Chin World added 2 new photos.
ဒီတပတ်တော့ အနုပညာနယ်ပယ်မှာ လင်းလက်ကြယ်တပွင့်ဖြစ်ဖို
့ကြိုးစားနေတဲ့ တေးသံရှင်ဆာရာ နှင့်ခဏတာတွေ့ဆုံခဲ့ပါတယ်..။
ပရိသတ်ကြီး ကျေနပ်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း-မိုင်ဒေါ့သ်သဲ
မေး။။ အသက်ဘယ်လောက်ရှိပြီလဲ။ ပြီးတော့ အခုနာမည်ကကော အနုပညာလောကရဲ့နာမည်ပဲလား၊ မိဘတွေ ကော ဘယ်မျိုးနွယ်စု
တွေလည်း။
တွေလည်း။
ဖြေ။။အစ်မအသက်က (၂၄)နှစ် ရှိပါပြီ၊ အစ်မအရင်ချင်းသီချင်းတွေမှာ
ဆိုရင် နွှမ်ကိမ်းဆိုတဲ့နာမည်သုံးတယ်၊ ဆာရာဆိုတဲ့နာမည်က အခုတစ်ကိုယ်တော် (Love Song)မှာသုံးတာဖြစ်တယ်။ နာမည်
အရင်းက ကိမ်းနေထွေးလို့ ခေါ် ပါတယ်။
မေး။။ အခုတလောအနုပညာ လှုပ်ရှားမှုအဖြစ် ဘာတွေလုပ်နေလဲ
အစ်မ။
ဖြေ။။ အခုဒုတိယအခွေပေါ့နော် တစ်ကိုယ်တော်တော့မဟုတ်ဘူး၊
အတွဲ အခွေတွေပေါ့ အဲဒါတွေလုပ်နေပါတယ်။

မေး။။ အနုပညာကို ဘယ်ချိန်ထိ လုပ်သွားမယ်လို့ ရည်မှန်းထားလဲ။
ဖြေ။။ အစ်မဒီအနုပညာကိုတော့လုပ်နိုင်တဲ့အချိန်ထိတော့ တော်တော်
လုပ်သွားပါမယ်၊ အစ်မပရိတ်သတ်ရှိတဲ့ချိန်ထိပေါ့။

မေး။။ အစ်မအခုစီးရီးဘယ်နှစ်ခွေထွက်ပြီလဲ။ နောက်စီးရီးထွက်
ဖို့ကော ရှိလား။
ဖြေ။။ အစ်မဒီ Love Song တွေ မဆိုခင်မှာ Gospel Song
ချင်းလိုဆိုတဲ့ အခွေတွေကတော့ အခွေ(၂၀)လောက် ရှိပါပြီ၊ အခုအော်ဒီယိုထွက်တဲ့ဟာက (Love Song) ပေါ့နော်။ ဒါပထမဆုံးအကြိမ်ပဲ၊ နောက်စီးဒီထွက်ဖို့ဆိုရင် ဘယ်လို
ပြောမလဲ မသေချာသေးဘူးလို့ပဲပြောရမယ်။

မေး။။ စီးရီးထွက်ဖို့အချိန်ဘယ် လောက်တောင်ယူလိုက်ရလဲ။
ဖြေ။။ ပထမ အော်ဒီယိုကိုတော့ နှစ်နှစ်လောက် အချိန်ယူ
ကြိုးစားလိုက်ရတယ်။ အခု VCDလုပ်နေတုန်းဆိုတော့ နောက်ထပ်
နည်းနည်းကြိုးစားရဦးမယ်။

မေး။။ ဒီစီးရီးလုပ်နေတဲ့ အချိန်အတွင်းမှာရော ဘယ်လိုအခက်အခဲ
တွေရှိခဲ့လဲ။
ဖြေ။။အခက်အခဲတွေကတော့ အများကြီးပါပဲ။ အမျိုးမျိုးပဲ၊ လုပ်နေ
ရင်းနဲ့ ကျန်းမာရေးမကောင်းတဲ့ အချိန်တွေ ဆိုရင် အချိန်ပိုနှောင့်နှေး
စေတယ်ပေါ့။

မေး။။ခုတလောဘယ်လိုသီချင်း တွေနားထောင်ဖြစ်လဲ။
ဖြေ။။သီချင်းတွေကတော့ အစ်မ ကတော့ အကုန်နားထောင်ဖြစ်တယ်
Rock & Popအဲလိုသီချင်းတွေကို ပိုနား ထောင်ဖြစ်တယ်။

မေး။။ အနုပညာ မျိုးရိုးကောရှိ လား။
ဖြေ။။ အစ်မအဖေတို့မောင်နှမတွေ အကုန်လုံးက အနုပညာ သမား
တွေ ပဲလေ။
ဦးလေးဆိုရင်လည်း တေးရေးဆရာတွေပဲ ဒါပေမယ့်သူတို့က
Gospel တွေပဲ ရေး၊ ဆိုကြတယ်။

မေး။။အနုပညာအပြင် အခြား ၀ါသနာပါတာကော ရှိသေးလား။
ဖြေ။။အနုပညာအပြင် တစ်ခြား ၀ါသနာပါတာက အားကစားမှာ
ဆိုရင် ဘောလုံးကန်တာကို ၀ါသနာပါတယ်။ နောက်ဒီအနုပညာမှာ
ဆိုရင် သီဆိုမှုအပိုင်းအပြင် ပန်းချီကိုလည်းစိတ်ဝင်စားတယ် ၀ါသနာ
လည်းပါတယ် ငယ်ငယ်ကတည်းက ပန်ချီတွေကို ဆွဲဖြစ်တယ်။

မေး။။ အစ်မကို အားပေးနေတဲ့ ပရိသတ်ကို ချင်းဝေါလ် ကနေ ဘာများအမှာပါးချင်ပါသလဲ။
ဖြေ။။ ဟုတ်ကဲ့။ အစ်မကို အားပေးနေတဲ့ ပရိတ်သတ်ကြီးကို
ဆက်ပြီးတော့ အားပေး နေပါလို့၊ အစ်မဘက်ကလည်း ကြိုးစား
သွားမှာပါ၊ ပြီးတော့ အစ်မက ဘယ်လိုပဲဖြစ်ဖြစ်အသစ်
ဆိုတော့လေ အမှားတွေရှိရင်လည်း ထောက်ပြပေးလို့ ရပါတယ်လို့ ပြောချင်ပါတယ်။

More Interviews>> http://www.chinworld.info/?p=1334

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။