အိုင်းစတိုင်း သင်္ချာ ဘာသာ မကျခဲ့
လက်ရှိ လူအများ အသိမှားနေကြတဲ့ ဗဟုသုတ တစ်ခုက အိုင်းစတိုင်းဟာ သင်္ချာ ဘာသာမှာ ကျရှုံးတယ် ဆိုတဲ့ မှတ်ချက် ဖြစ်ပါတယ်။ အမှန်တော့ မဟုတ် ပါဘူး။
အိုင်းစတိုင်းဟာ သူ ကျောင်းတက်လာတဲ့ သက်တမ်း တစ်လျှောက် သင်္ချာ မကျတဲ့ အပြင်၊ အမှတ်အများဆုံးနဲ့ အမြဲတမ်း ထူးချွန်နေသူ ဖြစ်ပါတယ်။ အိုင်းစတိုင်း သင်္ချာ ညံ့ကြောင်း စာမေးပွဲ ကျကြောင်း ကောလဟာလဟာ သူ သက်ရှိ ထင်ရှား ရှိစဉ် ကတည်းက ထွက်ရှိခဲ့ပြီး ဒီအတွက် သူဟာ ပြုံးရယ်လို့ သာ နေခဲ့ ပါတယ်။
ဒီအတွက် သူက 'ကျနော် သင်္ချာ မကျခဲ့ဖူး ပါဘူး။ ဒါ့အပြင် အသက် ၁၅ နှစ်သား မှာတင် differential နဲ့ integral calculus ကို အထူး ကျွမ်းကျင် တတ်မြောက်နေပါပြီ' လို့ ပြောဆိုခဲ့ ပါတယ်။ ဂျာမနီမှာ အသက် ၁၅ နှစ် ဆိုတာ Calculus ကို စတင် လေ့လာရမယ့် အရွယ်သာ ဖြစ်ပေမယ့် အိုင်းစတိုးဟာ သာမန်ထက် ထူးချွန် တက်ကျွမ်း နေခဲ့ပြီး ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.mmsocialsky.com)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။