လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများ (၂၂)
========================== =====
လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားလုံးများ နဲ့ပတ်သက်လို့ ဒီတစ်ပတ် မှာလည်း Philip Binharm, Ritta Lampola, James Murray တို့ပြုစုတဲ့ Restaurant English ဆိုတဲ့ စာအုပ်ထဲက မနက်စာ ပြင်ဆင်ပုံ ရှင်းပြတာနဲ့ ပတ်သက်တဲ့ စကားပြောပုံစံနဲ့ စကားလုံးတွေကို ရေးသားလိုက်ပါတယ်။
Hampden : First of all you take a paper tray cloth and spread it out neatly on the tray. Next you put a small side plate in the center towards the bottom edge here with a side knife and napkin. Then on the right a breakfast cup, saucer and spoon, that’s a teaspoon, of course. Next, on the left, you put the toast rack or sometimes when we have fresh rolls or croissants, a bread breakfast.
: ပထမဦးဆုံး အနေနဲ့ လင်ဗန်းအတွက် စက္ကူနဲ့လုပ်ထားတဲ့ အဝတ်ကို ယူပြီး လင်ဗန်းပေါ်မှာ သပ်သပ်ရပ်ရပ်လေး ခင်းလိုက်ပါ၊ ပန်းကန်ပြားအသေးကို အလယ်လောက်မှာထားပြီး သူ့အပေါ်မှာ လက်သုတ်ပဝါနဲ့ ဓါးကိုတင်ထားလိုက်ပါ၊ ပြီးတော့ ညာဘက်မှာ မနက်စာစားတဲ့ခွက်ရယ် … အောက်ခံ ပန်းကန်ပြားရယ် … လက်ဘက်ရည်ဇွန်းရယ် ထားပါ၊ နောက် ဘယ်ဘက်မှာတော့ ပေါင်မုန့်မီးကင်ထားတာရယ် တစ်ခါတစ်လေ ရိုးလ် သို့မဟုတ် ခရောဆင့်၊ ပေါင်မုန့်တစ်ခုခု ထားပါ။
Robert : How do I know which one to put?
: ဘာကို တင်ပေးရမလဲဆိုတာ ကျွန်တော် ဘယ်လိုသိနိုင်မလဲ
Hampden : It depends on the order. Next you need the preserve dish on a plate with preserve spoon. In the left-hand corner we have the butter dish and butter knife.
: ဒါကတော့ မှာတဲ့အပေါ်မှာ မူတည်ပါတယ်၊ နောက်ပြီးတော့ preserve dish ကို ပန်းကန်ပေါ်မှာ preserve spoon လည်း လိုအပ်တယ်၊ ဘယ်ဘက်ထောင့်မှာတော့ ထောပတ် ပန်းကန် နဲ့ ထောပတ်လှီးတဲ့ ဒါးကို ထားရမယ်။
Robert : Don’t we ever use margarine?
: အမြဲတမ်း မာဂျရင်းထောပတ် သုံးဖို့ မလိုဘူး မဟုတ်လား
Hampden : Good Heavens, no. This is a first-class establishment. Let’s get on. Now in the right-hand corner above the cup we put the sugar bowl.
: ဟုတ်တာပေါ့၊ အမြဲတမ်းမလိုပါဘူး၊ ဒါက တကယ့် ပထမတန်းစားတွေ အတွက်ပဲ၊ ကဲ ဆက်ရအောင်၊ ညာဘက်ထောင့်မှာ ခွက်ရဲ့ အပေါ်နားမှာ သကြားခွက်ကို ထားရမယ်။
Robert : What about the egg-cups?
: ကြက်ဥထည့်တဲ့ ခွက်တွေကရော … ?
Robert : That looks splendid, Mr Hampden. Thank you.
: တကယ့်ကို ကြီးကျယ်ခမ်းနားပုံပဲ၊ မစ္စတာ ဟမ်ပဒင်၊ ကျေးဇူးပါ
စကားပြောပုံစံထဲက သိထားသင့်တဲ့ စကားလုံး တစ်ချို့ကို ထုတ်နှုတ် တင်ပြချင်ပါတယ်။ မနက်စာပြင်ဆင် ရာမှာသုံးတဲ့ ပန်းကန် ခွက်ရောက်တွေက မြန်မာလို ဘာသာပြန်ရတာ အနည်းငယ် အခက်အခဲဖြစ်တဲ့အတွက် ပုံလေးတွေ ဖော်ပြထားပါတယ်။
• TRAY (n) – လင်ဗန်း
- The waiter brings the ice cream and coffee on the tray.
စားပွဲထိုးက ရေခဲမုန့် နဲ့ ကော်ဖီကို လင်ဗန်းနဲ့ သယ်လာတယ်။
• NEAT (adj) – သပ်ရပ်သော၊ သေသပ်သော
- She kept her desk extremely neat.
သူ(မ)က စားပွဲကို အရမ်းကြီးကို သပ်သပ်ရပ်ရပ် ထားပါတယ်။
• TOAST (v/n) – ကင်သည်၊ ပေါင်မုန့်မီးကင်
- I toasted the cheese sandwiches.
ဒိန်ခဲ ဆင်းဒဝှက်ခ်ျကို မီးကင်ခဲ့တယ်။
- I had a piece of toast for breakfast.
မနက်စာကို ပေါင်မုန့်မီးကင် စားခဲ့တယ်။
• SPLENDID (adj) – ကြီးကျယ်ခမ်းနား ကောင်းမွန်သော
- The meal was simply splendid.
အစားသောက်က အရမ်းကောင်းမွန်ပါတယ်။
“ လုပ်ငန်းခွင်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ …… ”
အောင်ကိုဦး(UMK)
Be the Best !
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။