MM Social Sky
ကမ္ဘာကျော် နည်းပညာ Companyဆိုနီ ကတော့ နားမှာတစ်ခါတည်း တပ်ဆင်လို့ရတဲ့ ရေစိုခံ Walkmanတစ်ခုကို ကြေညာပွဲထုတ်လိုက် ပါတယ်။ တစ်လက်စတည်း ပြောရမယ်ဆိုရင် ယနေ့ခေတ်မှာ လူတွေ သွားလေရာ သီချင်းနားထောင်နေကြခြင်းရဲ့ ကနဦးအစ အိုင်ဒီယာဟာ Sony Walkmanတွေကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အခု ထုတ်လုပ်လိုက်တဲ့ နားကြပ်ပုံစံ Walkmanကတော့ ရေကူးနေရင်းနဲ့တောင် သီချင်းတွေ နားဆင်နိုင်မှာ ဖြစ်တယ်လို့ SONYက ပြောကြားထားပါတယ်။ အဲဒီထဲမှာ သီ...ချင်းပုဒ်ရေ နှစ်ထောင်ကျော်လောက် ဆန့်မယ့် 8GB Memoryလည်း ပါဝင်တဲ့အပြင် နားကြပ်တွေဟာ ရေစိုခံပြီး အထူးကောင်းမွန်အောင် သေချာစီမံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ရေအောက် အနက် နှစ်မီတာအထိ သွားနိုင်ပြီး ရောင်းဈေး ယူရို ၈၀လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ ကဲ… ဒီတော့ Music Crazyတွေ လက်မလွှတ်သင့်တဲ့ ရေစိုခံ Walkmanလေး တစ်ခုပါ…
kangyi(MM Social Sky)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။