Written by ဇေယျာကို (တောင်ငူ)
တောင်ငူမြို့နယ် အရှေ့ဘက် လေးမိုင်ခန့်အကွာ ရှမ်းရိုးမ တောင်တန်းများ၏ အောက်ခြေတွင် ရှိနေကြသည့် ရာချီနေသော ကျောက်ကျင်းများက လကမ္ဘာမျက်နှာ အလား ချိုင့်ခွက်၊ ချိုင့်ဝှမ်းများဖြင့် ပြည့်နှက်နေသည်။ ကျောက်ကျင်းဘေးတွင် ကျောက်သယ်ကား များက အရှိန်ပြင်းစွာ မောင်းနှင် သွားလာနေကြသည်။
ထိုကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်များသည် လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွက် လမ်းခင်းကျောက် အပါအဝင် ဆောက်လုပ်ရေးသုံး ကျောက်သား အမျိုးမျိုး ထုတ်လုပ်ပေးရာ နေရာတစ်ခု ဖြစ်ပြီး ကျောက်သယ်၊ ကျောက်တူးကြသူ ရာပေါင်းများစွာက ပူပြင်းသော နေရောင်အောက်တွင် ပျားပန်းခပ် လှုပ်ရှားနေကြသည်။ ထိုလုပ်သားများထဲတွင် သက်ကြီး ရွယ်အိုများမှအစ အမျိုးသမီးငယ်နှင့် ကလေးငယ်များအဆုံး ပါဝင်ကြပြီး သူတို့မျက်နှာပေါ်တွင် ချွေးအလိမ်း လိမ်းကျနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖုန်မှုန့်များ ထောင်းထောင်းထနေသည်။
“ကျွန်မအမေက ကျောက်ကျင်းထဲမှာ ကျောက်ထုရင်း အိမ်ထောင်ကျခဲ့တယ်။ ဒီမှာပဲ ဆုံးခဲ့တယ်။ ကျွန်မလည်း ဒီကျောက်ကျင်းထဲမှာပဲ အိမ်ထောင်ကျခဲ့တယ်။ ဒါပေမဲ့ ကျွန်မရော၊ ကျွန်မအမေရော အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ နေခွင့် မရခဲ့ဘူး” ဟု တောင်ငူမြို့နယ် သပြေလှကျေးရွာ လေးမိုင် ကျောက်ထုတ်လုပ်ငန်းခွင်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်က သူ့ဘဝဇာတ်ကြောင်းကို ပြောပြသည်။
နံနက်လင်းအားကြီးချိန် မှစ၍ ထမင်းချိုင့်တစ်လုံး လက်တွင် ဆွဲကိုင်ကာ အိမ်ဟုပင် ခေါ်ဆိုရန် ခက်ခဲသော ဝါးပိုးဝါး၊ အင်ဖက်တို့ဖြင့် ဆောက်လုပ်ထားသော တဲအိမ်စုကလေးမှ ထွက်လာခဲ့ပြီး အားကြိုးမာန်တက် မည်မျှပင် အလုပ်လုပ်စေကာမူ ကျောက်ကျင်းမှ အလုပ်သမားများအတွက် တစ်ရက်တာ အခြေခံ လုပ်အားခမှာ ငွေကျပ် ၃၀၀၀ ထက် မပိုဟု ထိုမိန်းကလေးငယ်က ဆိုသည်။
လမ်းတံတား ဆောက်လုပ်ရေးအတွက် မရှိမဖြစ်သော ကျောက်ကျင်းများသည် ရာပေါင်းများစွာ မိသားစုများ မှီခိုရာ ထမင်းအိုးကြီး ဖြစ်သကဲ့သို့ ဘဝပေါင်းများစွာ ရှင်သန်စေသည့် လုပ်ငန်းခွင်ကြီး တစ်ခုလည်း ဖြစ်သည်။
ခြစ်ခြစ်တောက် ပူနေသော နေရောင်အောက် အမိုးအကာမပါ ဖုန်မှုန့်များ ထောင်းထနေသော လုပ်ငန်းခွင်သည် ကျန်းမာရေး ရှုထောင့်အရ အလွန်ဆိုးရွားသော လုပ်ငန်းခွင်ဖြစ်ပြီး အန္တရာယ်လည်း အလွန်များလှသော လုပ်ငန်းခွင်တစ်ခု ဆိုလျှင်လည်း မမှားနိုင်ပေ။
ခြစ်ခြစ်တောက် ပူနေသော နေရောင်အောက် အမိုးအကာမပါ ဖုန်မှုန့်များ ထောင်းထနေသော လုပ်ငန်းခွင်သည် ကျန်းမာရေး ရှုထောင့်အရ အလွန်ဆိုးရွားသော လုပ်ငန်းခွင်ဖြစ်ပြီး အန္တရာယ်လည်း အလွန်များလှသော လုပ်ငန်းခွင်တစ်ခု ဆိုလျှင်လည်း မမှားနိုင်ပေ။
ပေရာပေါင်းများစွာ နက်သော ကျောက်ကျင်းများထဲမှ ကျောက်တုံး ကျောက်ခဲများကို မြေတူးစက်ကြီး များနှင့် ကော်ထုတ်ကာ မြင်းကောင်ရေ ၃၀ မှ ၄၀ ကျော်ရှိ ကူဘိုတာ စက်ကြီးများဖြင့် ခွဲထုတ်၍ ကျောက်များ ထုတ်လုပ်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် အလွန်အန္တရာယ် များလှပြီး ထိခိုက် သေဆုံးမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ရှိသည်။
“လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပဲ ထန်းတပင်မြို့နယ် ပဲပုပ်ရွာက အသက် ၂၀ လောက်ပဲ ရှိသေးတဲ့၊ ဆယ်တန်းဖြေဖို့ ပြင်နေတဲ့ မအေးမြခိုင်ဆိုတဲ့ ကလေးမ ကျောက်သယ်တုန်းမှာ ကျောက်ခွဲစက် ဝိတ်ဘီးနဲ့ ရိုက်မိလို့ ဆုံးသွားသေးတယ်” ဟု ကျောက်သယ် အလုပ်သမားတစ်ဦးက ပြောကြားသည်။
“လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပဲ ထန်းတပင်မြို့နယ် ပဲပုပ်ရွာက အသက် ၂၀ လောက်ပဲ ရှိသေးတဲ့၊ ဆယ်တန်းဖြေဖို့ ပြင်နေတဲ့ မအေးမြခိုင်ဆိုတဲ့ ကလေးမ ကျောက်သယ်တုန်းမှာ ကျောက်ခွဲစက် ဝိတ်ဘီးနဲ့ ရိုက်မိလို့ ဆုံးသွားသေးတယ်” ဟု ကျောက်သယ် အလုပ်သမားတစ်ဦးက ပြောကြားသည်။
နေ့စားခ ငွေကျပ် ထောင်ဂဏန်းမျှပင် ရရှိကြသော လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာ ရမှုများအတွက် အာမခံချက် တစ်စုံတစ်ရာ မရှိဘဲ သာမန် ထိခိုက်ဒဏ်ရာ ရရှိမှုများအတွက် ကျောက်ကျင်းပိုင်ရှင် လုပ်ငန်းရှင်များက ဖြေရှင်းပေးလေ့ရှိသည်။
ကျောက်သယ်ရင်း သေဆုံးသွားသည့် မအေးမြခိုင် ကွယ်လွန်သွားမှုအတွက် လုပ်ငန်းရှင် မိသားစုက ငွေကျပ်ရှစ်သိန်း လျော်ကြေးပေးခဲ့ပြီး လိုအပ်သော နာရေးကိစ္စ အဝဝကိုပါ ကူညီဆောင်ရွက် ပေးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရ သေဆုံးမှုများသည် လုပ်ငန်းရှင်၏ ကရုဏာနှင့် သနားကြင်နာမှုပေါ်တွင်သာ မူတည်နေသည်။
ယင်းဒေသတွင် ကျောက်ကျင်းများနှင့် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်တည်လာပုံက ဆန်းကြယ်လှပြီး လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုလက်ထက် ဆဋ္ဌမသင်္ဂါယနာ တင်နိုင်ရေး ကမ္ဘာအေး သာသနာ့လိုဏ်ဂူ တည်ဆောက်ရန် လိုအပ်သော ကျောက်များ ထုတ်လုပ်ပေးနိုင်ရန် အတွက် ယင်းဒေသတွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ စတင် တည်ထောင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့ရာတွင် ယင်းဒေသမှ ထွက်ရှိသော ကျောက်များကို သာသနာ့ လိုဏ်ဂူ တည်ဆောက်ရေးအတွက် လုံးဝ အသုံးမပြုခဲ့ပေ။
ကျောက်ကျင်းများတွင် လာရောက် အလုပ်လုပ်ကြသူများသည် တောင်ငူမြို့ အနီးတစ်ဝိုက် ကျေးရွာများမှ ဖြစ်ပြီး တစ်နေ့ရရှိသမျှ လုပ်အားခကို တစ်နေ့ သုံးစွဲကြရင်း အချိန်ကုန်ကြကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အနာဂတ်မှာ ရေရာမှု မရှိပေ။
ကျောက်ကျင်း လုပ်ငန်းများ စတင်ချိန်က တစ်နိုင်တစ်ပိုင် ကျောက်ကျင်းများသာ ရှိခဲ့သော်လည်း လုပ်ငန်းရှင်များ ဝင်ရောက်လာချိန်တွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ တစ်ရှိန်ထိုး တိုးပွားခဲ့ပြီး သပြေလှ ကျေးရွာ၊ ညောင်ပင်လှ ကျေးရွာ အနီးအနားတစ်ဝိုက် တောင်ကုန်း တောင်တန်းများနှင့် မြေလွတ် မြေရိုင်းများမကျန် နေရာလွတ်ဟူ၍ မပြနိုင်လောက်သည်အထိ ကျောက်ကျင်းနှင့် အလုပ်သမားများ၏ တဲအိမ်စုလေးများကို လက်ညှိုးထိုးမလွဲ မြင်နေရပြီဖြစ်သည်။
လက်ရှိတွင် ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် လုပ်ငန်းရှင်ပေါင်း ၃၀ ကျော် ရှိလာပြီး ကျောက်ထုတ်လုပ်ရေး လုပ်ကွက် စုစုပေါင်း ၃၃၄ ဧကခန့်ကို ကျောက်ခွဲစက် ပေါင်းရာနှင့်ချီ ရှိနေပြီ ဖြစ်သည်။
“ကျောက်ကျင်းပေါင်း ၁၀၀ ကျော် ရှိတယ်။ လုပ်သားကတော့ နေ့စားလုပ်သားနဲ့ ဝန်ထမ်းအင်အား ကိုပါ ထည့်တွက်မယ်ဆို လုပ်သားပေါင်း ၃၀၀၀ ကျော်နိုင်တယ်” ဟု ကျောက်ထုတ် လုပ်ငန်းခွင်မှ အလုပ်သမား ခေါင်းဆောင်တစ်ဦးက ဆိုသည်။
“ကျောက်ကျင်းပေါင်း ၁၀၀ ကျော် ရှိတယ်။ လုပ်သားကတော့ နေ့စားလုပ်သားနဲ့ ဝန်ထမ်းအင်အား ကိုပါ ထည့်တွက်မယ်ဆို လုပ်သားပေါင်း ၃၀၀၀ ကျော်နိုင်တယ်” ဟု ကျောက်ထုတ် လုပ်ငန်းခွင်မှ အလုပ်သမား ခေါင်းဆောင်တစ်ဦးက ဆိုသည်။
ကျောက်ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူများနှင့် အလုပ်သမား ၃၀၀၀ ကျော်၏ ဘဝရပ်တည်ရေး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် တောင်ငူခရိုင် ကျောက်ထုတ် လုပ်ငန်းရှင်များနှင့် လုပ်သားများအဖွဲ့ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပထမဦးဆုံး စတင် ဖွဲ့စည်းခဲ့ကြောင်း အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းသူရိန်ငြိမ်းက ဆိုသည်။
ယခင်က ကျောက်လုပ်သားများ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့ ရှိခဲ့ပြီး အဆိုပါအဖွဲ့သည် ငွေကြေး ပြဿနာနှင့် လူမှုရေး ပြဿနာများကိုသာ ညှိနှိုင်း ဖြေရှင်းပေးရလေ့ ရှိပြီး ယခုအခါ ထိုအဖွဲ့ ပျက်သွားခဲ့ပြီဖြစ်ကာ လုပ်ငန်းရှင်နှင့် လုပ်သားများအဖွဲ့ ပူးပေါင်း ဖွဲ့စည်းလိုက်သော ကျောက်ထုတ်လုပ်ငန်းရှင် များနှင့် လုပ်သားများအဖွဲ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“သူတို့ လုပ်ငန်းရှင်တွေက ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုအဖွဲ့တွေပဲဖွဲ့ဖွဲ့ ကျွန်တော်တို့ ကျောက်လုပ်သားတွေရဲ့ ဘဝကတော့ နင်းပြားဟာ နင်းပြားပါပဲဗျာ” ဟု ကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်တွင် နှစ်ပေါင်း ၂၀ ထက်မနည်း အလုပ်လုပ်ကိုင်ခဲ့သူ ထန်းတပင်မြို့နယ်၊ ပဲပုပ်ကျေးရွာမှ အသက် ၆၀ အရွယ် ကျောက်ရွေးလုပ်သား ဦးလှက ပြောကြားသည်။
ကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်တွင် ကျောင်းနေအရွယ် ကလေးအလုပ်သမားပေါင်း ရာနှင့်ချီကာ ရှိနေပြီး အများစုမှာ မိဘက ကျောက်ကျင်းတွင် လာရောက် လုပ်ကိုင်ချိန် လိုက်ပါလာရင်း ပိုက်ဆံ ဝင်ငွေရသည်ကို မြင်တွေ့၍ ကျောင်းမနေတော့ဘဲ လုပ်ငန်းခွင်များတွင် တစ်နိုင်တစ်ပိုင် ကျောက်ရွေးခြင်းနှင့် ကျောက်ထုတ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။
“အသက် ၁၂ နှစ်လောက်ဆို မိဘနဲ့ ကျောက်ဝင် ရွေးရင်တောင် တစ်ရက်၂၀၀၀ လောက်က ပြေးမလွတ်ဘူး။ ဒီတော့ မိဘကလည်း ကျောင်းကို ဘယ်လွှတ်ချင်တော့မလဲဗျာ” ဟု ကျောက်တူး လုပ်သားတစ်ဦးက ပြောဆိုသည်။
“အသက် ၁၂ နှစ်လောက်ဆို မိဘနဲ့ ကျောက်ဝင် ရွေးရင်တောင် တစ်ရက်၂၀၀၀ လောက်က ပြေးမလွတ်ဘူး။ ဒီတော့ မိဘကလည်း ကျောင်းကို ဘယ်လွှတ်ချင်တော့မလဲဗျာ” ဟု ကျောက်တူး လုပ်သားတစ်ဦးက ပြောဆိုသည်။
ကျောက်ကျင်း လုပ်သားများ၏ ကလေးငယ်များအတွက် သပြေလှကျေးရွာ ရွှေမြေဆီသဘာဝ မြေသြဇာ စက်ရုံဟောင်း တစ်ခုတွင် မူလတန်းကျောင်းခွဲ ဖွင့်လှစ်ထားသော်လည်း ကျောင်းတက်သည့် ကလေးငယ် ရှားပါးလှကြောင်း သပြေလှကျေးရွာ ဇွဲမာန် ကျောက်ထုတ်လုပ်ငန်းရှင်ပိုင်ရှင် ဦးအေးလွင်က ပြောကြားသည်။
“သားက ထန်းတပင်မြို့နယ် ပဲပုပ်ကျေးရွာမှာ နေတယ်။ ငါးတန်းနဲ့ ကျောင်းထွက်ခဲ့တာပါ။ အခု ကျောက်ရွေးတဲ့ အလုပ်က တစ်ရက်ကို ၂၅၀၀ လောက်ရပါတယ်။ ရတာအကုန်သားမိဘကို ပေးရတာပေါ့။ ညီမလေးတွေလည်း ရှိသေးတယ်လေ” ဟု ထန်းတပင်မြို့ ပဲပုပ်ကျေးရွာမှ မိဘများနှင့်အတူ ကျောက်ကျင်းများတွင် လာရောက် အလုပ်လုပ်ကိုင်နေသူ အသက် ၁၃ နှစ်အရွယ် မောင်ဝေယံဖြိုးက ဆိုသည်။
တောင်ငူမြို့နယ် (၄) မိုင် ကျောက်ထုတ်လုပ်ငန်း များသည် တပ်မတော်အစိုးရခေတ် တည်ဆောက်ရေး စီမံကိန်းများကြောင့် စီးပွားဖြစ်ခဲ့ပြီး ကျောက်လုပ်ငန်းရှင် အများစု ချမ်းသာကြွယ်ဝလာခဲ့ကြောင်း လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကြည်သောင်းက ဆိုသည်။
လက်ရှိ အခြေအနေတွင်မူ ပဲခူးတိုင်းဒေသကြီး အတွင်း စီမံကိန်းဝင် လုပ်ငန်းကြီးများ မရှိတော့ခြင်း၊ ခေတ်မီစက်ပစ္စည်းများ အသုံးပြုသော လုပ်ငန်းရှင်နှင့် ကုမ္ပဏီကြီးများ ရှိလာခြင်းတို့ကြောင့် ဒေသခံ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များမှာ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သဖြင့် လုပ်ငန်းရှင်ဘဝမှ လက်ဝေခံ ဘဝများကို ရောက်ရှိသွားခဲ့ကြသည်ဟု ဒေသခံ ကျောက်ခွဲစက် လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
လက်ရှိ အခြေအနေတွင်မူ ပဲခူးတိုင်းဒေသကြီး အတွင်း စီမံကိန်းဝင် လုပ်ငန်းကြီးများ မရှိတော့ခြင်း၊ ခေတ်မီစက်ပစ္စည်းများ အသုံးပြုသော လုပ်ငန်းရှင်နှင့် ကုမ္ပဏီကြီးများ ရှိလာခြင်းတို့ကြောင့် ဒေသခံ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များမှာ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သဖြင့် လုပ်ငန်းရှင်ဘဝမှ လက်ဝေခံ ဘဝများကို ရောက်ရှိသွားခဲ့ကြသည်ဟု ဒေသခံ ကျောက်ခွဲစက် လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ယခုနှစ် ပွင့်လင်းရာသီသို့ ရောက်ရှိပြီ ဖြစ်သော်လည်း အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဝယ်လိုအား လျော့နည်းလာခြင်း၊ လမ်းတံတား စီမံကိန်းများ၏ ဝယ်လိုအား လျော့နည်းလာသည့်အပြင် အရည်အသွေးနိမ့် ကျောက်ဝါ ကျောက်များကိုသာ ဝယ်ယူနေသည့်အတွက် ကျောက်ဝါတင်ပို့မှုသာ အရောင်းအဝယ် ဖြစ်ကြောင်း ဒေသခံ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။
တောင်ငူမြို့ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများမှ တစ်ရက်လျှင် ကျောက်ကျင်းပေါင်း ၃၀၀၀ ကျော် ရန်ကုန်၊ ပဲခူးမြို့ကြီးတို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်း မြို့နယ်ရှိ လမ်း တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ တင်ပို့ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။
ညနေ ၅ နာရီကျော်လာချိန် ကျောက်ကျင်း လုပ်သားပေါင်း ၃၀၀၀ ခန့်သည် တစ်နေ့တာ လုပ်အားခများ ထုတ်ယူကြရင်း ပျော်ရွှင်နေကြသည်။ မိမိတို့ ရရှိလာသော လုပ်အားခ ငွေကြေးဖြင့် အခြေခံ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ ဝယ်ကာ ချက်ပြုတ်ရန် ပြင်ဆင်ကြရင်း အလုပ်သမား မိသားစုများ နေထိုင်ရာ တဲစုလေးများထံမှ ရယ်မောသံတို့ ကြားနေရသည်။ညနက်လာချိန်တွင် ဖယောင်းတိုင်မီး လဲ့နေသော တဲစုကလေးများ မှောင်မိုက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားကာ ခွန်အားဖြင့် ရုန်းကန် လှုပ်ရှားရမည့် မနက်ဖြန်ပေါင်း များစွာ အတွက် ကျောက်တူးသမားတို့ အနားယူ အိပ်စက်သွားကြပြီ ဖြစ်သည်။
http://thevoicemyanmar.com/2013/index.php/component/k2/item/4401-lp.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။