Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 8, 2014

အော်စလိုက မက်ထရိုမှာ


အော်စလိုက မက်ထရိုမှာ ( ဆောင်းပါး)

July 7, 2014 at 10:49pm

        အော်စလိုက မက်ထရိုမှာ

(ဒီတပတ်ထုတ် တူမောရိုး ဂျာနယ်မှ)

ပွတ်ခါသီခါလေးပဲ။ တံခါးပိတ်ပါတော့မယ်လို့ ကြေငြာတဲ့အသံရယ်၊တံခါးပိတ်ချိန်ရယ်၊ကိုယ်လည်းရထားတွဲထဲ အရောက်၊ ရထားဘီးလည်း စလှိမ့်၊ အံကိုက်ပဲ။ အချိန်စက္ကန့်ပိုင်းလေးတွေဟာဘယ်လောက်အထိ အရေးပါသလဲ ဒီနိုင်ငံရောက်မှ လက်တွေ့သိရ မြင်ရတာပါ။ ရထားတွဲက ခုံလွတ်တွေသိပ်မကျန်တော့အနားမှာ လွတ်နေတဲ့ နှစ်ယောက်ထိုင်ခုံအစွန်မှာ ထိုင်လိုက်တယ်။ အနွေးထည်ပေါ် တင်ကျန်နေတဲ့နှင်းပွင့်လက်ကျန်တွေကို သပ်ချလိုက်တယ်။
ကျနော့ရှေ့ ထိုင်ခုံမှာ ထိုင်နေတဲ့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးကစာအုပ်တအုပ်ဖတ်နေတယ်။ သူ့ဘေးက အမျိုးသားက သတင်းစာပေါ်က မျက်မှန်ကိုမခွါ။ ကျနော့ဘေးကလူကို မသိမသာအကဲခတ်လိုက်တော့ သူကလည်း ပြူတင်းပေါက် မှန်ကနေ အပြင်ဘက်ငေးနေတယ်။ ဘေးကမျက်စောင်းထိုးခုံမှာအသက် ၆၀၀န်းကျင် နော်ဝေး အဖွားကြီးတယောက်နဲ့ သူ့ဘေးမှာ မြီးကောင်ပေါက် အာဖရိကကျောင်းသူလေးတယောက်။ခလေးမလေး အိုင်ဖုံးကနေ နားထောင်နေတဲ့ သီချင်းစည်းဝါးသံ တရှုးရှုးတရွှတ်ရွှတ်ဟာ နားကြပ်ကတဆင့်ကျနော့နားဝထိရောက်နေတယ်။ ဒီခေတ်လူငယ်တွေ သီချငင်းနားထောင်ရင် ငြိမ့်ငြိမ်းငြောင်းငြောင်းမရှိ၊ဆူဆူညံညံ စူးစူးရှရှ၊ မြန်မြန်ထက်ထက် အတုံးလိုက် အတစ်လိုက် စကားလုံးတွေနဲ့။


 ရထားကငြိမ်တယ်။ အသံလည်းငြိမ်၊ယိမ်းထိုးမနေ၊ကော်ဖီခွက်ကိုင်ထားလည်း ဖိတ်ကျမှာမဟုတ်။
ခရီးသည်အတော်များများ တိတ်တဆိတ်လေးပဲ။ အများစုက နားကြပ်လေးတွေကိုယ်စီနဲ့မိုဘိုင်းထဲက FM ရေဒီယို သီချင်းနဲ့ သတင်းတွေ နားထောင်ရင်းငေးမောလို့။ တချို့က မိုဘိုင်းဖုံးတွေတနှိပ်နှိပ်နဲ့မက်ဆေ့စ်ပို့နေသလား၊ ဂိမ်းစ်ကစားနေသလားမသဲကွဲ။ ရတဲ့အချိန်လေး သတင်းစာဖတ်သူတွေလည်းအများသား၊အချိန်က ညနေ ရုံးဆင်းပြီး နာရီအတော်ကြာသွားပေမယ့် ခရီးသည်အဆင်းအတက်ရှိနေသေးသလို၊ လူအကြပ်ကြီးလည်းမဟုတ်။မက်ထရိုရထားတွေက ရုံးအဆင်းအတက်နဲ့ တစုံတရာပွဲလမ်း၊ အခမ်းအနားတွေရှိတဲ့အချိန်အခိုက်အတန့်သာ  လူကြပ်လေ့ရှိပါတယ်။ ကျန်အချိန်တွေမှာ တတွဲလုံးမှလူ လေး၊ ငါး ယောက်ထဲတောင်ကြုံဖူးတယ်။ တခါကဆို နေ့လည်ခင်း မြို့ထဲသွားတာ ရထားတတွဲလုံးမှာကျနော်တို့မိသားတစုထဲရယ်။ တွဲတတွဲလုံးဘဲ ငှားစီးလာသလိုလို ဘာလိုလို..။
ရထားတွဲပေါ်မှာကပ်ထားတဲ့ ကြော်ငြာတွေဆီ မျက်စေ့ကရောက်သွားတယ်။အစားအသောက်ကြော်ငြာ၊ ခလေးအဟာရကြော်ငြာတချို့ကို ကြော်ငြာကပ်ဖို့ သီးသန့်နေရာပေးထားတဲ့ရထားခေါင်မိုးဘေး မျက်နှာကျက်နဲ့ပြူတင်းပေါက်အထက်နားကျကျမှာ အစီအရီတွေ့ရတယ်။ ကြော်ငြာကမျက်စေ့နောက်မနေ၊ရထားနံရံကို မဖျက်ဆီး၊ စက္ကူစတွေကပ်ပြီး ညစ်ပတ်မနေတာကလည်း ကြော်ငြာညှပ်ဖို့ ဘောင်နဲ့သီးသန့်လုပ်ပေးထားလို့ပါ။ ရထား မှန်၊ ထိုင်ခုံဆိုဖာ၊ နောက်မှီဆိုဖာ၊ နံရံတွေဟာမူလအသစ်အတိုင်းမပျက်မယွင်း။ခြစ်ရာ ထစ်ရာလည်းမမြင်ရ။  သူများနိုင်ငံတွေရဲ့ရုပ်ပိုင်းဘ၀ဖွံ့ဖြိုးမှုကို စနစ်တကျနဲ့ သပ်သပ်ယပ်ယပ်လေးမြင်နေရတော့ စိတ်ပိုင်းဖွံ့ဖြိုးမှုနဲ့ဆက်စပ်နေမှာပဲဆိုတဲ့ အတွေးတခုဝင်လာတယ်။


နော်ဝေးမှာ မက်ထရိုတွေဆွဲတာ အနှစ် ၅၀ နီးပါးတောင်ရှိသွားပြီ။အော်စလိုတမြို့လုံး မိုင် ၅၀ ကျော် လမ်းကို မက်ထရို လိုင်း ၆ လိုင်း ထားပြီးဆွဲနေတာ။မြေပေါ်မြေအောက် ဘူတာပေါင်းက ၁၀၀နီးပါးရှိတယ်။
 စက်မှုတော်လှန်ရေးအရှိန်ကောင်းနေတဲ့၁၈၅၄ လောက်က စပြီးအော်စလိုမှာ ရေနွေးငွေ့နဲ့မောင်းနှင်တဲ့ စက်ခေါင်း ရထားတွေစသုံးနေပြီ။၁၈၈၅ခုနှစ်မှာ မြန်မာပြည်အင်္ဂလိပ်အောက်မရောက်ခင် ခေတ်အခြေအနေနဲ့ သွားနှိုင်းမိနေသေးတယ်။ နော်ဝေးနိုင်ငံမှာမြေအောက်ဥမင်လှိုင်ခေါင်းတွေဖောက်လောင်စာဆီနဲ့ မီးရထားပြေးဆွဲနေတဲ့ စက်မှုဖွံဖြိုးနေချိန်မှာ ကျနော်တို့ဆီမှာ  ရေနံအလုပ်သမားတွေ ဖောင်စီးရင်းရေငတ်နေဆဲ။ မြန်မာ့စွမ်းအင်လောင်စာတွေကိုအင်္ဂလိပ်အစိုးရနဲ့ မြန်မာဗြူရိုကရက် လူနည်းစုလောက်ကလက်ဝါးကြီးအုပ်အမြတ်ထုတ်ကောင်းနေဆဲ။နော်ဝေးမှာ နိုင်ငံတ၀ှမ်း တောင်တွေကျော်၊ ကျောက်နံရံတွေဖောက်ပြီး မီးရထားလမ်းတွေသွယ်၊လောင်စာစွမ်းအားသုံး မီးရထားတွေမောင်းနှင်နေစဉ် ကျနော်တို့ဆီမှာ  ပေးတာယူ ကျွေးတာစား၊ ဘ၀လုံးပါးပါးနေတဲ့အဆုံး ၁၉၃၀အထွေထွေ သပိတ်ကြီးပေါ်ခဲ့တယ်။ ဥရောပမှာ လူနေမှုဘ၀မြှင့်တင်နေချိန် ကျနော်တို့အာရှမှာကျွန်ဘ၀က ရုန်းကန်နေရဆဲ။ ကိုယ့်ဇာတိမြေမှာတော့ ဒီနေ့ထိလည်း ရုန်းလို့ကောင်းဆဲ။ နော်ဝေးမှာလျှပ်စစ်စွမ်းအင်သုံး မက်ထရိုရထားကို မြို့နယ်တခုနဲ့တခု ဘူတာစဉ်အလိုက်လှည့်ပတ်ပြေးဆွဲနေချိန်ကိုယ့်ဆီမှာ တပါတီ အာဏာရှင်တွေနဲ့ နပန်းသတ်နေတုန်း။ အဲဒီလောက်  ခေတ်စနစ်နဲ့၊ နိုင်ငံရေး၊ စီးပွားရေးက ကွာခြားလွန်းတယ်။
 အော်စလိုမှာT1000အင်ဂျင်တွေသုံးတွေနဲ့ မောင်းနှင်နေရာက ၂၀၀၆လောက်ကစပြီး ပိုပြီးလုံခြုံ၊ ပိုပြီးငြိမ်သက်တဲ့ MX 3000 အင်ဂျင်နဲ့ မက်ထရိုစဆွဲတယ်။ တမြို့နဲ့ တမြို့ ၊ တနိုင်ငံနဲ့ တနိုင်ငံကျည်ဆံရထားတွေ မောင်းနှင်နေစဉ် ကျနော်တို့ ဆီမှာတော့ ဒုတိယကမ္ဘာစစ်မတိုင်မီက မီးရထားသံလမ်းစံချိန်မမှီ အတွန့်အကောက်တွေနဲ့အရည်အသွေးမဲ့သံလမ်းတွေ၊ တဂျုံးဂျုံး တဂျိုင်းဂျိုင်းနဲ့ဘယ်ညာ ယိမ်းထိုးနေတဲ့ သက်တမ်းကုန် မီးရထားတွဲအဟောင်းအပျက်တွေကို အသက်စွန့်တွေစီးနင်းနေရတယ်။


“ ကျေးဇူးပြုပြီး မင်းနားထောင်နေတဲ့ သီချင်းသံကို နည်းနည်းတိုးပေးနိုင်မလား၊ငါအလုပ်ပင်ပမ်းပြီး နားနားနေနေမှေးပြီး အိမ်ပြန်ချင်လို့ပါ” ကျနော့မျက်စောင်းထိုးကအဖွားကြီးစကားသံကြောင့် အတွေးပျက်သွားတယ်။ အာဖရိက မလေးက ခွင့်လွှတ်ပါလို့ တောင်းပန်ပြီးသူ့သီချင်းသံကို တိုးလိုက်တယ်။ မကြာခင် ကမ္ဘာကျော် အိပ်စ်ပရက်ရှင်းနစ်စ် ပန်းချီဆရာကြီးအဲက်ဒ်ဗတ် မွန့်ခ်နေထိုင်တဲ့ အိမ်နဲ့ မွန့်ခ ပန်းချီပြခန်းရှိတဲ့အရပ် ထွိုင်ယန် ဘူတာကိုရထားဆိုက်တယ်။ ဘူတာနံရံမှာ မွန့်ခ်ရဲ့ “ အော်သံ” လို့ အမည်ရတဲ့ ကမ္ဘာကျော် ပန်းချီကားနဲ့ “လူနာ” ဆိုတဲ့ ကားနှစ်ကားမိထ္ထူနဲ့ ပန်းချီဆရာကြီးရဲ့ ပြခန်းကို ကြော်ငြာထားတယ်။စိတ်ဝေဒနာရှင် တဦးလည်းဖြစ်တဲ့ အက်ဒ်ဗတ်မွန့်ခ်( Edvard Munch-1863- 1944)ရဲ့ အဇ္စိတ္တပုံရိပ်ကိုရေးဆွဲတဲ့(Expressionism)ပန်းချီကားတွေဟာ၁၉ရာစုအလယ်နဲ့ ၂၀ရာစုဆန်းစခေတ် ဥရောပပန်းချီအနုပညာလောကကို သြဇာလွှမ်းစေခဲ့တယ်။  နော်ဝေးနိုင်ငံက ဂုဏ်ယူလေ့ရှိတဲ့ ထိတ်တန်းအနုပညာရှင်နှစ်ဦးထဲက မွန့်ခ်ဟာတဦးဖြစ်တယ်။ နောက်တဦးက ပန်းပုဆရာကြီး ဂူးစ်တပ်ပ် ဗီဂလန့်(Gustav Vigeland- 1869-1943) ဖြစ်တယ်။ဗီဂလန့် ရုပ်ထုပန်းခြံဟာ ကမ္ဘာပေါ်မှာ ရုပ်ထုအများဆုံးထွင်းထုပြသထားတဲ့ပန်းခြံဖြစ်တယ်။ နိုင်ငံခြားသားမှန်သမျှ အဲဒီ ပုဂ္ဂိုလ်ကျော် နှစ်ယောက်ရဲ့ အနုပညာလက်ရာတွေကြည့်မသွားရင် အော်စလိုလာရကျိုး နပ်မှာ မဟုတ်ဖူး။

ရထားပေါ်ကခရီးသည် တချို့ ဆင်းသွားပြီး တချို့တက်လာတယ်။ တက်လာသူတွေထဲမှာနှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးကြမ်းကြမ်း၊ ဂျာကင်ကပိုကရိုဝတ်ပြီး ပါးစပ်က ဗြစ်တောက်ဗြစ်တောက်နဲ့ဘာကို အလိုမကျမှန်းမသိ တီးတိုးပြောဆိုနေတဲ့ လူကြီးတယောက်ကို သတိထားမိတယ်။ ကြည့်ရတာဂေါက်နေသလိုပဲ။ နော်ဝေးမှာ ဆောင်းရာသီ အေးခဲချိန်ဆို ခတ်ကြောင်ကြောင်တွေများလာတယ်။ရာသီဥတုက အုံ့မှိုင်းမှိုင်း၊ အလင်းရောင်နည်းနည်း၊ အေးစမ့်ခဲနေတော့ တယောက်နဲ့တယောက်လည်းနှုတ်မဆက်ဖြစ်ကြ။ ကိုယ့်အတွေးနဲ့ကိုယ်ပဲ။ ဒီလူလည်း တယောက်ထဲ စကားတွေများပြီး အလိုမကျဖြစ်နေပုံကြောင့်ကြောင်တောင်တောင်ပဲလို့ မှတ်လိုက်တယ်။ ခလေးမိခင်တယောက် ဘေးတန်းထိုင်ခုံတခုမှာ နေရာယူလိုက်တာတွေ့တယ်။တွန်းလှည်းထဲက ခလေးက တစုံတရာကိုတောင်းဆိုနေဟန်နဲ့ အမေ့မျက်နှာ ငေးကြည့်နေတယ်။ ဒီကခလေးငယ်တွေဟာဆူဆူညံညံ အော်ဟစ်တာ၊ ငိုကြွေးတာ မကြားရသလောက်ပဲ၊ ကလေးငိုသံကြားပြီဆိုရင်လည်း ဗေဒင်မမေးနဲ့နော်ဝေးခလေးမဟုတ်ဘူး၊ အာရှနဲ့၊ အာဖရိကမိဘနှစ်ပါးကမွေးလာတဲ့ ခလေးသေချာပေါက်။ စောစောကခလေးအမေဖြစ်သူကတွန်းလှည်းဘေးအိပ်ထဲက အိုင်ပက်လေး ထုတ်လိုက်တယ်။ ပြီးတော့ ခလုပ်ဖွင့် ကာတွန်းအရုပ်တွေပါတဲ့ပရိုဂရမ်တခုကို ဖွင့်ပြီးခလေးလက်ထဲထည့်လိုက်တယ်။ ပြီးတော့ သားအမိနှစ်ယောက်ထဲ စကားတပြောပြောဘေးဘီလည်း ဂရုမစိုက် အိုင်ပက်နဲ့ ဆော့နေတယ်။ မိခင်နဲ့ ရင်သွေးငယ်ရဲ့ နွေးထွေးတဲ့ အပေးအယူ၊အချော့အမြှု ဆက်ဆံမှုတွေက တခြားခရီးသည်တွေဆီကူးစက်သွားတယ်။ အပြုံးကိုယ်စီနဲ့ သူတို့သားအမိဆီငေးမောကြည့်နေကြတယ်။

မကြာခင် တဖက်တွဲကနေ လက်ဆွဲဘာဂျာကြီးနဲ့ အေးချမ်းမေ သီချင်းအလိုက်တီးလုံးလေးတီးပြီး သူတောင်းစားတယောက် ရောက်လာတယ်။ စက္ကူရေခွက်လေးနဲ့ ပိုက်ဆံတောင်းနေတဲ့အသားနီစပ်စပ် ဆံပင်တိုတို ကုတ်အကျီ င်္ အပေါ်က သားရေဂျာကင်ထပ်ထားတဲ့ အဲဒီ ရိုမေးနီးယားဂျစ်ပ်စီကို မကြာခန တွေ့တယ်။ မကြာသေးခင်က အစိုးရ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သူတောင်းစား၅၀၀ကနေ ၁၀၀၀အကြား အော်စလိုမြို့တော် လမ်းတွေမှာ သွားလာကျက်စားနေတဲ့အကြောင်း ဖတ်လိုက်ရတယ်။အများအားဖြင့် အရှေ့ဥရောပနိုင်ငံတွေနဲ့ ရိုမေးနီးယားကလာကြတာပါ။ အစိုးရက သူတို့လို အခြေအနေမဲ့တွေအတွက်အဆောင်ဂေဟာတခုပေးထားတယ်။ စားစရာနည်းနည်းပါးပါးပေးတယ်။ အပိုဝင်ငွေမရှိ၊ အလုပ်မရှိတော့တောင်းစားကြတယ်။ အော်စလို မြို့တော် သန့်ရှင်းလှပရေးအတွက် တနှစ်ကို ခရိုနာ၅သန်း( ဒေါ်လာ၈၂၄၀၀၀) အကုန်ခံ ဆောင်ရွက်နေတဲ့အချိန် ဒီလိုသူတောင်းစားတွေနဲ့ မြို့တော်ရဲ့ အလှ ပျက်ဆီးနေတာကိုအများစုက မကြိုက်ကြဘူး။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးအလည်လာတဲ့ နွေရာသီမှာ မြို့ထဲလူစည်ကားရာ သူတောင်းစားတွေထိုင်နေတာကိုမနှစ်မြို့ဘူး။ သတင်းစာတွေက၀ိုင်းရေးကြတယ်။လာမယ့်နှစ်မှာသူတောင်းစားကင်းစင်ရေးကိုအကောင်အထည်ဖော်ကြမယ်လို့ ဆိုကြတယ်။

ဟိုတွေးဒီတွေးနဲ့ အချိန်ဘယ်လောက်ကြာသွားလဲမသိ။ ကိုယ့်အနားမှာအသက် ၆၀ ကျော် အဖိုးအိုတယောက် လာရပ်နေတယ်။ မြန်မာပီပီ မနေတတ်လို့ ဟန်အမူအရာနဲ့ ထိုင်မလားလို့မေးပြီး ထဟန်ပြင်တော့ အဖိုးအိုက  နေပစေ၊ ကိစ္စမရှိဘူးဆိုတဲ့သဘောပြုံးပြီး လက်ကာပြတယ်။ တချို့က အသက်ကြီးသူတွေကို နေရာပေးတတ်ပေမယ့်၊ တချို့ကတော့ မသိသလိုပဲ။အဲလိုအပြုအမူကြောင့် အလိုက်မသိဘူး၊ မယဉ်ကျေးဘူးလို့ ထင်လို့မရပြန်ဘူး။ တချို့အဖိုးအို၊အဖွားအိုတွေက နေရာဖယ်ပေးတိုင်းကြိုက်တာမဟုတ်ဘူး။ ငါ့ကို မသန်မစွမ်းတော့ဘူးထင်သလား ဆိုတဲ့မခံချင်စိတ်နဲ့ မာနမျိုးရှိတတ်လို့ပါ။ ကျနော့်နောက်နား ရပ်နေတဲ့အဖိုးအိုလည်း ငါသန်စွမ်းပါသေးတယ်ကွာ..ဆိုတဲ့သဘောမျိုးနေမှာပေါ့။

ရှေ့နားက ခုံတွေမှာထိုင်နေသူတွေ  လူတယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတယ်။ ရှေ့မှာတခုခုဖြစ်နေပုံပဲ။ ထင်တဲ့အတိုင်း အစောက ညစ်ပေပေ နှုတ်ခမ်းမွှေး မုတ်ဆိတ်နဲ့ ဦးဂေါက်ပြဿနာရှာနေတာပါ။ လူလွတ်တဲ့ ခုံ တခုံပြီးတခုံပြောင်းထိုင်ပြီး သူနဲ့ မျက်လုံးခြင်းဆုံမိတဲ့သူကိုသေချာကြည့်ပြီး တခုခုပြောနေတာပါ။ ဘာတွေပြောနေမှန်းမသိ။ သူ့ဘေးနားကလူတွေလည်း အခြေအနေရိပ်စားမိလို့ထင်တယ်၊ ခတ်ရှောင်ရှောင် မသိသလို မျက်နှာလွှဲနေတယ်။ ဒီလိုလူမျိုးတွေ အပြင်ထွက်ရင်အထိန်းတယောက်ပါတတ်တယ်၊ အခုတော့ ထိန်းပေးမယ့် အဖော်လည်းမရှိ။
သိပ်မကြာလိုက်ဘူး၊ ငကြောင်ကြီးဟာ ကျနော်နဲ့ တခုံခြားမှာ တယောက်ထဲထိုင်နေတဲ့အသက်၅၀ ကျော် လူတယောက်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ သွားထိုင်တယ်။ ပြီးတော့ငြိမ်ငြိမ်မနေဘူး၊ရှေ့ကလူ မျက်နှာကို စေ့စေ့ကြည့်ပြီး ဗြစ်တောက်ဗြစ်တောက်နဲ့ ဆူပွက်ပြနေတယ်။ ဟိုတယောက်ကတော့ပြူတင်းပေါက်ဘက် မျက်နှာလွှဲနေတယ်။ အနီးအနားခရီးသည်အတော်များများက ကျနော့လိုပဲ  အကဲခတ်ကြည့်နေတယ်။  မိနစ်ပိုင်းလောက်ပဲကြာမယ်။ ဦးဂေါက်ဟာ မပြောမဆိုသူ့ရှေ့က လူရဲ့ မျက်နှာကိုကြည့်ပြီး ကျယ်ကျယ်လောင်လောင်နဲ့ ဆဲဆိုရန်မူနေတယ်။ ဟိုတယောက်ကလည်းထသွားဖို့ပြင်နေပြီ။ မျက်လုံးခြင်းမဆုံမိအောင်တော့ ကျိုးစားနေတယ်။ မျက်စိတမှိတ်အတွင်းမှာပဲဗြုန်းဆို ဦးဂေါက် ဟာ ဟိုလူ့မျက်နှာကို လက်သီးနဲ့ အဆက်မပြတ်ထိုးပါလေရော။ ဘေးနားကလူတွေဟစ်အော်အသံပြုပြီး သူရူးကို ဆက်မလုပ်ဖို့ ၀ိုင်းတားကြတယ်။ ဟိုလူကတော့ လက်ကလေးနဲ့ကာခေါင်းကိုငုံ့ပြီး ငြိမ်ခံနေတယ်။ ဘာမှ ပြန်မတုန့်ပြန်ဘူး။
သူ့နှာခေါင်းကနေ သွေးတွေ စီးကျလာတယ်။အိပ်ထဲကစက္ကူပါးလေးထုတ်ပြီးသုတ်နေတယ်။ ဦးဂေါက်ကတော့ တချက်မာန်ဖီပြပြီး အဲဒီနေရာကထသွားတယ်။ ရထားပေါ်က ခရီးသည်တွေထိတ်လန့်ကုန်တယ်။ တချို့ ဖုံးဆက်နေတယ်။ လုံခြုံရေးရဲကို လှမ်းခေါ်ဟန်တူတယ်။ မကြာပါဘူး၊မက်ထရိုဟာ နောက်တဘူတာ ရောက်သွားပြီ။ ရထားတံခါးပွင့်သွားတာနဲ့ အထိုးခံရသူလည်း သူ့နှာခေါင်းကိုလက်ကိုင်ပုဝါနဲ့ အုပ်ပြီး  ဆင်းသွားတယ်။ သူဆင်းရမယ့်ဘူတာပဲလား၊ ကြိုတင်ဆင်းသွားတာလားမသိ။  သူ့ခဗျာအသားလွတ် ခံလိုက်ရတာ။ ရှက်သွားဟန်တူပါတယ်။ အဲဒီဘူတာမှာပဲ  ထောင်ထောင်မောင်းမောင်းနဲ့ ရဲနှစ်ယောက်တက်လာတယ်။သိပ်မြန်တယ်။ ဒါပေမယ့် ဦးဂေါက်ကို ဘာမှ မလုပ်ဖူး၊ အကဲခတ်နေတယ်။ ပြီးမှာ ရှေ့ဘူတာမှာဆင်းဘို့ နားချတယ်။ သူတို့ လိုရာလိုက်ပို့ပေးမယ်၊ ဘယ်မှာနေလဲလို့ မေးတယ်။ ဟိုလူက ရဲကိုဝူးဝူးဝါးဝါးနဲ့ ပြန်ဟောက်တယ်။ မဆင်းဘူး၊ ကိုယ့်လမ်းကိုယ်သွားမယ်လို့ တုန့်ပြန်တယ်။ဒါနဲ့ ရဲနှစ်ယောက်လဲ လက်လျှော့ပြီး တံခါးဝတဘက်တချက်စီနား သွားရပ်နေတယ်။ သူရူးကိုလည်းတချက်တချက်အကဲခတ်ကြည့်နေတယ်။ အမှန်တော့ ရဲတွေဟာ ခရီးသည်တွေစိုးရိမ်စိတ်တွေပေါ်နေလို့လာစောင့်ရှောက်တဲ့ သဘောလည်းပါတယ်။ သူတို့ဝင်လာတာနဲ့ ခရီးသည်တွေလည်း ထိတ်ပြာမနေဘူး၊အိနြေင်္ရရဖြစ်သွားတယ်။ မိနစ်အနည်းငယ်အတွင်း မက်ထရိုဟာ ခရီးသည်အားလုံးဆင်းရမယ့် ဂိတ်ဆုံးကိုဆိုက်လာပါတယ်။ ရထားရပ်တာနဲ့ ရဲနှစ်ယောက်က ဦးဂေါက်ကို လိုက်ပို့ပေးမယ်လို့ သွားပြောတယ်၊ဟိုလူက အကပ်မခံပဲ ပြန်ဟောက်လွှတ်နေတယ်။ ပြီးတော့ နှင်းဖွဲဖွဲကြား ဆက်လျှောက်သွားတယ်။ရဲနှစ်ယောက်က နောက်ကနေမသိမသာ အကဲခတ်ရင်းလိုက်သွားတယ်။ မျက်စိရှေ့ကနေ လူလုံးပျောက်ကွယ်သွားတဲ့အထိငေးမောစောင့်ကြည့်နေတာကို နောက်ဆုံးမြင်လိုက်ရတယ်။

အိမ်အပြန်လမ်းမှာ ကျနော့အတွက် ဆင်ခြင်စရာ၊ သတိပြုစရာ၊ အတုယူစရာတွေတသီကြီးပါလာတယ်။စိတ်ပေါ့သွပ်နေသူတယောက်အပေါ် နားလည်သဘောပေါက်ပြီး ခွင့်လွှတ်တတ်မှု၊ သီးခံပြီး ဥပက္ခာပြုတတ်မှု၊ဘာတခုမှလက်တုန့်မပြန်တတ်တဲ့ စိတ်မနော၊ တရားဥပဒေကိုနားလည်သိကြွမ်းမှု၊ ပတ်ဝန်းကျင်ကလူတွေရဲ့လှုပ်ရှားဆောင်ရွက်မှု၊ လုံခြုံရေးရဲတွေရဲ့ ပြုမူဆောင်ရွက်မှု၊ ကိုင်တွယ်ဆက်ဆံပုံတွေမြင်ပြီးသူတို့ရဲ့ စိတ်ယဉ်ကျေးမှု အဆင့်အတန်းကို ခန့်မှန်းနေမိတယ်။ အင်း..ငါ့ကိုသာ ဦးဂေါက်ကြီးလာထိုးရင် ငါဘယ်လိုတုံ့ပြန်မှာလဲ ၊ လက်သီးနဲ့ဆို တော်သေးရဲ့ ဓားနဲ့ထိုးလိုက်ရင် ဘယ်လိုလုပ်မလဲလို့ကိုယ့်ကိုယ်ကို မေးခွန်းပြန်မေးရင် ခေါင်းအတော်ရှုပ်သွားတယ်။ ဒီလောကကြီးမှာ ကိုယ်နဲ့အနီးကပ်ဆုံး၊ အခြေခံအကျဆုံးဖြစ်တဲ့ မိမိစိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို မိမိပြန်မထိန်းမတ်၊မမြှင့်တင်နိုင်သရွေ့ မိမိပတ်ဝန်းကျင် ရုပ်ပိုင်းဘ၀ကို ဘယ်လိုပြုပြင်တည်ဆောက်နိုင်မှာလဲဆိုတဲ့အတွေးလေး လည်းဝင်လာတယ်။
နေ့စဉ် စီးနေကျ မက်ထရိုရထားဟာ ကျနော့ကို လောကကျင့်ဝတ်တွေမသိမသာ သင်ကြားပေးနေပါတော့တယ်။

ကိုညို( အော်စလို)
၂၈ဇွန် ၂၀၁၄

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။