MM Social Sky
အောင်မြင်မှုအတွက် လမ်းစဉ်
အောင်မြင်မှုတို့ ဘာတို့နဲ့ ပက်သက်ပြီး ရေးနေကြ ပြောနေကြတာ များပါပြီ။ သို့ပေမယ့် ဘယ်လောက်ပဲပြောပြော Success ဆိုတဲ့အရာတစ်ခုကို အတော်များများ မတွေ့ကြ။ ဒီတော့ မြင်ရများ၊ သိတာများတဲ့ အရာကိုပဲ နောက်ထပ် တစ်ကြိမ် ထပ် အသိပေးတယ်လို့လည်း ယူဆ နိုင်ပါတယ်။
Think
တွေးခေါ်တယ်ဆိုတယ်ဆိုတာ၊ အရာကိစ္စအားလုံးရဲ့  အခြေခံကျတဲ့ သဘာဝ အမှန်တရားကို စဉ်းစားတွေးခေါ်ခြင်း ဖြစ်ပါတယ်။
Idea
သဘာဝ ကျတဲ့အခြေခံ အမှန်တရား များကို ရှာဖွေဖော်ထုတ်ပြီး ယင်း တရား အပေါ် မိမိရဲ့  အတွေးသစ်များကို ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ရရှိလာတဲ့ အိုင်ဒီယာ သဘာဝလည်းကျချင်ကျမယ်။ မကျချင်မကျဘူး။ Think နဲ့ Idea ဒီမှာ ကွာပါတယ်။ တွေးခေါ်မှုက အခြေခံကျပြီး Idea ဆိုတာ ယင်း အပေါ် အခြေခံ ပါတယ်။
Try
ထွက်လာတဲ့ အိုင်ဒီယာက သဘာဝမကျဘူးဆိုပါစို့။ သို့တည်းမဟုတ် သဘာဝ ကျပေမယ့် မြင်နေကျ၊ တွေ့နေကျကနေ ခွဲထွက်တယ်ဆိုပါစို့။ Reality ဖြစ်လာဖို့ tune ညှိရပါမယ်။ ဂီတာ ကြိုးညှိသလိုပေါ့။ ဒီအဆင့်ကို Try လို့ သတ်မှတ် နိုင်ပါတယ်။
ီDo
အိုကေ။ တွေးပြီးပြီ၊ အိုင်ဒီယာ အသစ်ရပြီ။ Try ထားလိုက်ပြီ။ နောက် တစ်ဆင့် လက်တွေ့ ပြုလုပ်ဖို့ပါပဲ။
Do again
တော်ပြီလား တစ်ခေါက်ပြီးတော့။ မဟုတ်သေးပါဘူး။ ဒါကိုပဲ နောက်တစ်ခါ ထပ်လုပ်ရပါမယ်။
And again
နှစ်ခါပဲ လုပ်ကြည့်ပြီးရင် ပြီးပြီလားဆို မဟုတ်သေးပါဘူး။ ထပ်ခါထပ်ခါ သေချာ၊ပြီးပြည့်စုံတဲ့အထိ ကြိုးစား လုပ်ဆောင်ရပါမယ်။
Keep on Doing
Perfect ဖြစ်တဲ့အနေအထား တစ်ခု သို့မဟုတ် အဲ့ထပ်ကောင်းနိုင်တာ ယေဘုယျအားဖြင့် မရှိနိုင်တော့လဲ level တစ်ခုကို ရောက်ရင် ယင်း Level မှာပဲ Keep on လုပ် ရှေ့ ဆက်သွားဖို့ လိုပါတယ်။
Success
အထပ်ပါ အဆင့်တွေအားလုံးဆီကို သွားပြီး နောက်ဆုံး သင်ရရှိမှာကတော့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။
အောင်ခမ်း ( MM Social Sky )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။