TechSpace Journal
နောက်ကြည့်မှန် အသင့်ပါတဲ့ Skully ဆိုင်ကယ်ဦးထုပ်
Skully P1 လို့အမည်ပေးထားတဲ့ ဆိုင်ကယ် ဦးထုပ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အခြေဆိုက် Skully ကုမ္မဏီက ထုတ်လုပ်လိုက်တဲ့ ဦးထုပ် ဖြစ်ပါတယ်။
သာမန် ဦးထုပ်နဲ့ မတူတဲ့ အဆင့်မြင့် နည်းပညာ Feature ပေါင်း မြောက်များ စွာ ပါဝင် ပါတယ်။ ဥပမာ နောက်ကြည့်မှန်ကို ဆိုင်ကယ် ဦးထုပ်ထဲမှာ Built In ထည့်ပေးထားတာမျိုးတို့ ဖြစ်ပါတယ်။ အမှန်တော့ ကင်မရာ တပ်ထားတာပါ။ ယင်းကင်မရာကနေ Rear View ကိုမြင်နိုင်ပြီး နောက်ထပ် ထူးခြားမှု တစ်ခုက သာမန် ဆိုင်ကယ်၊ ကားတွေမှာတောင် သတိထားဖို့ ခက်ခဲတဲ့ Blind Spot ကိုပါ ကြည့်ရှုနိုင်အောင် ဖန်တီးပေး ထားခြင်း ဖြစ်ပါ တယ်။ ကင်မရာက ၁၈၀ ဒီဂရီလည့်ပတ်နိုင်လို့ ဖြစ်ပါတယ်။ ဦးထုပ်ရဲ့  နောက်ထပ့်ထူးခြားချက် က Bluetooth ပါဝင်ပြီး မိုဘိုင်းဖုန်းနဲ့ Pair လုပ်ပြီး သုံးနိုင် ပါတယ်။ ဥပမာ သီချင်း၊ စာ၊ ဖုန်းအဝင်အထွက်နဲ့ Voice Control ဖြင့် ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်။ မြေပုံပေါ် ဆိုင်ကယ်ဦးထုပ်ရှေ့ မြင်ကွင်းမှာ ကြည့်ရှုရလောက်အောင် ဖန်တီးထား ပါတယ်။
ပေါ့းပါးမှု၊ လေခွင်းအား Aerodynamic ကောင်းမွန်မှု၊ ရာသီစုံ အသုံးခံမှု၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဦးခေါင်းနဲ့ ပုံစံကျကျ 3D လေဆာတို့ဖြင့် ဖန်တီးပေးမှု အစရှိသဖြင့် အားသာချက်များစွာ ရှိနေပါတယ်။ ဖုံ၊သဲ မဝင်၊ ရေငွေ့မပြန်စေပဲ လေဝင်လေထွက်လည်းကောင်းပါမယ်။ ၂၀၁၄ ခုနှစ်ဖြန့်ချိမှာပါ။ အွန်လိုင်းကနေ အော်ဒါမှာချင်သူများအတွက် အောက်ပါ ဆိုဒ်လခ့်မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
www.skullyhelmets.com
အောင်ခမ်း ( TSJ Team )
http://blog.techspace.com.mm/2013/10/skully.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။