အင်မတန် ပျော်စရာ ကောင်းတဲ့ တိုင်းပြည်
-------------------------- --------------------
ကျုပ်တို့ဗျာ မြန်မာနိုင်ငံသား ဖြစ်ရတာ အင်မတန်
ဂုဏ်ယူမိတယ် …
ခင်ဗျားတို့ စဉ်းစားကြည့်လေဗျာ …
ကျုပ်တို့မှာ လျှပ်စစ်မီးလာရင်လည်း ပျော်ရ …
“ ဟေး … ” ဆိုတဲ့ အသံကြီး တရပ်ကွက်လုံး ထွက်လာ
တာသာ ကြည့်တော့ ကဲ …
အင်တာနက်လိုင်းလေးများကောင်းရင်လည်း ပျော်ရ …
တယ်ဟုတ်ပါလား မောင်မင်းကြီးသားတို့ ဟွင်း ဟွင်း …။
ရေလာရင်လည်း ပျော်ရ … မိုးရွာရင်လည်း ပျော်ရ …
မရွာလည်း ပျော်ရ ... ( လွန်ဆွဲရတာ ပျော်စရာ မဟုတ်လား ဗျာ )
နေပူရင်လည်း ပျော်ရ ... ( ဒါတော့ ဟို ရေခဲစက် ရှိတဲ့ ...
ဆရာကြီး အင်းဝဂုဏ်ရည် ဦးကိုလေး ပြောတာပဲ ပျော်တယ် တဲ့ )
ဘတ်စ်ကားချောင်ရင်လည်း ပျော်ရ …
ရထားလက်မှတ် လွယ်လွယ်ကူကူများ ရရင်လည်း ပျော်ရ …
ဘုရားဖူးလေး တနှစ်တခေါက်လောက် ( မြန်မာပြည်ထဲတင် )
ထွက်ရရင်ကို တဂုဏ်တခဲ ပျော်ရ …
နိုင်ငံခြားများ ( တရုတ်လောက် ဖြစ်ဖြစ် ) သွားခွင့်ရရင်လည်း
အမယ် ကြွားလို့မဆုံး ပျော်ရ …
ဟို စာဖတ်နေတဲ့ လူကြီး သေတော့မယ် ဆိုလည်း ပျော်ရ …
ဝန်ကြီးချုပ်အိမ် မီးလောင်တယ် ဆိုလည်း ပျော်ရ …
မြစ်ဆုံစီမံကိန်းကြီး ပျက်သွားပြီတဲ့ ဟေ့ … ဆိုလည်း ပျော်ရ
( နောက်မှ နားထားတာ ဆိုတော့လည်း အင်း နားတာပဲ
တော်ပါသေးရဲ့လေ ဆိုပြီး ကျေနပ်ရ )
၂၀၀၈ နာဂစ်လောကြီးကို ဖျက်သိမ်းတော့မတဲ့ ကြားလည်း ပျော်ရ …
အစိုးရအဖွဲ့ တဖွဲ့လုံး နှုတ်ထွက်တော့မတဲ့ ဆိုလည်း ပျော်ရ …
ဟုတ်ဟုတ် မဟုတ်ဟုတ် ပျော်ကို ပျော်နေရတာ … ကဲ ဗျာ
ဘယ်လောက် ပျော်စရာကောင်းတဲ့ နိုင်ငံလဲ … ဟွင်း ။
ဘရန်ဆိုင်း ။
မအိပ်ခင် ပျော်နေတာ ဟိဟိ ...
သေချာ ညဉ့်နက်အောင် နေ နေတာ ...
မြက်ဖြန် ၁၂ နာရီထိ မီးဖြတ်မယ်တဲ့ ဗျာ ရေ ...
ဒါကြောင့် စောစော မနိုးအောင် လုပ်နေတာ ဟွင်း ဟွင်း ။
Bran Sai
==========
--------------------------
ကျုပ်တို့ဗျာ မြန်မာနိုင်ငံသား ဖြစ်ရတာ အင်မတန်
ဂုဏ်ယူမိတယ် …
ခင်ဗျားတို့ စဉ်းစားကြည့်လေဗျာ …
ကျုပ်တို့မှာ လျှပ်စစ်မီးလာရင်လည်း ပျော်ရ …
“ ဟေး … ” ဆိုတဲ့ အသံကြီး တရပ်ကွက်လုံး ထွက်လာ
တာသာ ကြည့်တော့ ကဲ …
အင်တာနက်လိုင်းလေးများကောင်
တယ်ဟုတ်ပါလား မောင်မင်းကြီးသားတို့ ဟွင်း ဟွင်း …။
ရေလာရင်လည်း ပျော်ရ … မိုးရွာရင်လည်း ပျော်ရ …
မရွာလည်း ပျော်ရ ... ( လွန်ဆွဲရတာ ပျော်စရာ မဟုတ်လား ဗျာ )
နေပူရင်လည်း ပျော်ရ ... ( ဒါတော့ ဟို ရေခဲစက် ရှိတဲ့ ...
ဆရာကြီး အင်းဝဂုဏ်ရည် ဦးကိုလေး ပြောတာပဲ ပျော်တယ် တဲ့ )
ဘတ်စ်ကားချောင်ရင်လည်း ပျော်ရ …
ရထားလက်မှတ် လွယ်လွယ်ကူကူများ ရရင်လည်း ပျော်ရ …
ဘုရားဖူးလေး တနှစ်တခေါက်လောက် ( မြန်မာပြည်ထဲတင် )
ထွက်ရရင်ကို တဂုဏ်တခဲ ပျော်ရ …
နိုင်ငံခြားများ ( တရုတ်လောက် ဖြစ်ဖြစ် ) သွားခွင့်ရရင်လည်း
အမယ် ကြွားလို့မဆုံး ပျော်ရ …
ဟို စာဖတ်နေတဲ့ လူကြီး သေတော့မယ် ဆိုလည်း ပျော်ရ …
ဝန်ကြီးချုပ်အိမ် မီးလောင်တယ် ဆိုလည်း ပျော်ရ …
မြစ်ဆုံစီမံကိန်းကြီး ပျက်သွားပြီတဲ့ ဟေ့ … ဆိုလည်း ပျော်ရ
( နောက်မှ နားထားတာ ဆိုတော့လည်း အင်း နားတာပဲ
တော်ပါသေးရဲ့လေ ဆိုပြီး ကျေနပ်ရ )
၂၀၀၈ နာဂစ်လောကြီးကို ဖျက်သိမ်းတော့မတဲ့ ကြားလည်း ပျော်ရ …
အစိုးရအဖွဲ့ တဖွဲ့လုံး နှုတ်ထွက်တော့မတဲ့ ဆိုလည်း ပျော်ရ …
ဟုတ်ဟုတ် မဟုတ်ဟုတ် ပျော်ကို ပျော်နေရတာ … ကဲ ဗျာ
ဘယ်လောက် ပျော်စရာကောင်းတဲ့ နိုင်ငံလဲ … ဟွင်း ။
ဘရန်ဆိုင်း ။
မအိပ်ခင် ပျော်နေတာ ဟိဟိ ...
သေချာ ညဉ့်နက်အောင် နေ နေတာ ...
မြက်ဖြန် ၁၂ နာရီထိ မီးဖြတ်မယ်တဲ့ ဗျာ ရေ ...
ဒါကြောင့် စောစော မနိုးအောင် လုပ်နေတာ ဟွင်း ဟွင်း ။
Bran Sai
==========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။