအိပ်ကြရတယ်။
အိပ်ဆောင်၆လုံးတည်ဆောက်ရာမှာ အကျဉ်းသားတွေအပြင် ပြင်ပကအင်ဂျင်နီယာနဲ့ဗိသုကာပညာရှင်တွေဦးစီးပြီး ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်။ထောင်ရဲ့ လုံခြုံရေးနဲ့ အကျဉ်းသားလုံခြုံ ရေးအတွက်အင်းစိန်ထောင်အရှေ့ ဘက်နေရာကို အဆောက်အဦးတန်းလျားတွေဆောက်ပြီး ပုလိပ်တွေကိုထားပြီးစောင့်ကြပ်စေခဲ့တယ်။
-


အဲ့ဒီအချိန်က တွဲဘက်ထောင်ခေါ် ယခုသီးသန့်ထောင် မဆောက်ရသေးဘဲ အဲ့ဒီနေရာမှာအလုပ်သမားအကျဉ်းသားတွေနဲ့ပုလိပ်တွေအတွက် သီးနှံစိုက်ပျိုးတဲ့တောင်ယာခင်းဖြစ်တယ်။ထောင်အုတ်ရိုး၂ထပ်နဲ့အိပ်ဆောင်တွေကိုဆောက်လုပ်တာဟာ ၄နှစ်နီးပါးကြာတယ်။
အုတ်ရိုးကြီးတည်ဆောက်ပြီးတဲ့အခါ အုတ်ရိုးနံရံကြီးကို မြေနီရောင်ဆေးသုတ်ခဲ့တယ်။
အင်းစိန်ဗဟိုအကျဉ်းထောင်ကြီးဟာ အင်းစိန် လှိုင်းမြစ်သွား
ကမ်းနားလမ်းပေါ်မှာတည်ရှိပါတယ်။ထောင်ဝင်းတစ်ခုလုံး စုစုပေါင်းအကျယ်အ၀န်းမြေဧရိယာဟာ ၁၆၅.၇၆၈ဧကရှိပါတယ်။
အဲ့ဒီအကျယ်အ၀န်းမှာ တွဲဘက်ဧရိယာအကျယ်အ၀န်းဟာ ၁၄.၇၂၉ဧကရှိပြီး အမှု့ ထမ်းနေအိမ်တွေ၊စိုက်ပျိုးခင်းမြေဧရိယာ ၄၆.၂၉၃ စတဲ့ ဒါတွေအားလုံးကိုနုတ်လိုက်ပါက အင်းစိန်ထောင်
ရဲ့ မြေဧရိယာထောင်သီးသန့်အကျယ်ဟာ ၁၀၄.၇၄၆ဧက ရှိပါတယ်။အင်းစိန်ထောင်တည်ရှိပုံဟာ အင်းစိန်လှိုင်မြစ်ကမ်း
နားလမ်းကိုမျက်နှာပြု တည်ဆောက်ထားပြီး လမ်းဘေးကထောင်ခြံစည်းရိုး
က ကပ်လျက်ရှိပြီးလမ်းမကနေ အတွင်းထောင်ဘူးဝ မျက်နှာစာအထိ ပေပေါင်း၁၁၆၀ပေကွာဝေးပါတယ်။ဗြိတိသျှအစိုးရဟာ အင်းစိန်ထောင်တည်ဆောက်တဲ့အချိန်မှာ မြန်မာပြည်တစ်ပြည်လုံးရဲ့ အခြားသောမြို့တွေမှာပါအကျဉ်းထောင်အချို့ကိုတည်ဆောက်ထားပြီးဖြစ်နေတာကြောင့် အင်းစိန်ထောင်ကိုသူတို့စိတ်တိုင်းကျ စနစ်တကျပုံစံရေးဆွဲပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အင်းစိန်ထောင်ကိုအပေါ်ကနေ စီးပြီးကြည့်ရင်ရှေးဟောင်းတိုင်ကပ်နာရီပုံသဏ္ဍန်ရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အုတ်ရိုး၂ထပ်ရှိပြီးအပြင်အုတ်ရိုးက ၁၈ပေမြင့်တယ်။
အတွင်းအုတ်ရိုးက၇ပေမြင့်တယ်။အတွင်းအုတ်ရိုးနဲ့အပြင်အုတ်ရိုးကြား ပေ၁၉၀ကွာထားတယ်။နာရီအထိုင်အကွက်ထဲမှာ ထောင့်၁၆ထောင့်ရှိပါတယ်။နာရီဒိုင်ကွက်ပုံစံထဲမှာ အကျဉ်းသားအိပ်ဆောင်
အဆောက်အဦးတွေကို အကွက်ချပြီး ၂ထပ်ပုံစံစနစ်တကျ တည်ဆောက်ထားတယ်။အိပ်ဆောင်တွေရဲ့ အလယ် ကွက်လပ်
ဗဟိုမှာ ၆၃ပေမြင့်တဲ့ ဗဟိုမျှော်စဉ်တစ်ခုရှိပြီး အဲ့ဒီမျှော်စဉ်ကိုပတ်ပြီး စားဖိုဆောင်ကြီးကို ဆောက်လုပ်ထားတယ်။
-


အဲဒီမျှော်စဉ်ကို ဗဟိုပြု ပြီး၂ထပ်အိပ်ဆောင်များကို နာရီလက်တံ
သဖွယ် ပတ်ဝိုင်းပြီးဆောက်လုပ်ထားတယ်။ရည်ရွယ်ချက်က အကျဉ်းသား၊အချုပ်သားတွေထမင်းစားသောက်ချိန်မှာ အိပ်ဆောင်တွေကနေ တစ်ဆောင်ချင်းတန်းစီထွက်ပြီး ဖိုဝိုင်းကြီးမှာ ထမင်းပုံစံတွေကို အလွယ်တကူယူနိုင်ကြစေဖို့ အတွက်ပဲဖြစ်ပါတယ်။နောက်ရည်ရွယ်ချက်က အိပ်ဆောင်တွေပေါ်မှာ ရန်ဖြစ်ခြင်း၊အုတ်ရိုးကျော်၍ထွက်ပြေးခြင်း စတဲ့လုံခြုံ ရေးဆိုင်ရာကိစ္စတွေကိုလည်းမျှော်စဉ်ပေါ်က တာဝန်ကျအစောင့်က အားလုံးကိုမြင်နိုင်စေဖို့ဖြစ်ပါတယ်။ထောင်အရှေ့ ဘူးဝတံခါးကြီးကနေ ဖိုကြီးဗဟိုမျှော်စဉ်အထိတစ်ဖြောင့်တည်းလမ်းဖောက်ထားပြီးအဲ့ဒီမျှော်စဉ်ကြီးကိုပတ်ပြီးထောင်အနောက်ဘက်တံခါးအထိ လမ်းကို တောင်မြောက်တစ်တန်းတည်းဖောက်ထားတယ်။လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာလည်း၉ပေမြင့်တဲ့အုတ်တံတိုင်းကာရံထားပြီးအုတ်တံတိုင်းအရှေ့ဘက်တစ်လျှောက်မှာ အဆောက်အဦး၎ခုရှိပြီးတစ်ခုနဲ့တစ်ခုကြား ၇ပေအုတ်နံရံတွေကန့်ပြီးကာရံထားတယ်။အင်းစိန်ထောင်တည်ဆောက်ချိန်
မှာ အစိုးရဟာ သူတို့သိမ်းပိုက်ထားတဲ့ မြန်မာပြည်အောက်ပိုင်းနဲ့
အလယ်ပိုင်းဆိပ်ကမ်းမြို့တွေဖြစ်တဲ့ စစ်တွေ၊မော်လမြိုင်
၊မြိတ်၊ပုသိမ်နဲ့ရန်ကုန်စတဲ့ မြို့တွေမှာထောင်တွေကိုတည်ဆောက်ခဲ့ပြီး ဖြစ်ရာ ရန်ကုန်မြို့နဲ့၁၂ကွာဝေးတဲ့အင်းစိန်မြို့မှာ ထောင်ကြီးတစ်ခုဖွင့်လှစ်ပြီး အကျင့်စာရိတ္တပြု ပြင်ရေး Reformation အတွက်ပါတည်ဆောက်ခဲ့တယ်လို့ ယူဆရတယ်။ဒါကြောင့်အင်းစိန်ထောင်ကြီးကို ၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်အသုံးပြု ခဲ့ပါတယ်။
-
အဲ့ဒီတုန်းက အင်းစိန်ထောင်မှာရှိတဲ့အကျဉ်းသားတွေဟာ ရာဇ၀တ်မှု့ တစ်ကြိမ်တစ်ခါသာကျူးလွန်တဲ့ အကျဉ်းသား(Causal Prisoner) ၊ရာဇ၀တ်မှု့ ကိုတစ်ကြိမ်ထက်ပိုပြီးကျူးလွန်တဲ့အကျဉ်းသား(Habitual Prisoner) နဲ့ တရားမအကျဉ်းသား(Civial prisoner) တို့ကိုထားရှိစေခဲ့တယ်။
အင်းစိန်ထောင်စတင်ဖွင့်လှစ်ချိန်မှာ အကျဉ်းဌာနမင်းကြီးအဖြစ် ပထမဆုံးဆောင်ရွက်ခဲ့သူဟာ Surgeon. Licut Colonel Davicisno ဖြစ်ပါတယ်။၁၉၄၂အင်္ဂလိပ်တပ်တွေမြန်မာပြည်ကဆုတ်ခွာပြီးဂျပန်တွေအုတ်ချုပ်တဲ့ခေတ်မှာ အင်းစိန်အကျဉ်းထောင်အပါဝင်မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဂျပန်တွေကလက်နက်တိုက်အဖြစ်အသုံးပြု ခဲ့တယ်။ဂျပန်တွေထွက်ပြီးအင်္ဂလိပ်ပြန်အ၀င် ၁၉၄၆ခုနှစ်မှာတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ကိုပြန်လည်ဖွင့်လှစ်အသုံးပြု ပြန်တယ်။
-
၁၉၄၈မြန်မာပြည်လွတ်လပ်ရေးရပြီး ပါလီမာန်ဒီမိုကရေစီ အုပ်ချုပ်ရေးခေတ်ဦးမှာ ကရင်တွေကအင်းစိန်ဗဟိုအကျဉ်းထောင်ကို အင်းစိန်တိုက်ပွဲမှာအကျဉ်းထောင်ကိုသိမ်းပိုက်ပြီးအကျဉ်းသားအားလုံးကို
လွှတ်ပေးလိုက်ကာ အင်းစိန်ထောင်ကိုခံတပ်သဖွယ်အသုံးပြု ခဲ့ပြန်တယ်။နောက်ပိုင်းရန်ကုန်ထောင်မှာအချုပ်သားနဲ့ပြစ်ဒဏ်၆လအောက် အကျဉ်းသားတွေကိုသာထားပြီး နှစ်ကြီးအကျဉ်းသားအားလုံးကို အင်းစိန်ထောင်သို့ပေးပို့ကာ ထိန်းသိမ်းစေခဲ့တယ်။အင်းစိန်ထောင်ဟာ အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေထဲက မြန်မာနိုင်ငံမှာ အကြီးဆုံးဗဟိုအကျဉ်းထောင်ဖြစ်ပါတယ်။အင်္ဂလိပ်ဖွဲ့စည်းပုံနဲ့ အင်္ဂလိပ်ထောင်လက်စွဲစာအုပ်အရ အကျဉ်းသားအင်အား အယောက် ၅၀၀၀ကိုသာ လက်ခံထိန်းသိမ်းဖို့သတ်မှတ်ထားသော်လည်း မဆလခေတ်နဲ့ စစ်တပ်မင်းဆက်ခေတ်တွေမှာ အဖမ်းအဆီးရက်စက်ခဲ့တဲ့အတွက် လက်ရှိအခြေနေအရ အကျဉ်းသား၁သောင်းခွဲနီးပါး ထိန်းသိမ်းထားတဲ့အကျဉ်းထောင်ဖြစ်ပါတယ်။
-
၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းပြီးတဲ့နောက် အရေးခင်းဆန္ဒပြမှု့ တွေမှာပါဝင်တဲ့ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ စံမြန်းရာ အင်းစိန်တောရဖြစ်လာခဲ့ပါတော့တယ်။ဘာပြစ်မှု့ မှာမကျူးလွန်တဲ့အပြင် အပ်တိုတစ်ချောင်းမပါတဲ့ကျောင်းသားကျောင်းသူတွေဟာ အင်းစိန်တောရ
(ကျောင်းသားများပေးထားသောအမည်)မှာ အင်္ဂလိပ်အရှင်သခင်
၊မြန်မာတွေပြောပြောနေတဲ့ မဟာဂုတ်သွေးစုပ်သူ၊ သွေးခွဲသမား၊ပြည်ပရန် စတဲ့ဝေါဟာရတွေရဲ့ ပိုင်ရှင် အင်္ဂလိပ်တွေကတောင် မလုပ်ခဲ့တဲ့ အင်မတန်ရက်စက်တဲ့နှစ်ရှည်ထောင်ဒဏ် နှစ်၃၀၊နှစ်၅၀ဆိုတာတွေ၊
အင်မတန်ကြမ်းတမ်းပြီးတိရိစ္ဆာန်တောင်မစားတဲ့အစားစာတွေကိုကျွေးပြီး နိုင်ငံရေးသမား ကျောင်းသူကျောင်းသားတွေကို နှိပ်စက်ခဲ့တယ်။
-
အင်္ဂလိပ်ခေတ်မှာ မကြားဖူးသမျှသော အကြောင်းအရာနဲ့ရက်စက်မှု့ အပေါင်းသရဖူဆောင်းစေခဲ့တဲ့အဖြစ်ပျက်အားလုံးဟာ အမျိုးသားဖက်ဆစ်
တွေရဲ့ လက်ထက်မှာသာဖြစ်ခဲ့ရတာပဲဖြစ်ပါတော့တယ်။
-
မြန်မာနိုင်ငံအကျဉ်းထောင်သမိုင်းစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။
==========
Nay Zin Latt

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။