နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၃၁)
======================
နေ့စဉ်စကားပြောရာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဈေးဝယ်ခြင်း နှင့် ပတ်သက်သော စကားပြော ပုံစံများကို အမှတ်(၂၉)တွင်ရေးသားခဲ့ပါသည်။ ယခုတစ်ပတ်တွင် လက်ဝတ်ရတနာများဝယ်ယူရာတွင် နှင့် ၎င်းနှင့် ပတ်သက်သော စကားပြောပုံစံများကို ဆက်လက် ရေးသားလိုက်ပါသည်။
လက်ဝတ်ရတနာဆိုင်နှင့် ပတ်သက်သော မေးခွန်းဝါကျပုံစံများ
-------------------------- -------------------------- ----------------
- Where is the best place to buy jewelry?
လက်ဝတ်ရတနာ ဝယ်ဖို့ ဘယ်မှာ အကောင်းဆုံးလဲ
- Where would you go to buy jewelry?
လက်ဝတ်ရတနာ ဝယ်ဖို့ ဘယ်သွားမလို့လဲ
- Are all jewelry stores the same?
လက်ဝတ်ရတနာဆိုင်တွေ အားလုံးက အတူတူပဲလား
- What jewelry store do you recommend?
ဘယ်လက်ဝတ်ရတနာဆိုင်ကို မင်းထောက်ခံချင်လဲ
- It all depends on how much you want to spend.
အဲဒါကတော့ မင်းဘယ်လောက်သုံးမယ်ဆိုတဲ့ အပေါ်မူတည်ပါတယ်။
လက်ဝတ်ရတနာဆိုင်တွင် ပြောဆိုသော စကားပြောဝါကျများ
-------------------------- -------------------------- ---------------
- I'm looking for a bracelet.
လက်ကောက် တစ်ခုလောက် ရှာနေတယ်။
- Can I see this one?
ဒါလေးကို ကြည့်လို့ရမလား
- Can I try it on?
စမ်း ဝတ်ကြည့်လို့ရမလား
- How much does this bracelet cost?
ဒီ လက်ကောက်က ဘယ်လောက်လဲ
- I like this one, but do you have the same one with a bigger diamond?
ဒါလေးကိုကြိုက်တယ်၊ ဒါပေမယ့် ဒီပုံစံအတိုင်းပဲ စိန်ပွင့် နည်းနည်းကြီးတာ ရှိသေးလား
- Do you engrave here?
ဒီမှာ စာသားထွင်းလို့ ရလား (engrave = စာသားထွင်းသည်၊ ပုံဖော်သည်)
- I'm looking for a titanium ring.
တိုက်တေနီယမ် လက်စွပ် လိုက်ရှာနေတာ။
- Do you have a matching necklace for this ring?
ဒီလက်စွပ် နဲ့ လိုက်မယ့် လည်ဆွဲရှိလား
- How long will it take to mount this diamond on this ring?
ဒီလက်စွပ်ပေါ်မှာ ဒီစိန်ကို စီဖို့ ဘယ်လောက်ကြာမှာလဲ
- This ring is too loose for me now. Can you make it smaller?
ဒီလက်စွပ်က တော်တော် ချောင်နေတယ်၊ နည်းနည်း သေးပေးလို့ရလား
လက်ဝတ်ရတနာနှင့် ပတ်သက်သော စကားပြောပုံစံများ
-------------------------- -------------------------- ----------
- You can tell she is rich by all the jewelry she is wearing.
သူ ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ တင် သူ(မ)က ချမ်းသာတယ်လို့ပြောနိုင်တယ် ။
- Her boyfriend buys her a lot of jewelry. He must be rich.
သူ(မ)ရဲ့ ကောင်လေးက သူ(မ)ကို လက်ဝတ်ရတနာတွေ အများကြီးဝယ်ပေးတယ်၊ သူက သေချာပေါက် ချမ်းသာရမယ်။
- Girls love jewelry as much as guys love sports.
ယောင်္ကျားလေးတွေက အားကစားကို ကြိုက်သလောက် မိန်းကလေးတွေက လက်ဝတ်ရတနာ တွေကို ကြိုက်တယ်။
- Not all girls like jewelry. Some of them think it is a waste of money.
မိန်းကလေးတိုင်းတော့ လက်ဝတ်ရတနာတွေကို မကြိုက်ကြပါဘူး၊ တစ်ချို့ကလည်း အဲဒါက ပိုက်ဆံဖြုန်းတယ်လို့ ထင်ကြတယ်။
- Do you think I should buy her a necklace or a ring?
သူ(မ)ကို ငါ လည်ဆွဲ ဒါမှမဟုတ် လက်စွပ် တစ်ခုလောက် ဝယ်ပေးသင့်တယ်လို့ မင်းထင်လား
- If you buy her a ring, she might think you are proposing to her.
မင်း လက်စွပ်ဝယ်ပေးလိုက်ရင်တော့ သူ့က မင်းချစ်ရေးဆိုတာလို့ ထင်လိမ့်မယ်.
- How much do I need to buy a decent diamond ring?
သင့်တင့်လျောက်ပတ်တဲ့ စိန်လက်စွပ်တစ်ကွင်းလောက် ဝယ်ဖို့ ဘယ်လောက် လောက်လိုမလဲ
- Do girls like diamond earrings?
မိန်းကလေးတွေက စိန်နားကွင်း ကို ကြိုက်ကြလား
အောင်ကိုဦး (UMK)
Be the Best !
======================
နေ့စဉ်စကားပြောရာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဈေးဝယ်ခြင်း နှင့် ပတ်သက်သော စကားပြော ပုံစံများကို အမှတ်(၂၉)တွင်ရေးသားခဲ့ပါသည
လက်ဝတ်ရတနာဆိုင်နှင့် ပတ်သက်သော မေးခွန်းဝါကျပုံစံများ
--------------------------
- Where is the best place to buy jewelry?
လက်ဝတ်ရတနာ ဝယ်ဖို့ ဘယ်မှာ အကောင်းဆုံးလဲ
- Where would you go to buy jewelry?
လက်ဝတ်ရတနာ ဝယ်ဖို့ ဘယ်သွားမလို့လဲ
- Are all jewelry stores the same?
လက်ဝတ်ရတနာဆိုင်တွေ အားလုံးက အတူတူပဲလား
- What jewelry store do you recommend?
ဘယ်လက်ဝတ်ရတနာဆိုင်ကို မင်းထောက်ခံချင်လဲ
- It all depends on how much you want to spend.
အဲဒါကတော့ မင်းဘယ်လောက်သုံးမယ်ဆိုတဲ့ အပေါ်မူတည်ပါတယ်။
လက်ဝတ်ရတနာဆိုင်တွင် ပြောဆိုသော စကားပြောဝါကျများ
--------------------------
- I'm looking for a bracelet.
လက်ကောက် တစ်ခုလောက် ရှာနေတယ်။
- Can I see this one?
ဒါလေးကို ကြည့်လို့ရမလား
- Can I try it on?
စမ်း ဝတ်ကြည့်လို့ရမလား
- How much does this bracelet cost?
ဒီ လက်ကောက်က ဘယ်လောက်လဲ
- I like this one, but do you have the same one with a bigger diamond?
ဒါလေးကိုကြိုက်တယ်၊ ဒါပေမယ့် ဒီပုံစံအတိုင်းပဲ စိန်ပွင့် နည်းနည်းကြီးတာ ရှိသေးလား
- Do you engrave here?
ဒီမှာ စာသားထွင်းလို့ ရလား (engrave = စာသားထွင်းသည်၊ ပုံဖော်သည်)
- I'm looking for a titanium ring.
တိုက်တေနီယမ် လက်စွပ် လိုက်ရှာနေတာ။
- Do you have a matching necklace for this ring?
ဒီလက်စွပ် နဲ့ လိုက်မယ့် လည်ဆွဲရှိလား
- How long will it take to mount this diamond on this ring?
ဒီလက်စွပ်ပေါ်မှာ ဒီစိန်ကို စီဖို့ ဘယ်လောက်ကြာမှာလဲ
- This ring is too loose for me now. Can you make it smaller?
ဒီလက်စွပ်က တော်တော် ချောင်နေတယ်၊ နည်းနည်း သေးပေးလို့ရလား
လက်ဝတ်ရတနာနှင့် ပတ်သက်သော စကားပြောပုံစံများ
--------------------------
- You can tell she is rich by all the jewelry she is wearing.
သူ ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ တင် သူ(မ)က ချမ်းသာတယ်လို့ပြောနိုင်တယ်
- Her boyfriend buys her a lot of jewelry. He must be rich.
သူ(မ)ရဲ့ ကောင်လေးက သူ(မ)ကို လက်ဝတ်ရတနာတွေ အများကြီးဝယ်ပေးတယ်၊ သူက သေချာပေါက် ချမ်းသာရမယ်။
- Girls love jewelry as much as guys love sports.
ယောင်္ကျားလေးတွေက အားကစားကို ကြိုက်သလောက် မိန်းကလေးတွေက လက်ဝတ်ရတနာ တွေကို ကြိုက်တယ်။
- Not all girls like jewelry. Some of them think it is a waste of money.
မိန်းကလေးတိုင်းတော့ လက်ဝတ်ရတနာတွေကို မကြိုက်ကြပါဘူး၊ တစ်ချို့ကလည်း အဲဒါက ပိုက်ဆံဖြုန်းတယ်လို့ ထင်ကြတယ်။
- Do you think I should buy her a necklace or a ring?
သူ(မ)ကို ငါ လည်ဆွဲ ဒါမှမဟုတ် လက်စွပ် တစ်ခုလောက် ဝယ်ပေးသင့်တယ်လို့ မင်းထင်လား
- If you buy her a ring, she might think you are proposing to her.
မင်း လက်စွပ်ဝယ်ပေးလိုက်ရင်တော့ သူ့က မင်းချစ်ရေးဆိုတာလို့ ထင်လိမ့်မယ်.
- How much do I need to buy a decent diamond ring?
သင့်တင့်လျောက်ပတ်တဲ့ စိန်လက်စွပ်တစ်ကွင်းလောက် ဝယ်ဖို့ ဘယ်လောက် လောက်လိုမလဲ
- Do girls like diamond earrings?
မိန်းကလေးတွေက စိန်နားကွင်း ကို ကြိုက်ကြလား
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။