အာကာသ နှင့် စကြာဝဠာ
>>ရှရှားမှ ထူးချွန်ထက်မြက်တဲ့ ပညာရှင် ဆီအာကောစ်စကီး(
Konstantin E. Tsiolkovsky)<<
Konstantin E. Tsiolkovsky)<<
၁၇.၉.၁၈၅၇ခုနစ် ရာဇာနီ ဆိုတဲ့ မြို့ လေးတစ်မြို့ နဲ့ အလှမ်းမဝေးတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။သူ့ အသက် ၁၀ နှစ်ပြည့်တဲ့ချိန်မှာ စကားပြောနှေးလံပြီး နားထိုင်းခဲ့ပါတယ်။ နားထိုင်းနေတဲ့ သူ့ အတွက် ပညာသင်ရတဲ့ အချိန်မှာ အခက်အခဲတွေ များလှပါတယ်။ဒါကြောင့်သူဟာ အိမ်မှာဘဲနေရင်း စာတွေကို လေ့လာခဲ့ပါတယ်။၁၆နှစ်ပြည့်ပြီးတော့ သူဟာမော်စကို မြို့ ကို လာခဲ့ပါတယ်။သူ့ ကို တွေ့ ဆုံနိုင်တာကတော့ စာကြည့်တိုက်တွေ မှာ ဖြစ်ပါတယ်။
သူဟာ မနက်က နေ ညနေထိ စာကြည့်တိုက်ထဲမှာဘဲ နေ့ တိုင်းရှိနေခဲ့ပါတယ်။ သူဟာ အဆင့်မြင့်သချာင်္နဲ့ ရူပဗေဒ ဆိုင်ရာဘာသာရပ်တွေကို ကိုယ့်အားကိုး ကိုးပြီး လေ့လာခဲ့ပါတယ်။၁၉၆၂ခုနှစ် မှာ သူဟာစာတစ်ကြောင်းရေးခဲ့ဖူးပါတယ်( ငါ့ဘဝမှာဆရာ မရှိခဲ့ပါဖူး ဒါပေမဲ့ ငါ့ဟာငါစာဖတ်နိုင်တယ်လို့ )ရေးခဲ့တာပါ။
လူငယ်တွေ ကို ကိုယ့်ဟာကို လေ့လာကြဖို့ တိုက်တွန်းကြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။နောက်ငါးနှစ် ၁၈၇၉ ခုနှစ် ဘာရိုစကာ မြို့ လေး မော်စကိုမြို့ လေးရဲ့ မနီးမဝေးမှာ
ကျောင်းဆရာ အဖြင့် ရူပဗေဒ နှင့် သချာင်္ကို ပို့ ချခဲ့ပါတယ်။တစ်ချိန်တည်းမှာ သူဟာ သိပ္ဘံဆိုင်ရာ ပညာရပ်တွေကို လေ့လာခဲ့ပါတယ်။ အဲ့မြို့ လေးမှာ သူဟာထင်ရှားတဲ့ကျောင်းဆရာတစ်ရောက်အနေနဲ့ ၁၂နှစ်ကြာအောင် နေထိုင်အလုပ်လုပ်ခဲ့ ပါတယ်။၁၈၉၂ခုနှစ်မှာ သူဟာ ကာလုကာဆိုတဲ့ မြို့ လေးကို ကျောင်းဆရာအနေနဲ့ ထပ်မံပြောင်းရွေ့ ခဲ့ရပါတယ်။
သူအဲ့လိုနေထိုင်စဉ်မှာ သူဟာ သိပ္ပံပညာရပ်တွေ ကိုလေ့လာတီထွင်ခဲ့ပါတယ်။သူ့ ကို အာကာသဆိုင်ရာ ဖခင်ကြီးဟုခေါ်ဆိုခဲ့ကြပါတယ်။သူဟာ ကမ္ဘာပတ်လမ်း တွေ ဂြိုလ်ပတ်လမ်းတွေ အာကာသဆိုင်ရာ ဂြိုလ်ချင်းသွားလာမှု တွေကို လေ့လာခဲ့ပါတယ်။သူဟာဒုံးပျံ ယဉ်တွေရဲ့ အာကာသဆိုင်ရာသွားလာနိုင်မူကိုတွေ့ ရှိခဲ့ပါတယ်။
နောက်၂၅နှစ်ကြာပြီး နောက်ရှရှားသိပ္ပံပညာရှင်တွေနဲ့ အတူ အာကာသထဲကို ဂြိုလ်ထုပစ်လွတ်နိုင်ရန် စမ်းသပ်ခဲ့ကြပါတယ်။ ၄.၈.၁၉၅၇ခုနစ်တွင် ကမ္ဘာတွင် အာကာသတွင်းသို့  ဂြိုလ်အတု အာကာသယဉ်များ ပထမဦးဆုံး စတင်ပစ်လွတ်နိုင်ခဲ့ကြပါသည်။ ၁၂.၄.၁၉၆၁ တွင် အာကာသတွင် ပထဆုံးခြေချခဲ့သော် ရှရှား အာကာသ သူရဲကောင်းယူရီဂါဂါရင်ကို ဘာစတော့ အာကာသယာဉ် ပေါ်တင်ရ်ျ ကမ္ဘာတွင်ပထမဆုံး လူလိုက်ပါမှု ကို လုပ်ကိုင်နိုင်ခဲ့ပါသည်။ ထို့ ကြောင့်သူ့ အား ကမ္ဘာမှ ယခုချိန်ထိ အာကာသနှင့်ဒုံးပျံဆိုင်ရာ ပညာရှင်ဟု သတ်မှတ်ခဲ့ကြပါတယ်။
Credit: ဖိုးသားလေး
Source: အမိမြေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။