အမေရိကန်နဲ့မြန်မာ ကွာပုံ
ကြွရောက်လာတဲ့ ရွှေဧည့်သည်တော်များကို ကိုလိုရာဒိုဒေသခံတို့က Rocky Mountain National Park ကို လိုက်ပို့ပေးကြတယ်။ ပြဿနာက လူငယ်အတော်များများနဲ့ ဒကာအတော်များများက သိပ်မအားကြပါ။ မိမိက ကားတစ်စီးရဲ့ ရှေ့ခန်းမှာ အခန့်သား ထိုင်နေပါပြီ။ ဆရာတော်ဆိုတော့လည်း ဧည့်သည်တွေရဲ့ ရှေ့မှာ ဣနြေ္ဒရရ အခန့်သား ထိုင်ရမယ်လို့ မှန်းထားတာပေါ့။
ကိုလိုရာဒိုဥက္ကဋ္ဌက "ဆရာတော် ကားမောင်းပေးလို့ ရလား၊ ဆရာတော်က လမ်းကျွမ်းတယ်၊ ရှေ့ကနေ မောင်းပေးပါ"ဆိုတော့ ခဲရာခဲဆစ်အလုပ်တွေ၊ သက်စွန့်ဆံဖျားအလုပ်တွေ၊ သည်းထိတ်ရင်ဖိုအလုပ်တွေ လုပ်ဖို့ ဝါသနာပါတဲ့ မိမိက ဝါသနာပိုးကို တားလို့ မရတော့ဘူး။ မောင်းတာပါပဲ။
တောင်ပေါ်လမ်းက မကြမ်းပါ၊ အသွားတစ်လမ်း အပြန်တစ်လမ်းမို့ ဘရိတ်သာ မပေါက်ရင်၊ ဘီးသာ မပေါက်ရင်၊ ဒရိုင်ဘာကသာ မဖောက်ရင် ချောက်ထဲ ကျစရာမရှိ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် နေနေကြရင် ဘာပြဿနာမှ မရှိ။
ဒါပေမဲ့ ကားမောင်းတဲ့အခါ အချို့ဒရိုင်ဘာတွေက ဟိုဘက်က ချောက်ကို ကြောက်လို့ ဒီဘက်က Lane ကို တိုးဝင်တယ်။ ဟိုဘက်ကားက ဝင်လာလို့ ဒီကားက ရှောင်ရတယ်။ နှစ်ကားစလုံး တိုက်မိကြရင် နှစ်စီးစလုံး ချောက်ထဲ မကျနိုင်ဘူးလား။ ကားက ချောက်ထဲ ကျသွားရင် မိမိတို့ကို ယုံကြည်လို့ လိုက်ပါလာတဲ့ ခရီးသည်တွေ အန္တရာယ်မဖြစ်ဘူးလား။
မိမိကားမှာ အိုင်အိုဝါပြည်နယ်က ကိုယ်စားလှယ်တွေချည်းပဲ။ ကျန်တာ မိမိနဲ့ ဒေသခံလူငယ်တစ်ယောက်ပဲ ပါတယ်။ မွေးရပ်မြေမှာ ဆရာတော်ကိုယ်တိုင် မောင်းတဲ့ ကားကို စီးရဖို့ မလွယ်ဘူးကွ၊ စီးထားကြလို့ သူတို့ကို နောက်ပါတယ်။ အားလုံးက လူငယ်တွေချည်းပဲ များတော့ "ခပ်တည်တည်နဲ့ဆို ပွဲမစည်မှာ စိုးလို့" နောက်စရာလေးတွေ နည်းနည်းပြောရပါတယ်။
တစ်နေရာရောက်တော့ မိန်းကလေးတစ်ယောက်က မိမိတို့ကားကို မမြင်ဘဲ ဖြတ်လျှောက်လာပါတယ်။ မိမိက ကားအရှိန်ကို လျှော့ပေးတယ်၊ ဟွန်းတော့ မတီးပါ၊ သူ့ကို မတိုက်မိအောင် ကိုယ့်ကားကို ကိုယ်ထိန်းနိုင်ရင် ဟွန်းက တီးစရာလား။ တီးလိုက်မှ ဟိုကောင်မလေးက လန့်ပြီး အက်ဆီဒင့်က ပိုဖြစ်လွယ်မှာ။ တကယ်လို့ ကိုယ့်ကားကို သူ တိုက်မိရင်တော့ သူ့တာဝန်ပေါ့။ ကောင်မလေးက ကားကို သတိထားမိတော့ သူ့ခြေလှမ်းကို ရပ်လိုက်တယ်။ ရုပ်ရည်က သနားကမားနဲ့ ကြည့်ပျော်ရှုပျော် ရှိတဲ့ မိန်းကလေးတစ်ယောက်။
ဒီတော့ မိမိက လူငယ်တွေနဲ့ စကားပြောကြည့်တယ်။
"ကျုပ်နေရာမှာသာ သိန်းစိန်ဆိုရင် သူ ဘာလုပ်မယ်ထင်သလဲ"
"မသိပါဘုရား"
"မင်းတို့ မြန်မာရုပ်ရှင်ကားတွေ မကြည့်ဘူးလား"
"တစ်ခါတလေ ကြည့်တယ်ဘုရား"
"ဒီလိုနေရာမျိုးဆို ဒါရိုက်တာ ဆိုသူတွေက ဘယ်လို ရိုက်ကွက်မျိုးကို ဖော်မလဲ"
"အော် သဘောပေါက်ပြီဘုရား"
ပေါက်ရမှာပေါ့။ မြန်မာပြည်မှာ လုပ်ပေါက်က ဒီတစ်ပေါက်ထဲ။ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာကအစ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရအထိ ဒီတစ်ပေါက်ထဲနဲ့ လုပ်စားနေကြတာ ဖြစ်တယ်။
မိန်းကလေးကို နည်းနည်းတိုက်မိအောင် လုပ်၊ ပြီးတော့ အောက်ဆင်းပြီး ဖေးမကူညီပေး၊ ဆေးရုံကို ပို့၊ ပြီးတော့ အချစ်ဇာတ်လမ်းက ဒီမှာတင် စပါတယ်။ ဒါက မြန်မာ့နည်းမြန်မာ့ဟန်ကိုး။
ဒီအမေရိကမှာ အဲဒီနည်း သွားမလုပ်နဲ့။ သူ့ကို နည်းနည်းတိုက်မိရင် ရဲကို ခေါ်မှာပဲ။ ပြီးတော့ သူက ကွန်ပလိန်းလုပ်မယ်။ ဆေးစစ်ချက်တွေ လာမယ်။ ပြီးတော့ တရားရုံးကို တက်မယ်။ တစ်သက်လုံး တစ်လဆို ဘယ်လောက် သူ့ကို ကွေ္ပျးစေ ဆိုပြီး အမိန့်ချမှာ သေချာတယ်။ ဒါကြောင့် လမ်းမပေါ်မှာ လမ်းကူးတဲ့ လူက အမြဲတမ်း မှန်တယ်။ လူကို မြင်ရင် ရှောင်မောင်းရမယ်၊ ယုတ်စွအဆုံး တိရစ္ဆာန်တွေကို မြင်ရင် ရပ်ပေးရမယ်၊ တိရစ္ဆာန်တစ်ကောင်ကို တိုက်မိရင် ဒေါ်လာ (၅၀၀) ဒဏ်ငွေ ဆောင်စေ။
ဒီနိုင်ငံက လူ့အသက်ကို တန်ဖိုးထားသကိုး။ သူတို့ပြည်သူတွေ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင် ထားပေးသကိုး။ အစိုးရက သူ့ပြည်သူတွေကို စောင့်ရှောက်မှု ပေးကြသကိုး။ ပြည်သူတွေ ပေးတဲ့ အခွန်ကို ပြည်သူတွေအတွက် ပြန်သုံးပေးသကိုး။
နောက်တစ်ခါ ပြောရဦးမယ်။ ဘယ်အမေရိကန်ကမှ ကျုပ်တို့ဆီကို လာပြီး အာဇာနည် ခရစ်ယာန်ဘာသာ အမျိုးသားတိုင်းပြည် လို့ အော်ပြီး မဟာအမေရိကန်ပြည်ထောင်စုကို ကာကွယ်ကြဖို့ မစည်းရုံးကြဘူးဗျ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို လူတိုင်းပိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ဝင်အောင်တော့ ရိုက်သွင်းတယ်။
ဒီမှာ ကြည့်ကြပါလေ။ လူမျိုးစုံ ရှိနေတဲ့ ဒီ National Park မှာ မိမိတို့က မွန်စကားကို ကျယ်ကျယ်လောင်လောင်နဲ့ အော်ပြောနေကြတာ ဘယ်သတ္တဝါမှ နားမခံသာပါ။ ဒါတောင် သူတို့က မိမိတို့ကို အမြင်ကပ်တဲ့ မျက်စောင်းလေးတစ်ချက်တောင် လမ်းတလျှောက်မှာ မတွေ့ခဲ့ရပါဘူး။ မိမိတို့ကို မလိုမုန်းထားစိတ် ထားမဲ့အစား မိမိတို့ကို တွေ့ရင် ဗုဒ္ဓဘာသာဖြစ်ကြောင်း သိကြလို့ "တရားထိုင်ကြောင်း၊ စိတ်ငြိမ်းချမ်းမှုကို ရကြောင်း၊ ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတန်ဖိုးထားကြော င်း" လာပြောကြတယ်။ မိမိတို့နဲ့ ဓာတ်ပုံတွဲရိုက်ကြတယ်။
ခရစ်ယာန်တွေ၊ မူစလင်တွေ၊ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူတွေ၊ ဆစ်ခ်တွေ၊ ဂျူးတွေ ဘယ်သူကမှ ဘယ်သူ့ကိုမှ သံသယမျက်လုံးနဲ့ မကြည့်ကြပါ။ ဒီလူတွေအားလုံးက ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားကြသကိုး။ ဒီနိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်သကိုး။ ဒီနိုင်ငံမှာ ဥပဒေအထက် ဘယ်သူမှ မရှိဘူးဆိုတာ သိနေကြသကိုး။
ဒါဆို အချို့က ပြန်ပက်ကြမှာပေါ့။ ဘာသာခြားမုန်းတဲ့ အမေရိကန်တွေ မရှိဘူးလားဆိုတာလေး။ ရှိမှာပေါ့။ ဒါပေမဲ့ ကိုယ့်အိမ်ကိုယ့်အခန်းမှာ ကျွမ်းထိုးနေအောင် မုန်းပါလေ။ အိမ်ပြင်ထွက်ရင် အားလုံးဟာ အတူတူပဲ။ တစ်မူးသာချင်လို့ မရဘူး။ လူမျိုးဘာသာကို ခွဲခြားရင် အလုပ်တောင် ရှာလို့ ရမှာမဟုတ်ဘူး။
ဒီတော့ ခရီးသွားရင်းနဲ့ လေ့လာလို့ ရတယ်။ မွန်ပြည်နယ်က လာတဲ့ ကိုယ်စားလှယ်တော်ကြီးတွေက "အော် ဒီနိုင်ငံမှာ အင်မတန် စနစ်ကျပေသကိုး၊ သူတို့အစိုးရက သူတို့ပြည်သူတွေကို တကယ်စောင့်ရှောက်မှုပေးကြသကိုး၊ တို့နိုင်ငံမှာတော့ နိုင်ငံတော်အစိုးရက တာဝန်မဲ့လို့ပဲ ပြည်သူတွေ အတိဒုက္ခရောက်နေကြရသကိုး"လို့  မှတ်ချက်ပေးပါတယ်။
ကြွရောက်လာတဲ့ ရွှေဧည့်သည်တော်များကို ကိုလိုရာဒိုဒေသခံတို့က Rocky Mountain National Park ကို လိုက်ပို့ပေးကြတယ်။ ပြဿနာက လူငယ်အတော်များများနဲ့ ဒကာအတော်များများက သိပ်မအားကြပါ။ မိမိက ကားတစ်စီးရဲ့ ရှေ့ခန်းမှာ အခန့်သား ထိုင်နေပါပြီ။ ဆရာတော်ဆိုတော့လည်း ဧည့်သည်တွေရဲ့ ရှေ့မှာ ဣနြေ္ဒရရ အခန့်သား ထိုင်ရမယ်လို့ မှန်းထားတာပေါ့။
ကိုလိုရာဒိုဥက္ကဋ္ဌက "ဆရာတော် ကားမောင်းပေးလို့ ရလား၊ ဆရာတော်က လမ်းကျွမ်းတယ်၊ ရှေ့ကနေ မောင်းပေးပါ"ဆိုတော့ ခဲရာခဲဆစ်အလုပ်တွေ၊ သက်စွန့်ဆံဖျားအလုပ်တွေ၊ သည်းထိတ်ရင်ဖိုအလုပ်တွေ လုပ်ဖို့ ဝါသနာပါတဲ့ မိမိက ဝါသနာပိုးကို တားလို့ မရတော့ဘူး။ မောင်းတာပါပဲ။
တောင်ပေါ်လမ်းက မကြမ်းပါ၊ အသွားတစ်လမ်း အပြန်တစ်လမ်းမို့ ဘရိတ်သာ မပေါက်ရင်၊ ဘီးသာ မပေါက်ရင်၊ ဒရိုင်ဘာကသာ မဖောက်ရင် ချောက်ထဲ ကျစရာမရှိ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် နေနေကြရင် ဘာပြဿနာမှ မရှိ။
ဒါပေမဲ့ ကားမောင်းတဲ့အခါ အချို့ဒရိုင်ဘာတွေက ဟိုဘက်က ချောက်ကို ကြောက်လို့ ဒီဘက်က Lane ကို တိုးဝင်တယ်။ ဟိုဘက်ကားက ဝင်လာလို့ ဒီကားက ရှောင်ရတယ်။ နှစ်ကားစလုံး တိုက်မိကြရင် နှစ်စီးစလုံး ချောက်ထဲ မကျနိုင်ဘူးလား။ ကားက ချောက်ထဲ ကျသွားရင် မိမိတို့ကို ယုံကြည်လို့ လိုက်ပါလာတဲ့ ခရီးသည်တွေ အန္တရာယ်မဖြစ်ဘူးလား။
မိမိကားမှာ အိုင်အိုဝါပြည်နယ်က ကိုယ်စားလှယ်တွေချည်းပဲ။ ကျန်တာ မိမိနဲ့ ဒေသခံလူငယ်တစ်ယောက်ပဲ ပါတယ်။ မွေးရပ်မြေမှာ ဆရာတော်ကိုယ်တိုင် မောင်းတဲ့ ကားကို စီးရဖို့ မလွယ်ဘူးကွ၊ စီးထားကြလို့ သူတို့ကို နောက်ပါတယ်။ အားလုံးက လူငယ်တွေချည်းပဲ များတော့ "ခပ်တည်တည်နဲ့ဆို ပွဲမစည်မှာ စိုးလို့" နောက်စရာလေးတွေ နည်းနည်းပြောရပါတယ်။
တစ်နေရာရောက်တော့ မိန်းကလေးတစ်ယောက်က မိမိတို့ကားကို မမြင်ဘဲ ဖြတ်လျှောက်လာပါတယ်။ မိမိက ကားအရှိန်ကို လျှော့ပေးတယ်၊ ဟွန်းတော့ မတီးပါ၊ သူ့ကို မတိုက်မိအောင် ကိုယ့်ကားကို ကိုယ်ထိန်းနိုင်ရင် ဟွန်းက တီးစရာလား။ တီးလိုက်မှ ဟိုကောင်မလေးက လန့်ပြီး အက်ဆီဒင့်က ပိုဖြစ်လွယ်မှာ။ တကယ်လို့ ကိုယ့်ကားကို သူ တိုက်မိရင်တော့ သူ့တာဝန်ပေါ့။ ကောင်မလေးက ကားကို သတိထားမိတော့ သူ့ခြေလှမ်းကို ရပ်လိုက်တယ်။ ရုပ်ရည်က သနားကမားနဲ့ ကြည့်ပျော်ရှုပျော် ရှိတဲ့ မိန်းကလေးတစ်ယောက်။
ဒီတော့ မိမိက လူငယ်တွေနဲ့ စကားပြောကြည့်တယ်။
"ကျုပ်နေရာမှာသာ သိန်းစိန်ဆိုရင် သူ ဘာလုပ်မယ်ထင်သလဲ"
"မသိပါဘုရား"
"မင်းတို့ မြန်မာရုပ်ရှင်ကားတွေ မကြည့်ဘူးလား"
"တစ်ခါတလေ ကြည့်တယ်ဘုရား"
"ဒီလိုနေရာမျိုးဆို ဒါရိုက်တာ ဆိုသူတွေက ဘယ်လို ရိုက်ကွက်မျိုးကို ဖော်မလဲ"
"အော် သဘောပေါက်ပြီဘုရား"
ပေါက်ရမှာပေါ့။ မြန်မာပြည်မှာ လုပ်ပေါက်က ဒီတစ်ပေါက်ထဲ။ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာကအစ တိုင်းပြည်အုပ်ချုပ်တဲ့အစို
မိန်းကလေးကို နည်းနည်းတိုက်မိအောင် လုပ်၊ ပြီးတော့ အောက်ဆင်းပြီး ဖေးမကူညီပေး၊ ဆေးရုံကို ပို့၊ ပြီးတော့ အချစ်ဇာတ်လမ်းက ဒီမှာတင် စပါတယ်။ ဒါက မြန်မာ့နည်းမြန်မာ့ဟန်ကိုး။
ဒီအမေရိကမှာ အဲဒီနည်း သွားမလုပ်နဲ့။ သူ့ကို နည်းနည်းတိုက်မိရင် ရဲကို ခေါ်မှာပဲ။ ပြီးတော့ သူက ကွန်ပလိန်းလုပ်မယ်။ ဆေးစစ်ချက်တွေ လာမယ်။ ပြီးတော့ တရားရုံးကို တက်မယ်။ တစ်သက်လုံး တစ်လဆို ဘယ်လောက် သူ့ကို ကွေ္ပျးစေ ဆိုပြီး အမိန့်ချမှာ သေချာတယ်။ ဒါကြောင့် လမ်းမပေါ်မှာ လမ်းကူးတဲ့ လူက အမြဲတမ်း မှန်တယ်။ လူကို မြင်ရင် ရှောင်မောင်းရမယ်၊ ယုတ်စွအဆုံး တိရစ္ဆာန်တွေကို မြင်ရင် ရပ်ပေးရမယ်၊ တိရစ္ဆာန်တစ်ကောင်ကို တိုက်မိရင် ဒေါ်လာ (၅၀၀) ဒဏ်ငွေ ဆောင်စေ။
ဒီနိုင်ငံက လူ့အသက်ကို တန်ဖိုးထားသကိုး။ သူတို့ပြည်သူတွေ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ
နောက်တစ်ခါ ပြောရဦးမယ်။ ဘယ်အမေရိကန်ကမှ ကျုပ်တို့ဆီကို လာပြီး အာဇာနည် ခရစ်ယာန်ဘာသာ အမျိုးသားတိုင်းပြည် လို့ အော်ပြီး မဟာအမေရိကန်ပြည်ထောင်စုကို ကာကွယ်ကြဖို့ မစည်းရုံးကြဘူးဗျ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို လူတိုင်းပိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ဝင်အောင်တော့ ရိုက်သွင်းတယ်။
ဒီမှာ ကြည့်ကြပါလေ။ လူမျိုးစုံ ရှိနေတဲ့ ဒီ National Park မှာ မိမိတို့က မွန်စကားကို ကျယ်ကျယ်လောင်လောင်နဲ့ အော်ပြောနေကြတာ ဘယ်သတ္တဝါမှ နားမခံသာပါ။ ဒါတောင် သူတို့က မိမိတို့ကို အမြင်ကပ်တဲ့ မျက်စောင်းလေးတစ်ချက်တောင် လမ်းတလျှောက်မှာ မတွေ့ခဲ့ရပါဘူး။ မိမိတို့ကို မလိုမုန်းထားစိတ် ထားမဲ့အစား မိမိတို့ကို တွေ့ရင် ဗုဒ္ဓဘာသာဖြစ်ကြောင်း သိကြလို့ "တရားထိုင်ကြောင်း၊ စိတ်ငြိမ်းချမ်းမှုကို ရကြောင်း၊ ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတန်ဖိုးထားကြော
ခရစ်ယာန်တွေ၊ မူစလင်တွေ၊ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူတွေ၊ ဆစ်ခ်တွေ၊ ဂျူးတွေ ဘယ်သူကမှ ဘယ်သူ့ကိုမှ သံသယမျက်လုံးနဲ့ မကြည့်ကြပါ။ ဒီလူတွေအားလုံးက ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားကြသကိုး။ ဒီနိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်သကိုး။ ဒီနိုင်ငံမှာ ဥပဒေအထက် ဘယ်သူမှ မရှိဘူးဆိုတာ သိနေကြသကိုး။
ဒါဆို အချို့က ပြန်ပက်ကြမှာပေါ့။ ဘာသာခြားမုန်းတဲ့ အမေရိကန်တွေ မရှိဘူးလားဆိုတာလေး။ ရှိမှာပေါ့။ ဒါပေမဲ့ ကိုယ့်အိမ်ကိုယ့်အခန်းမှာ ကျွမ်းထိုးနေအောင် မုန်းပါလေ။ အိမ်ပြင်ထွက်ရင် အားလုံးဟာ အတူတူပဲ။ တစ်မူးသာချင်လို့ မရဘူး။ လူမျိုးဘာသာကို ခွဲခြားရင် အလုပ်တောင် ရှာလို့ ရမှာမဟုတ်ဘူး။
ဒီတော့ ခရီးသွားရင်းနဲ့ လေ့လာလို့ ရတယ်။ မွန်ပြည်နယ်က လာတဲ့ ကိုယ်စားလှယ်တော်ကြီးတွေက "အော် ဒီနိုင်ငံမှာ အင်မတန် စနစ်ကျပေသကိုး၊ သူတို့အစိုးရက သူတို့ပြည်သူတွေကို တကယ်စောင့်ရှောက်မှုပေးကြသကိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။