Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 13, 2014

ညီညွတ်စေချင်တယ် (ဗိုလ်ချုပ်အောင်ဆန်း)

ညီညွတ်စေချင်တယ်
(ဗိုလ်ချုပ်အောင်ဆန်း)
--------------------------------
ယခု အစည်းအဝေးတွင် ရာထူးအားဖြင့် ကျွန်တော်ဖြစ်သော်လဲ အသက်အားဖြင့် အငယ်ဆုံး ဖြစ်ပါတယ်။ ကျွန် တော်သည်ကိုရောက်လာတဲ့ကိစ္စ နားလည်တာတခု ရှိပါတယ်။ ဘာလဲဆိုလျှင် မြန်မာပြည်ကြီး လွတ်လပ်စေချင် တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သည်ဟာပါဘဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်။


ယခု နားလည်ထားကြဖို့ အချက်က ယခုခေတ်ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည်မဆို၊ ကိုယ့်တိုင်းပြည် တပြည်တည်း အထီးတည်းနေနိုင်တဲ့အခြေမျိုး မရနိုင်ဘူး။ တပြည်နှင့်တပြည် ပေါင်းစပ် အမှီသဟဲရှိမှ နေနိုင်ကြမည်ဆို တဲ့အချက်ပါဘဲ။

နောက်တချက်က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေးဆိုတာမှာလဲ ရှေးခေတ်က ဟစ်အော်လာ ကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။

အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလဲ ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများရှိတာကို တွေ့နိုင်ပါတယ်။တရုပ်ပြည်၊ ဂျပန် ပြည်နှင့် ရုရှားပြည်တို့မှာလဲ သည်အတိုင်းဘဲ။

အမေရိကန်ပြည်မှာလဲ၊ အင်္ဂလိပ်စကားကို ပြောကြသော်လဲ အင်္ဂလိပ်၊ အီတလီစတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတမျိုးဖြစ်အောင် ထူထောင်ပြီး၊ သူတို့ကိုယ်ကို အမေရိကန်လို့ ဆိုကြတာဘဲ။

ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် လူမျိုးတမျိုးတည်းကို လိပ်ခဲတင်းလင်းစွဲပြီး ယူဆလို့မဖြစ် နိုင်ဘူး။

ဘာသာစကားပင် တူသော်လဲ၊ လူမျိုးခြားနားမှုလဲ ရှိပါတယ်။ ဘာသာမတူသော်လဲ လူမျိုးသီးခြား ဖြစ်နေတာလဲ ရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်လျှင် လူအမျိုးမျိုးဖြစ်သော်လဲ ဘာသာစကားတူပါတယ်။ ရုရှားပြည်မှာဆို လျှင် ဘာသစကား အမျိုးပေါင်းများစွာ ကွဲသော်လဲ လူမျိုးကတော့ တမျိုးတည်း ဖြစ်ပါတယ်။

သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူ များစုက ဗုဒ္ဓဘာသာ ဖြစ်ပေမဲ့၊ ခရစ်ယန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင်ဘာသာကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာဘဲ။ သည်တော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရားလုပ်လို့ မဖြစ်နိုင်ဘူး။

စစ်ကြီးအတွင်းက ကျွန်တော် ၀န်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်း ဖွဲ့စဉ်တုန်းက ထမင်းစားပွဲ တခုမှာ ကရင်စစ်သားတဦးက လူမျိုးအချင်းချင်းညီညွတ်ဖို့ အကြောင်းပြောတဲ့အထဲမှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား) ဆိုတာလို အတူတူပါဘဲလို့ပြောတာကို သတိရပါတယ်။

ကိုယ့်ဒေသအလိုက်၊ ကိုယ်ယုံကြည်တာကို ကိုယ်ကိုး ကွယ်နေထိုင်ကြပြီး တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးမှာ ညီညီညွတ်ညွတ် လုပ်ကြယင်၊ ဒါဟာ တမျိုး တည်းလို့ ယူဆကြရမယ်။

အချင်းချင်း သဘောကွဲလွဲမှုမျိုးဆိုတာကတော့ နည်းနည်းပါးပါးတော့ ရှိမှာဘဲ။ ဒါပေမဲ့ သူတပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက် စော်ကားလို့အသက်ကိုစွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာဘဲ။ တိုက်ခိုက်ကြတဲ့အခါမှာ စစ်သေနာပတိ ဟာ ကရင်ဖြစ်ချင်ယင်လဲ ဖြစ်မယ်၊ ကချင် ၊ ချင်းဖြစ်ချင်ယင်လဲဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တမိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာဘဲ။

တတိုင်းပြည်လုံး ကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး၊ အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာဘဲ။ ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြားလုပ် နေကြယင် အကျိုးရှိမှာ မဟုတ်ဘူး။

စုပေါင်း လုပ်ကြမှသာအကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလဲ အကျိုးရှိကြောင်း သိ နိုင်တယ်၊

ပဌမကျုပ်တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက် အ၀တ်အထည်များမှ စ ၍ အတော်ချွေတာပြီး အဆင်းရဲခံနေကြတယ်။ ဒါဘာလဲ ဆိုယင် တပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေကြ ခြင်းဖြစ်တာဘဲ။ သူတို့လုပ်နည်းက ပဌမအဆင်းရဲခံပြီး၊ နောင်အကောင်အထည် ပေါ်ပြီး အကျိုးရှိမှာ သေချာ ပေါက် ဖြစ်နေတယ်။

ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက်တခုထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ ဖက်နိုင်ငံများ စုပေါင်းဆောင်ရွက်နိုင်တဲ့အားဖြစ်တယ်။ အဲဒီအားမျိုးရှိယင်တော့၊ ကမ္ဘာ့ထိပ်တန်း အ ခြေဆိုက်ရောက်နိုင်မှာဘဲ။

နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နှင့်သခင်) ဘ၀မျိုး တွင် မတည့်နိုင်ကြပေမဲ့၊ လွတ်လပ်တဲ့ ဘ၀မျိုး ဖြစ်လျှင် မိတ်ဆွေအဖြစ်နဲ့ သင့်မြတ်ချစ်ခင်ကြလိမ့်မယ်လို့ မြှော်လင့်ပါတယ်။ ။

၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ည
ပင်လုံမြို့  စော်ဘွားများထမင်းစားပွဲတွင် မြွက်ကြားချက်
-------------------------------------------------------------
တို့ဗမာ Dobama

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။