ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံများစာရင်းတွင် ဒိန်းမတ်နိုင်ငံမှ ပထမ ရရှိ၊ မြန်မာအထက်တွင် နိုင်ငံပေါင်း (၁၂၀) ရပ်တည်
ကမ္ဘာပေါ်တွင် ရှိသော နိုင်ငံများ၏ ကုန်ထုတ်နိုင်စွမ်းအား၊ နေထိုင်
မှု ပုံစံ၊ လူမှုဘ၀ထောက်ပံ့မှု (Social Support) နှင့် ဘ၀အတွက် လွတ်လပ်စွာရွေးချယ်ဆုံးဖြတ် နိုင်မှု (Freedom to make life
Choices) များအပေါ်တွင် အခြေပြုကာ ပျော်ရွှင်စရာအကောင်း
ဆုံးနိုင်ငံများ အခြေပြုစာရင်းအား ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ရာတွင် ပထမနေရာအား ဒိန်းမိတ်နိုင်ငံမှ ရမှတ် (၇.၆၉၃) ဖြင့် ပျော်ရွင်စရာအကောင်းဆုံးနို င်ငံအဖြစ် ရပ်တည်နိုင်
ခဲ့ပြီး၊ ဒုတိယနေရာအား စကင်ဒီနေဗီးယားနိုင်ငံ တစ်ခုဖြစ်
သော နော်ဝေးနိုင်ငံမှ (၇.၆၅၅) ရမှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။
တတိယနေရာအား ဆွစ်ဇာလန်နိုင်ငံမှ (၇.၆၅၀) မှတ်ဖြင့်လည်း
ကောင်း၊ စတုတ္ထနေရာအား နယ်သာလနိုင်ငံမှ (၇.၅၁၂)၊ ပဉ္စမ
နေရအား ဆွီဒင်မှ (၇.၄၈၀)၊ ဆဌမနေရာအား ကနေဒါနိုင်ငံမှ
(၇.၄၇၇) မှတ်၊ သတ္တမနေရာအား ဖင်လန်နိုင်ငံမှ (၇.၃၈၉) ဖြင့်လည်းကောင်း၊ သြစတီးယားနိုင်ငံသည် (၇.၃၆၉)
မှတ်ဖြင့် အဌမနေရာအား လည်းကောင်း၊ အိုက်စလန်နိုင်ငံသည်
(၇.၃၅၅) မှတ်နှင့် န၀မနေရာ၊ သြစတေးလျနိုင်ငံမှ (၇.၃၅၀) ဖြင့် ဒသမနေရာအား ရရှိနိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှာမူ အဆင့် (၁၇) နေရာ၌လည်းကောင်း၊
ဗြိတိန်နိုင်ငံမှာ အဆင့် (၂၂) ဖြင့်လည်းကောင်း၊ ပြင်သစ်နိုင်ငံမှာ
အဆင့် (၂၅) နှင့် ဂျာမနီနိုင်ငံမှာ အဆင့် (၂၆) တို့ ရရှိခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများထဲတွင် စင်္ကာပူနိုင်ငံမှာ အဆင့် (၃၀)
နှင့် ထိုင်းနိုင်ငံမှ အဆင့် (၃၆) ချိတ်ခဲ့သည်။
မြန်မာနိုင်ငံမှာမူ ရမှတ် (၄.၄၃၉) ဖြင့် အဆင့် (၁၂၁) ချိတ်နိုင်ခဲ့
သည်။ မြန်မာနိုင်ငံ၏ အထက် (၃) နိုင်ငံမှာ မက်ဆီဒိုနီးယား၊ အီသီယိုပီးယားနှင့် ယူဂန္ဒာနိုင်ငံတို့ ဖြစ်ပြီး၊ မြန်မာနိုင်ငံအောက်
တွင် ကင်မရွှန်၊ ကင်ညာနှင့် ဆူဒန်နိုင်ငံတို့ အသီးအသီး ရပ်တည်လျက်ရှိသည်။
ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံအဖြစ် တိုဂိုနိုင်ငံမှ သတ်မှတ်ခြင်း ခံရပြီး၊ ယင်းအထက်တွင် အာဖရိကနိုင်ငံများ ဖြစ်ကြသော ဘီနင်၊ ဗဟိုအာဖရိကနိုင်ငံ၊ ဘူရွန်ဒီ၊ ရ၀မ်ဒါနိုင်ငံတို့ ဖြစ်ကြသည်။
ဤစာရင်းမှာ (၃) နှစ်အတွင်း အခြေအနေများကို စုစည်းကာ Live
Scince ဟူသော အဖွဲ့အစည်းမှ သုံးသပ်တင်ပြခြင်း ဖြစ်သည်
ဟုလည်း သိရသည်။
ကမ္ဘာပေါ်တွင် ရှိသော နိုင်ငံများ၏ ကုန်ထုတ်နိုင်စွမ်းအား၊ နေထိုင်
မှု ပုံစံ၊ လူမှုဘ၀ထောက်ပံ့မှု (Social Support) နှင့် ဘ၀အတွက် လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်
Choices) များအပေါ်တွင် အခြေပြုကာ ပျော်ရွှင်စရာအကောင်း
ဆုံးနိုင်ငံများ အခြေပြုစာရင်းအား ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ရာတွင် ပထမနေရာအား ဒိန်းမိတ်နိုင်ငံမှ ရမှတ် (၇.၆၉၃) ဖြင့် ပျော်ရွင်စရာအကောင်းဆုံးနို
ခဲ့ပြီး၊ ဒုတိယနေရာအား စကင်ဒီနေဗီးယားနိုင်ငံ တစ်ခုဖြစ်
သော နော်ဝေးနိုင်ငံမှ (၇.၆၅၅) ရမှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။
တတိယနေရာအား ဆွစ်ဇာလန်နိုင်ငံမှ (၇.၆၅၀) မှတ်ဖြင့်လည်း
ကောင်း၊ စတုတ္ထနေရာအား နယ်သာလနိုင်ငံမှ (၇.၅၁၂)၊ ပဉ္စမ
နေရအား ဆွီဒင်မှ (၇.၄၈၀)၊ ဆဌမနေရာအား ကနေဒါနိုင်ငံမှ
(၇.၄၇၇) မှတ်၊ သတ္တမနေရာအား ဖင်လန်နိုင်ငံမှ (၇.၃၈၉) ဖြင့်လည်းကောင်း၊ သြစတီးယားနိုင်ငံသည် (၇.၃၆၉)
မှတ်ဖြင့် အဌမနေရာအား လည်းကောင်း၊ အိုက်စလန်နိုင်ငံသည်
(၇.၃၅၅) မှတ်နှင့် န၀မနေရာ၊ သြစတေးလျနိုင်ငံမှ (၇.၃၅၀) ဖြင့် ဒသမနေရာအား ရရှိနိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှာမူ အဆင့် (၁၇) နေရာ၌လည်းကောင်း၊
ဗြိတိန်နိုင်ငံမှာ အဆင့် (၂၂) ဖြင့်လည်းကောင်း၊ ပြင်သစ်နိုင်ငံမှာ
အဆင့် (၂၅) နှင့် ဂျာမနီနိုင်ငံမှာ အဆင့် (၂၆) တို့ ရရှိခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများထ
နှင့် ထိုင်းနိုင်ငံမှ အဆင့် (၃၆) ချိတ်ခဲ့သည်။
မြန်မာနိုင်ငံမှာမူ ရမှတ် (၄.၄၃၉) ဖြင့် အဆင့် (၁၂၁) ချိတ်နိုင်ခဲ့
သည်။ မြန်မာနိုင်ငံ၏ အထက် (၃) နိုင်ငံမှာ မက်ဆီဒိုနီးယား၊ အီသီယိုပီးယားနှင့် ယူဂန္ဒာနိုင်ငံတို့ ဖြစ်ပြီး၊ မြန်မာနိုင်ငံအောက်
တွင် ကင်မရွှန်၊ ကင်ညာနှင့် ဆူဒန်နိုင်ငံတို့ အသီးအသီး ရပ်တည်လျက်ရှိသည်။
ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံအဖြစ် တိုဂိုနိုင်ငံမှ သတ်မှတ်ခြင်း ခံရပြီး၊ ယင်းအထက်တွင် အာဖရိကနိုင်ငံများ ဖြစ်ကြသော ဘီနင်၊ ဗဟိုအာဖရိကနိုင်ငံ၊ ဘူရွန်ဒီ၊ ရ၀မ်ဒါနိုင်ငံတို့ ဖြစ်ကြသည်။
ဤစာရင်းမှာ (၃) နှစ်အတွင်း အခြေအနေများကို စုစည်းကာ Live
Scince ဟူသော အဖွဲ့အစည်းမှ သုံးသပ်တင်ပြခြင်း ဖြစ်သည်
ဟုလည်း သိရသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။