အိမ်၊ ခြံ၊ မြေ ဂျာနယ်
Bill Gates ဟာ သူ့တစ်သက်မှာ သုံးကြိမ် ငိုခဲ့ဖူးပါတယ်..
"Bill, မင်းဟာ အတော်အသုံးမကျတဲ့ ကျောင်းသားတစ်ယောက်ပဲ။ မင်းတစ်သက်လုံး ထရပ်ကားမောင်းသမားပဲ လုပ်သင့်တော့တယ်" Bill Gates ငယ်စဉ်က သူ့ရဲ့ Physics ဆရာက ခုလိုပြောခဲ့ပါတယ်။ အဲဒီစကားကြားတဲ့အခါ အတန်းတစ်ခုလုံးက အတောမသတ် ရယ်ကြပေမယ့် ငယ်ရွယ်နုနယ်သေးတဲ့ Bill Gates လေးကတော့ ငိုခဲ့ရပါတယ်.။ အဲဒါဟာ သူ့အတွက် ပထမအကြိမ် ငိုခဲ့ရခြင်းပါ.။
နောက်နှစ် ၂၀ ကြာတဲ့အခါ၊ သူဟာ က...မ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။ အဲဒီအချိန် အမေရိကန် သမ္မတက အခုလိုပြောခဲ့ပါတယ်။ "ကျနော်တို့ဟာ Bill Gates ရဲ့ နိုင်ငံမှာ နေထိုင်ကြတယ်" အဲဒီစကားလေး ကြောင့် Bill Gates ဟာ သူ့အခန်းတံခါးကို လော့ဂ်ချပြီး နာရီများစွာ ငိုကြွေးခဲ့ပါသတဲ့.။ ဒါကတော့ သူ့အတွက် ဒုတိယအကြိမ် ငိုကြွေးခဲ့မှုပါ.။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ ဥက္ကဌအဖြစ် ၃၃ နှစ်ကြာ တာဝန်ယူပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ သူဟာ ကမ္ဘာကရော သူ့ကုမ္ပဏီကပါ အဆင်သင့်ပြင်ဆင်မထားရသေးတဲ့ စကားတစ်ခွန်းကို ကြေညာခဲ့ပါတယ်.။ သူ့ဝန်ထမ်းတွေရဲ့ အရှေ့ကို ထွက်လာပြီး သူ အနားယူတော့မယ်လို့ ကြေညာတဲ့အချိန်မှာ သူ့မျက်လုံးက မျက်ရည်တွေ ကျနေခဲ့ပါတယ်.။ အဲဒါဟာ သူ့ဘဝမှာ တတိယအကြိမ် ငိုခဲ့ရတာဖြစ်ပါတယ်.။
Bill Gates ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရှိနေဆဲပဲဖြစ်ပြီး ကွန်ပျူတာလောကရဲ့ စွန့်ဦးတီထွင် ပုဂ္ဂိုလ်တစ်ဦးလဲဖြစ်ပါတယ်.။ ကျနော်တို့ အများစုဟာ သူတီထွင်ခဲ့တဲ့ Windows OS ကို အသုံးပြုနေကြပါတယ်.။
HardwareZone Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။