နေ့စဉ်သုံးအင်္ဂလိပ်စကားစုများအပိုင်း (၂၀)
========================
နေ့စဉ် အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားစု (Phrases) ဒီတစ်ပတ်မှာတော့ လူဝင်မှုကြီးကြပ်ရေး၊ အကောက်အခွန်ဌာန၊ ဟိုတယ်များကို စရောက်ချိန်တွေင် ပြောဆိုသော စကားစုများ အကြောင်းများကို ဆက်လက်ရေးသား လိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွားကာ အသုံးပြုနိုင် ပါသည်။
Could I see your passport, please? - နိုင်ငံကူးလက်မှတ်လေး တစ်ချက်လောက် ကြည့်လို့ရမလား
Where have you travelled from? - ဘယ်ကလာတာလဲ
What's the purpose of your visit? - ခင်ဗျာအလည်လာရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ
I'm on holiday - ကျွန်တော်က အားလပ်ရက်ကြောင့် လာတာပါ
I'm on business - ကျွန်တော်က အလုပ်ကိစ္စနဲ့ လာတာပါ
I'm visiting relatives - ကျွန်တော်က အမျိုးတွေဆီ လာလယ်တာပါ
How long will you be staying? - ခင်ဗျား ဘယ်လောက်ကြာကြာနေမှာလဲ
Where will you be staying? - ဘယ်မှာ တည်းမှာလဲ
You have to fill in this landing card. - ခင်ဗျား လေယာဉ်အဆင်းကဒ်မှာ ဖြည့်ဖို့လိုတယ်
You have to fill in this immigration form. - ခင်ဗျား လူဝင်ကြီးကြပ်ရေးပုံစံမှာ ဖြည့်ဖို့လိုတယ်
ဘယ်ကလာတာလဲ လို့ပြောချင်ရင် ဖော်ပြထားတဲ့ Where have you travelled from? အပြင် Where are you form? လို့လဲ မေးနိုင်ပါတယ် … ၊ ဖော်ပြခဲ့တဲ့စကားစုတွေဟာ passport ပြတဲ့ ကောင်တာ မှာ အရာရှိတွေက မေးလေ့မေးထ ရှိတဲ့ မေးခွန်းပုံစံတွေပါ … ။ landing card ကို တစ်ချို့နေရာတွေမှာ white card လို့လည်း ခေါ်ကြပါတယ်။ လေယာဉ် ဆင်းသက်နေတဲ့အချိန်မှာ လေဆိပ်အဝင်အတွက် ကိုယ့်ရဲ့ passport, visa အပါဝင် လိုအပ်သည်များကို ဖြည့်စွက်ရသည့် ကတ်ပြားကို ခေါ်ပါသည်။
Could you open your bag, please? - ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အိတ်လေးဖွင့်ပြပါလား
Do you have anything to declare? - ခင်ဗျားမှာ ကြေငြာစရာများ ပါသေးလား
Nothing to declare - ကြေငြာစရာ မရှိပါဘူး
Goods to declare - ပစ္စည်းတွေ ကြေငြာစရာရှိတယ်
You have to pay duty on these items - ခင်ဗျား ဒီပစ္စည်းတွေအတွက် အခွန်ခ ပေးရမယ်
အထက်ပါ စကားစုတွေကတော့ အကောက်အခွန်ကောင်တာတွင် မေးလ့ရှိတဲ့ စကားတွေပါ။ နိုင်ငံခြားထွက်တဲ့ အခါ ရွှေ၊ ရတနာ၊ လက်ဝတ်လက်စား၊ လျှပ်စစ်ပစ္စည်း စသည်ဖြင့် အကန့်အသတ်ဖြင့် သယ်ဆော်ခွင့်ပြုပြီး ကန့်သတ်ချက်ထက် ကျော်လွန်ခြင်း ရှိ/မရှိ ကို ကြေငြာဖို့ လိုတဲ့အတွက် Where have you travelled from? ဆိုတဲ့ စကားကို အကောက်အခွန်ကောင်တာတွင် မေးလေ့ရှိပါတယ်။ အကောက်အခွန်ကို Customs ဟုသုံးရာတွင် s ပါသည်ကို သတိထားရပါမည်။ အကယ်၍ s မပါဘဲ custom ဟုသုံးလျှင် ဓလေ့၊ ထုံးတမ်း၊ ထုံစံ၊ အလေ့အထ စသည်ဖြင့် အဓိပ္ပာယ် ရပါသည်။
EU citizens - ဥရောပ နိုင်ငံသားများ
All passports - နိုင်ငံကူးလက်မှတ်များအားလုံး
Wait behind the yellow line - မျဉ်းဝါအနောက်မှာ စောင့်ဆိုင်းပါ
Please have your passport ready - နိုင်ငံကူးလတ်မှတ်များ အဆင်သင့်လုပ်ထားပါ
ဖော်ပြပါစကားစုများကတော့ လေဆိပ်ရှိ Arrival တွင် တန်းစီးသောအခါ တွေ့ရတတ်သော Sign များပြင်ဖြစ်ပါသည်။
Can you recommend any good hotels? -
ဟိုတယ်ကောင်းကောင်းလေးများ ခင်ဗျား ညွှန်ပေးနိုင်မလား
Can you recommend any self-catering apartments?
ကိုယ်တိုင်ချက်ပြုတ်စားလို့ ရမယ့် တိုက်ခန်းလေးများ ခင်ဗျား ညွှန်ပေးနိုင်မလား
Can you recommend any campsites?
စခန်းချပြီးနေလို့ရတဲ့ နေရာလေးများ ခင်ဗျား ညွှန်ပေးနိုင်မလား
How many stars does it have?
အဲဒါက ကြယ်ဘယ်နှစ်ပွင့်ရှိလဲ
I'd like to stay in the city centre.
မြို့ထဲမှာပဲ နေချင်တယ်
How much do you want to pay?
ခင်ဗျားက ဘယ်လောက်သုံးမှာလဲ
How far is it from the city centre?
မြို့ထဲက ဘယ်လောက် ဝေးလဲ
How far is it from the airport?
လေဆိပ်က ဘယ်လောက်ဝေးလဲ
How far is it from railway station?
ဘူတာက ဘယ်လောက်ဝေးလဲ
ဖော်ပြပါစကားစုများကတော့ တည်းခိုရန်အတွက် ဟိုတယ်၊ နေရာများ မေးမြန်းစုံစမ်းသော အခါ ပြောဆိုနိုင်သော စကားစုများဖြစ်ပါသည်။ self-catering apartments ဆိုသည်မှာ ကိုယ့်ရဲ့ မိသားစုကဲ့သို့ ချက်ပြုတ်စားသောက်၍ နေထိုင်နိုင်သော တိုက်ခန်းများ ဖြစ်ပါသည်။ ပျော်ပွဲစားထွက်သကဲ့သို့ စခန်းချကာ နေထိုင်နိုင်သော နေရာမျိုးကို campsites ဟုသုံးပါသည်။ city centre ကို မြို့ထဲဟု ဘာသာပြန်နိုင်ကာ UK အသုံးအနှုန်းဖြစ်ပြီး US က downtown ဟုသုံးပါသည်။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကာြးေ ပာနိုင်ကြပါစေ … ”
အောင်ကိုဦး(UMK)
Be the Best !

All passports - နိုင်ငံကူးလက်မှတ်များအားလံ
Wait behind the yellow line - မျဉ်းဝါအနောက်မှာ စောင့်ဆိုင်းပါ
Please have your passport ready - နိုင်ငံကူးလတ်မှတ်များ အဆင်သင့်လုပ်ထားပါ
ဖော်ပြပါစကားစုများကတော့ လေဆိပ်ရှိ Arrival တွင် တန်းစီးသောအခါ တွေ့ရတတ်သော Sign များပြင်ဖြစ်ပါသည်။
Can you recommend any good hotels? -
ဟိုတယ်ကောင်းကောင်းလေးများ ခင်ဗျား ညွှန်ပေးနိုင်မလား
Can you recommend any self-catering apartments?
ကိုယ်တိုင်ချက်ပြုတ်စားလို့
Can you recommend any campsites?
စခန်းချပြီးနေလို့ရတဲ့ နေရာလေးများ ခင်ဗျား ညွှန်ပေးနိုင်မလား
How many stars does it have?
အဲဒါက ကြယ်ဘယ်နှစ်ပွင့်ရှိလဲ
I'd like to stay in the city centre.
မြို့ထဲမှာပဲ နေချင်တယ်
How much do you want to pay?
ခင်ဗျားက ဘယ်လောက်သုံးမှာလဲ
How far is it from the city centre?
မြို့ထဲက ဘယ်လောက် ဝေးလဲ
How far is it from the airport?
လေဆိပ်က ဘယ်လောက်ဝေးလဲ
How far is it from railway station?
ဘူတာက ဘယ်လောက်ဝေးလဲ
ဖော်ပြပါစကားစုများကတော့ တည်းခိုရန်အတွက် ဟိုတယ်၊ နေရာများ မေးမြန်းစုံစမ်းသော အခါ ပြောဆိုနိုင်သော စကားစုများဖြစ်ပါသည်။ self-catering apartments ဆိုသည်မှာ ကိုယ့်ရဲ့ မိသားစုကဲ့သို့ ချက်ပြုတ်စားသောက်၍ နေထိုင်နိုင်သော တိုက်ခန်းများ ဖြစ်ပါသည်။ ပျော်ပွဲစားထွက်သကဲ့သို့ စခန်းချကာ နေထိုင်နိုင်သော နေရာမျိုးကို campsites ဟုသုံးပါသည်။ city centre ကို မြို့ထဲဟု ဘာသာပြန်နိုင်ကာ UK အသုံးအနှုန်းဖြစ်ပြီး US က downtown ဟုသုံးပါသည်။
“လွယ်လွယ်ကူကူအင်္ဂလိပ်စကာြးေ
အောင်ကိုဦး(UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။