Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 17, 2013

Eminem ရဲ့ ငယ်ဘဝကနေ အခုထိသူဖြတ်သန်းလာခဲ့ ရတဲ့ အခြေအနေတွေ သူ့ ရဲ့ တေးသီချင်းမျိုးစုံတွေ သူရရှိထားတဲ့  ဆုတွေအကြောင်း ကို မြင်တွေ့ ရမှာဖြစ်ပါတယ်။


Eminem လို့ အားလုံးသိကြတဲ့  အမေရိကန် သီချင်းရေးဆရာ ထုတ်လုပ်သူတစ်ဖြစ်လဲMarshall Bruce Mathers III ကို
၁၉၇၂ အောက်တိုဘာလ ၁၇ ရက်နေ့ မှာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ ပါတယ် ။ မိခင်တစ်ဦးတည်းရဲ့  စောင့်ရှောက်မှုအောက်မှာ
နွမ်းပါးစွာ ကြီးပြင်းလာခဲ့ရတဲ့ Eminemရဲ့ ငယ်ဘဝ ကတော့ ချောမွေ့ခြင်းမရှိခဲ့ ပါဘူး။
မိခင်အလုပ်ရွှေ့ပြောင်းရာနောက်
လိုက်ခဲ့ရင်း တစ်နှစ်ကို ကျောင်း၃ ကျောင်းလောက် ပြောင်းနေခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက မိမိတို့ ကို စွန့် ခွာသွားတဲ့ ဖခင်ကို
ကြိမ်ဖန်များစွာ ဆက်သွယ်ဖို့ ကြိုးစားခဲ့ ပေမယ့် ဖခင်ရဲ့ငြင်းဆန်မှုတွေကိုပဲ လက်ခံရရှိ ခဲ့ပါတယ်။ ကျောင်းမှာလည်း အရင်းနှီးဆုံး
မိတ်ဆွေသူငယ်ချင်းရယ်လို့ မရှိခဲ့ ပဲ တခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်မှုအောက်မှာကြီးပြင်းလာခဲ့ ရပါတယ်။
Eminem ဟာ အထက်တန်းကျောင်းကို Michigan ပြည်နယ်ရှိ Lincoln Highschool မှာ တက်ရောက်ခဲ့ ပါတယ်။
Grade 9ကိုသုံးကြိမ်ရှုံးနိမ့်ခဲ့ ပြီးတဲ့ နောက်မှာတော့ ကျောင်းက ထွက်ခွါလာခဲ့ပါတယ်။စာမတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့်
Eminemဟာ ဘာသာစကားကို အထူးစိတ်ဝင်စားပြီး Dictionary ကတဆင့် လေ့လာခဲ့ သူဖြစ်ပါတယ်။
“ကျောင်းမှာ စာဘယ်လောက်ပဲညံ့ညံ့ အဆင့်ဘယ်လောက်ပဲနိမ့်နိမ့် ကျွန်တော်ကတော့စကားလုံးတွေနဲ့ ပတ်သက်ပြီး အမြဲလေ့ လာပါတယ်။
စကားလုံးတွေကို သေချာလေ့ လာဖတ်ရှုပြီး လိုတဲ့ အချိန်မှာ ဆွဲထုတ်တာပေါ့လို့ ”နောင်အခါမှာ ပြောခဲ့ ပါတယ်။
လူငယ်တစ်ယောက်ရဲ့ထွက်ပေါက်အနေနဲ့ Eminemဟာ Hip-Hop Music ကို အထူးစိတ်ဝင်စားခဲ့ ပါတယ်။ Hip-Hop ဆိုတာ လူမည်းတွေ
ကြီးစိုးနေတဲ့ ခေတ်မှာ လူဖြူ rapper ကောင်လေးတစ်ယောက်ရဲ့ဘဝဟာ သိမ်ငယ်ခဲ့ ရပါတယ်။ လူဖြူသူငယ်ချင်းတွေရဲ့ မကျေမနပ်
အနိုင်ကျင့်မှုအောက်မှာမျက်လုံးပြာပြာနဲ့ ကောင်လေးဟာ Detroit မြို့ရဲ့ Rap Battle တွေကတစ်ဆင့် သူ့အစွမ်းအစကို
ထုတ်ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Detroit မြို့ ရဲ့Underground လောကမှာ Respect ပေးခံရတဲ့ 
လူငယ်တစ်ယောက်ဖြစ်လာခဲ့ ပါတယ်။မူလအစမှာတော့ M&M ဆိုတဲ့  နာမည်နဲ့  စတင်လှုပ်ရှား ခဲ့ ပေမယ့်နောက်ပိုင်းမှာတော့ 
Eminem ရယ်လို့ တရားဝင်ပြောင်းလဲခဲ့ ပါတယ်။အဲဒီအစောပိုင်းကာလတွေမှာပဲ Eminem ဟာ အထက်တန်းကျောင်းက
သူငယ်ချင်းဟောင်း Kim Ann Scott နဲ့ တွဲခဲ့ ပါတယ်။Hai Lie Jade Scott
၁၉၉၅ မှာ Hai Lie Jade Scott လို့ ခေါ်တဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ ပါတယ်။
၁၉၉၆ မှာ Eminem ဟာ သူ့ ရဲ့ပထမဦးဆုံးသော Album Infinite ကို
ထုတ်ဝေခဲ့ ပြီး ဒီ Album မှာ Eminemဟာ သူ့ ရဲ့Skills တွေကို
အစွမ်းကုန်ထုတ်ပြခဲ့ ပေမယ့် အောင်မြင်မှုပန်းတိုင်ကို မလျှောက်လှမ်းနိုင်ခဲ့ပါဘူး။
အခက်အခဲမျိုးစုံနဲ့ ကြိုးစားခဲ့ ပြီး နောက်၁ နှစ်အကြာမှာတော့ သူ့ရဲ့
The Slim Shady ဒီမိုသီချင်းကို DR.DRE က အာရုံစိုက်မိခဲ့ ပါတယ်။
Eminem ဆိုတဲ့ ကောင်လေးရဲ့ အကြိုက်ဆုံး N.W.A Rap Group ရဲ့ ဆရာကြီး DR.DREဟာ Eminem ကို အကဲခတ်ဖို့ 
Detroit မြို့ကို ရောက်ချလာခဲ့ ပါတယ်။Rap Battle တွေမှာ Eminemရဲ့အရည်အချင်းကို အကဲခတ်ပြီးတဲ့ နောက်မှာတော့ 
Eminem ကို လက်တွဲခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။ DR.DRE နဲ့ အတူ လက်တွဲပြီး ၂ နှစ်အကြာမှာ Eminem
ဟာ “ The Slim Shady LP” ဆိုတဲ့ တေးသီချင်းအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း
ဒီ အယ်လ်ဘမ်ဟာ Eminemအတွက် အောင်မြင်မှုတွေကို ယူဆောင်လာခဲ့ ပါတယ်။
Eminem ဟာ သူ့ ရဲ့ဒုတိယ အယ်လ်ဘမ် “ The Marshall Mathers LP” ကို ၂၀၀၀ ခုနှစ် မေလမှာ ထုတ်ဝေခဲ့ ပါတယ်။
ဒီ တေးစုအယ်လ်ဘမ်ဟာကမ္ဘာတစ်ဝှမ်းမှာ ခွေပေါင်း ၁၉ သန်းကျော် ရောင်းချနိုင်ခဲ့ တဲ့ အပြင် ဂရမ်မီဆုတွေကိုလည်း
သိမ်းကျုံးရယူနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် Eminem ဟာ ဒီအယ်လ်ဘမ်မှာလိင်တူဆန့်ကျင်ရေးအမြင်တွေနဲ့ အတူ
အစွန်းရောက်စကားလုံးတွေ များစွာထည့်သွင်းသီဆိုထားတာကြောင့် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ လည်း အများကြီး
ရင်ဆိုင်ခဲ့ ရပါတယ်။ နောက်ပိုင်းမှာ ဒီဝေဖန်မှုတွေကို ဖြေလျှော့ နိုင်ဖို့ အတွက် ဂေးတစ်ယောက်ဖြစ်တဲ့  Elton John နဲ့ အတူ
စင်မြင့်ထက်မှာ အတူတစ်ကွသီဆိုဖျော်ဖြေခဲ့ ပါတယ်။
၂၀၀၁ခုနှစ်မှာတော့Eminemဟာ သူ့ရဲ့ဇာတိမြို့Detroit မှသူငယ်ချင်းများနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပြီး“Devil’s Night” ဆိုတဲ့ အယ်လ်ဘမ်ကို
အကောင်ထည်ဖော်ခဲ့ ပါတယ်။ နောက်၁ နှစ်အကြာမှာတော့ “The Eminem Show”ဆိုတဲ့ အယ်လ်ဘမ်နဲ့ အတူ အောင်မြင်မှု
သရဖူဆောင်းခဲ့ ပြန်ပါတယ်။ သူ့ ရဲ့နောက်အယ်လ်ဘမ်တစ်ခုဖြစ်တဲ့“Encore” ဆိုတဲ့ အယ်လ်ဘမ်ကတော့ 
သူ့ လောက်လူကြိုက် မများခဲ့ ပေမယ့်အယ်လ်ဘမ်ထဲက သီချင်းတွေဖြစ်တဲ့ ” Mocking Bird” “ Like Toy Soldiers”
စတဲ့ သီချင်းတွေကတော့ ပရိတ်သတ်အကြိုက်တွေ့ ခဲ့ ပါတယ်။
ဒီ အယ်လ်ဘမ်ထွက်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ Eminemဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ရှုပ်နေခဲ့ ပါတယ်။
ဇနီးဖြစ်သူ Kim နဲ့ မပြေလည်တဲ့ အိမ်ထောင်ရေးဘဝမှာ အိပ်ဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေက သူ့ ရဲ့ အဖော်ဖြစ်လာခဲ့ ပါတယ်။
၂၀၀၇ ခုနှစ်မှာ ဒီဆေးတွေရဲ့ဆိုးကျိုးနဲ့သလုမြောပါးခံစားခဲ့ ရပြီး ဆေးရုံတက်ခဲ့ ရပါတယ်။ အဲဒီအချိန်တုန်းက ဆေးရုံကိုသာ နောက်ထပ်၂
နာရီနောက်ကျပြီးမှ ရောက်သွားခဲ့ ရင် Eminem ဟာအသက်ဆုံးရှုံးသွားနိုင်ပါတယ်။
ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာတော့ Eminem ဟာ လူသစ်စိတ်သစ်နဲ့ အတူ သီချင်းတွေဖက်ကို ပြန်ခြေဦးလှည့် လာခဲ့ ပါတယ်။
၂၀၀၉ ခုနှစ်မှာ “Relapse” ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ ပြီး ၂၀၁၀ ခုနှစ်မှာ “ Recovery” ဆိုတဲ့ တေးအယ်လ်ဘမ်ကို
ပရိတ်သတ်ရှေ့ ကို ချပြနိုင်ခဲ့ ပါတယ်။ ဒီ အယ်လ်ဘမ်နဲ့ အတူ Eminem ဟာ “Best Rap Album” ဆိုတဲ့ ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။
အနုပညာလမ်းတစ်လျှောက် Eminem ရရှိခဲ့တဲ့ ဆုတွေကတော့ စကာတင်စာရင်းဝင်ဆုပေါင်း ၃၀၀ ကျော်ရှိခဲ့ ပြီး ဆုပေါင်း ၂၀၀ ကျော်ကို
ဆွတ်ခူးနိုင်ခဲ့ ပါတယ်။သူရရှိခဲ့ တဲ့ ဆုတွေကို လေ့ လာချင်ရင် Eminem’s Awards တွင်ဝင်ရောက်လေ့ လာနိုင်ပါတယ်။
ပိုသိချင်ရင်တော့ မူရင်းဆိုက်မှာ သွားဖတ်ပါ...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။