Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 14, 2013

ဟစ်ဟော့ပ်ရဲ့ ပထမရေစီးကြောင်းထဲ က တစ်ဦးဖြစ်သူ ဘာဘူနဲ့တွေ့ဆုံခြင်း

 
မိသားစုနှင့်အတူတွေ့ရတဲ့ ဘာဘူ
‘မင်းနဲ့ငါ နှစ်ယောက်ပြိုင်ပြီး ရပ်ကွက်ထဲမှာ …ဂေါ်လီရိုက်ကြ’ ဆိုတဲ့ အနဂ္ဂ၊ ဘာဘူ ‘ပြိုင်ဘက်’အခွေထဲက စာသားကို မြန်မာပြည် ရက်ပါတိုင်းကြားဖူးမှာပါ။ ဘာဘူဆို တာ ပြိုင် ဘက်အခွေမထွက်ခင် ၂ဝဝဝခုနှစ်ဝန်းကျင်မှာ သားစိုးနဲ့ အတူ သီအိုရီဆိုတဲ့ နာမည်နဲ့ မြန်မာ ပြည်ဟစ်ဟော့ပ်ကို ဦးဆောင်ခဲ့သူ တွေထဲက တစ်ယောက်။
ကာရန်န ဘေတွေနဲ့ လူမှုဘဝနဲ့ အနီးစပ်ဆုံး ရက်ပ်စာသားတွေကို ရွတ်ဆိုပြနိုင်ခဲ့ တဲ့ ဘာဘူက ၂ဝဝ၉ခုနှစ်ဝန်းကျင် မှာတော့ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့ပြီး သြစတြေးလျကနေပဲ ‘ဘာကြိုက်’ဆိုတဲ့ စီရီးကို လည်း ထွက် ရှိထားနိုင်သူဖြစ်ပါတယ်။ အခု ၂ဝ၁၃ စက်တင်ဘာလအတွင်းမှာ တော့ မြန်မာ ပြည် ဂီတလောကထဲကို ပြန်လည်အခြေချလာခဲ့ပြီဖြစ်တဲ့ ဘာဘူကို သြစတြေးလျက ပြန် ရောက်ပြီး တစ်ပတ်အကြာမှာ တွေ့ဆုံဖြစ်ခဲ့ ပါတယ်။ သြစတြေးလျမှာ ဘာဘူ ဘာတွေ လုပ်ခဲ့ လဲ။လက်ရှိ ဟစ်ဟော့ပ် အကြောင်း တစ်ချိန်က ဟစ်ဟော့ပ် အတိုင်း အတာတွေကို မေးမြန်း ခဲ့ပါ တယ်။
► မြန်မာပြည်ဂီတလောကနဲ့ ကင်းကွာသွားခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်းမှာ ကိုဘာဘူအနေနဲ့ သြစတြေးလျနိုင်ငံမှာ ရှိတုန်းက ဂီတ နဲ့ပတ်သက်လို့ အနုပညာလှုပ် ရှား မှုတွေ၊ မြန်မာနိုင်ငံကို ပြန်ရောက် လာတဲ့အခါမှာ ရှေ့ဆက်လျှောက်မယ့် ဂီတအစီအစဉ်တွေကိုသိချင်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ဟစ်ဟော့ပ် အနေအထားကို လည်းသိချင်ပါတယ်။
စစချင်းကတော့ လက်ရှိလုပ်နေ တာ တစ်ခွေရှိတယ်။ ဟိုကနေလည်း တစ်ခွေလှမ်းထုတ်တယ်။ သေသေ ချာချာလေးလုပ်ချင်တဲ့အတွက် လက် ရှိလုပ်နေတဲ့အခွေကို သင်္ကြန်ပြီးမှာပဲ ထုတ်ဖို့စီစဉ်ထားတယ်။ ‘ဘာကြိုက်’ ကို အမ်တီဗီရိုက်ဖို့ စိုင်းလုံးကျောက်နဲ့ တိုင်ပင်ထားတယ်။ ဒါပေမဲ့ ဒီကို ရောက်တာတစ်ပတ်ပဲရှိသေးတော့ ဘယ်သူနဲ့မှ မတွေ့ရသေးဘူး။ အခု မြန်မာပြည်က ဟစ်ဟော့ပ်နဲ့ယှဉ် ကြည့်ရင် သြစတြေးလျဟစ်ဟော့ပ် က တော်တော်အခြေအနေဆိုးတယ်။ အခုမှ ကျွန်တော်တို့ဆီမှာ Undergroundဆိုပြီးသီချင်းတစ်ပုဒ်၊ နှစ်ပုဒ်ရေးတဲ့ကလေးတွေတောင် သူတို့ထက်သာဦးမယ်။ ဟိုမှာကတော့ ဘာမှ သေသေချာချာမလုပ်ဖြစ်ပါ ဘူး။ ‘ဘာကြိုက်’ အခွေ က ၂ဝ၁၁မှာ ပြီးသွားတယ်။ ၂ဝ၁၁-၂ဝ၁၂က တော့ အင်္ဂလိပ်လို အစအဆုံးရေးတဲ့ သီချင်းတွေကတော့ i.tune မှာ ရောင်းတယ်။ မြန်မာပြည်မှာ ထုတ်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ ကိုယ်စိတ်ပါလို့ လုပ်ထားတဲ့သီချင်း တွေပေါ့။ ဂျေမီနဲ့တိုင်ပင်ထားတယ်။ ဂျေမီနဲ့လည်း မတွေ့ရသေးဘူး။ သီချင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောင်းလဲ လာတာက ကျွန်တော်ထွက်မယ့်အခွေတိုင်းမှာ ကျွန်တော်ကြိုက်တဲ့သီချင်းအကုန်ပါ မယ်။ အရင်တုန်းကလို ဟိုသီချင်း အမျိုးအစားမလုပ်ဘူး၊ ဒီသီချင်း အမျိုးအစားမလုပ်ဘူး ဆိုတာ မရှိ တော့ဘူး။ သီချင်းတိုင်းက ဂီတပဲ။ အဲဒါကြောင့် ပြောင်းလဲသွားတယ်။
► ကိုဘာဘူတို့ဟစ်ဟော့ပ်အဖွဲ့ ဖြစ်တဲ့ သီအိုရီအနေနဲ့ကော သီချင်း တွေလုပ်ဖို့ရှိမလား။ ပြီးတော့ လူငယ် တွေကြားမှာ ‘ပြိုင်ဘက်’ ဆိုပြီး ဖြစ် လာခဲ့တဲ့အနဂ္ဂ၊ဘာဘူ အတွဲ အနေနဲ့ ကော ‘လုပ်တာမဟုတ်၊မဟုတ်တာ လုပ်’ လိုအခွေမျိုးတွေ ထပ်ထုတ်ဖို့ အစီအစဉ်ရှိမလား။
သားစိုးနဲ့တွဲလုပ်ဖို့ရှိတယ်။ အဲဒီ အခွေကိုတော့ သီအိုရီအနေနဲ့လုပ် မှာမဟုတ်ဘူး။ ဘာဘူနဲ့သားစိုး အနေနဲ့ပဲလုပ်မှာ။ အခုအချိန်မှာ သားစိုးလည်း သူ့ experience သူ ရှိတယ်။ကျွန်တော်လည်း experience ရှိတယ်။ အဲဒီ experience နှစ်ခုပေါင်းပြီးတော့ ဘာဘူနဲ့သားစိုး ပေါင်းပြီးတော့တွဲလုပ်တဲ့အခွေ ပဲ ဖြစ်မယ်။သီအိုရီ အခွေတော့ မဟုတ် တော့ဘူး။အနဂ္ဂနဲ့လည်းဖုန်း ပြော ဖြစ်တယ်။ ဘာတွေရယ်ဒီရှိလဲပေါ့။သူနဲ့ကျွန်တော်နဲ့ကများသောအား ဖြင့် ကျွန်တော့်ကတီးလုံးနဲ့ သီချင်း အကြမ်းတွေလုပ် ထားတယ်။ သူက ကျတော့စာသားတွေကိုသူက စာ သားပြန်ရေးပေါ့။ အဲဒီလိုမျိုး။ သူနဲ့ဖုန်းပြောတာ့ oversea မှာရှိုး လုပ်ဖို့အကြောင်းတွေ စဉ်းစားနေ တယ်။ ‘လုပ်တာမဟုတ်၊ မဟုတ်တာ လုပ်’ကိုလည်း အမ်တီဗီ ရိုက်ဖို့ သူနဲ့ ပြောထားတယ်။
► ဟစ်ဟော့ပ်မျိုးဆက်တွေ အဆင့်ဆင့် ချိတ်ဆက်ခဲ့လို့ မြန်မာ ပြည်ဟစ်ဟော့ပ်ကအရှိန်အဟုန် ကောင်းလာတာလား။မြန်မာပြည် ဟစ်ဟော့ပ်အနေနဲ့ကမ္ဘာ ကိုထိုးေ ဖာက် နိုင်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ။
ဟစ်ဟော့ပ်က ဂီတ အနေနဲ့က အရှိန်အဟုန်ကောင်းတယ်။ ကျွန် တော် မမြင်ဘူးတဲ့ကလေးတွေ လည်း ကောင်းတယ်။ ဒါကဂီတအနေနဲ့။ Hip Hop Culture တစ်ခုအ နေနဲ့ကျတော့ Mc, Hip Hop DJ, Graffiti နောက်တစ်ခုကဒီမှာ Underground လို့ခေါ်ကြတဲ့Break Dance ။ အခုက Graffiti တွေကို တကယ်ဆွဲနိုင်တဲ့ သူတွေ ပေါ်လာပြီ။အားကောင်း လာပြီ။Hip Hop DJ နဲ့ Break Dacne ကတော့ နည်းနည်းအားနည်းနေသေးတယ်။ Hip Hop DJ လည်း ပေါ်လာပြီလို့ အနဂ္ဂကြေ ပာတယ်။ Break Dance က ဒီမှာ Dancer တွေရှိတယ်။ ဒါပေမဲ့ သူတို့က Dancer ပဲ။Dance ကို သီးသန့်ကတဲ့သူတွေ မဟုတ်ဘူး။Hip Hop Culture အနေနဲ့ကေ တာ့ နည်းနည်းအားနည်း နေသေးတယ်။ဟစ်ဟော့ပ် သီချင်း တွေ၊ ရက်ပါတွေအနေနဲ့ တစ်ပုံကြီးပဲ။ ကွာလတီလည်းအများကြီးရှိလာ တယ်။ဒါကိုသဘောကျတယ်။ မြန် မာပြည်ဟစ်ဟော့ပ်အနေနဲ့ ပြဿနာ က ဘာသာစကား။ ဂျပန် တို့ ကိုရီး ယားတို့ဆိုလည်း တော်တော်ကောင်း တယ်။ဒါပေမဲ့သူတို့ကဂျပန်လို၊ ကိုရီးယားလိုပဲဆိုတဲ့ အတွက်သူ တို့ နိုင်ငံမှာပဲပေါက်တယ်။ အဲဒီလိုပဲ မြန်မာက ရက်ပါတွေလည်း သူတို့လို ဖြစ်နေတယ်။ အဲဒီတော့ ဘာသာ စကားအပိုင်းအခြားကို ကျော်နိုင်တာ နဲ့ ကမ္ဘာ့ဟစ်ဟော့ပ်မှာ ကျွန်တော် တို့ မြန်မာနိုင်ငံက ဟစ်ဟော့ပ်ဆိုပြီး ချက်ချင်းအဆင့်တစ်နေရာကို တန်း ရောက်သွားလိမ့်မယ်။
► ကိုဘာဘူ နိုင်ငံခြားမထွက်ခင် နာဂစ်ရန်ပုံငွေရှိုးပွဲမှာ လက်တန်းရွတ် ဆိုမှု (Free Style) ရွတ်ခဲ့တယ်နော်။ Free Style ရွတ်ဆိုတတ်မှုဟာ ရက်ပါတစ်ယောက်အနေ နဲ့ ဘယ် လောက်အထိအရေးပါမှု ရှိနေမလဲ။
ရက်ပါတစ်ယောက်အနေနဲ့က တော့ Free Style ဆိုတတ်ဖို့လည်း လိုတယ်။ ဒါပေမဲ့ ဆိုတတ် နေရုံနဲ့ လည်းကောင်းတဲ့သီချင်းက ထွက်လာ မှာ မဟုတ်ဘူး။ Free Style ဆိုနေ တဲ့ လူတွေလည်း အများကြီးရှိတယ်။ အမေရိကမှာ။ လမ်းဘေးမှာကင်မရာထောင်ပြီးတစ်ယောက်နဲ့ တစ် ယောက်တီးလုံးတောင်မပါဘဲ Free Style ဆိုနေတဲ့လူတွေလည်း အများ ကြီးရှိတယ်။ အမေရိကမှာ။ ဒါပေမဲ့ သူတို့ တွေMain Stream ထဲကို ရောက်မလာဘူး။Main Stream ထဲမှာလည်း Free Style ဆိုနေတာ ရှိတယ်။ Free Style ဆိုတာ ရက်ပါတစ်ယောက်အနေနဲ့ ဆိုနိုင်ရ မယ်။အကုန်လုံးကိုချရေးနေ လို့ လည်း ဒီကောင်အသုံးမကျဘူး ပြော လို့မရဘူး။ အဓိကက ထွက်လာ တဲ့စာသားရဲ့ ကွာလတီက အရေးကြီး တယ်။ အချိန်ဘယ်လောက်ပဲယူယူ ပါ။ Free Style ကိုတော့ ကိုယ့်ရဲ့ စာသားကွာလတီ၊ ကိုယ့်အရည် အချင်းတက်ဖို့ အချိန်ပေးပြီးလေ့ ကျင့်သင့်တယ်။
မျိုးမောင်
http://www.popularmyanmar.com/mpaper/?p=77656

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။