We Love Music
ခုနောက်ပိုင်း အဆို ပြိုင်ပွဲ တော်တော် များများမှာ အတွေ့များ လာတာက သီချင်းသီဆိုမှု အပြင် ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပါဖောမန့် ဦးစားပေး လာမှုအပေါ် စည်သူလွင်နဲ့ တွေ့ဆုံခိုက် မေးတော့ .....
အဆိုပြိုင်ပွဲတွေ များလာပေမယ့်လည်း ဂီတလောက မှာတော့ တကယ့်ကို ထင်ရှားလာကြတဲ့ သူတွေ ကတော့ လက်ချိုးရေ လို့ရနေပါတယ်။ အဲဒီအပေါ်မှာ စည်သူလွင် က “အဆို ပြိုင်ပွဲမှာ ဆုရတဲ့ သူတိုင်း အောင်မြင် တယ်လို့ ပြောလို့မ...ရပါဘူး။ ဥပမာ ကျွန်တော်တို့ ဆီမှာ Season တစ်ခု တစ်ခုမှာ လူ ၁ဝယောက် ရှိတယ် ဆို ပါစို့။ ၁ဝယောက် ထဲကနေ အကောင်း ဆုံးတစ်ယောက်ကို ရွေးပေးလိုက်တာ။ အားလုံးထဲမှာ အကောင်းဆုံး လို့တော့ ပြောလို့မရဘူး။ အဲဒါတစ်ခု ရှိသလို ပြိုင်ပွဲမှာ သူတို့ ယှဉ်ပြိုင် လိုက်ရတဲ့ သီချင်း အပုဒ်ရေက ၁၅ပုဒ် ၊ အပုဒ် ၂ဝ ဝန်းကျင်ပဲရှိပါတယ်။ ပြီး တော့ သူများ ဖန်တီးပြီးသား သီချင်း တွေကို ဂိုက်လိုင်း ရှိပြီးသားနဲ့ ယှဉ်ပြိုင် ရတာဖြစ် တယ်။
အဲဒါကြောင့် ကိုယ့်ရဲ့ ဖန်တီးမှု ဆိုတာကို ခုချိန်မှာမမြင် တွေ့ရသေးဘူး။ ကိုယ်တိုင် ဖန်တီးတဲ့ အခါ ဘယ်လောက်ထိ သူတို့ အရည် အချင်းရှိလဲ။ အဲဒီအပေါ် မှာ မူတည်တယ်။ ပညာဝမ်းစာ ဘယ်လောက် ပြည့်ဝသလဲ အပေါ်မှာ မူတည်တယ်။ ပြီးတော့ အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာဖို့ ကံတွေ စန်းတွေက လည်း ရှိသေးတယ်။ ပြီးတော့ ပံ့ပိုးမှုတွေနဲ့လည်းဆိုင်တယ်” လို့ စည်သူလွင်က ပြောပြခဲ့ပါတယ်။
@YN10
@YN10
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။