Back to School
နိုင်ငံ အတော်များများမှာ သူတို့ရဲ့နိုင်ငံသားတွေကိုနိုင်ငံရေး အကြောင်း အခြေခံသိရှိနားလည်ဖို့အတွက်
နဲ့ နိုင်ငံ့သားကောင်း ဖြစ်လာဖို့ မူလတန်း အလယ်တန်း အထက်တန်း
ကျောင်းသင်ခန်းစာတွေမှာ ပြည်သူ့ နီတိ ဖြစ်တဲ့တွေကို သင် ကြားပေးကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Civic Education အင်္ဂလန်မှာ Citizenship Education
စင်ကာပူမှာ Civics and Moral Education ဆိုပြီး အခေါ်အဝေါ် တွေ ကွဲပြားပေမဲ့
ရည်ရွယ်ချက်တွေကတော့ သိပ်မကွာပါဘူး။
ကျောင်းသားတွေဟာ Civic Education တွေမှတဆင့် လူ့အဖွဲ့အစည်းမှာ ဘယ်လို
နေထိုင်ပြီး ဘယ်လိုတာဝန်ယူ အကျိုးသယ်ပိုးမယ် ဆိုတာတွေအပြင်
အခြေခံနိုင်ငံရေး နဲ့ပါတ်သက်လို့ သိသင့်သိထိုက်တာတွေ ကို သိရှိနားလည်
စေတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေအတွက် အကျိုးရှိလှပါတယ်။
ပညာရေးမှတဆင့် ကျနော်တို့တွေ မရရှိခဲ့တဲ့, ကျနော်တို့မသင် ကြားခဲ့ရတဲ့ ဒီမိုကရေစီ အကြောင်း, ပြည်သူတွေနိုင်ငံရေးမှာ ပါဝင်နိုင် ဖို့ နိုင်ငံရေးဆိုင်ရာ တတ်မြောက် နားလည် မှူ ( Political Literacy) တွေ၊ ပြည်သူ့ နီတိတွေ အပါအဝင် အခြား သိသင့်သိထိုက်တဲ့ နိုင်ငံရေး အကြောင်းတွေ သိရှိဖို့လိုပါလိမ့်မယ်။ ဒါပေမဲ့ကျနော်တို့ အားလုံး ကျောင်းပြန် သွာဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကွက်လပ်ကို တစိတ်တပိုင်း ပါဝင် ဖြည့်ဆည်းဖို့ ၂၀၁၁+ မှ စိတ်ကူး ရလာတဲ့ အတွက် "Back to School " ခေါင်းစဉ်နဲ့ ဗဟုသုတဖြစ်ဖွယ်ရာ ဆောင်းပါးများကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ၂၀၁၁+ ဝိုင်းတော်သားတွေဟာ နိုင်ငံရေးပညာရှင် တွေ မဟုတ်ပါဘူး။ နိုင်ငံရေး နဲ့ သိပ်အလှမ်းမဝေးတဲ့ "၁၉၈၈" မျိုးဆက်တွေသာ ဖြစ်ပါတယ်။
"Back to School" မှာ ကျနော်တို့ မသိသေးတာတွေ ကို ကျနော်တို့နဲ့ စာဖတ်ပရိသတ်တွေ အတူတူ လေ့လာသွား တဲ့သဘောမျိုး ဖြစ်ပါမယ်။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်များကို ပြောရရင် -
(၁) လာမည့် မြန်မာ့ နိုင်ငံရေးကို နိုင်ငံတော်တည်ဆောက်ရေး ( State Building) အသွင်အဖြစ် ယုံကြည် ခြင်း
(၂) ဒီမိုကရက်တစ်ယဉ်ကျေးမူ အသွင်အပြင်သို့ ပြောင်းလဲနေသည့် မြန်မာ့နိုင်ငံရေး တွင် ဒီမိုကရေစီ ကို ရေရှည် ရှင်သန် ဖို့၊ နိုင်ငံသားများ နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်သည့် (Participatory Democracy ) ကို ရှေ့ရှု ခြင်း
(၃) နိုင်ငံရေး တွင်တက် ကြွစွာပါဝင်လှုပ်ရှား မည့်နိုင်ငံသားများ ဒီမိုကရေစီနိုင်ငံရေး ကို ပိုမိုသိရှိနားလည်နိုင်ပြီး အစိုးရ နှင့် ပြည်သူ အပြန်အလှန် အကျိုးပြုနိုင်ရန် ရည်ရွယ်ခြင်း
(၄) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်အောင်အောင် မြင်မြင် ရေရှည်တည်တံ့ရေး အတွက်နိုင်ငံရေး မျိုးဆက်သစ်များ ထွက်ပေါ်လာနိုင်စေရန် ရည်ရွယ်ခြင်းများ ဖြစ်ပါတယ်။
Back to School (၁) နိုင်ငံရေး
+++++++++++++++++++++
နိုင်ငံရေး ဆိုတာ လူသားတွေကို အရင်းတည် ဖြစ်ပေါ်လာတဲ့ အတွက် ရှေးပဝေသဏီ ကတည်းက ရှိခဲ့မှာပါ။ လူသားတွေဟာ သဘာဝအားဖြင့် ပေါင်းသင်းဆက်ဆံတတ်တဲ့ သတ္တဝါတွေ ( Social Animals) ဖြစ်တဲ့ အတွက် အပေါင်းအဖော်တွေနဲ့ နေထိုင်ခဲ့ ကြပါတယ်။ မိသားစုဝင် တွေပါတဲ့ အစုအဖွဲ့ (Band) ကနေစပြီး မျိုးနွယ်တူစုထားတဲ့ လူ့အဖွဲ့ အစည်းတွေ ( Tribal Societies ) တွေ ဖြစ်လာကြပါတယ်။ အဲဒီအချိန်အထိတော့ လုပ်ပိုင်ခွင့် အာဏာ ကို တစုံတယောက်ထံကိုပဲပေး အပ်ထားတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒါပေမဲ့လည်း လူသားတွေဟာ သဘာဝအရ စံတွေ၊ လူ့အဖွဲ့အစည်းအတွင်း လိုက်နာရမဲ့ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို ဖန်တီး အကောင်အထည်ဖော်ပြီး အဲဒီ စံ တွေအတိုင်း လိုက်နာတတ်တဲ့ သူတွေဖြစ်လို့ လူမှူဆက်ဆံရေးတွေ မှာ ယေဘူယျ လိုအပ်တာတွေ သဘောတူ လိုက်နာကြဟန်ရှိပါတယ်။
တိုင်းပြည်နိုင်ငံ ( The State) လို့ပေါ်ထွက်လာတဲ့ အချိန်မှတော့ ပိုင်ဆိုင်တဲ့ နယ်နမိတ်တွေ ရှိလာတာနှင့်အညီ လုပ်ပိုင်ခွင့် အာဏာ ပိုင်ဆိုင်လာကြပြီး အာဏာ ကိုအတင်းအကြပ်အသုံး ပြုရတာတွေ ရှိလာပါတယ်။ နိုင်ငံရေး လို့ စတင်ခေါ်ဝေါ်သုံစွဲခဲ့တာကတော့
ဘီစီ လေးရာစု ခန့်မှာ ဖြစ်ပါတယ်။ ယနေ့ ဒီမိုကရေစီရဲ့ မြစ်ဖျားလို့
ပြောနိုင်တဲ့ ဂရိ မှပါ။ အဲဒီခေတ်က ဂရိမှာ မြို့ပြနိုင်ငံတွေ ( City-State)
တွေပေါ်ထွန်းခဲ့ပါတယ်။ ဂရိလို (Polis) လို့ခေါ်ပြီး အဲဒီမြို့ပြနိုင်ငံတွေမှာ
အစိုးရပုံစံ နဲ့ အုပ်ချုပ်ပုံ ပုံစံ အမျိုးမျိုး ကျင့်သုံး ကြပါတယ်။
အဲဒီအထဲမှာ အေသင်မြို့ပြနိုင်ငံကတော့ အကြီးမား ဆုံးနဲ့ သြဇာ အရှိဆုံး ပါ။
ရှေးအကျဆုံး နိုင်ငံရေးတွေးခေါ်ပညာရှင် များအနက်မှ တစ်ယောက်ဖြစ်တဲ့
အရစ်(စ်) တိုတယ်(လ်) ဟာ သူ့ရဲ့တပည့် တွေကို ဦးဆောင်ပြီး
ဂရိမှာရှိတဲ့မြို့ပြနိုင်ငံ ပေါင်း
(၁၅၈) နိုင်ငံရဲ့ နိုင်ငံရေး အုပ်ချုပ်ပုံ စနစ်တွေကို လေ့လာပြုစုခဲ့ပါတယ်။
သူပြုစုခဲ့တဲ့ စာအုပ်ကို မြို့ပြနိုင်ငံတွေရဲ့ အရေးကိစ္စ ( Affair of the
City) လို့ ပုံစံပြု ဖော်ပြခဲ့ပြီး ဂရိလို (Politika) အမည်ခေါ်တွင်ခဲ့ပါတယ်။
အဲဒီကမှတဆင့် ဂရိဘာ သာစကားကနေ လက်တင်ဘာသာ စသဖြင့် တဖြည်းဖြည်း
ဆင်းသက်လာပြီးကျနော်တို့တတွေ အခုခေါ်ဝေါ် အသုံးပြုနေကြတဲ့ အင်္ဂလိပ်လို " Politics " ကတော့ အေဒီ ၁၅၂၀ လောက်မှာ စတင်ခေါ်ဝေါ်ခဲ့ ကြပါတယ်။
နိုင်ငံရေး ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ် ကို နိုင်ငံရေး ပညာရှင်တွေ၊ နိုင်ငံရေးအကြောင်း ရေးသားတဲ့ စာရေးဆရာတွေ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပေမဲ့ လည်း အများ သဘောတူမဲ့ အဓိပ္ပါယ်ကို ဒီကနေ့ထိ မဖော်နိုင်သေးပါဘူး။ Politics ကို စတင်ခဲ့တဲ့ အရစ်(စ်) တိုတယ်(လ်) ကတော့ " လူသားတွေဟာ သဘာဝအားဖြင့်နိုင်ငံရေး သတ္တဝါတွေ ဖြစ်တယ်" လို့ ဆိုခဲ့ပါတယ်။ အရစ်(စ်) တိုတယ်(လ်) ဆိုလိုချင်တာကတော့ လူ့ဘဝတွင် အ သက်ရှင်နေထိုင်ရာမှာ ကောင်မွန်တဲ့ လူ့ဘဝ ( Good Life) ကို ရ ရှိဖို့ အတွက် လူတွေဟာ နိုင်ငံရေး အသိုက်အဝန်း မှာ နေထိုင်ရုံက လွဲပြီး တခြားမဖြစ်နိုင်ဘူးလို့ ဆို လို ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ကြီး " ဦးအောင်ဆန်း" ကတော့ "နိုင်ငံရေး" ဆိုတာ လူ့ကိစ္စ လို့ပြောပါတယ်။ နိုင်ငံရေး ဆိုတာ ကျနော်တို့ရဲ့ နေထိုင် စားသောက်ရေးတွေ ဖြစ်ပြီး နိုင်ငံရေး သည် အစဉ်သဖြင့် တိုးတက် ဖြစ်ပေါ်နေသော ဖြစ်ရပ်များနဲ့ ကိုက်ညီရမယ် လို့ ဦးအောင်ဆန်း က ဆိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ကို ဖိ နှိပ် ချုပ်ချယ်ပြီး ကျနော်တို့ရဲ့ လူနေ မှူ ဘဝတွေ ကို မမြှင့်တင်ပေးနိုင်တဲ့ အာဏာရှင်တွေ၊ တိုင်း ပြည်အစဉ်သဖြင့် တိုးတက် ဖြစ်ပေါ်နေရမယ် ဆိုတာတွေကို လျစ်လျူရှူ ခဲ့တဲ့ အာဏာရှင် အဆက်ဆက်ကို တော်လှန်ခဲ့တာတွေ၊ တရားသော ရွေးကောက်ပွဲ အရ ဖြုတ်ချနိုင်ခဲ့ တာတွေဟာ နိုင်ငံသားတွေရဲ့ အင်မတန် လူသားဆန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပါတယ်။
နိုင်ငံရေး ကို ကျယ်ပြန့်တဲ့ သဘောနဲ့ စဉ်းစားရင် "နိုင်ငံရေး ဆိုတာ လူအများ ကောင်းမွန်စွာ သက်ရှင် နေထိုင်ရေးအတွက် လိုအပ်တဲ့ အထွေထွေစည်းမျဉ်းတွေ, လိုက်နာရမဲ့ ဥပဒေ စတာတွေကို ၎င်းတို့ကိုယ်တိုင် ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်း ခြင်း စတာတွေကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွား ရမဲ့ ကိစ္စတွေ လို့ ပြောလို့ရပါတယ်"။
နိုင်ငံလို့ဖြစ်လာ ပြီးရင်နိုင်ငံတွင်း မှီတင်းနေထိုင်တဲ့နိုင်ငံသားတွေအ
ပြင် ပိုင်ဆိုင်တဲ့ နယ်နမိတ်တွေ ရှိလာသလို ပိုင်ဆိုင်တဲ့ သဘာဝ
အရင်းအမြစ်တွေ လည်း ရှိလာပါတယ်။ အုပ်ချုပ်မယ့် အစိုးရ ဥပဒေပြုမယ့်
လွှတ်တော်တွေ၊ တရားစီရင်ရေးတွေ စသဖြင့်နိုင်ငံရေး ဆိုင်ရာ အဖွဲ့ အစည်းတွေ
ရှိလာပါတယ်။ အဲဒီလိုပဲနိုင်ငံရေးပါတီတွေ
ပေါ်ပေါက်လာ ကြပြီး ဥပဒေ ပြုဖို့ လုပ်ပိုင်ခွင့် အာဏာ ရရှိဖို့ အတွက်
ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ လူသားတွေဟာ တစ်ဦး ချင်း ဖြစ်စေ,
အဖွဲ့လိုက်ဖြစ်စေ ယှဉ်ပြိုင်ရတာပါ။ အနိုင်ရဖို့ အတွက်ပြိုင်ဆိုင်မှုတွေ
စကားလုံး နဲ့ ထိုး နှက်တိုက်ခိုက် တာတွေကလည်း ပြင်းထန် လှပါတယ်။ ဒီနေရာမှာ
တရုတ်ပြည်ရဲ့ အထင်ကရ ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ ပြောင်မြောက်တဲ့
တင်စားမှု ကတော့ "နိုင်ငံရေး ဆိုတာ သွေးထွက်သံယို မရှိတဲ့ စစ်ပွဲ" ဆိုတာပဲ
ဖြစ်ပါတယ်။ မှန်ပါတယ်။ လူသားတွေဟာ သဘာဝအရ အယူအဆတွေ ကွဲပြား ကြပါတယ်။
ဘယ်လိုသက်ရှင်နေထိုင် ကြမယ်။ ဘာတွေ အဓိက လိုအပ်တယ်ကစလို့ နိုင်ငံရေးမှာ
ဘယ်သူတွေ အနိုင်ရသင့်တယ်၊ အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာ နဲ့ အရင်းအမြစ်တွေ
ကို ဘယ်လို ခွဲဝေ သင့်တယ် အစရှိသဖြင့် အမြင်မတူ သလို သဘောထား ကွဲလွဲ
ကြပါတယ်။ ဒါကပဲနိုင်ငံရေး ရဲ့ အနှစ်သာရ ဖြစ်ပြီး ဒီသဘောကွဲ လွဲမှုတွေ ကို
ဘယ်လိုဖြေရှင်း ကြမယ်၊ ဘယ်လို စုပေါင်း ဆုံး ဖြတ်ချက်တွေ ရယူ ရမယ်
ဆိုတာနိုင်ငံရေးပါပဲ။
နိုင်ငံရေးမှာ အယူအဆ သဘောထား ငြင်းခုံတာတွေ၊ ပဋိပက္ခ တွေဟာ အမြဲရှေ့တန်းမှာ ရှိနေပါတယ်။ ဒါ တွေကိုပဲ အပေးအယူ တွေ ညှိုနှိုင်းမှုတွေ အကြိမ် ကြိမ် ပြုလုပ်ပြီး သဘောတူညီမူရအောင် လုပ်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် "နိုင်ငံရေး ဆိုတာ ပဋိပက္ခနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ ဆက်နွယ်ဖြစ်စဉ်တွေ " လို့ ပြော ကြပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ ရှေ့ခရီး
ကျနော်တို့ နိုင်ငံမှာတော့ "နိုင်ငံရေး" ဆိုတဲ့ စကားကို ကြားတာနဲ့ နောက်ဆက်တွဲမှာ အသက်ပေါင်းများစွာ စတေးခဲ့ရတာတွေ, မတရား သဖြင့် ဖိ နှိပ်ညှင်းတာတွေ,ဘဝပေါင်းများစွာ
ဆင်းရဲဒုက္ခရောက် တာတွေနဲ့တွဲပြီး မြင်နိုင်ပါတယ်။ ကျနော်တို့
သက်တမ်းတလျှောက် နိုင်ငံရေးကတော့ အာဏာရှင် အမျိုးမျိုး ကြီးစိုးခဲ့တဲ့
အတွက် အာဏာရှင်ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ တိုက်ပွဲဝင်နိုင်ငံရေး တွေပါ။
ဒီကနေ့ မြန်မာ့နိုင်ငံရေး ကတော့ ဒီမိုကရေစီနိုင်ငံကို ပြန်လည်အသက်သွင်းမယ့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက် ကြရမယ့် နိုင်ငံရေး ဖြစ်လာပါပြီ။ ဒီအချိန်မှာ ပြည်သူတွေရဲ့ အခန်းကဏ္ဏ ကအရေးပါလှ ပါတယ်။ ပြည်သူတွေနိုင်ငံရေးမှာ တက်တက် ကြွကြွ ပါဝင်ဖို့လိုပါတယ်။ ပြည်သူတွေမပါရင် ဒီမိုကရေစီကို အောင်မြင်စွာ တည်ဆောက်နိုင်မှာ မဟုတ်လို့ပါ။ ငါတို့ ကိုယ်စား ကိုယ်စားလှယ်ရွေးပြီးပြီ၊ သူတို့ဆက်လုပ်လိမ့်မယ်၊ ငါတို့တာဝန်ကျေပြီလို့ မမှတ်ယူသင့်ပါဘူး။ နိုင်ငံတော် တည်ဆောက်ရေးမှာ တိုင်းပြည်ရဲ့ ထက်မြက်တဲ့ ဦးနှောက် ပိုင်ရှင်အမျိုးမျိုးဟာ မိမိတတ် ကျွမ်းတဲ့ ပညာကိုအသုံးပြုပြီးနိုင်ငံရဲ့
စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် သာမက၊ ပညာရေး
ပြုပြင်ပြောင်းလဲမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တရားစီရင်ရေး၊
အုပ်ချုပ်ရေး စတာတွေမှာ လိုအပ်ရင်လိုအပ်သလို ဝင်ရောက်ဆွေးနွေးသင့်ပြီး
အသုံးတဲ့ မှန်ကန်နေဖို့ အကြံ ဉာဏ်တွေပေးသင့်ပါတယ်။
ဒီကနေ့ ကမ္ဘာကြီးမှာ နိုင်ငံနိုင်ငံတည်း သီခြားရပ်တည်နေဖို့ ဆိုတာ အင်မတန် ခက်ခဲသွားပါပြီ။ Globalization ကြောင့် နိုင်ငံတွေရဲ့ ကူးလူးဆက်ဆံတာတွေ များလာသလို နိုင်ငံတကာ ဆက်ဆံရေးဟာ အရေးပါ လာပါတယ်။ ကျန်းမာရေးယိုယွင်းလာတဲ့ ကမ္ဘာကြီး ကိုကုစားဖို့ နိုင်ငံတကာ သဘောတူ ပူးပေါင်း ဆောင်ရွက်တာတွေ၊ ကူးစက်တတ်တဲ့ ကပ်ရောဂါတွေကို ပူးပေါင်း နှိမ်နင်းမှုတွေ၊ နိုင်ငံတကာ အကြမ်းဖက်တွေကို ဟန့်တား နှိမ်နင်း တာတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ စသဖြင့် ရှိလာပါတယ်။ ဒါ့ ကြောင့် သူများနိုင်ငံ ခေါင်းဆောင်တွေ၊ အစိုးရတွေ သူတို့တိုင်းသူပြည်သား တွေအတွက် ဘာတွေဆောင်ရွက်နေလဲ၊ ဘယ်လို ဥပဒေတွေ ပြဋ္ဌါန်း နေလဲ စသဖြင့် နိုင်ငံတကာရဲ့ ထူးခြားမှုတွေ နည်းပညာအံ့မခန်း တိုးတက်မှုတွေကို မျက်ခြေမပြတ် ရှိနေသင့်ပါတယ်။
အချုပ်ပြောရရင် လူသားတွေဟာ ဘက်ပေါင်းစုံမှာ ချန်ပီယံ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ဖက်ဖက်မှာထူး ချွန်နေတဲ့နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံအတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ ဝန်မလေးသင့်ပါဘူး။ ကိုယ်သိတဲ့ အကြောင်းအရာတွေကို အများသိအောင် မျှဝေ ပေးသင့်ပါတယ်။
အရေးအကြီးဆုံးကတော့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတွေဟာ နိုင်ငံရေးကို နားလည်သဘောပေါက်ဖို့ လိုအပ်ခြင်းပါ။ နိုင်ငံတော် အစိုးရ လွှတ်တော်အမျိုးမျိုး၊ အုပ်ချုပ်ရေး ယန္တယား တွေ တိုင်း ပြည်မှာ ဘယ်ပုံဘယ်နည်း စခန်းသွားနေ ကြတာအပါအဝင် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြောင်းအချက်တွေ ကို ယေဘူယျ နားလည် သင့်ပါတယ်။
ဒါမှသာ အစိုးရက ဘာတွေ တာဝန်ယူမှာလဲ၊ ငါတို့နိုင်ငံသားတွေက ဘာတွေ တာဝန်ကျေရမှာလဲ ဆိုတာ ကွဲကွဲ ပြားပြား သိနိုင် ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။
#BACK2SCHOOL_2011+
Thet Winn Tint
Graphic>> FreeVector.com
နိုင်ငံ အတော်များများမှာ သူတို့ရဲ့နိုင်ငံသားတွေကိုန
ပညာရေးမှတဆင့် ကျနော်တို့တွေ မရရှိခဲ့တဲ့, ကျနော်တို့မသင် ကြားခဲ့ရတဲ့ ဒီမိုကရေစီ အကြောင်း, ပြည်သူတွေနိုင်ငံရေးမှာ ပါဝင်နိုင် ဖို့ နိုင်ငံရေးဆိုင်ရာ တတ်မြောက် နားလည် မှူ ( Political Literacy) တွေ၊ ပြည်သူ့ နီတိတွေ အပါအဝင် အခြား သိသင့်သိထိုက်တဲ့ နိုင်ငံရေး အကြောင်းတွေ သိရှိဖို့လိုပါလိမ့်မယ်။ ဒါပေမဲ့ကျနော်တို့ အားလုံး ကျောင်းပြန် သွာဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကွက်လပ်ကို တစိတ်တပိုင်း ပါဝင် ဖြည့်ဆည်းဖို့ ၂၀၁၁+ မှ စိတ်ကူး ရလာတဲ့ အတွက် "Back to School " ခေါင်းစဉ်နဲ့ ဗဟုသုတဖြစ်ဖွယ်ရာ ဆောင်းပါးများကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ၂၀၁၁+ ဝိုင်းတော်သားတွေဟာ နိုင်ငံရေးပညာရှင် တွေ မဟုတ်ပါဘူး။ နိုင်ငံရေး နဲ့ သိပ်အလှမ်းမဝေးတဲ့ "၁၉၈၈" မျိုးဆက်တွေသာ ဖြစ်ပါတယ်။
"Back to School" မှာ ကျနော်တို့ မသိသေးတာတွေ ကို ကျနော်တို့နဲ့ စာဖတ်ပရိသတ်တွေ အတူတူ လေ့လာသွား တဲ့သဘောမျိုး ဖြစ်ပါမယ်။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်များကို ပြောရရင် -
(၁) လာမည့် မြန်မာ့ နိုင်ငံရေးကို နိုင်ငံတော်တည်ဆောက်ရေး ( State Building) အသွင်အဖြစ် ယုံကြည် ခြင်း
(၂) ဒီမိုကရက်တစ်ယဉ်ကျေးမူ အသွင်အပြင်သို့ ပြောင်းလဲနေသည့် မြန်မာ့နိုင်ငံရေး တွင် ဒီမိုကရေစီ ကို ရေရှည် ရှင်သန် ဖို့၊ နိုင်ငံသားများ နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်သည့် (Participatory Democracy ) ကို ရှေ့ရှု ခြင်း
(၃) နိုင်ငံရေး တွင်တက် ကြွစွာပါဝင်လှုပ်ရှား မည့်နိုင်ငံသားများ ဒီမိုကရေစီနိုင်ငံရေး ကို ပိုမိုသိရှိနားလည်နိုင်ပြီး
(၄) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်အောင်အောင် မြင်မြင် ရေရှည်တည်တံ့ရေး အတွက်နိုင်ငံရေး မျိုးဆက်သစ်များ ထွက်ပေါ်လာနိုင်စေရန် ရည်ရွယ်ခြင်းများ ဖြစ်ပါတယ်။
Back to School (၁) နိုင်ငံရေး
+++++++++++++++++++++
နိုင်ငံရေး ဆိုတာ လူသားတွေကို အရင်းတည် ဖြစ်ပေါ်လာတဲ့ အတွက် ရှေးပဝေသဏီ ကတည်းက ရှိခဲ့မှာပါ။ လူသားတွေဟာ သဘာဝအားဖြင့် ပေါင်းသင်းဆက်ဆံတတ်တဲ့ သတ္တဝါတွေ ( Social Animals) ဖြစ်တဲ့ အတွက် အပေါင်းအဖော်တွေနဲ့ နေထိုင်ခဲ့ ကြပါတယ်။ မိသားစုဝင် တွေပါတဲ့ အစုအဖွဲ့ (Band) ကနေစပြီး မျိုးနွယ်တူစုထားတဲ့ လူ့အဖွဲ့ အစည်းတွေ ( Tribal Societies ) တွေ ဖြစ်လာကြပါတယ်။ အဲဒီအချိန်အထိတော့ လုပ်ပိုင်ခွင့် အာဏာ ကို တစုံတယောက်ထံကိုပဲပေး အပ်ထားတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒါပေမဲ့လည်း လူသားတွေဟာ သဘာဝအရ စံတွေ၊ လူ့အဖွဲ့အစည်းအတွင်း လိုက်နာရမဲ့ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို ဖန်တီး အကောင်အထည်ဖော်ပြီး အဲဒီ စံ တွေအတိုင်း လိုက်နာတတ်တဲ့ သူတွေဖြစ်လို့ လူမှူဆက်ဆံရေးတွေ မှာ ယေဘူယျ လိုအပ်တာတွေ သဘောတူ လိုက်နာကြဟန်ရှိပါတယ်။
တိုင်းပြည်နိုင်ငံ ( The State) လို့ပေါ်ထွက်လာတဲ့ အချိန်မှတော့ ပိုင်ဆိုင်တဲ့ နယ်နမိတ်တွေ ရှိလာတာနှင့်အညီ လုပ်ပိုင်ခွင့် အာဏာ ပိုင်ဆိုင်လာကြပြီး အာဏာ ကိုအတင်းအကြပ်အသုံး ပြုရတာတွေ ရှိလာပါတယ်။ နိုင်ငံရေး လို့ စတင်ခေါ်ဝေါ်သုံစွဲခဲ့တာကတော့
နိုင်ငံရေး ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ် ကို နိုင်ငံရေး ပညာရှင်တွေ၊ နိုင်ငံရေးအကြောင်း ရေးသားတဲ့ စာရေးဆရာတွေ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပေမဲ့ လည်း အများ သဘောတူမဲ့ အဓိပ္ပါယ်ကို ဒီကနေ့ထိ မဖော်နိုင်သေးပါဘူး။ Politics ကို စတင်ခဲ့တဲ့ အရစ်(စ်) တိုတယ်(လ်) ကတော့ " လူသားတွေဟာ သဘာဝအားဖြင့်နိုင်ငံရေး သတ္တဝါတွေ ဖြစ်တယ်" လို့ ဆိုခဲ့ပါတယ်။ အရစ်(စ်) တိုတယ်(လ်) ဆိုလိုချင်တာကတော့ လူ့ဘဝတွင် အ သက်ရှင်နေထိုင်ရာမှာ ကောင်မွန်တဲ့ လူ့ဘဝ ( Good Life) ကို ရ ရှိဖို့ အတွက် လူတွေဟာ နိုင်ငံရေး အသိုက်အဝန်း မှာ နေထိုင်ရုံက လွဲပြီး တခြားမဖြစ်နိုင်ဘူးလို့ ဆို လို ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ကြီး " ဦးအောင်ဆန်း" ကတော့ "နိုင်ငံရေး" ဆိုတာ လူ့ကိစ္စ လို့ပြောပါတယ်။ နိုင်ငံရေး ဆိုတာ ကျနော်တို့ရဲ့ နေထိုင် စားသောက်ရေးတွေ ဖြစ်ပြီး နိုင်ငံရေး သည် အစဉ်သဖြင့် တိုးတက် ဖြစ်ပေါ်နေသော ဖြစ်ရပ်များနဲ့ ကိုက်ညီရမယ် လို့ ဦးအောင်ဆန်း က ဆိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ကို ဖိ နှိပ် ချုပ်ချယ်ပြီး ကျနော်တို့ရဲ့ လူနေ မှူ ဘဝတွေ ကို မမြှင့်တင်ပေးနိုင်တဲ့ အာဏာရှင်တွေ၊ တိုင်း ပြည်အစဉ်သဖြင့် တိုးတက် ဖြစ်ပေါ်နေရမယ် ဆိုတာတွေကို လျစ်လျူရှူ ခဲ့တဲ့ အာဏာရှင် အဆက်ဆက်ကို တော်လှန်ခဲ့တာတွေ၊ တရားသော ရွေးကောက်ပွဲ အရ ဖြုတ်ချနိုင်ခဲ့ တာတွေဟာ နိုင်ငံသားတွေရဲ့ အင်မတန် လူသားဆန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပါတယ်။
နိုင်ငံရေး ကို ကျယ်ပြန့်တဲ့ သဘောနဲ့ စဉ်းစားရင် "နိုင်ငံရေး ဆိုတာ လူအများ ကောင်းမွန်စွာ သက်ရှင် နေထိုင်ရေးအတွက် လိုအပ်တဲ့ အထွေထွေစည်းမျဉ်းတွေ, လိုက်နာရမဲ့ ဥပဒေ စတာတွေကို ၎င်းတို့ကိုယ်တိုင် ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်း ခြင်း စတာတွေကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွား ရမဲ့ ကိစ္စတွေ လို့ ပြောလို့ရပါတယ်"။
နိုင်ငံလို့ဖြစ်လာ ပြီးရင်နိုင်ငံတွင်း မှီတင်းနေထိုင်တဲ့နိုင်ငံသာ
နိုင်ငံရေးမှာ အယူအဆ သဘောထား ငြင်းခုံတာတွေ၊ ပဋိပက္ခ တွေဟာ အမြဲရှေ့တန်းမှာ ရှိနေပါတယ်။ ဒါ တွေကိုပဲ အပေးအယူ တွေ ညှိုနှိုင်းမှုတွေ အကြိမ် ကြိမ် ပြုလုပ်ပြီး သဘောတူညီမူရအောင် လုပ်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် "နိုင်ငံရေး ဆိုတာ ပဋိပက္ခနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ ဆက်နွယ်ဖြစ်စဉ်တွေ " လို့ ပြော ကြပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးနဲ့
ကျနော်တို့ နိုင်ငံမှာတော့ "နိုင်ငံရေး" ဆိုတဲ့ စကားကို ကြားတာနဲ့ နောက်ဆက်တွဲမှာ အသက်ပေါင်းများစွာ စတေးခဲ့ရတာတွေ, မတရား သဖြင့် ဖိ နှိပ်ညှင်းတာတွေ,ဘဝပေါင်းမျ
ဒီကနေ့ မြန်မာ့နိုင်ငံရေး ကတော့ ဒီမိုကရေစီနိုင်ငံကို ပြန်လည်အသက်သွင်းမယ့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက် ကြရမယ့် နိုင်ငံရေး ဖြစ်လာပါပြီ။ ဒီအချိန်မှာ ပြည်သူတွေရဲ့ အခန်းကဏ္ဏ ကအရေးပါလှ ပါတယ်။ ပြည်သူတွေနိုင်ငံရေးမှာ တက်တက် ကြွကြွ ပါဝင်ဖို့လိုပါတယ်။ ပြည်သူတွေမပါရင် ဒီမိုကရေစီကို အောင်မြင်စွာ တည်ဆောက်နိုင်မှာ မဟုတ်လို့ပါ။ ငါတို့ ကိုယ်စား ကိုယ်စားလှယ်ရွေးပြီးပြီ၊ သူတို့ဆက်လုပ်လိမ့်မယ်၊ ငါတို့တာဝန်ကျေပြီလို့ မမှတ်ယူသင့်ပါဘူး။ နိုင်ငံတော် တည်ဆောက်ရေးမှာ တိုင်းပြည်ရဲ့ ထက်မြက်တဲ့ ဦးနှောက် ပိုင်ရှင်အမျိုးမျိုးဟာ မိမိတတ် ကျွမ်းတဲ့ ပညာကိုအသုံးပြုပြီးနိုင်ငံရ
ဒီကနေ့ ကမ္ဘာကြီးမှာ နိုင်ငံနိုင်ငံတည်း သီခြားရပ်တည်နေဖို့ ဆိုတာ အင်မတန် ခက်ခဲသွားပါပြီ။ Globalization ကြောင့် နိုင်ငံတွေရဲ့ ကူးလူးဆက်ဆံတာတွေ များလာသလို နိုင်ငံတကာ ဆက်ဆံရေးဟာ အရေးပါ လာပါတယ်။ ကျန်းမာရေးယိုယွင်းလာတဲ့ ကမ္ဘာကြီး ကိုကုစားဖို့ နိုင်ငံတကာ သဘောတူ ပူးပေါင်း ဆောင်ရွက်တာတွေ၊ ကူးစက်တတ်တဲ့ ကပ်ရောဂါတွေကို ပူးပေါင်း နှိမ်နင်းမှုတွေ၊ နိုင်ငံတကာ အကြမ်းဖက်တွေကို ဟန့်တား နှိမ်နင်း တာတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ စသဖြင့် ရှိလာပါတယ်။ ဒါ့ ကြောင့် သူများနိုင်ငံ ခေါင်းဆောင်တွေ၊ အစိုးရတွေ သူတို့တိုင်းသူပြည်သား တွေအတွက် ဘာတွေဆောင်ရွက်နေလဲ၊ ဘယ်လို ဥပဒေတွေ ပြဋ္ဌါန်း နေလဲ စသဖြင့် နိုင်ငံတကာရဲ့ ထူးခြားမှုတွေ နည်းပညာအံ့မခန်း တိုးတက်မှုတွေကို မျက်ခြေမပြတ် ရှိနေသင့်ပါတယ်။
အချုပ်ပြောရရင် လူသားတွေဟာ ဘက်ပေါင်းစုံမှာ ချန်ပီယံ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ဖက်ဖက်မှာထူး ချွန်နေတဲ့နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံအတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ ဝန်မလေးသင့်ပါဘူး။ ကိုယ်သိတဲ့ အကြောင်းအရာတွေကို အများသိအောင် မျှဝေ ပေးသင့်ပါတယ်။
အရေးအကြီးဆုံးကတော့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတွေဟာ နိုင်ငံရေးကို နားလည်သဘောပေါက်ဖို့ လိုအပ်ခြင်းပါ။ နိုင်ငံတော် အစိုးရ လွှတ်တော်အမျိုးမျိုး၊ အုပ်ချုပ်ရေး ယန္တယား တွေ တိုင်း ပြည်မှာ ဘယ်ပုံဘယ်နည်း စခန်းသွားနေ ကြတာအပါအဝင် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြောင်းအချက်တွေ ကို ယေဘူယျ နားလည် သင့်ပါတယ်။
ဒါမှသာ အစိုးရက ဘာတွေ တာဝန်ယူမှာလဲ၊ ငါတို့နိုင်ငံသားတွေက ဘာတွေ တာဝန်ကျေရမှာလဲ ဆိုတာ ကွဲကွဲ ပြားပြား သိနိုင် ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။
#BACK2SCHOOL_2011+
Thet Winn Tint
Graphic>> FreeVector.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။