အင်္ဂလိပ်ဘာသာ လေ့လာစရာ
“ဘာသာစကားဆိုင်ရာ..အဆိုအမိန့်များ”
======================
======================
ဒီနေ့.. အင်တာနက်မှာတွေ့တဲ့ 10 Inspirational Quotes for Language Learners ကို အင်္ဂလိပ်စာ လေ့လာသူတွေအတွက် အကျိုးရှိမယ်ထင်လို့ ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ကျွန်တော်....ဘာသာပြန်တာ စိတ်တိုင်း မကျတာများတွေ့ရင် Comment မှာ ပြင်ပြီး ဘာသာပြန်ပေးကြပါ..နော်။
(1) ❝If you talk to a man in a language he understands, that goes to his head. If you talk to him in his own language, that goes to his heart.❞ -‒Nelson Mandela
“လူတစ်ယောက်ကို သူနားလည်တဲ့ ဘာသာစကားနဲ့ ပြောရင် သူ့ခေါင်းထဲပဲ ရောက်တယ်။တစ်ကယ်လို့ သူ့ရဲ့...ကိုယ်ပိုင်ဘာသာစကားနဲ့ ပြောရင်တော့ သူ့နှလုံးသားထဲထိ ရောက်ပါတယ်။”--နယ်လ်ဆင် မန်ဒဲလား
(2) ❝One language sets you in a corridor for life. Two languages open every door along the way.❞ -‒Frank Smith
“ဘာသာစကားတစ်ခုဟာ သင့်ဘ၀အတွက် စင်္ကြန်လမ်းပေါ် ရောက်အောင် ဆောင်ကျဉ်းပေးတယ်။ဘာသာစကားနှစ်ခုကတော့.. လမ်းတစ်လျှောက်က တံခါးတိုင်းကို ဖွင့်ပေးပါတယ်။” ---ဖရန့် စမစ်
(3) ❝The limits of my language are the limits of my world.❞
‒Ludwig Wittgenstein
“ကျွန်တော်ရဲ့ ဘာသာစကားကို ကန့်သတ်ခြင်းဟာ ကျွန်တော့် ကမ္ဘာကို ကန့်သတ်လိုက်ခြင်းပါပဲ။”--လပ်ဝစ် ၀စ်ဂျန်စတိန်း
(4) ❝Learn everything you can, anytime you can, from anyone you can; there will always come a time when you will be grateful you did.❞ ---‒Sarah Caldwell
“ဘယ်အရာတိုင်းပဲဖြစ်ဖြစ် ၊ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ရသလောက် သင်ယူပါ။ဒီလို..လုပ်ခဲ့တဲ့အတွက် သင်ကျေးဇူးတင်ရမယ့် အချိန်ကာလတစ်ခု မလွဲမသွေ ရောက်လာပါလိမ့်မယ်။”
-ဆာရာ ကဲဒွဲ
(5) ❝Learning is a treasure that will follow its owner everywhere.❞
-‒Chinese Proverb
“သင်ယူခြင်းဟာ ပိုင်ရှင်သွားလေရာနောက် အမြဲလိုက်နေမယ့် ရတနာ တစ်ပါး ဖြစ်တယ်။”--တရုတ်စကားပုံ
(6) ❝You can never understand one language until you understand at least two.❞--‒Geoffrey Williams
“သင်ဟာ..အနည်းဆုံး ဘာသာစကားနှစ်ခု မသိပဲ ..ဘာသာစကားတစ်ခု ကို နားလည်နိုင်မည် မဟုတ်။”---ဂျော်ဖရီ ၀ီလီယမ်
(7) ❝To have another language is to possess a second soul.❞
--‒Charlemagne
“အခြားဘာသာစကားတစ်ခုကို သင်ယူတတ်မြောက်ခြင်းဟာ ဒုတိယမြောက် ၀ိညဏ်တစ်ခု ပိုင်ဆိုင်ခြင်းပဲ ဖြစ်တယ်။”--ချာလီမဂ္ဂနီ
(8) ❝Those who know nothing of foreign languages know nothing of their own.❞ ‒Johann Wolfgang von Goethe
“နိုင်ငံရပ်ခြားဘာသာစကားနဲ့ပတ်သက်ပြီး ဘာမှ မသိတဲ့သူတွေဟာ သူတို့ ကိုယ်ပိုင်ဘာသာစကားအကြောင်းကိုလည်း ဘာမှ မသိကြပါ။”
-ဂျိုဟန်း ၀ုဂန်း ဘွန် ဂိုအက်
(9) ❝Language is the road map of a culture. It tells you where its people come from and where they are going.❞--‒Rita Mae Brown
“ဘာသာစကားဆိုတာ ယဉ်ကျေးမှုရဲ့ လမ်းပြမြေပုံပါ။လူတွေ ဘယ်ကလာပြီး ဘယ်ကိုသွားနေကြတယ်ဆိုတာ သင့်ကို ပြောပြပါလိမ့်မယ်။”
--ရီတာ မေးဘရောင်း
(10) ❝Language is the blood of the soul into which thoughts run and out of which they grow.❞---‒Oliver Wendell Holmes
“ဘာသာစကားဆိုတာ စိတ်ဝိညဏ်ရဲ့ သွေးဖြစ်ပြီး...ဒီသွေးထဲမှာပဲ အတွေး အခေါ်တွေ စီးဆင်းကြတယ်။ ရှင်သန်ပေါက်ဖွား ကြပါတယ်။”
--အိုလီဗာ ၀န်ဒဲဟုန်း
--------------------------xxx((၀၀၀))xxx----------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။