"ပြည်သူသာ ပါ ပါစေ'
ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ကြီး တခု ကို
ပြည်သူ့စစ် ပြောက်ကျားစနစ်နဲ့ ခွေးပြေး ၀က်ပြေးရတဲ့အထိ
တွန်းလှန်ဖယ်ရှားနိုင်ခဲ့တဲ့
သမိုင်းသာဓက တခု ဒီကမ္ဘာမြေမှာ ရှိခဲ့ဖူးတယ်။
ပြည်သူ့စစ် ပြောက်ကျားစနစ်နဲ့ ခွေးပြေး ၀က်ပြေးရတဲ့အထိ
တွန်းလှန်ဖယ်ရှားနိုင်ခဲ့တဲ့
သမိုင်းသာဓက တခု ဒီကမ္ဘာမြေမှာ ရှိခဲ့ဖူးတယ်။
အဲဒီ လူထုအောင်ပွဲ က ဘာသင်ခန်းစာ ကို ပေးခဲ့သလဲ ဆိုရင်၊
ဘယ်လို လက်နက်တွေ တပ်ဆင်ထားထား၊
အခွင့်အရေးကို အခြေခံပြီး တည်ဆောက်ထားတဲ့ စစ်တပ် နဲ့
ခံယူချက်၊ ယုံကြည်ချက်၊ မျိုးချစ်စိတ်ဓါတ်ကို အခြေခံတည်ဆောက်ထားတဲ့ စစ်တပ်
တကယ် ရင်ဆိုင်တိုက်လာရင်
ခံယူချက်၊ ယုံကြည်ချက်၊ မျိုးချစ်စိတ်ဓါတ်ကို အခြေခံတည်ဆောက်တဲ့ စစ်တပ်က
မီးကျိုးမောင်းပျက်သေနတ်တွေ ကို ပဲ ကိုင်ထားထား၊
အဆုံးတနေ့မှာ အောင် ကို အောင်မြင်ရတယ် ဆိုတာပါပဲ။

ခင်ဗျားတို့ လုပ် နိုင်ပါတယ်။
ခင်ဗျားတို့ စစ်မှန် ဖို့ပဲ လိုတယ်။
ခင်ဗျားတို့ ရင်ဘတ်ထဲက အနက်ရှိုင်းဆုံး နေရာ ကို
ခင်ဗျားတို့ဖါသာ မေးကြည့်ပါ။
ခင်ဗျားတို့ဖါသာ မေးကြည့်ပါ။
ခင်ဗျားတို့မှာ လွတ်မြောက်လို တဲ့ ဆန္ဒတွေ အမှန်တကယ် ရှိ၊ မရှိ၊
ခင်ဗျားတို့မှာ ခင်ဗျားတို့ပေးဆပ်ခဲ့ရတဲ့ မတရားမှုတွေအတွက် တုန့်ပြန်လိုစိတ် ရှိ၊ မရှိ၊
ခင်ဗျားတို့မှာ အမျိုးမျိုးဖိနှိပ်ဆင်းရဲဒုက္ခတွေ ကို ရင်ဆိုင်နေရတဲ့ ခင်ဗျားတို့ရဲ့
အမျိုးသားတွေ ပြည်သူတွေအတွက် ပေးဆပ်လိုစိတ် အမှန်တကယ် ရှိ၊ မရှိ၊

မစစ်မှန်သူတွေရဲ့ တော်လှန်ရေး အတုတွေဟာ
တံဆိပ်အမျိုးမျိုးတပ်ပြီး
ကျဆုံး ကုန်ကြပါလိမ့်မယ်။
ကျဆုံး ခဲ့ကြပြီး ဖြစ်ပါတယ်။
တံဆိပ်အမျိုးမျိုးတပ်ပြီး
ကျဆုံး ကုန်ကြပါလိမ့်မယ်။
ကျဆုံး ခဲ့ကြပြီး ဖြစ်ပါတယ်။
စစ်မှန်သူတွေရဲ့ တော်လှန်ရေး အစစ်တွေဆိုတာ
အဆုံးမှာ အောင်မြင်မှုတွေနဲ့ပဲ
နိဂုံးလှလှ ချုပ် စမြဲပါ။
အဆုံးမှာ အောင်မြင်မှုတွေနဲ့ပဲ
နိဂုံးလှလှ ချုပ် စမြဲပါ။
ချိုတူးဇော်
Phyo Tin Oo ထံမှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။