Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 18, 2014

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပိုပိုဇော်(သဘာဝအားအင်)
ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)January 19, 2014 at 4:21am

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့ ကွတ်ကီးမုန့်တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။

ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေက နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။ ဝမ်းမှန်မှန်သွားစေနိုင် ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင်အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင် အခွံချွတ်မထားတဲ့ ကောက်နှံစာတစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြောကျဉ်းမှု နှေးတာတို့ ဖြစ်တာကို တွေ့ရပါတယ်။

ကြယ်စင်
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/01/blog-post_2784.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။