ကမ္ဘာပေါ်တွင် လူဦးရေ အနည်းဆုံးနိုင်ငံ (သို့) ပစ်ကိုင်ကျွန်းစု
လူသားများနေထိုင်သော နိုင်ငံများအဖြစ် ကမ္ဘာပေါ်တွင် စာရင်းပြုစု
ထားသည်မှာ နိုင်ငံပေါင်း (၂၂၃) နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံများအထဲ
တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လူဦးရေ (၁၃၆၄၅၆၀၀၀၀) ဖြင့်
လူဦးရေအများဆုံးနိုင်ငံဖြစ်ကာ နံပါတ် (၁) နေရာ ရယူထားသည်။
ထိုနည်းတူစွာပင် ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာ့လူဦးရေအနည်းဆုံး
နိုင်ငံအဖြစ် ပစ်ကိုင်ကျွန်းစု (Pitcairn Islands) မှာလည်း ၂၀၁၃ လူဦးရေစာရင်းအရ (၅၆) ဦးနေထိုင်ကာ ကမ္ဘာ့လူဦးရေ အနည်းဆုံး
နိုင်ငံအဖြစ် နံပါတ် (၂၂၃) အဆင့်ဖြင့် ရပ်တည်လျက်ရှိသည်။
ထိုပစ်ကိုင်ကျွန်းစုသည် ပစိဖိတ်သမုဒ္ဒရာတောင်ဘက်ပိုင်းတွင် တည်ရှိသည့် ဗြိတိသျှတို့ပိုင်ဆိုင်သည့် ကျွန်းဖြစ်ပြီး၊ ဧရိယာအကျယ်
အ၀န်း (၁၈.၁) စတုရန်းမိုင် ကျယ်ဝန်းသည်။ထိုကျွန်းအား ပေါ်တူဂီ
သင်္ဘောသား ပက်ဒရိုမှ ၁၆၀၆ခုနှစ်တွင် တွေ့ခဲ့ပြီး နှစ်ခြင်းဆရာ
သူတော်စင်ယောဟန် (Saint John the Baptist) ဟု အမည်ပေး
ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် ဗြိတိသျှတို့မှ သူတို့၏ အုပ်ချုပ်မှုအောက်
သို့ သွပ်သွင်းခဲ့ပြီး၊ ကျွန်းအားစောင့်ရှောက် ကြည့်ရှု့ရန် လူပုဂိုလ်
(၉) ဦးအားတာဝန်ပေးခဲ့သည်။
ယင်းလူ (၉) ဦးနှင့်အတူ တာဟီတီယန်အဖွဲ့မှ အမျိုးသား (၉) ဦး၊
အမျိုးသမီး (၁၁) ဦးနှင့် ခလေးငယ် (၁) ဦးတို့သည် ၁၇၉၀တွင် ပစ်ကိုင်ကျွန်းတွင် စတင်အခြေစိုက် နေထိုင်ခဲ့ကြသည်။
နိုင်ငံ၏ မြို့တော်မှာ အာဒမ်စ်တောင်း (Adamstown) ဖြစ်ပြီး၊
ခရစ်ယာန် (ဆဲဗင်းဒေးဂိုဏ်း) ကိုးကွယ်သူများ ဖြစ်ကြသည်။
ဤကွန်းသည် နယူးဇီလန်နှင့် တောင်အမေရိကတိုက်အကြား
တွင် တည်ရှိသည်။ အနီးဆုံးနိုင်ငံများမှာ တောင်ပစိဖိတ်သမုဒ္ဒရာ
အတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော တာဟီတီနှင့် (၁၃၅၀)
မိုင်ဝေးကွာပြီး၊ ပနားမားနိုင်ငံနှင့် မိုင်ပေါင်း (၄၁၀၀) ကျော်
ဝေးကွာသည်။
နိုင်ငံအတွင်းတွင် နယူးဇီလန်ဒေါ်လာအား အသုံးပြုပြီး၊ ဗြိတိသျှ
ဘုရင်မကြီးအား နိုင်ငံ၏ ဥသျှောင်အဖြစ် သတ်မှတ်သည်။ နယူးဇီလန်နိုင်ငံမြို့တော် အော့ကလန်တွင်လည်း ဤနိုင်ငံနှင့်
စပ်လျှဉ်းသော ရုံးအားလည်း ဖွင့်လှစ်ထားသည်။
ကျွန်းအတွင်းတွင် လျှပ်စစ်မီးအား နံနက် (၈) နာရီမှ (၁) နာရီ
အတွင်း တစ်ကြိမ်၊ ညနေ (၅) နာရီမှ ည (၁၀) နာရီအထိ
တစ်ကြိမ်ဖြင့် မီးပေးသည်ဟုလည်း သိရသည်။ အင်္ဂလိပ်ဘာသာ
စကားအား အသုံးပြုပြီး၊ လက်ရှိတွင် သေနတ် (၂၀) ရှိသော
စစ်တပ်လည်း ရှိသည်။
Ref: Wikipedia
လူသားများနေထိုင်သော နိုင်ငံများအဖြစ် ကမ္ဘာပေါ်တွင် စာရင်းပြုစု
ထားသည်မှာ နိုင်ငံပေါင်း (၂၂၃) နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံများအထဲ
တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်
လူဦးရေအများဆုံးနိုင်ငံဖြစ
ထိုနည်းတူစွာပင် ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာ့လူဦးရေအနည်းဆုံး
နိုင်ငံအဖြစ် ပစ်ကိုင်ကျွန်းစု (Pitcairn Islands) မှာလည်း ၂၀၁၃ လူဦးရေစာရင်းအရ (၅၆) ဦးနေထိုင်ကာ ကမ္ဘာ့လူဦးရေ အနည်းဆုံး
နိုင်ငံအဖြစ် နံပါတ် (၂၂၃) အဆင့်ဖြင့် ရပ်တည်လျက်ရှိသည်။
ထိုပစ်ကိုင်ကျွန်းစုသည် ပစိဖိတ်သမုဒ္ဒရာတောင်ဘက်ပိုင
အ၀န်း (၁၈.၁) စတုရန်းမိုင် ကျယ်ဝန်းသည်။ထိုကျွန်းအား ပေါ်တူဂီ
သင်္ဘောသား ပက်ဒရိုမှ ၁၆၀၆ခုနှစ်တွင် တွေ့ခဲ့ပြီး နှစ်ခြင်းဆရာ
သူတော်စင်ယောဟန် (Saint John the Baptist) ဟု အမည်ပေး
ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် ဗြိတိသျှတို့မှ သူတို့၏ အုပ်ချုပ်မှုအောက်
သို့ သွပ်သွင်းခဲ့ပြီး၊ ကျွန်းအားစောင့်ရှောက် ကြည့်ရှု့ရန် လူပုဂိုလ်
(၉) ဦးအားတာဝန်ပေးခဲ့သည်။
ယင်းလူ (၉) ဦးနှင့်အတူ တာဟီတီယန်အဖွဲ့မှ အမျိုးသား (၉) ဦး၊
အမျိုးသမီး (၁၁) ဦးနှင့် ခလေးငယ် (၁) ဦးတို့သည် ၁၇၉၀တွင် ပစ်ကိုင်ကျွန်းတွင် စတင်အခြေစိုက် နေထိုင်ခဲ့ကြသည်။
နိုင်ငံ၏ မြို့တော်မှာ အာဒမ်စ်တောင်း (Adamstown) ဖြစ်ပြီး၊
ခရစ်ယာန် (ဆဲဗင်းဒေးဂိုဏ်း) ကိုးကွယ်သူများ ဖြစ်ကြသည်။
ဤကွန်းသည် နယူးဇီလန်နှင့် တောင်အမေရိကတိုက်အကြား
တွင် တည်ရှိသည်။ အနီးဆုံးနိုင်ငံများမှာ တောင်ပစိဖိတ်သမုဒ္ဒရာ
အတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော တာဟီတီနှင့် (၁၃၅၀)
မိုင်ဝေးကွာပြီး၊ ပနားမားနိုင်ငံနှင့် မိုင်ပေါင်း (၄၁၀၀) ကျော်
ဝေးကွာသည်။
နိုင်ငံအတွင်းတွင် နယူးဇီလန်ဒေါ်လာအား အသုံးပြုပြီး၊ ဗြိတိသျှ
ဘုရင်မကြီးအား နိုင်ငံ၏ ဥသျှောင်အဖြစ် သတ်မှတ်သည်။ နယူးဇီလန်နိုင်ငံမြို့တော် အော့ကလန်တွင်လည်း ဤနိုင်ငံနှင့်
စပ်လျှဉ်းသော ရုံးအားလည်း ဖွင့်လှစ်ထားသည်။
ကျွန်းအတွင်းတွင် လျှပ်စစ်မီးအား နံနက် (၈) နာရီမှ (၁) နာရီ
အတွင်း တစ်ကြိမ်၊ ညနေ (၅) နာရီမှ ည (၁၀) နာရီအထိ
တစ်ကြိမ်ဖြင့် မီးပေးသည်ဟုလည်း သိရသည်။ အင်္ဂလိပ်ဘာသာ
စကားအား အသုံးပြုပြီး၊ လက်ရှိတွင် သေနတ် (၂၀) ရှိသော
စစ်တပ်လည်း ရှိသည်။
Ref: Wikipedia
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။