Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 6, 2013

ယောက္ခမနိုင်နည်း

Nyein Chan Win with Nay Ko Ko and 48 others
ယောက္ခမနိုင်နည်း
===========

တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့…။
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့…။ လင်ယောက်ျားကိုချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး…။

များမကြာမီမှာပဲ မိန်းကလေးဟာ သူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်းသွားလို့ဖြစ်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေပါတယ်…။ ချွေးမလုပ်သူက ယောက္ခမရဲ့  လုပ်ရပ်တွေကို မကြိုက်သလို…ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့…။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်…။

ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါတယ်…။ ဒါကြောင့် သူ့အဖေရဲ့ သူငယ်ချင်းတစ်ယောက်ဆီသွားပြီးအကူအညီတောင်းပါတယ်…။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ…။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့  အခြေအနေအကြောင်းစုံကို ရှင်းပြပါတယ်…။ ပြီးတော့ဒီလိုပြောတယ်…

“ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား…စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ …ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿနာတွေအကုန်အေးရော…”

ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်…

“ အေးဟ…ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ်… ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့တော့လိုမယ်… တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး…ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်…”

“ စိတ်ချုပါဦးလေးရာ…ဦးလေးပြောတဲ့အတိုင်းကျမအတိအကျလိုက်နာပါမယ်…”

ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေးတစ်ထုတ်ပါလာတယ်…။

“ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ…လူတွေရိပ်မိကုန်မယ်…ဒီတော့ ငါအဆိပ်တစ်မျိုးဖော်ထားတာရှိတယ်…ဒီအဆိပ်က တဖြည်းဖြည်းချင်းအာနိသင်ပြတဲ့အဆိပ်မျိုး …ဘယ်သူမှလည်းမရိပ်မိတော့ဘူးပေါ့ဟာ…နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေနည်းနည်းချင်းခပ်ပေး…သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင်ဘက်ကတော်တော်ဂရုစိုက်ဖို့လိုမယ်…သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံ…သူနဲ့ပြိုင်ရန်မဖြစ်နဲ့…အတတ်နိုင်ဆုံးသည်းခံပေး…ကိုယ့်ရဲ့ အရှင်သခင်တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး…ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူမှမရိပ်မိတော့ဘူး…”


မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင်အထည်ဖော်ပါတော့တယ်…။

ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်…။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်းလည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့…။ သူရဲ့ အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်…။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေးအခြေအနေတွေက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့..။

ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ …စိတ်အေးချမ်းလာပါတယ်…။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ…ယောက္ခမကြီးဟာ ကြင်နာတတ်သူ ဆက်ဆံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်…။

ယောက္ခမကြီးရဲ့ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်…။ သူ့သမီးအရင်းလေးတစ်ယောက်လို ချစ်ခင်လာသတဲ့…။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမလေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့…။ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့…။ မိန်းကလေးရဲ့ ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့တယ်…။

တစ်နေ့မှာတော့… ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည်စက်လက်နဲ့ ပြောပါတယ်…

“ ဦးလေးရယ်…ကယ်ပါဦး…ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား…ကျမယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ်…ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ်နေပြီ .. ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး…”

ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်…

“ ငါ့တူမ…နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို…”

“အဲ့ဒါက အဲ့ဒီတုန်းကလေ…ခုမှကျမ သူကောင်းမှန်းသိရတာ…ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ်…တောင်းပန်ပါတယ်…”

လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့…ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ ခေါင်းကို အသာပုတ်ပြီး…


“ ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ်…ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး…ဦးလေးပေးလိုက်တာ…အားဆေးတွေပါ…သူ့အတွက်ပိုလို့တောင် ကျန်းမာရေးအထောက်အကူပြုသေးတယ်…တကယ်အဆိပ်သင့်နေတာက တူမကြီးရဲ့  စိတ်နေသဘောထားတွေပါ…ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီးသူ့အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ…”



https://www.facebook.com/yarza.dirid

Nyein Chan Win ဘာသာပြန်သည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။