ကျွန်မ ပရဟိတသမား (၁)
==============
ပျဉ်းမနားလို့ ဆိုလိုက်ရင် မျှစ်ချဉ်ကောင်းကောင်း ထွက်တဲ့အရပ်လို့ လူသိများကြတယ်။ ဒါပေမယ့် ပျဉ်းမနားမှာ သမိုင်းတွင်တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်။
ဘုံဘေဘားမားလို့ဆိုလိုက်ရင် အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းယူဖို့ အကြောင်းပြချက်ဖြစ်လာအောင် ဖန်တီးခဲ့တဲ့ ဘုံဘေဘားမား သစ်ခိုးထုတ်မှုကြီးကိုလည်း မေ့ထားလို့မရဘူး။
ပျဉ်းမနားဆိုတာ မျှစ်ချဉ်တစ်ခုထဲမဟုတ်ဘဲ ရိုးမတောကြီးကို ပိုင်တဲ့မြို့၊ ကျွန်းသစ်သိပ်ကောင်းတဲ့ ဒေသ၊ မင်းစိုးရာဇာတွေ ၀င်ငွေသိပ်ကောင်းခဲ့တဲ့ အရပ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီမြို့လေးမှာ ကျွန်မကို မွေးဖွားခဲ့တယ်။ မေမေပြောပြတတ်တဲ့ ကျွန်မမွေးဖွားတဲ့ ဇာတ်လမ်းကတော့ ညဘက်ကြီး သွေးသွန်လို့ ညတွင်းချင်း ဆေးရုံတင်လိုက်ရတယ်။
လင်းအားကြီးမှာ ဆရာဝန်က ကလေးသေပြီ မိခင်ကယ်ဖို့ သူကိုယ်တိုင် ခွဲမယ်လို့ ကြေညာလိုက်တယ်။ ဒီဇင်ဘာ နံနက်ခင်းရဲ့ လင်းအားကြီးထဲမှာ မေမေ့ကို ဗိုက်ခွဲခဲ့ပြီး ကလေးအသေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်မ အသက်ရှင်နေခဲ့တယ်။
ဒီလိုနဲ့ ၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ရဲ့ နံနက် ၁၀ နာ၇ီ ၄၅ မိနစ်မှာ ကျွန်မ လူ့လောကထဲကို သေဆုံးဆိုတဲ့ အဖြစ်နဲ့ အတူ ရောက်ရှိလာခဲ့ပါတယ်။
ပျဉ်းမနားမြို့က ၁၀ မိုင်လောက်ဝေးတဲ့ ရေဆင်းဆိုတဲ့ ရွာလေးမှာ ကျွန်မအစ်မ ၃ ဦးနဲ့အတူ မိသားစုလေးနေထိုင်ခဲ့တယ်။ ဖေဖေနဲ့ မေမေက တိမွေးကုတက္ကသိုလ် (ယခု မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်) က ကျောင်းဆရာဆရာမတွေ ဖြစ်ပါတယ်။
ဝန်ထမ်းဘ၀မှာ မေမေပိုင်တဲ့ တစ်ကွင်းထဲသော ရွှေလက်ကောက်လေးဟာ အပေါင်ဆိုင်ကနေ ဆင်းချည်တလှည့် တက်ချည်တလှည့်နဲ့ ကျွန်မတို့ ပညာသင်ခဲ့ကြရတယ်။ ချို့တဲ့မှုဆိုတာ ဘ၀မှာ များလွန်းလို့ ကြက်ဥတစ်လုံးနဲ့ ထမင်းစားရတာ ဟင်းကောင်းလှချည်လားလို့ အော်ရတဲ့နေ့၊ ၈တန်းနှစ်မှ ချုပ်တဲ့ ကျောင်းအဖြူတစ်ထည်သာ ကိုယ်ပိုင်အကျီအဖြစ် ပိုင်ဆိုင်ဖူးခဲ့တဲ့ ဘ၀၊ ကျောင်းမုန့်ဈေးတန်းဆိုတာ သူငယ်ချင်းနဲ့ အဖော်လိုက်ရတဲ့နေရာ၊ အစ်မတွေ ဆယ်တန်းအောင်သွားလို့ ရှိတဲ့ကျောင်းစိမ်း ထမီ ၂ ထည်ကို ငါပိုင်ပြီလို့ ၀မ်းသာအားရ ကြွေးကြော်ရတဲ့အထိ ငယ်ဘ၀မှာ အမှတ်တရခပ်များများရှိခဲ့ဖူးလေတယ်။
လူတိုင်းလူတိုင်းမှာ အားနည်းချက်၊ ချို့ယွင်းချက်ဆိုတာ ရှိတတ်ကြစမြဲပါ။ ကျွန်မမှာလည်း အားနည်းတဲ့ ချို့ယွင်းချက်အကြီးကြီးတစ် ခု ပိုင်ဆိုင်ခဲ့ပါတယ်။(ကျွန်မ အတွက်ပေါ့လေ)
ကျွန်မက စကားထစ်တဲ့ ကလေးငယ် ဖြစ်နေခဲ့တယ်။
စကားထစ်နေတာဟာ ကျွန်မအတွက်တော့ အကြီးမားဆုံး ချို့ယွင်းချက်ကြီးဖြစ်တယ်ဆိုတာ ကျွန်မ ကျောင်းစတက်တဲ့ နေ့မှာပဲ သိလိုက်ရတယ်။ အတန်းထဲမှာ စာဆိုတော့ ထစ်အ နေပြီး စာသံထွက်မလာတဲ့ ကျွန်မကို အတန်းဖော်တွေက ၀ိုင်းရီမောခဲ့ကြတယ်။
အထစ်ဆိုတဲ့ နာမည်ကိုလည်း ရခဲ့သလို စကားထစ်ယောင် ဆောင်ပြီး လှောင်ပြောင်စနောက် ခံခဲ့ရတယ်။
မိသားစုထဲမှာလည်း ထစ်အ နာမည်အခေါ်ခံခဲ့ရသလို၊ သူငယ်ချင်းတွေ ကြားထဲမှာ အမြဲ ရီမောခံခဲ့ရတဲ့ အားနည်းချက်ကြီးက ကျွန်မကို စာသင်ခုံတွေရဲ့ နောက်ကို ဆွဲခေါ်သွားတယ်။
ကျွန်မ အတန်းထဲမှာ နောက်ဆုံးခုံမှာပဲ ထိုင်တယ်၊ ဆရာမ မျက်လုံးတွေနဲ့ ဝေးအောင် ခေါင်းငုံ့နေတယ်၊ ဖြစ်နိုင်ရင် စကားပြောရတဲ့ ကိစ္စတွေကို ရှောင်တယ်။
ကျွန်မအတွေးထဲမှာ ကျွန်မစကားထစ်ခဲ့ရင် လူတွေ ၀ိုင်းလှောင်တော့မှာပဲဆိုတဲ့  အတွေးက ထာဝစဉ် ကြီးစိုးလာပါတော့တယ်။
ကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘ၀ဟာ သိပ်ကို အရေးကြီးမှန်း ကျွန်မ နားလည်လာခဲ့တယ်။ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ကလေးငယ်ဟာ ရေနွေးပူအလောင်းခံရင်း ကြီးပြင်းခဲ့ရတဲ့ အပင်တစ်ပင်လို စိုပြေစိမ်းလန်းနေပေမယ့် ဖွံ့ဖြိုးနေမှာ မဟုတ်ဘူး။
အားနည်းချက်ရှိတဲ့ သူတွေဟာ ဒေါသကြီးတယ်၊ စိတ်မြန်တယ်၊ ခေါင်းမာပြီး စိတ်ဓါတ်က သာမန်ထက် ပိုပြီး ပြင်းထန်တတ်တယ်။ သူ့အားနည်းချက်ကို လူတွေ စတင်မတိုက်ခိုက်လာအောင်၊ သူ့အားနည်းချက်ကို လူတွေ မသိရလေအောင်၊ သူ့အားနည်းချက်ကို ထိခိုက်လာရင် ဖျတ်ကနဲ တုံ့ပြန်တာ စတဲ့ အပြုအမူတွေနဲ့ ကျွန်မ ကျွမ်းဝင်ခဲ့တယ်။
ဒီလိုနဲ့ ကျွန်မ သိုးမည်းကလေးအဖြစ် ကြီးပြင်းလာခဲ့တယ်။
………………………
(ဆက်လက်ရေးသားပါဦးမည်)
==============
ပျဉ်းမနားလို့ ဆိုလိုက်ရင် မျှစ်ချဉ်ကောင်းကောင်း ထွက်တဲ့အရပ်လို့ လူသိများကြတယ်။ ဒါပေမယ့် ပျဉ်းမနားမှာ သမိုင်းတွင်တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်။
ဘုံဘေဘားမားလို့ဆိုလိုက်ရင်
ပျဉ်းမနားဆိုတာ မျှစ်ချဉ်တစ်ခုထဲမဟုတ်ဘဲ ရိုးမတောကြီးကို ပိုင်တဲ့မြို့၊ ကျွန်းသစ်သိပ်ကောင်းတဲ့ ဒေသ၊ မင်းစိုးရာဇာတွေ ၀င်ငွေသိပ်ကောင်းခဲ့တဲ့ အရပ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီမြို့လေးမှာ ကျွန်မကို မွေးဖွားခဲ့တယ်။ မေမေပြောပြတတ်တဲ့ ကျွန်မမွေးဖွားတဲ့ ဇာတ်လမ်းကတော့ ညဘက်ကြီး သွေးသွန်လို့ ညတွင်းချင်း ဆေးရုံတင်လိုက်ရတယ်။
လင်းအားကြီးမှာ ဆရာဝန်က ကလေးသေပြီ မိခင်ကယ်ဖို့ သူကိုယ်တိုင် ခွဲမယ်လို့ ကြေညာလိုက်တယ်။ ဒီဇင်ဘာ နံနက်ခင်းရဲ့ လင်းအားကြီးထဲမှာ မေမေ့ကို ဗိုက်ခွဲခဲ့ပြီး ကလေးအသေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်မ အသက်ရှင်နေခဲ့တယ်။
ဒီလိုနဲ့ ၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ရဲ့ နံနက် ၁၀ နာ၇ီ ၄၅ မိနစ်မှာ ကျွန်မ လူ့လောကထဲကို သေဆုံးဆိုတဲ့ အဖြစ်နဲ့ အတူ ရောက်ရှိလာခဲ့ပါတယ်။
ပျဉ်းမနားမြို့က ၁၀ မိုင်လောက်ဝေးတဲ့ ရေဆင်းဆိုတဲ့ ရွာလေးမှာ ကျွန်မအစ်မ ၃ ဦးနဲ့အတူ မိသားစုလေးနေထိုင်ခဲ့တယ်။ ဖေဖေနဲ့ မေမေက တိမွေးကုတက္ကသိုလ် (ယခု မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်) က ကျောင်းဆရာဆရာမတွေ ဖြစ်ပါတယ်။
ဝန်ထမ်းဘ၀မှာ မေမေပိုင်တဲ့ တစ်ကွင်းထဲသော ရွှေလက်ကောက်လေးဟာ အပေါင်ဆိုင်ကနေ ဆင်းချည်တလှည့် တက်ချည်တလှည့်နဲ့ ကျွန်မတို့ ပညာသင်ခဲ့ကြရတယ်။ ချို့တဲ့မှုဆိုတာ ဘ၀မှာ များလွန်းလို့ ကြက်ဥတစ်လုံးနဲ့ ထမင်းစားရတာ ဟင်းကောင်းလှချည်လားလို့ အော်ရတဲ့နေ့၊ ၈တန်းနှစ်မှ ချုပ်တဲ့ ကျောင်းအဖြူတစ်ထည်သာ ကိုယ်ပိုင်အကျီအဖြစ် ပိုင်ဆိုင်ဖူးခဲ့တဲ့ ဘ၀၊ ကျောင်းမုန့်ဈေးတန်းဆိုတာ သူငယ်ချင်းနဲ့ အဖော်လိုက်ရတဲ့နေရာ၊ အစ်မတွေ ဆယ်တန်းအောင်သွားလို့ ရှိတဲ့ကျောင်းစိမ်း ထမီ ၂ ထည်ကို ငါပိုင်ပြီလို့ ၀မ်းသာအားရ ကြွေးကြော်ရတဲ့အထိ ငယ်ဘ၀မှာ အမှတ်တရခပ်များများရှိခဲ့ဖူ
လူတိုင်းလူတိုင်းမှာ အားနည်းချက်၊ ချို့ယွင်းချက်ဆိုတာ ရှိတတ်ကြစမြဲပါ။ ကျွန်မမှာလည်း အားနည်းတဲ့ ချို့ယွင်းချက်အကြီးကြီးတစ်
ကျွန်မက စကားထစ်တဲ့ ကလေးငယ် ဖြစ်နေခဲ့တယ်။
စကားထစ်နေတာဟာ ကျွန်မအတွက်တော့ အကြီးမားဆုံး ချို့ယွင်းချက်ကြီးဖြစ်တယ်ဆ
အထစ်ဆိုတဲ့ နာမည်ကိုလည်း ရခဲ့သလို စကားထစ်ယောင် ဆောင်ပြီး လှောင်ပြောင်စနောက် ခံခဲ့ရတယ်။
မိသားစုထဲမှာလည်း ထစ်အ နာမည်အခေါ်ခံခဲ့ရသလို၊ သူငယ်ချင်းတွေ ကြားထဲမှာ အမြဲ ရီမောခံခဲ့ရတဲ့ အားနည်းချက်ကြီးက ကျွန်မကို စာသင်ခုံတွေရဲ့ နောက်ကို ဆွဲခေါ်သွားတယ်။
ကျွန်မ အတန်းထဲမှာ နောက်ဆုံးခုံမှာပဲ ထိုင်တယ်၊ ဆရာမ မျက်လုံးတွေနဲ့ ဝေးအောင် ခေါင်းငုံ့နေတယ်၊ ဖြစ်နိုင်ရင် စကားပြောရတဲ့ ကိစ္စတွေကို ရှောင်တယ်။
ကျွန်မအတွေးထဲမှာ ကျွန်မစကားထစ်ခဲ့ရင် လူတွေ ၀ိုင်းလှောင်တော့မှာပဲဆိုတဲ
ကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘ၀ဟာ သိပ်ကို အရေးကြီးမှန်း ကျွန်မ နားလည်လာခဲ့တယ်။ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ကလေးငယ်ဟာ ရေနွေးပူအလောင်းခံရင်း ကြီးပြင်းခဲ့ရတဲ့ အပင်တစ်ပင်လို စိုပြေစိမ်းလန်းနေပေမယ့် ဖွံ့ဖြိုးနေမှာ မဟုတ်ဘူး။
အားနည်းချက်ရှိတဲ့ သူတွေဟာ ဒေါသကြီးတယ်၊ စိတ်မြန်တယ်၊ ခေါင်းမာပြီး စိတ်ဓါတ်က သာမန်ထက် ပိုပြီး ပြင်းထန်တတ်တယ်။ သူ့အားနည်းချက်ကို လူတွေ စတင်မတိုက်ခိုက်လာအောင်၊ သူ့အားနည်းချက်ကို လူတွေ မသိရလေအောင်၊ သူ့အားနည်းချက်ကို ထိခိုက်လာရင် ဖျတ်ကနဲ တုံ့ပြန်တာ စတဲ့ အပြုအမူတွေနဲ့ ကျွန်မ ကျွမ်းဝင်ခဲ့တယ်။
ဒီလိုနဲ့ ကျွန်မ သိုးမည်းကလေးအဖြစ် ကြီးပြင်းလာခဲ့တယ်။
………………………
(ဆက်လက်ရေးသားပါဦးမည်)


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။