Ko Ko Oo
Fernando by ABBA
----------------------
ဘင်သံတွေကြားလား သူငယ်ချင်း
ငါ့စိတ်ထဲမှာတော့ ဟိုးအရင်တုန်းက ဒီလိုကြယ်စုံတဲ့ညလေးကို သတိရမိတယ်ကွာ
လောင်ကျွမ်းနေတဲ့ မီးရောင်တွေကြားမှာ...
မင်းက ဂစ်တာလေးနဲ့ သီချင်းညည်းနေနိုင်သေးတယ်လေ
ငါကတော့ အဝေးကနေတဖြည်းဖြည်း နီးလာတဲ့
ခရာသံတွေ ဘင်ငံတွေနဲ့တင် တုန်လှုပ်နေခဲ့တာ

သူတို့တဖြည်းဖြည်း နီးလာရော
ငါအသက်ရှင်ချိန် နည်းလာပြီဆိုပြီး
ကြောက်နေမိတာပေါ့ကွာ
ငါတို့က ငယ်သေးတယ်လေ
သေဖို့ဆိုတာ တွေးထားပြင်ဆင်ထားသူတွေမှ မဟုတ်တာ
သေနတ်သံ ဗုံးသံတွေကြားမှာ
ငါငိုမိသေးတယ်ကွ
ဒါပေမယ့် ငါတို့မှာ ယုံကြည်ချက်ရှိတယ် သူငယ်ချင်း
လွတ်လပ်ရေးအတွက်
မျှော်လင့်ချက်အလင်းရောင်တွေ ငါတို့မှာရှိတယ် သူငယ်ချင်း
ဒါ့ကြောင့် အဲ့ဒီ့ကတည်းက ငါတို့မရှုံးဘူးဆိုတာ
ငါယုံကြည်နေခဲ့တာ
ငါလုပ်ခဲ့တာတွေ အတွက် နောင်တမရဘူး
သူငယ်ချင်း
အခုဆို ငါတို့လည်း လူအိုတွေဖြစ်နေပြီ
မင်းသေနတ်ကိုင်တာတောင် ငါမတွေ့တာကြာပြီ
ဒါပေမယ့်
မင်း ဘင်သံတွေ ကြားနေဆဲမဟုတ်လား
Rio Grande မြစ်ကြီးကိုအတူဖြတ်ခဲ့တာတွေကို
မှတ်မိသေးတယ် မဟုတ်လား
မင်းမပြောလဲ
အမိမြေ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တာတွေအတွက် ဂုဏ်ယူနေတယ် ဆိုတာ
မင်းမျက်လုံးထဲမှာ ငါမြင်နေရတယ် သူငယ်ချင်း
တကယ်လို့သာ အခုချိန်
နောက်ထပ်စစ်တိုက်ဖို့ လာခေါ်ရင်
ငါလိုက်သွားမိဦးမှာပဲ သူငယ်ချင်းရေ. . . . . .
(နာမည်ကျော် ABBA အဖွဲ့ရဲ့ Fernando သီချင်းလေးပါ
တချို့တွေက ၁၈၃၆ မှာ Texas နယ်သားတွေ Mexico နယ်ကနေလွတ်လပ်ရေး တောင်းတဲ့ အချိန်ကိုရေးစပ်ထားတာဖြစ်တယ် လို့ သုံးသပ်ကြပါတယ်
Texas နယ်သားတွေ ရှိမဲ့စုမဲ့ အင်အား လက်နက်လေးနဲ့ Mexico တပ်မတော်ကြီးကို ခံတိုက်နေတဲ့ကာလပေါ့
Rio Grande ဆိုတာ မြစ်မဟုတ်ပဲ နယ်ခြားမျဉ်းကို ဆိုလိုတာပါတဲ့
တချို့တွေကတော့ စပိန်တော်လှန်ရေး
တချို့တွေကတော့ ပေါ်တူဂီတော်လှန်ရေး သီချင်း
စသဖြင့် သုံးသပ်ကြပါတယ်
ဒါပေမယ့်
ဘယ်တပ်မတော်ကမဆိုလိုပါဘူး
စစ်သားဟောင်းကြီးတွေ စစ်ပြန်ကြီးတွေရဲ့ ခံစားချက်ကို
မိမိရရ ဖေါ်ထုတ်နိုင်ပြီး
ရသပေါင်းစုံ ပေးနိုင်တဲ့ သီချင်းလေးမို့
နားထောင်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ)
ကိုဆေး
Here its Link:
https://youtu.be/dQsjAbZDx-4

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။