Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 9, 2016

နို့မှုန့်ထုပ်လေးတစ်ထုပ်

နို့မှုန့်ထုပ်လေးတစ်ထုပ်
--------------------------
အဲဒီနှစ်ဆောင်းတွင်းမှာ ဦးလေးမိုးနဲ့အတူ မြို့ပေါ်ကစူပါမားကက်တစ်ခုမှာ ကျွန်တော် လုံခြုံရေးဝန်ထမ်းအလုပ် သွားလျှောက်ခဲ့တယ်။ ဦးလေးမိုးက အဲဒီစူပါမားကက်မှာ လုံခြုံရေးဝန်ထမ်းလုပ်နေတာ ၁ဝနှစ်ကျော်ရှိခဲ့ပါပြီ။ သူဌေးက ကြည့်ရတာ သဘောကောင်းမယ့်ပုံပါပဲ။ ကျွန်တော့်ကို ချက်ချင်းအလုပ်ခန့်လိုက်ပါတယ်။ ကျွန်တော်ကလည်း ဒီအလုပ်ကို တာဝန်ကျေကျေထမ်းရွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

စူပါမားကက်မှာအလုပ်လုပ်တာ တစ်လမပြည့်ခင်မှာပဲ ပစ္စည်းခိုးတဲ့ သူခိုး၃ယောက်ကို ကျွန်တော်ဖမ်းမိခဲ့ပါတယ်။ ပစ္စည်းခိုးတဲ့သူတွေကို ဖမ်းမိတဲ့အခါတိုင်း သူဌေးက ကျွန်တော့်ကိုချီးမြှောက်ပြီး ဆုကြေးငွေပေးတတ်ခဲ့ပါတယ်။

အဲဒီနေ့ကခါတိုင်းလိုပဲ အရပ်ဝတ်အရပ်စားနဲ့ စူပါမားကက်ထဲ ကျွန်တော်လှည့်လည်နေခဲ့ပါတယ်။ ရုတ်တရက် နို့မှုန့်ရောင်းတဲ့စင်ရှေ့အရောက်မှာ နို့မှုန့်ရွေးနေတဲ့အမျိုးသမီးတစ်ဦးက ကျွန်တော့်ကိုသတိထားစေခဲ့ပါတယ်။

တစ်လတာလေ့ကျင့်ခဲ့တဲ့ မျက်စိအလျင်က ဒီအမျိုးသမီးမသင်္ကာဘူးဆိုတာကို ကျွန်တော်ချက်ချင်းသိလိုက်ပါတယ်။ ဒါကြောင့် တစ်နေရာမှာပုန်းအောင်းပြီး သူ့လှုပ်ရှားမှုကို ကျွန်တော်စောင့်ကြည့်ခဲ့ပါတယ်။ အမျိုးသမီးဟာ ခေါင်းကိုငုံ့ထားပါတယ်။ လက်ထဲမှာလည်း နို့မှုန့်တစ်ထုပ်ကို ကိုင်ထားပါတယ်။ တွေဝေတဲ့အကြည့်နဲ့ အရပ်ရှစ်မျက်နှာကို တိတ်တခိုးသူကြည့်ရှုနေခဲ့ပါတယ်။ တအောင့်နေတော့ ဆုံးဖြတ်ချက်တစ်ခုကို သူချလိုက်ပါတယ်။ နို့မှုန့်ကို သူ့အင်္ကျီထဲအမြန်ထိုးထည့်လိုက်ပြီး နေရာကနေခွာသွားပါတယ်။

မိနစ်အနည်းငယ်အကြာမှာ အမျိုးသမီးဟာ ငွေရှင်းဖို့ စတန်းစီပါတော့တယ်။ သူ့လက်ထဲမှာက ဆန်အိတ်သေးလေးတစ်အိတ်ပဲ ကိုင်ထားပါတယ်။ သူ့အလှည့်အရောက်မှာ ကျွန်တော့်ရင်ဟာ ဘာကြောင့်မှန်းမသိ အဆမတန်ခုန်လာခဲ့ပါတယ်။ အဲဒီမြင်ကွင်းမျိုးကို ကျွန်တော်မကြည့်ချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဖြစ်ပျက်သွားခဲ့ပါပြီ… အမျိုးသမီးဟာ သူ့အင်္ကျီထဲထည့်ထားတဲ့ နို့မှုန့်ထုပ်ကိုမထုတ်ခဲ့ပါဘူး။ ဈေးအသက်သာဆုံးဆန်တစ်အိတ်ကိုပဲ သူဝယ်ခဲ့ပါတယ်။

ငွေရှင်းပြေစာနဲ့ ဆန်အိတ်ထုပ်ကိုယူပြီး ဆိုင်အပြင်ဖက်သူထွက်ခါနီးမှာ ဘာလုပ်လို့လုပ်ရမှန်း ကျွန်တော်မသိခဲ့တော့ပါဘူး။ အမျိုးသမီးဆီ ကျွန်တော်တဟုန်ထိုးသွားပြီး …. “ခင်ဗျား…...” လို့ အော်လိုက်ပါတယ်။

အမျိုးသမီးဟာ ကျွန်တော်ကို သူ့လက်ထဲဆုပ်ကိုင်ထားတဲ့ ပြေစာစာရွက်ကမ်းပေးပါတယ်။ သူ့မျက်နှာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ထင်ဟပ်နေပါတယ်။ ကျွန်တော်ဘာမှထပ်မပြောတော့ဘဲ ပြေစာစာရွက်ကို ဝန်ကျေတန်းကျေကြည့်ပြီး သူ့ကိုပြန်ပေးလိုက်ပါတယ်။

အမျိုးသမီးဟာ စူပါးမားကက်တံခါးဝရှေ့ကနေ ချက်ချင်းပျောက်ကွယ်သွားပါတယ်။ မိနစ်အနည်းငယ်ကြာ ကျွန်တော်တွေဝေနေခဲ့ပြီးမှ ဦးလေးမိုးကို ကျွန်တော်အပြင်ခဏထွက်မယ့်အကြောင်း လက်ဟန်ပြလိုက်ပါတယ်။ အဲဒီနောက် အမျိုးသမီးနောက် ကျွန်တော်အပြေးလိုက်သွားခဲ့ပါတယ်။

အမျိုးသမီးဟာ နောက်ကိုလှည့်မကြည့်ဘဲ ခြေလမ်းကို သွက်သွက်လှမ်းနိုင်သလောက် လှမ်းနေပါတယ်။ ခပ်ဝေးဝေးတစ်နေရာကနေ အမျိုးသမီးကို ကျွန်တော်မျက်ခြေမပြတ်လိုက်နေခဲ့ပါတယ်။ စုတ်ပြတ်ဟောင်းအိုနေတဲ့ လမ်းကျဉ်းလေးတစ်ခုထဲ သူဝင်သွားခဲ့ပါတယ်။ လမ်းကျဉ်းအရောက်မှာ သူ့ခြေလှမ်းတွေပိုသွက်လာခဲ့ပါတယ်။ ရုတ်တရက် အသံတစ်ခုခုကို သူကြားလိုက်ပုံရပါတယ်။ သွက်သွက်လှမ်းနေတဲ့ သူ့ခြေလမ်းတွေဟာ အဲဒီအသံကြောင့် အပြေးတစ်ပိုင်းဖြစ်သွားပြီး တဲငယ်လေးတစ်ခုထဲ သူဝင်ရောက်သွားခဲ့ပါတယ်။

တဲအိမ်ငယ်ဆီ ကျွန်တော်ချည်းကပ်လာခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ငိုသံက တဲအိမ်အပြင်ဖက် လျှံထွက်လာခဲ့ပါတယ်။ ကလေးငိုသံရဲ့နောက်ဆက်တွဲမှာ အမျိုးသမီးရဲ့အသံကပ်ပါလာခဲ့ပါတယ်။

“မေမေပြန်လာပြီ သားရေ… မငိုနဲ့တော့နော်… သားလိမ်မာပါတယ်.. လာလာ… မေမေနို့မှုန့်ဝယ်ခဲ့တယ်”

အမျိုးသမီးဟာ ကလေးကိုချော့ရင်း စကားသံတွေတိမ်ဝင်သွားခဲ့ပါတယ်။
တဲရှေ့တံခါးဝနား ကျွန်တော်သွားပြီး အထဲကိုငုံ့ကြည့်လိုက်ပါတယ်။ အမျိုးသမီးဟာ ကုတင်ပေါ်ထိုင်ပြီး ကလေးငယ်ကိုပွေ့ချီချော့နေခဲ့ပါတယ်။ သူတို့ဘေးမှာက ဝယ်လာခဲ့တဲ့ဆန်အိတ်နဲ့ ခိုးလာခဲ့တဲ့နို့မှုန့်ကို ချထားပါတယ်။ မျက်စိရှေ့မြင်ရတဲ့မြင်ကွင်းကြောင့် နေရာကနေ ကျွန်တော်ချက်ချင်းလှည့်ထွက်လာခဲ့ပါတယ်။ အမျိုးသမီးဟာ ကျွန်တော်တွေးထင်ထားတာထက်တောင် ပိုသနားဖို့ကောင်းနေပါတယ်။ ဒါပေမယ့်လည်း တာဝန်ဟာတာဝန်ပဲမို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ အနေရကျပ်ခဲ့ပါတယ်။ နောက်တစ်ခါ သူလာမခိုးဖို့ကိုပဲ ကျွန်တော်မျှော်လင့်ခဲ့ပါတယ်။

တစ်ပတ်အကြာမှာ အမျိုးသမီးကို စူပါမားကက်မှာ ကျွန်တော်တွေ့လိုက်ပြန်ပါတယ်။ အရင်တစ်ခေါက်ခိုးသွားတဲ့ နို့မှုန့်ကုန်လောက်ရောပေါ့လို့ ကျွန်တော်တွေးလိုက်မိပါတယ်။

စူပါမားကက်ထဲ သူတစ်ပတ်ပတ်ပြီးနောက် နို့မှုန့်စင်ရှေ့ သူရောက်လာခဲ့ပါတယ်။ စင်ရှေ့မှာရပ်ပြီး နို့မှုန့်ထုပ်လေးတစ်ထုပ်ကို သူယူလိုက်ပါတယ်။ အဲဒီနို့မှုန့်က ဈေးအသက်သာဆုံးအမျိုးအစားဖြစ်ပါတယ်။ သူဟာ ရွေးချယ်ပြီးတော့ခိုးတယ်ဆိုတာ ကြည့်ရုံနဲ့သိပါတယ်။ စင်နံရံပေါ်ရေးကပ်ထားတဲ့ “ပစ္စည်းခိုးလျှင် ခိုးသည့်ပစ္စည်း၏တန်ဖိုးငွေ ဆယ်ဆပေးလျော်ရမည်”ဆိုတဲ့ သတိပေးစာကို သူလည်းသတိထားမိပုံရပါတယ်။

ဆိုင်ရှေ့အပေါက်ဝမှာ ကျွန်တော်သွားရပ်နေလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အမျိုးသမီးဟာ ဘာမှမဝယ်ဘဲ ဆိုင်ပေါက်ဝကိုပဲ တန်းသွားပါတယ်။ ကျွန်တော် ဘာလုပ်ရမယ်မှန်း ဆုံးဖြတ်ချက်မချနိုင်ဖြစ်ခဲ့ပြီး အမျိုးသမီးထွက်သွားရာနောက်ကိုပဲ တွေဝေငေးမောကြည့်နေခဲ့မိပါတယ်။ ကိုယ့်ရဲ့တာဝန်မကျေပွန်မှုအတွက် ရင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုကျွန်တော်နှစ်သိမ့်နေခဲ့မိပါတယ်။

“ကလေးနို့သောက်ရမယ်… ကလေး နို့ဆာလို့မဖြစ်ဘူး.. သူ့မှာ ပိုက်ဆံမရှိလို့ သူခိုးတာ.. ငါ ဘာလုပ်နိုင်မလဲ။ တာဝန်အရလုပ်ရင် ကလေးနို့ငတ်သွားမှာ…”

စူပါမားကက်ကို သုံးကြိမ်မြောက် သူရောက်လာတဲ့အချိန် သူ့ကို ကျွန်တော်စောင့်ကြည့်မနေခဲ့တော့ပါဘူး။ ဒါပေမယ့် တအောင့်အကြာမှာ ဦးလေးမိုးက ကျွန်တော့်နားတိတ်တဆိတ်ကပ်လာပြီး လေသံတိုးတိုးနဲ့ “အဲဒီအမျိုးသမီးကို စောင့်ကြည့်ထား.. သူ့အင်္ကျီထဲမှာ နို့မှုန့်တစ်ထုပ်ရှိတယ်”လို့ ဆိုလာပါတယ်။

အဲဒီတခဏ ကျွန်တော်ခေါင်းနပန်းကြီးသွားပါတယ်။ ဦးလေးမိုးကဆက်ပြီး “သေချာစိုက်ကြည့်နေ… သူငွေရှင်းကောင်တာဖြတ်ပြီးတာနဲ့ သူ့ကိုတားပြီး အထဲခေါ်စစ်လိုက်” လို့ဆိုတယ်။

ကျွန်တော်စဉ်းစားလိုက်ပြီး ဦးလေးမိုးကို ထောင့်တစ်နေရာဆီ လက်ဆွဲခေါ်သွားပြီး အသံနိမ့်နဲ့ပြောလိုက်တယ်။

“ဒီအမျိုးသမီးကို ကျွန်တော်တွေ့ဖူးတယ်။ အရင်တုန်းကလည်း သူ ခိုးဖူး……..”

“မင်းရူးနေလား… မင်းက လုံခြုံရေးဝန်ထမ်းလေ.. ဘာဖြစ်လို့ သူ့ကို လွှတ်လိုက်ရတာလဲ” ဦးလေးမိုးက အသံကိုနိမ့်နိုင်သမျှ နိမ့်ပြီးပြောတယ်။

“သူ အရမ်းသနားဖို့ကောင်းတယ်.. ကျွန်တော် မလုပ်ရက်ဘူး…”

“လူများကို မင်းသနားတယ်။ မင်းကိုရော ဘယ်သူလာသနားမှာလဲ…။ မင်းသာ ဒီမှာအလုပ်မရရင် မင်းမိဘကို ဘယ်သူလာကျွေးမှာလဲ…”

ကျွန်တော့်စိတ်ထဲမှာ ရှုပ်ထွေးနေပါတယ်။ ပါးစပ်ကလည်း ဘာစကားလုံးမှ ထွက်ကျမလာခဲ့တော့ပါဘူး။

“တော်သေးတယ်.. ဒီကိစ္စကို ငါပဲသိသေးလို့… သူဌေးတာသိသွားရင် ငါလည်း အလုပ်ပြုတ်မလားပဲ” ဦးလေးမိုးက သက်ပြင်းချလိုက်ပြန်တယ်။

“အဲဒီအမျိုးသမီးကို ဂရုမစိုက်ဘဲ ထားလိုက်ပါလား… နို့မှုန့်ကလည်း ဈေးကြီးတဲ့နို့မှုန့်မဟုတ်ပါဘူး” အမျိုးသမီးအစား ကျွန်တော်ခယလိုက်ပါတယ်။

“အဲဒီလိုတော့ မရဘူး… ဘယ်လောက်ပဲဆင်းရဲဆင်းရဲ ခိုးလို့တော့မရဘူးကွ။ ငါတို့က လုံခြုံရေးဝန်ထမ်းလေ ကိုယ့်တာဝန်ကိုယ်ကျေပွန်ရမယ်။ ဒီတာဝန်အတွက် သူဌေးက ငါတို့ကို လခပေးထားတယ်” ဦးလေးမိုးက ကျွန်တော့်ပခုံးကိုပုတ်ပြီး ပြောတယ်။

၁ဝမိနစ်အကြာမှာ ငွေရှင်းဖို့ အမျိုးသမီးတန်းစီပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ နို့မှုန့်ကို သူ့လက်ထဲကိုင်ထားပါတယ်။ အဲဒီတခဏ ကျွန်တော့်စိတ် သက်သာရာရသွားသလိုပါပဲ။ ဦးလေးမိုးက ကျွန်တော့်ကိုပြုံးပြပြီး

“သူ့ကို ငါသွားပြောလိုက်တယ်.. ငွေရှင်းပါလို့…”

အမျိုးသမီးဟာ နို့မှုန့်ဖိုးအတွက် ကိုယ်ပေါ်က ရှိရှိသမျှအိတ်ကပ်တွေကိုလှန်ရှာခဲ့ပါတယ်။ ထွက်သွားတဲ့အမျိုးသမီးကို လှမ်းကြည့်ရင်း ဦးလေးမိုး သက်ပြင်းတစ်ချက်ချလိုက်ပြန်တယ်။

“ဟင်း…. ဒီအမျိုးသမီး သိပ်သနားဖို့ကောင်းတာပဲ… ဆန်ဝယ်ဖို့ယူလာတဲ့ပိုက်ဆံတွေ အခု မလောက်တော့လို့ နို့မှုန့်ပဲဝယ်ပြီး ပြန်သွားခဲ့ပြီ”

“ဦးလေးမိုး သူ့ကိုအသိပေးလိုက်သလိုဖြစ်သွားပါပြီ။ နောက်တစ်ခါ သူလာမခိုးရဲတော့ပါဘူး။ နို့မှုန့်ဝယ်ဖို့ ပိုက်ဆံမရှိတော့ ကလေးဘယ်လိုလုပ်မလဲ… ”

“မသိဘူး…” ဦးလေးမိုး တစ်ချက်တွေဝေသွားရာကနေ ခေါင်းခါပြီး ပြန်ဖြေပါတယ်။

တစ်ပတ်ကြာသွားတဲ့အထိ အဲဒီအမျိုးသမီးကို ကျွန်တော်မတွေ့ခဲ့တော့ပါဘူး။ ကျွန်တော် စိတ်မချမ်းသာခဲ့လို့ နောက်ဆုံးမှာ အလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ရုတ်တရက်အလုပ်ထွက်မယ်ဆိုတော့ သူဌေးအရမ်းအံ့သြသွားပါတယ်။ ကျွန်တော့်တာဝန်မကျေပွန်လို့ အလုပ်ထွက်မယ့်အကြောင်း သူဌေးကို အကြောင်းစုံရှင်းပြလိုက်ပါတယ်။ ပြီးတော့ အဲဒီအမျိုးသမီးရဲ့အိမ်အခြေအနေကိုပါ ပြောပြလိုက်ပါတယ်။ ဒီလို သူခိုးမျိုးကိုဖမ်းရမယ်ဆိုရင် ကျွန်တော်မလုပ်နိုင်တဲ့အကြောင်း၊ ဒါကြောင့် ကျွန်တော်အလုပ်ထွက်မယ့်အကြောင်း သူဌေးကို ကျွန်တော်ပြောပြလိုက်ပါတယ်။ အမျိုးသမီးခိုးခဲ့တဲ့နို့မှုန့်နှစ်ထုပ်ကို ကျွန်တော်လခထဲကဖြတ်ဖို့ ပြီးတော့ သူဌေးပေးတဲ့အပြစ်ကို ကျွန်တော်ခံယူမယ့်အကြောင်းလည်း ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တော်ပြောတဲ့ အကြောင်းအရာအားလုံးကို သူဌေးက သေသေချာချာ ဂရုတစိုက်နားထောင်ခဲ့ပါတယ်။ မျက်နှာပေါ်မှာလည်း အပြုံးတွေထင်ဟပ်ခဲ့ပါတယ်။ အပြစ်ပေးတဲ့အကြောင်းကို သူဌေးကမပြောဘဲ ကျွန်တော့်ကို “မင်း အလုပ်လုပ်စရာရှိတာသွားလုပ်.. နောက်တစ်ခါ အဲဒီအမျိုးသမီးကိုတွေ့ရင် ငါ့ဆီခေါ်လာခဲ့ သိလား” လို့ ပြောပါတယ်။

ရက်အနည်းငယ်အကြာမှာ စိုးထိတ်ကြောက်လန့်နေတဲ့အမျိုးသမီးကို သူဌေးရဲ့ရုံးခန်းဆီ ကျွန်တော်ခေါ်သွားခဲ့ပါတယ်။ သူ့ကို ကျွန်တော်ခေါ်သွားချိန်မှာ သူ့အင်္ကျီအောက်မှာ နို့မှုန့်ကိုဖွက်မထားခဲ့ပါဘူး။

နောက်တစ်နေ့မှာ ကျွန်တော်တို့စူပါမားကက်မှာ သန့်ရှင်းရေးဝန်ထမ်းအသစ်တစ်ဦး တိုးလာခဲ့ပါတယ်။ သူဟာ တခြားဝန်ထမ်းတွေမရတဲ့ အခွင့်ထူးတစ်ရပ်ရခဲ့ပါတယ်။ အဲဒါကတော့ ကလေးကိုကျောပိုးပြီး သူအလုပ်လုပ်ခွင့်ရှိတာပါပဲ။

အဖြစ်အပျက်တွေကို တွေးတောကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ခု ရုတ်တရက် ရုန်းထလာခဲ့ပါတော့တယ်။

----------

မူရင်းရေးသားသူ-- Zhang Xiao Xin

နိုင်းနိုင်းစနေ ( Feb. 9 . 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။