Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 5, 2014

သင့်ကိုလူတွေက ကဲ့ရဲ့လာတဲ့အခါ ဘ၀ရဲ့အောင်မြင်မှုဆီကို ဘယ်လိုဆက်လက်ချီတက်မလဲ

သင့်ကိုလူတွေက ကဲ့ရဲ့လာတဲ့အခါ ဘ၀ရဲ့အောင်မြင်မှုဆီကို ဘယ်လိုဆက်လက်ချီတက်မလဲ

လင်းသိုက်ညွန့် (မြန်မာ့မြေ)

JOB seekers Journal vol.2,No.35

“ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်းကိုသူမဲ လူပုံထဲ၌
ဆိုဆဲရိုင်းပျ သူရန်စလည်း
မင်းကမဖြုံ မင်းမမှုန်ခဲ့
မတုန်မလှုပ် မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။

အခါတစ်ပါး မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ အမျက်ရှ၍
ငါဆနင်ပဲ မျိုးစုံဆဲ၏။
ဆိုဆဲအားရ ထိုခဏ၌
ဗုဒ္ဓဘုရား ထိုပုဏ္ဏားနှင့်
စကားချီချ ဆိုခဲ့ကြ။

“ဘာရဒွါဇ ဗြဟ္မဏ
အိမ်ဝရောက်လာ သင့်ဆွေညာအား
ရသာချိုအေး ခဲဖွယ်ပေး၍
မကျွေးသလော ကျွေးသလော”

“ငါ့ဆွေငါ့မျိုး ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ သုံးဆောင်ပါဟု
ငါကျွေးမွေး၏ ငါပေး၏”

“ဘာရဒွါဇ ဗြဟ္မဏ
သူကငြင်းဆန် လက်မခံသော်
ကြံပျားဆီဥ ခဲဖွယ်စုသည်
မည်သူ့လက်မှာ ရှိသနည်း”

“သူမယူဘိ နေသည်ရှိသော်
ငါ၏လက်မှာ ရှိသည်သာ”
“ဘာရဒွါဇ ဗြဟ္မဏ
ငါ့အားသင်ပေး မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ ဆဲတစ်ရာကို
ငါလက်မခံ” မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား ရှိတကား။

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်းသိ မသိ ငါမသိခဲ့
ငါသိသည်မှာ သိရုံသာတည့်
မင်းမှာတစ်မူ ယူမတူတို့
ငြူစူမှိုင်းမှုန် အဆဲစုံ၌
မတုန်မလှုပ် မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။

(ဇော်ဂျီ)

လောကတွင် ဘ၀အောင်မြင်ရေး ကြိုးပမ်း နေသူတို့အဖို့ တစ်ခါတစ်ရံ တွင် ဝေဖန်ပြစ်တင်ကဲ့ရဲ့ရှုံ့ချမှုများနှင့် ကြုံတွေ့တတ်ကြရသည်။ လောက တွင် လူဆယ်ယောက်ရှိလျှင် ဆယ်ယောက်စလုံး မိမိကို ချစ်ခင်နှစ် သက်ထောက်ခံဖို့ မမျှော်လင့်ပါနှင့်။ဘယ်တော့မှမဖြစ်နိုင်။ လူဆယ်ယောက်ရှိ လျှင် မိမိကို ချစ်ခင်ထောက်ခံသူ လည်းရှိသလို ဝေဖန်ဆဲရေးသူတွေလည်း ရှိနိုင်ပါသည်။ သို့သော် ဆယ်ယောက်ရှိလျှင် ၅ယောက် အထက်က မိမိ ကို ထောက်ခံနှစ်သက်ပါက အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။

မိမိကို ဝေဖန်လာခဲ့သည်များကို ကြုံတွေ့ရပါက စိတ်မပျက်ပါနှင့်။ မိမိပြုပြင်စရာရှိသည် များကို ယင်းဝေဖန်မှုများမှတစ်ဆင့်သင်ယူပြုပြင်ပါ။ သို့သော် ယင်းဝေဖန်မှုများအပေါ် ခံစား စိတ်ဓာတ်မကျပါနှင့်။ မိမိလုပ်ဆောင် စရာရှိသည် များကို ယုံကြည်ချက်အပြည့်ဖြင့် ဆက်လက်လုပ်ဆောင်ပါ။ မိမိ တို့အလုပ်လုပ်နေသည်မှာ မိမိတို့ကို ထောက်ခံအားပေးသူများအတွက် ဖြစ် ပြီး မိမိတို့ကို ဝေဖန်ကဲ့ရဲ့သူများအတွက် မဟုတ် ကြောင်းကို အမြဲမမေ့ပါနှင့်။

လောက၏ သဘောသဘာဝကိုက ကောင်းမြတ်သည့်အရာများထက် ဆိုးယုတ်သည့်အရာ များအပေါ် ဖိ၍အာရုံစိုက်တတ်သည်။ ကောင်းတာအခု တစ်ရာလုပ်လျှင် တစ်ခါလောက်ချီးကျူး တတ်ပေမဲ့ မကောင်းတာ တစ်ခုလောက်လုပ်လျှင် အကြိမ်တစ်ရာလောက် ကဲ့ရဲ့တတ်ကြသည့် သဘောဖြစ်သည်။ သို့ဖြစ်၍ ဤသဘောသဘာဝကို ကောင်းစွာနားလည် သဘောပေါက်လျှင် မိမိကိုယ်ကို ထိန်းကျောင်း၍ အောင်မြင်မှုဆီ ကို ချီတက်နိုင်ကြမည်ဖြစ်သည်။

လောကတွင် ..
- အပြုသဘောစွမ်းအား (Positive Energy) နှင့်
- အဖျက်သဘောစွမ်းအား (Negative Energy) ဟူ၍ ၂ မျိုး သာရှိပါသည်။

လောက၏သဘောကိုက အဖျက်သဘော (Negative Energy) က အားကောင်းသည့် အတွက် အောင်မြင်ချင်သူများအနေဖြင့် မိမိတို့၏ အပြုသဘော (Positive Energy) ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပြုစု ထားကြဖို့ လိုသည်။

မိမိတို့၏ Positive Energy က အခြားသူများ ၏ Negative Energy များထက် ပိုမိုသာလွန်နေလျှင်၊ မိမိတို့၏ယုံကြည်မှုများသည် အခြားသူ များ၏ သံသယများထက် ပိုမိုသာလွန်နေလျှင် မိမိတို့အနေဖြင့် ဘ၀ ၏အောင်မြင်မှုများကို သေချာပေါက် ဆွတ်ခူးနိုင်ကြမည်ဖြစ်သည်။

အရေးကြီးသည်မှာ ဘ၀တွင်ဝေဖန်ကဲ့ရဲ့မှု များခံလာရပါက အပြုံးမပျက်ဘဲ မိမိ၏အပြု သဘောစွမ်းအားများကို မြှင့်တင်ထားကြဖို့ ဖြစ် ပါသည်။

See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။