ads.com.mm
“အသိတစ်လုံးအမြတ်ဆုံး ဆိုသလို တန်ဖိုးရှိတဲ့ ပုံးပြင်လေးပါ။”
အုတ်ခဲတစ်လုံး
လုပ်ငန်းခွင်မှာအောင်မြင်နေတဲ့  လူငယ်လေးတစ်ယောက်ဟာ သူ့ ရဲ့ ဂျဂွာအမျိုးအစား ကားသစ်ကြီးကို အိမ်ရှေ့လမ်းမအတိုင်း အရှိန်ပြင်းပြင်းလေးမောင်းလာခဲ့ တယ်။ သူက ကား parking နားကိုရောက်တဲ့အခါမှာတော့ ကားရပ်နားတဲ့ နေရာ ကြားထဲတွေကနေ ကလေးတွေပြေးထွက်လာ မှာကို သတိပြုရင်း သူ့ ရဲ့  ကားကြီးကို အရှိန်လျှော့ပြီး ဆက်လက်မောင်းနှင်ခဲ့တယ်။ သူ့ ကားဖြတ်...သွားတဲ့ အချိန်မှာ ဘယ်ကလေးမှပြေးထွက်မလာဘဲ အုတ်ခဲတစ်လုံးကတော့ သူ့ ကားရဲ့ ဘေးတံခါးကို ပွန်းပဲ့သွားစေခဲ့ ပါပြီ။

လူငယ်လေးဟာ ဒေါသကြီးစွာနဲ့  ကားဘ၇ိတ်ကို အ၇ှိန်ပြင်းပြင်းနင်းလိုက်ပြီး ကားတံခါးကိုဆောင့်ဖွင့်လိုက်တယ်။ ပြီးတဲ့ အခါမှာတော့ သူဟာ အုတ်ခဲလာရာနေရာဆီကို လမ်းလျှောက်သွားလိုက်တယ်။ အရမ်းစိတ်ဆိုးနေတဲ့ လူငယ်လေးဟာ အနီးဆုံးမှာရှိနေတဲ့  ကလေးတစ်ယောက်ကို လှမ်းဖမ်းလိုက်ပြီး မင်းဒါဘာလုပ်တာလဲ၊ မင်းဘယ်သူလဲ၊ မင်းအုတ်ခဲနဲ့ ပစ်လိုက်တဲ့ ကားက ကားသစ်ကြီးကွ၊ ဒါကိုပြန်ပြင်ရင် ပိုက်ဆံအများကြီးကုန်မယ်ဆိုတာမင်းသိလား ဆိုပြီး ဒေါသနဲ့ အော်ပြစ်လိုက်တယ်။
ကလေးကတော့ တောင်းပန်တိုးလျှိုးစွာနဲ့  သားတောင်းပန်ပါတယ်ဦးရယ်၊ သားဘာလုပ်ရမှန်း မသိတော့လို့ပါ ဆိုပြီးတောင်းပန်ရှာတယ်။ သားပြောတာကို ဘယ်သူကမှ နားမထောင်လို့  သားက အုတ်ခဲနဲ့ လှမ်းပစ်လိုက်ရတာပါ လို့ မျက်ရည်လည်ရွှဲတောင်းပန်တယ်။ ပြီးတဲ့ အခါမှ သူက ကားနဲ့ သိပ်မလှမ်းမကမ်းမှာရှိတဲ့ ကောင်လေးတစ်ယောက်ကို လက်နဲ့ ညွန်ပြပြီး အဲဒါသားရဲ့ ညီလေးပါ။ သူက တောင်ကုန်းပေါ်ကနေ လိမ့်ကျလာပြီးသူ့ ရဲ့ wheelchair ပေါ်ကနေထွက်ကျသွားတာပါ။ သားကသူ့ ကို သူ့ရဲ့ wheelchair ပေါ်ပြန်တင်ပေးဖို့ ကို မနိုင်လို့ ပါဦးရယ် လို့ လူငယ်လေးကိုပြောပြတယ်။ လူငယ်လေးက စကားတစ်လုံးမှမပြောနိုင်ဘဲ အံ့သြမှင်သက်နေတုန်းမှာဘဲ ကလေးက သားညီလေးကို ကျေးဇူးပြုပြီး
Wheelchair ပေါ်ကို ပြန်တင်ပေးပါလားဦးရယ်၊ သူအရမ်းနာနေရှာတယ်၊ သားလည်းသူ့ ကိုမနိုင်လို့ ပါလို့  အကူအညီတောင်းလိုက်တယ်။
လူငယ်လေးဟာပြောချင်တဲ့ စကားတွေကိုမြိုသိပ်လိုက်ပြီးတော့မှ ဒုက္ခိတလူငယ်လေးကို wheelchair ပေါ်ကိုပြန်တင်ပေးပြီး သူ့ ရဲ့ လက်ကိုင်ပ၀ါနဲ့ ကလေးရဲ့ ဒဏ်ရာကိုစည်းပေးလိုက်တယ်။ ကောင်လေးက လူငယ်လေးကို အရမ်းကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးပြီး Wheelchair လေးနဲ့ သူ့ ရဲ့ ညီလေးကို လမ်းတလျှောက်ပြန်တွန်းသွားတယ်။
လူငယ်လေးဟာ အလွန်နှေးကွေးတဲ့ ခြေလှမ်းနဲ့ သူ့ ရဲ့ ကားသစ်ကြီးဆီကို ပြန်လျှောက်သွားတယ်။ ကားတံခါးမှာ ရှိနေတဲ့ ပွန်းပဲ့ရာကအရမ်းကိုမြင်သာနေပေမယ့် လူငယ်လေးဟာ ကားကိုမပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီကားရဲ့ ပွန်းပဲ့ ရာဟာသူ့ ကို ဘ၀ကို အလောတကြီးနဲ့ မဖြတ်သန်းဖို့ရန် နဲ့ အဲလို အလောတကြီးဖြတ်သန်းမယ်ဆို၇င် တစုံတယောက်က သူ့ ဆီအာရုံရောက်ဖို့  သူ့ကို အုတ်ခဲတစ်လုံးနဲ့ ပစ်ပေါက်သတိပေးလိမ့်မယ် ဆိုတဲ့ သင်ခန်းစာကို သတိပေးနေသလိုသူခံစားနေရလို့ ပါဘဲ…
ဘုရားသခင်ဟာ ကျွန်မတို့ စိတ်နှလုံးနဲ့ ဝိညာဉ်ကို ညင်သာစွာစကားပြောနေပါတယ်။ ဒါပေမယ့် တခါတရံမှာ ကျွန်မတို့ ဆီမှာ ဒီစကားတွေကိုနားထောင်ဖို့ အချိန်မရှိဖြစ်တတ်ပါတယ်။ ဒီအချိန်မျိုးမှာ ဘုရားသခင်ဟာ သူ့ ကိုအာရုံပြုနိုင်ဖို့ အတွက် အုတ်ခဲတလုံးကို ကျွန်မတို့ ဆီကို ပစ်ပေါက်တတ်ပါတယ်။
ဒါကတော့ကျွန်မတို့ရဲ့ ရွေးချယ်မှုပါဘဲ။
ညင်သာသောစကားကိုနားထောင်မှာလား ဒါမှမဟုတ် အုတ်ခဲတစ်လုံးနဲ့ အပစ်ခံရဖို့ အထိစောင့်နေမှာလား????
သင်၏
www.ads.com.mm
www.facebook.com/ads.com.mm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။