ကိုသောင်း ပုလဲမြေ
အာဂျင်တီးနားနိုင်ငံက ကြယ်ကြွေပုံပြင်
အာကာသယာဉ်မှူးဖြစ်လာဖို့ စိတ်ကူးအိပ်မက်ခဲ့သူ၊ ထို့ နောက်
ပျောက်ခြင်းမလှ ပျောက်သွားခဲ့သူ သမီးလေးနှင့် မတွေ့ ခဲ့သည်မှာ
၃၅ နှစ်ကျော် ကြာခဲ့ပြီးနောက်တွင် ဇိုင်ဒါဖရန့် ဇ်တစ်ယောက် အနည်းဆုံး...
သမီးဖြစ်သူရှိနေမည့် လိပ်စာတစ်ခုကို စဉ်းစားလို့ ရပြီဖြစ်သည်။ လိပ်စာက
ဤကမ္ဘာမြေပေါ်မှာတော့ မဟုတ်ပါ။ အာကာသဟင်းလင်းပြင်ကြီးထဲရှိ
တစ်နေရာတွင် ဖြစ်ပါသည်။

"မေမေ့အချစ်ဆုံး သမီးလေးရေ၊ နောက်ဆုံးတော့ မေမေ သမီးဆီကို
စာရေးလို့ ရပါပြီ။ သမီးကိုတွေ့ နိုင်မယ့်နေရာတစ်ခု မေမေ အခုသိထားပြီ။
အဲဒီနေရာကတော့ အင်္ဂါဂြိုလ်နဲ့ ကြာသပတေးဂြိုလ်ကြားက
ဥက္ကာခဲ ၁၁၄၄၁ ပါပဲသမီးရေ" ဟု အိတ်ဖွင့်ပေးစာ တစ်စောင်တွင်
ဇိုင်ဒါဖရန့် ဇ် က ရေးသားခဲ့သည်။
အန်နာထရေဆာဒီယေဂို ကို ဂုဏ်ပြုသည့်အနေဖြင့် 'အန်နာဒီယေဂို'
ဟု အမည်ပေးထားသည့် ဥက္ကာခဲမှာ ၁၉၇၆-၁၉၈၃ အာဂျင်တီးနား
စစ်အုပ်ချုပ်ရေးအတွင်း သားကောင်ဖြစ်ခဲ့ရသူတစ်ဦး၏ အမည်ဖြင့်
မှည့်ခေါ်ထားသည့် ပထမဆုံးဥက္ကာခဲ ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေးအုံကြွမှုကို အာဂျင်တီးနားစစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ရာ လူထောင်ပေါင်းများစွာ
သေဆုံးခဲ့သည်။
အများစုမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နှိပ်စက်၊ သတ်ဖြတ်ခံရကာ အမှတ်အသား ပြုမထားသည့်မြေတွင်းများထဲ၌ မြှုပ်နှံခံခဲ့ရသည်။ အချို့ ကို
လေယာဉ်ဖြင့် ဖမ်းဆီးတင်ဆောင်သွားပြီး ပင်လယ်ကမ်းစပ်နှင့် မိုင်ပေါင်းများစွာ
ဝေးကွာသော နေရာအရောက်တွင် လေယာဉ်ပေါ်မှ ပင်လယ်ထဲသို့ 
အရှင်လတ်လတ် ပစ်ချခဲ့သည်။
တရားဝင်ထုတ်ပြန်သော စာရင်းအရ လူ ၁,၃၀၀၀ သေဆုံးခဲ့သည်ဟု
ဆိုသော်လည်း လူ့ အခွင့်အရေးအဖွဲ့ များ၏ပြောကြားချက်အရ
လူ ၃၀,၀၀၀ နီးပါး အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ၄င်းတို့ အနက်
အလောင်း ၅၀၀ ကိုသာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဥက္ကာခဲကို သမီးအမည်ဖြင့် ခေါ်တွင်ခဲ့ပြီးနောက် သမီးဖြစ်သူ
ပျောက်ဆုံးသွားချိန် မှစ၍ ခံစားလာခဲ့ရသော ရင်တွင်းဝေဒနာအတွက်
ဖြေဆည်ရာတစ်ခု ရခဲ့ပြီဟု ဇိုင်ဒါဖရန့် ဇ်က ပြောပါသည်။ "အန်နာရဲ့
အလောင်းကို ကျွန်မ ဘယ်တော့မှ မတွေ့ ခဲ့ရပါဘူး။ အခုတော့
သူ့ နာမည်ပေးထားတဲ့ ဥက္ကာခဲထဲမှာ သူရှိနေမယ်ဆိုတာ ကျွန်မသိပါပြီ။
သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ပျောက်ဆုံးသွားသူတွေအားလုံး
အဲဒီမှာ ရှိနေမှာပါ" ဟု ဆို့ နင့်ကြေကွဲစွာ ပြောပြသည်။
ထိုစဉ်က အန်နာသည် လာပလာတာအမျိုးသားတက္ကသိုလ်တွင် ပညာသင်နေသော
အသက် ၂၂ နှစ်အရွယ် ကျောင်းသူတစ်ဦး ဖြစ်ပါသည်။
မင်းသက်စံ (ကိုရင်ဖိုးစံ)
------------------------------------------
Koyin Phosan

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။