အာကာသ နှင့် စကြာဝဠာ added 2 new photos.
>>>၁၇ နှစ်ကြာ မိုင်းတွင်းထဲတွင် ပိတ်မိနေခဲ့သူ..<<<
အာကာသနဲ့တော့ မဆိုင်ပါဘူး။ ထူးထူးခြားခြား သတင်းလေးမို ကျနော့်ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ဘာသာပြန် ရေးသားပေးလိုက်ပါတယ်..။
၁၉၉၇ ခုနှစ်က တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်းကျန်းပြည်နယ်မှာ အင်အား ၇.၈ ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် မိုင်းလုပ်ငန်းလုပ်ကိုင်နေသူ အလုပ်သမားအများအပြားဟာ မိုင်းတွင်းထဲမှာဘဲ ပိတ်မိပြီး သေဆုံးသွားခဲ့ကြပါတယ်။ အံ့သြစရာပါဘဲ..။ ၁၇ နှစ်ခန့်ကြာမြင့်ပြီးတဲ့နောက်.. မိုင်းတွင်းကို ပြန်ဖွင့်ခဲ့တဲ့ အခါမှာတော့ အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက်ကို တွေ့ရှိခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့ကပေါ့..။
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ချန်း ဟာ သေဆုံးသွားခဲ့တဲ့ သူ့အလုပ်ဖော် ၇၈ ဦးနှင့်အတူ မိုင်းတွင်းထဲမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ သူ့အတွက် အသက်ဆက်ရှင်နိုင်အောင် ထောက်ပံ့ပေးနိုင်ခဲ့တဲ့အချက်ကတော့ လေရှူပေါက်တစ်ခု ကောင်းကောင်းပွင့်နေခဲ့တာရယ်၊ မြေတွင်းထဲမှာ အရေးပေါ်ထားရှိထားတဲ့ ဆန်အချို့ရယ်၊ ရေ ရယ် ရှိနေခဲ့လို့ဖြစ်ပါတယ်။ ဒါတွေကို သူဟာ သေသေချာချာ ခွဲဝေအသုံးချနိုင်ခဲ့ပါတယ်။
သူဟာ အသက်ဆက်ရှင်နိုင်ဖို့အတွက် ကြွက်များ၊ ဗိတာမင်ပါဝင်တဲ့ ရေညှိများကို စားသုံးခဲ့ရပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများစွာကိုလည်း ခံစားခဲ့ရပါတယ်။ ချန်းဟာ ယခုအခါ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးပြီး ပြုစုစောင့်ရှောက်မှုများ ခံယူလျက်ရှိနေပါတော့တယ်.။
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။