Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 1, 2014

အစွမ်းထက် ရေကုထုံး (၂)


Myanmar Market Economy
အစွမ်းထက် ရေကုထုံး (၂)
*******************

ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တပ်သားများ ကျန်းမာရေး
အတွက် ရေကိုအသုံးချပုံမှာ မှတ်သားစရာကောင်း၏။ဂျပန်တပ်သားများသည်
မနက်အိပ်ရာထထချင်း အကုန်တန်းစီရ၏။ပြီးနောက် တစ်လီတာခန့်ရှိသော
ရေပမာဏကို တစ်ယောက်စီသောက်ခိုင်း၏။ဂျပန်တပ်သားများသည် ဤနည်းဖြင့် မိမိတို့၏ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်ရောက်နိုင်
အောင်ခုခံခဲ့ကြသည်ဟု သက်ကြီစကားတစ်ခွန်းကို မှတ်သားဖူးပါ၏။
ကျွန်ုပ်တို့သည် မနက်စာ၊နေ့လည်စာ နှင့် ညစာဟူ၍
အစာအာဟာရများကို နေ့စဉ်နှင့်အမျှ စားသုံးနေရပါ၏။ အစာမစားခင်သိထားရမည့်အချက်များနှင့် အစာစားပြီးသိထားရမည့်အချက်များသည် ကျွန်ုပ်တို့ကျန်းမာရေးအတွက်များစွာ အရေးပါသည်ဟု
ယုံကြည်မိပါ၏။ထို့ကြောင့် အစာမစားခင်နှင့် စားပြီး
သိထားရမည့်အချက်များကို လူသားတိုင်း အလေးအနက်သိထား
ကျင့်ပွားသင့်ပါ၏။
အစာမစားခင် ရေနွေးတစ်ခွက်သောက်ပေးရ၏။
ထိုသို့သောက်ပေးခြင်းသည် အစာချေဖျက်ရန် များစွာအထောက်အ
ကူပြု၏။
အစာစားလျှင် လှီးထားသော ကြက်သွန်ဖြူ နှစ်တက်၊သုံး
တက်တို့နှင့် တွဲစားပေးရ၏။ကြက်သွန်ဖြူသည် သွေးပေါင်
ထိန်းညှိပေး၏။ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေး
၏။ရောဂါပိုးမွှားများကိုလည်း သေစေနိုင်သော အစွမ်း
ရှိ၏။အပိုမရှိသော သတိတရားကိုလက်ကိုင်ထား၍ သွေးလွန်တုပ်ကွေး၊
တုပ်ကွေး၊ငှက်ဖျားရောဂါ၊သွေတိုးရောဂါ နှင့် ကင်ဆာရောဂါ
အမျိုးမျိုးကာကွယ်စေရန်အလို့ငှာ ကလေး၊လူကြီးမကျန် ထမင်း
စားလျှင် ကြက်သွန်ဖြူကို ထည့်စားသင့်ပါ၏။
အစာစားပြီးလျှင် ဆေးလိပ်မသောက်သင့်ပါ။ထိုသို့သောက်
ခြင်းသည် သာမန်အချိန် ဆေးလိပ်အလိပ်တစ်ရာသောက်ခြင်း
ကြောင့်ရရှိလာမည့်ဆိုးကျိုးနှင့် ညီမျှ၏။ အစာစားပြီးလမ်းမလျှောက်သင့်ပါ။အစာစားပြီးလမ်းလျှောက်ပါက
အစာအိမ်ရှိသွေးလှည့်ပတ်မှု ကိုလျော့နည်းစေပြီး အစာမကြေလေချဉ်တက်တတ်၏။အစာစားပြီး နာရီဝက်ကြာမှလျှောက်လျှင်
ကျန်းမာရေးအတွက်ကောင်း၏။
အစာစားပြီးပြီချင်း သစ်သီးဝလံများ မစားသင့်ပါ။စားပါက
လေပွ၊လေထိုးပြီး ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါ၏။
အစာစားပြီးပြီးချင်း လက်ဖက်ရည်ကြမ်း မသောက်သင့်ပါ။
သောက်ပါက အစာခြေရန်ခက်ခဲတတ်၏။သွေးအားကောင်းစေသော
အိုင်းရွန်းဓာတ် စုပ်ယူမှုကို နှောက်ယှက်တတ်၏။
အစာစားပြီးပြီးချင်း ရေမချိုးရပါ။စားပြီးပြီးချင်းရေချိုး
ပါက ခြေဖျား၊လက်ဖျားတို့တွင် သွေးလှည့်ပတ်မှုကောင်း
လာပြီး အစာအိမ်တဝိုက်သွေးလှည့်ပတ်မှု လျှော့နည်းလာ၏။
ထိုအခါ အစာခြေအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေ
၏။
အစာစားပြီးပြီးချင်း မအိပ်ရပါ။အိပ်ပါက ကျွန်ုပ်တို့စားလိုက်
သောအစာများကို ကောင်းစွာ မခြေဖျက်နိုင်တော့ပါ။ထိုအခါ
အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် ရောဂါ
များဝင်ရောက်လာတော့၏။
အစာစားပြီးလျှင် ရေနွေးတစ်ခွက်သောက်ပေးရ၏။
ထိုရေသည်လည်း စားပြီးသောအစာများကို ခြေဖျက်ရန် အထောက်အကူ
ပြု၏။
အစာစားပြီး၍ ရေသောက်ပြီးလျှင် ဆယ်မိနစ်ခန့် စိတ်
လျော့ကာ အသက်ရှူပေးရ၏။အဘယ့်ကြောင့်ဆိုသော်
လူသားတိုင်းသည် အစားအစာများကို ကြိုက်၍ စားကြခြင်းဖြစ်၏။
ကြိုက်လျှင်လောဘ ဝင်လာ၏။လောဘနှင့်လုပ်သော အလုပ်ဟူသမျှ
စိတ်ကိုတင်းစေ၏။စိတ်တင်းလျှင် ခန္ဓာကိုယ်ပါလိုက်တင်းပြီး အကြော
အချင်တက်လာ၏။တင်းလာ၏။ထို့ကြောင့် လောဘပြေရန်အလို့ငှာ၊
စိတ်ဖြေလျှော့ရန် အလို့ငှာ၊အကြောဖြေလျှော့ရန်အလို့ငှာ
နေရာတစ်ခု၌ သက်တောင့်သက်သာထိုင်ပြီး ပုံမှန်အသက်ရှူ ပေး
ရ၏၊တရားထိုင်နိုင်လျှင် သာ၍ကောင်း၏။
"Prevention is better than Cure".
"ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ "ဟူ
သောကျန်းမာရေးဆောင်ပုဒ်အရ ကျွန်ုပ်သည် ရောဂါမဖြစ်အောင်ကာကွယ်ရန်အလို့ငှာ ကျန်းမာရေး လိုက်စားပါ၏။
ရောဂါမဖြစ်အောင်ကာကွယ်ရာတွင်မိမိတစ်ဦးတည်းသာလုပ်ဆောင်
၍ရသော်လည်း ၊ကုသရာတွင်မူ မိမိအပြင် နားလည်တတ်ကျွမ်းသော
ဆရာဝန်လိုအပ်လာ၏။ကျွန်ုပ်သည် ဆရာဝန်များနှင့်မတွေ့လိုပါ။
အဓိကအကြောင်းမှာ ငွေကုန်၍ဖြစ်၏။လူ့သဘာဝ သည်ထူးဆန်း၏။
သောက်ဖို့ စားဖို့ ပျော်ပါးဖို့ လောင်းကစားလုပ်ဖို့ ဆိုလျှင် ငွေကုန်မှာကို မနှမြောတတ်ကြပေ။သို့သော် ဆေးခန်းပြ၍
ငွေကုန်မှာကိုတော့ နှမြောတတ်ကြ၏။အကယ်၍ ကျွန်ုပ်၌
ဆရာဝန်နှင့်မဖြစ်မနေပြသရမည့်ရောဂါ ရှိလာငြားအံ့။ထိုရောဂါ
ကို ဆရာဝန်နှင့်သာ ကုသမည်ဖြစ်၏။ဆရာဝန်နှင့် ကုသ၍
ကုန်ကျခဲ့သောငွေ ပမာဏကိုလည်း နည်းသည်များသည်ဟု အပြစ်တင်မဝေဖန်လို
ပါ။ဝေဖန်မရဲပါ။အဘယ့်ကြောင့်ဆိုသော် ဆရာဝန်များသည်
ခင်ပွန်ကြီးဆယ်ပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော ဆရာသမားဖြစ်၏။
ခင်ပွန်းကြီးဆယ်ပါကို ပြစ်မှား၍ ကျရောက်လာမည့်ဘေးအန္တာရာယ်
များကို ကျွန်ုပ်ကြောက်ပါ၏။ထိုအကြောင်းကြောင့် ကျွန်ုပ်သည် ဆရာဝန်များကို ကာယကံ၊ဝစီကံ၊မနောကံတို့ဖြင့် မပြစ်
မှားလိုခြင်းဖြစ်ပါ၏။
အကြောင်းကောင်းမှ အကျိုးကောင်းမည်ဖြစ်၏
။အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မည်ဖြစ်၏။အကြောင်းမကောင်းလျှင် အကျိုးမကောင်းနိုင်။အကြောင်းမစင်ကြယ်လျှင် အကျိုးမစင်ကြယ်နိုင်။အကြောင်းအကျိုး အကောင်း
အဆိုးသည် မိမိနှင့်သာ သက်ဆိုင်သည်ဟု ကျွန်ုပ် ခံယူထားပါ၏။
မိမိတွင်ကျန်းမာရေးဗဟုသုတ အားနည်းခြင်းအကြောင်းကြောင့် ရောဂါဖြစ်ခြင်း
အကျိုးကိုရ၏။မိမိတွင် ကျန်းမာရေးဗဟုသုတရှိသော်လည်း
လိုက်စားမှုအကျင့် မရှိခြင်းအကြောင်းကြောင့် ရောဂါ
ဖြစ်ရ၏။ထို့ကြောင့် အပြစ်တင်ဝေဖန်ခဲ့သည်ရှိသော် မိမိကိုယ်ကိုသာ
အပြစ်တင်ဝေဖန်မည်ဖြစ်ပါ၏။ဆရာဝန်များကို အပြစ်တင်ဝေဖန်မရဲပါ။
ကျွန်ုပ်လိုက်စားသည့် အမှုနှစ်ခုရှိ၏။မိန်းမနှင့် အရက် မဟုတ်။ဘာသာရေးနှင့် ကျန်းမာရေး ဖြစ်၏။
လိုက်စားမှုမှန်ကန်သည်ဟု ဆိုရမည်ဖြစ်၏။ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်
တစ်ယောက်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်
သော ဘာသာရေးစာပေများကို လေ့လာလိုက်စားပါ၏။ဖတ်ပါ၏။နာယူပါ၏။
မှတ်သားပါ၏။ကျင့်ကြံပါ၏။ဤသို့ငယ်ငယ်ရွယ်ရွယ်နှင့် ဘာသာရေး
လိုက်စားသည့်အတွက် ကျွန်ုပ်၏ အသိတစ်ချို့က အောက်ပါအ
တိုင်း စကားဆိုကြ၏။
" မင်း ငယ်ပါသေးတယ်ကွာ....မိန်းမလေးဘာလေးယူပါ
အုန်း....ဘာသာရေးက အသက်ကြီးမှလုပ်လည်းရတာပဲ "
(မိန်းမယူတာနဲ့ ဘာသာရေးလိုက်စားတာ....ဘာမှမဆိုင်သလိုဘဲ)
" မင်းက တရားစာတွေဖတ်လိုက် တရားခွေတွေနာလိုက်နဲ့.....
ဘာလဲ...မင်း ဘုန်းကြီးဝတ်ပြီး တောထွက်တော့
မလို့လား....."
(တရားစာဖတ်တိုင်းသာ၊တရားခွေနာတိုင်းသာ ဘုန်းကြီးဝတ်
တတ်ကြတယ်ဆိုရင် လူအိုတွေအကုန်ဘုန်းကြီးဝတ်ကြပြီး
တစ်ခုလပ်တွေ များကုန်မှာပေါ့)
ဤစကားများသည် ကျွန်ုပ်ထက်အသက်ကြီးသူများထံမှ အံ့ဩစွာကြားသိခဲ့ရသော စကားများဖြစ်ပါ၏။ပို၍အံ့ဩစရာကောင်းသော
အချက်ရှိသေး၏။ထိုသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။
ထိုစကားများသည် ဘာသာရေးလိုက်စားရန်စိတ်ဝင်စားသော
လူငယ်များ၏အညွှန့်ကို ချိုးပစ်နိုင်သည့် စကားများဖြစ်ပါ၏။
အပေါ်သို့ ဦးတည်ထောင်ထွက်နေသော အညွှန့်ကို ချိုးပစ်လိုက်ပါက
အချိန်ကြာလာလျှင် ထိုချိုးထားသောနေရာမှ အညွှန့်သစ်
များထွက်လာတတ်ကြ၏။သို့သော် အညွှန့်များသည် အပေါ်သို့
ဦးတည်ထောင်မထွက်တော့၊ဘေးဘက်သို့သာ ဦတည်ကြ၏။
ထို့အတူ ဘာသာရေး၊ကျန်းမာရေး မှန်ကန်စွာလိုက်စားနေသော လူငယ်
များ၏အညွှန့်ကို အထက်ပါစကားများဖြင့် မချိုးဖျက်သင့်ပေ။
ထိုသို့ချိုးဖျက်မိပါက ဘေးသို့ဦးတည်သွားကြသောအညွှန့်ပမာ
အရက်နှင့် ဖဲ၊ဖိုး၊ဖာ၊ဖွန် တို့ကို မှားယွင်းစွာ ဦးတည်လိုက်စားရန်သာ
ရှိတော့၏။
လူငယ်များနှင့်တကွ လူသားအားလုံး ဦးတည်လိုက်စားမှုမှန်
ကန်စွာဖြင့် တိုးတက်ကောင်းမွန်သောဘဝကို မိမိတို့ကိုယ်တိုင်
ပုံဖော်ထုဆစ်နိုင်ပြီး နောက်ဆုံး၌ မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

@@@@@@@@@@@@@@


ရောဂါဆိုတာ ဖြစ်မှကုသရသောအမျိုးမဟုတ်ကြောင်း၊
ရောဂါမဖြစ်ခင် ကာကွယ်၍ရသောနည်းလမ်းများစွာရှိကြောင်း
စာဖတ်သူ အများပြည်သူတို့အား သိစေချင်ပါ၏။အစွမ်းထက် ရေကုထုံး
တစ်နှင့် နှစ် တွင်ပါသော ရောဂါကာကွယ်ရေးနည်း
လမ်းများကိုသာ လူတိုင်းလိုက်နာ ကျင့်ကြံကြပါက ကျွန်ုပ်တို့
ဆရာဝန်များ ဆေးခန်းတွင်လူနာမလာ၍ ငုပ်တုပ်မေ့လောက်ပါ၏။
သို့သော်လည်း အများစုဖြစ်သောပြည်သူတွေ ကျန်းမာတာ
မြင်နေရရင်ကိုဘဲ အနည်းစုဖြစ်သောကျွန်ုပ်တို့ဆရာဝန်တွေ ငုပ်တုပ်မေ့ရင်းနဲ့ ကျေနပ်နေမှာပါ။
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာကြ
ပါစေ။
=========================================
တင်ခဲ့သည့် သတင်းများကို ‪#‎MyanmarMarketEconomy‬ဒီနေရာတွင်နှိပ်လိုက်ပြီးပြန်ဖတ်နိုင်ပါသည်။
By- Myanmar Market Economy
Page သို့တိုက်ရိုက်သွားရန် https://www.facebook.com/pages/Myanmar-Market-Economy/250499495104244?ref=hl
=========================================
Credit to

ဦးတိုးအောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။