Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 4, 2013

မျက်စိရှေ့ကအရာတွေနဲ့ အမြဲကျေနပ်မနေပါနဲ့

Nine Nine Sanay @ နိုင်းနိုင်းစနေ
Akio Morita (January 26, 1921 - October 3, 1999)
----မျက်စိရှေ့ကအရာတွေနဲ့ အမြဲကျေနပ်မနေပါနဲ့

Sony တံဆိပ်ဟာ လျှပ်စစ်ပစ္စည်းတွေနဲ့ ကမ္ဘာတစ်ခုလုံးကို ခေတ်ဆန်စေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ အောင်မြင်ကျော်ကြားတဲ့လမ်းဆီ Sonyလျှောက်လှမ်းနိုင်ဖို့ Akio Moritaဟာ သုညဘဝကနေစခဲ့ပြီး လမ်းဘေးလုပ်ငန်းဆိုင်လေးတစ်ခုကနေ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခု ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။


၁၉၂၁ခုနှစ်မှာ Akio Moritaကို ဂျပန်နိုင်ငံ Kosugayaမြို့က စီးပွားရေးသမားမိသားစုမှ မွေးဖွားခဲ့တာဖြစ်တယ်။ သူ့မိဘလက်ထက်က လုပ်ကိုင်ခဲ့တဲ့ ဂျပန်အရက်ဟာ Nagoyaမြို့မှာ နာမည်ရပြီးသားဖြစ်တယ်။ ဖခင်တို့ရဲ့လုပ်ငန်းကို မြင်ရဖန် ကြားရဖန်များခဲ့တာမို့ Akio Moritaဟာ သုံးတန်းနှစ်ကတည်းက စီးပွားရေးလုပ်နိုင်တဲ့ အရည်အချင်းကို ထုတ်ပြနိုင်ခဲ့ပါတယ်။ အတန်းဖော်တွေအတွက် သူပြုလုပ်ခဲ့တဲ့ ကပ်ခွာစက္ကူလေးက တစ်ကျောင်းလုံးမှာ ခေတ်စားခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲမဝင်ချင်ခဲ့လို့ ဂျပန်စစ်တပ်တစ်ခုရဲ့ ဌာနတစ်ခုမှာ သူအလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီမှာပဲ နောင်တစ်ချိန်မှာ Sonyကုမ္ပဏီကိုတည်ထောင်မယ့် တည်ထောင်သူနောက်တစ်ယောက်နဲ့ သူသိကျွမ်းခင်မင်ပြီး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပါတယ်။ Akio Moritaဟာ မိဘတွေအဆင်သင့်ခင်းပြီးသားလမ်းပေါ် မလျှောက်လှမ်းခဲ့သလို သက်တောင့်သက်သာနေရတဲ့ဘဝကိုလည်း မမက်မောခဲ့ပါဘူး။
၂၅နှစ်အရွယ်မှာ သူနဲ့ Masaru Ibukaလို့ခေါ်တဲ့ မိတ်ဆွေတစ်ဦးဟာ ကုန်တိုက်တစ်ခုရဲ့အပျက်အစီးနေရာမှာ ကုမ္ပဏီတစ်ခုကို အတူတည်ထောင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီမှာ ဝန်ထမ်း ၂ဝခန့်ရှိပြီး မတူတဲ့ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ လေဒီယို ကိရိယာတန်ဆာပလာတွေ ပါပါတယ်။

၁၉၄၉ခုနှစ်မှာ ကုမ္ပဏီဝန်ထမ်းတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကက်ဆက်ခွေကို တီထွင်နိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ကမ္ဘာ့ပထမဆုံး ကက်ဆက်တစ်လုံးကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ ၁၉၅ဝခုနှစ်မှာ ဈေးကွက်ဆီ တရားဝင်တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

စစချင်းမှာ Akio Moritaဟာ ဈေးကွက်ကျယ်ပြန့်ဖွံ့ဖြိုးဖို့ ချိန်ရွယ်ခဲ့သူပါ။ တရားရုံးက လက်ရေးတိုစာရေးတွေဟာ ဝန်ထမ်းမလုံလောက်လို့ အချိန်ပိုအလုပ်ဆင်းရတယ်ဆိုတာကို ကြားတော့ Akio Moritaဟာ ချက်ချင်းပဲ သူတို့တီထွင်ထားတဲ့ကက်ဆက်ကို နမူနာပြခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ တရားရုံးက ကက်ဆက်တွေကို ဝယ်ယူခဲ့တော့တယ်။

အဲဒီနောက် Akio Moritaရဲ့ဈေးကွက်က စာသင်ကျောင်းဖက်ဆီ ဦးတည်ခဲ့ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ အမေရိကန်စစ်တပ်ရဲ့ထိန်းချုပ်မှုကို ခံနေရချိန် အင်္ဂလိပ်စာပညာရေးကို စတင်ချိန်ဖြစ်ပါတယ်။ အင်္ဂလိပ်စာဆရာ မလုံလောက်ခဲ့လို့ အထူးသဖြင့် စကားပြော၊ နားထောင်မှုမှာ အားနည်းခဲ့တာကြောင့် အသံသွင်းလို့ရတဲ့ ကက်ဆက်ဟာ အသုံးဝင်တဲ့ပစ္စည်းဖြစ်ခဲ့တယ်။ Akio Moritaနဲ့ Masaru Ibukaဟာ ဈေးနှုန်းပိုချိုပြီး ပိုသေးငယ်တဲ့ စာသင်ကျောင်းနဲ့ပိုသင့်တော်မယ့် ကက်ဆက်တစ်မျိုးကို တီထွင်လိုက်ကြပြန်တယ်။ ဒီလိုကက်ဆက်ဟာ အချိန်တိုတိုအတွင်းမှာပဲ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေဆီ ပြန့်နှံ့သွားခဲ့ပါတယ်။ Akio Moritaရဲ့လုပ်ငန်းက သူ့အတွက် ပိုခိုင်ခံတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။

Akio Moritaဟာ ရှေ့ဆက်တိုးမယ့်ခြေလှမ်းတွေကို မရပ်တန့်ခဲ့ပါဘူး။ လက်ရှိပိုင်ဆိုင်နေတဲ့အောင်မြင်မှုနဲ့ သူမကျေနပ်ခဲ့သေးဘဲ ဒီ့ထက် အသစ်အဆန်းတွေ တီထွင်ဖန်ဆင်းနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ကို အပြတ်ကြိုးစားခဲ့ပါတယ်။

၁၉၅၇ခုနှစ်မှာ ဆန်းသစ်မှုတစ်မျိုးကို Akio Morita ပြုလုပ်နိုင်ခဲ့ပြန်တယ်။ အဲဒီဆန်းသစ်မှုက အိတ်ကပ်ထဲ ထည့်ထားနိုင်လောက်တဲ့ Semiconductor လေဒီယိုပဲဖြစ်တယ်။ တကယ်တော့ ဒီလေဒီယိုဟာ ရိုးရိုးအိတ်ကပ် အတိုင်းအတာထက် ကြီးနေပါသေးတယ်။ ဒါပေမယ့် ဒီလိုအခက်အခဲက မွေးရာပါ ပါရမီရှိတဲ့ Akio Moritaကို အလဲမဖြိုနိုင်ခဲ့ပါဘူး။ သူဟာ ဂျပန်နဲ့အမေရိကန်ဈေးကွက်ထဲ ကုန်ပစ္စည်းတင်ပို့ရောင်းချသူတွေဆီ အိတ်ကပ်ပိုကြီးတဲ့ အဝတ်အစားတွေကို မှာယူခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲတစ်ခုကို လွယ်လွယ်ကူကူ သူဖြေရှင်းနိုင်ခဲ့ပါတယ်။ အဲဒီလေဒီယိုကို အမေရိကန်ဈေးကွက်မှာ အခုတစ်သန်းခွဲ ရောင်းချနိုင်ခဲ့ပါတယ်။

ဒါဟာ Akio Moritaအတွက် အပြည်ပြည်ဆိုင်ရာဈေးကွက်ထဲ လုပ်ငန်းကိုတိုးချဲ့စေနိုင်မယ့် အခွင့်အရေးပဲဖြစ်တယ်။ ကမ္ဘာ့အကွာအဝေးတွေ နီးသထက်နီးလာတာကို သူသတိပြုခဲ့မိပြီး ကမ္ဘာ့ဈေးကွက်ထိ ဖွံ့ဖြိုးတိုးတက်ဖို့သူရည်မှန်းခဲ့သလို တစ်ကမ္ဘာလုံးမှာရှိတဲ့သုံးစွဲသူတွေ သူ့တို့ရဲ့တံဆိပ်ကို ပိုသိလာဖို့ သူမျှော်လင့်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး Semiconductor တယ်လီဗေးရှင်းနဲ့ တခြားကုန်ပစ္စည်းသစ်တွေကို ထုတ်လုပ်ခဲ့ပြန်တယ်။ အမေရိကန်က Polaroid ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် Edwin H. Landလိုပဲ Akio Moritaဟာ နဂိုကြပ်သိပ်နေတဲ့ ဈေးကွက်ထဲ မတိုးဝင်ချင်ခဲ့ဘဲ ကိုယ်ပိုင်ဈေးကွက်အသစ်တစ်ခုကို ထူထောင်နိုင်ဖို့ မျှော်လင့်ခဲ့သူဖြစ်တယ်။ သူဟာ ဈေးကွက်ကြီးထွားကျယ်ပြန့်ရာမှာ လိုအပ်တဲ့အရာတွေကို ကြိုမြင်နိုင်စွမ်းရှိသူဖြစ်တယ်။ တစ်ခါတလေ သုံးစွဲသူတွေကတောင် ဒီလို လိုအပ်ချက်တွေ ကိုယ်ကိုယ်တိုင်မှာရှိမှန်းတောင် မသိခဲ့ကြဘူး။ ဒီလိုမြင်နိုင်စွမ်းကပဲ Akio Moritaကို ထူးခြားဆန်းကြယ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ကုမ္ပဏီထုတ်ပစ္စည်းတွေက သုံးစွဲသူကို ဦးဆောင်ဆွဲခေါ်သူဖြစ်ရမယ်၊ သုံးစွဲသူနောက် နောက်ကောက်ကျနေရမှာမဟုတ်ဘူးလို့ သူယုံကြည်ခဲ့တယ်။ ဥပမာ နားကြပ်ကက်ဆက်လိုမျိုး၊ သုံးစွဲသူတွေက သူတို့ကိုယ်တိုင် ဘာလိုအပ်မှန်းတောင်မသိသေးခင် Akio Moritaက အရင်တီထွင်ပြီး ဖြည့်ဆည်းပေးလိုက်ပြီဖြစ်တယ်။

၁၉၆ဝခုနှစ်မှာ ဆိုနီဟာ အမေရိကန်ဆိုနီကုမ္ပဏီကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Akio Moritaက အမေရိကန်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ဂျပန်စီးပွားရေးလောကမှာ မရှိခဲ့ဖူးတဲ့ လုပ်ငန်းတိုးချဲ့မှုဖြစ်တယ်။ နောက်ပိုင်း ဂျပန်နိုင်ငံကို သူပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ သင်ယူလာခဲ့တဲ့ ထိန်းသိမ်းအုပ်ချုပ်မှုစနစ်ကို ဆိုနီလုပ်ဆောင်ရေးမှာ သူအသုံးပြုခဲ့တယ်။ ဒီလိုအသုံးမပြုခင် ၁၉၄၆ခုနှစ်ကတည်းက ဆိုနီကို ကမ္ဘာ့တံဆိပ်အဖြစ် ရပ်တည်ဖို့ သူဆုံးဖြတ်ခဲ့ပါသေးတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အုပ်ချုပ်မှုကို Akio Morita သဘောကျခဲ့ပါတယ်။ အထူးသဖြင့် ဝန်ထမ်းတွေကို ဂရုစိုက်စောင့်ရှောက်ရာမှာဖြစ်တယ်။ အနောက်နိုင်ငံက အုပ်ချုပ်မှုတွေက ပစ္စည်းဥစ္စာ၊ ငွေကြေးတွေကို ပိုအလေးထားတယ်လို့ သူထင်တယ်။ ဂျပန်မှာက ဆိုင်ခွဲတွေ၊ ထုတ်လုပ်မှုတွေကို အလေးထားပြီး ထာဝရတည်တံတဲ့တန်ဖိုးကို ပိုအလေးထားတယ်လို့ သူမြင်တယ်။ ဂျပန်ရှေးရိုးစဉ်လာကရှိခဲ့တဲ့ အုပ်ချုပ်မှုအတိုင်း သူ့ကုမ္ပဏီတွေက ဝန်ထမ်းတွေကို ဂရုစိုက်စောင့်ရှောက်ခဲ့သလို အနောက်တိုင်းအုပ်ချုပ်မှုအတိုင်း ဝန်ထမ်းတွေရဲ့ အလုပ်အပေါ်ထားတဲ့စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့တယ်။
ဆုချီးမြှင့်မှုတွေပြုလုပ်ပြီး ဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်မှုဘဝကို မြင့်တင်ပေးခဲ့ပါတယ်။

Akio Moritaကို ဝန်ထမ်းတွေ ချစ်ခင်ခဲ့ကြတယ်။ ကုမ္ပဏီအပေါ် သစ္စာရှိခဲ့ကြတယ်။ Akio Moritaမှာ မွေးရာပါ နူးညံ့သိမ်မွေ့မှုတွေရှိတယ်၊ ဆွဲဆောင်မှုတွေရှိတယ်။ သူဟာ ပျော်ပျော်နေတတ်သူဖြစ်သလို အသစ်အဆန်းကို လုပ်ကိုင်ဆောက်ရွက်ဖို့ စိတ်ဓာတ်ပြင်းသူလည်းဖြစ်တယ်။ သူနှင်းလျောစီးသင်ချိန်မှာ သူ့အသက်က ၅ဝကျော်နေပြီဖြစ်တယ်။ အသက် ၇ဝကျော်အထိ သူဟာ တင်းနစ်ကစားတဲ့အကျင့်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

အချိန်တော်တော်များများမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်သတ်မှတ်ထားတဲ့ ကျဉ်းမြောင်းတဲ့နေရာတစ်ခုမှာပဲ နေထိုင်တတ်ကြတယ်။ ကိုယ်တိုင်သတ်မှတ်တွေးတောထားတဲ့ အတွေးအမြင်တွေနဲ့နေရတာကို ကျင့်သားကျခဲ့တယ်။ ကိုယ့်လက်ရှိအခြေအနေကို ပြည့်စုံပြီ၊ တော်ထက်ပြီလို့ ကျေနပ်နေချိန်ဟာ ကိုယ်အတုံးအ,ဆုံးအချိန်ပဲဖြစ်ပါတယ်။

လူ့ဘဝလမ်းခရီးမှာ ဒီကနေ့ရဲ့အောင်မြင်မှုက ကျွန်တော်တို့ဘဝရဲ့အတောက်ပဆုံးအချိန် ဟုတ်မဟုတ်ကို ကျွန်တော်တို့မသိနိုင်ပါဘူး။ လူတော်တော်များများက နည်းနည်းလေးအောင်မြင်တာနဲ့ ဂုဏ်ယူဝင့်ကြွားမှုတွေ ပိုတတ်ကြတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်တွေ ဝင်တတ်ကြတယ်။ ဒီလိုအောင်မြင်မှုလေးက ကိုယ့်ရဲ့လုပ်နိုင်အားအရည်အချင်း အဆုံးစွန်ပဲလားဆိုတာကို သူတို့ သတိမထားမိကြဘဲ လက်ရှိအခြေအနေမှာပဲ ကျေနပ်နေတတ်ကြတယ်။ လောကမှာ အကောင်းဆုံးဆိုတာ မရှိပါဘူး.. ဒါပေမယ့် ပိုကောင်းတာတွေရှိပါတယ်။ ပိုကောင်းတဲ့ရည်မှန်းချက်နဲ့ ကိုယ့်ကိုယ်ကို အားပေးရတယ်၊ ကိုယ့်လက်ရှိအခြေအနေထက် ပိုကောင်းအောင် ကြိုးစားရတယ်။ လက်ရှိအခြေအနေကြောင့် ကျေနပ်နေစရာမလိုသလို လက်ရှိအခြေအနေကြောင့်လည်း မျှော်လင့်ချက်မဲ့စရာမလိုပါဘူး။ မနေ့ကရဲ့ကိုယ့်ကို ဒီကနေ့ရဲ့ကိုယ်က ကျော်လွန်နိုင်ရင် ပိုတောက်ပတဲ့မနက်ဖြန်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

*** နောက်ထွက်မယ့် "ထင်ရှားသူတို့၏ ဘဝပုံပြင်"စာအုပ်ထဲမှာ အဖက်ဖက်က အောင်မြင်ထင်ရှားကျော်ကြားခဲ့သူတွေရဲ့ ဒီလိုဘဝပုံပြင်ပေါင်း အပုဒ်၃ဝကျော် ပါရှိပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။